ကြွက်စုတ်တွေမှာ အများဆုံးတွေ့ရတဲ့ဗိုင်းရပ်စ် လူကိုကူးစက်မှု တရုတ်နိုင်ငံအရှေ့ပိုင်းမှာဖြစ်ပွားနေ

ပေကျင်း၊ သြဂုတ်-၁၁-၂၀၂၂
မျိုးဆက်(VOM)

တရုတ်နိုင်ငံအရှေ့ပိုင်းမှာ တိရိစ္ဆာန်ကတဆင့် လူဒါဇင်များစွာ ကူးစက်ခံခဲ့ရတဲ့ ဗိုင်းရပ်စ်သစ်တမျိုးနဲ့ ပတ်သက်ပြီး သိပ္ပံပညာရှင်တွေက ခြေရာခံလေ့လာနေကြပါတယ်။

လန်ယာဟန်နီပါဗိုင်းရပ်စ် (LayV) ကို တရုတ်နိုင်ငံ ရှန်ဒေါင်းပြည်နယ်နဲ့ ဟီနန်ပြည်နယ်တို့ရှိ လူ ၃၅ ဦးမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း တွေ့ရှိထားပြီး အများစုမှာ ဖျားနာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနဲ့ ချောင်းဆိုးခြင်း စတဲ့ ရောဂါလက္ခဏာတွေ ခံစားနေရပါတယ်။

လူနာတွေဟာ တိရိစ္ဆာန်တွေကတဆင့် ဗိုင်းရပ်စ်ကူးစက်ခံရတယ်လို့ ယူဆရပါတယ်။ ဒါပေမယ့်လည်း အဲဒီဗိုင်းရပ်စ်ဟာ တိရိစ္ဆာန်ကနေ လူသားတွေကို ကူးစက်တဲ့ အထောက်အထား အရင်ကမရှိခဲ့ပါဘူး။

ဒီဗိုင်းရပ်စ်ကို ကြွက်စုတ်တွေမှာ အများဆုံးတွေ့ရလေ့ရှိပြီး ၂၇ ရာခိုင်နှုန်း၊ ပွေးနဲ့တူတဲ့ နို့တိုက်သတ္တဝါတွေမှာ သဘာ၀အရ အများဆုံးခိုအောင်းနိုင်ပြီး ခွေးမှာ ငါးရာခိုင်နှုန်းနဲ့ ဆိတ်မှာ နှစ်ရာခိုင်နှုန်း တွေ့ရှိရတယ်လို့ သုတေသီတွေက ဆိုပါတယ်။

လူတွေကို ကူးစက်တတ်သောရောဂါသစ် သို့မဟုတ် ဖြစ်ပွားလာတဲ့ ကူးစက်ရောဂါ၄ခုမှာ ၃ခုဟာ တိရိစ္ဆာန်တွေကနေ ကူးစက်မှုဖြစ်တယ်လို့ သိပ္ပံပညာရှင်များက ခန့်မှန်းထားကြောင်း အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးဌာနက ပြောပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW