ပေကျင်း၊ သြဂုတ်-၈-၂၀၂၂ မျိုးဆက်(VOM) တရုတ်နိုင်ငံဟာ ထိုင်၀မ်ကျွန်းအနီးမှာ ကျည်အစစ်တွေနဲ့ စစ်ရေးလေ့ကျင့်မှုပြီးဆုံးပြီလို့ သြဂုတ် ၇ ရက်မှာ ကြေညာပြီးပေမယ့် သြဂုတ် ၈ ရက်မှာ အကြီးစားစစ်ရေးလေ့ကျင့်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ တရုတ်စစ်တပ်က ထုတ်ပြန်ပါတယ်။ ရေငုပ်သင်္ဘောတွေကို တိုက်ခိုက်ခြင်းနဲ့့ ပင်လယ်ပြင်စီးနှင်းတိုက်ခိုက်ခြင်းတို့ကို လေ့ကျင့်သွားမှာဖြစ်ကြောင်း တရုတ်အရှေ့ပိုင်းစစ်ဌာနကချုပ်က ကြေညာပါတယ်။ တရုတ်စစ်တပ်ဟာ အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီ ထိုင်၀မ်ကိုသွားရောက်မှုကို တုံ့ပြန်တဲ့အနေနဲ့ လေးရက်ကြာစစ်ရေးလေ့ကျင့်မှုကို ထိုင်၀မ်ကျွန်းအနီးမှာ ပြီးခဲ့တဲ့ ရက်တွေက ပြုလုပ်ခဲ့ပါတယ်။ အဲဒီစစ်ရေးလေ့ကျင့်မှုဟာ ထိုင်၀မ်ကျွန်းကိုကျူးကျော်ဖို့ အစမ်းလေ့ကျင့် ပြင်ဆင်မှုအဖြစ် ထိုင်၀မ်ဘက်က စွပ်စွဲပြောဆိုထားပါတယ်။ လက်ရှိလုပ်ဆောင်နေတဲ့ စစ်ရေးလေ့ကျင့်မှုအတွင်း တရုတ်စစ်လေယာဉ်နဲ့သင်္ဘောတွေ ကျွန်းရဲ့ပိုင်နက်အတွင်း ၀င်ရောက်မှုမရှိဘူးလို့ ထိုင်၀မ်ကပြောပါတယ်။ ဒီလိုစစ်ရေးလေ့ကျင့်မှုကို အမေရိကန် ၊ သြစတြေးလျနဲ့ ဂျပန်နိုင်ငံတို့က ရှုတ်ချထားပြီး ဒါဟာ တရုတ်ပြည်မကြီးနဲ့ ထိုင်၀မ်အကြား မိုင် ၁၁၀ ရှိတဲ့ ထိုင်၀မ်ရေလက်ကြားရဲ့ လက်ရှိအခြေအနေကို…
Read MoreMonth: August 2022
အစ္စရေးနဲ့ ပါလက်စတိုင်းစစ်သွေးကြွတွေအကြား အပစ်အခတ်ရပ်စဲရေး သဘောတူ
ဂျေရုဆလင် ၊ သြဂုတ်-၈-၂၀၂၂ မျိုးဆက်(VOM) အစ္စရေးနဲ့ ပါလက်စတိုင်းစစ်သွေးကြွများအကြား သြဂုတ် ၅ ရက်မှစပြီး အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုတွေပြီးနောက် အပစ်အခတ်ရပ်စဲရေးကို သဘောတူလိုက်ကြပြီဖြစ်ပါတယ်။ အစ္စရေးနဲ့ ဂါဇာအခြစိုက် အစ္စလာမ္မစ်ဂျီဟတ်အဖွဲ့တို့အကြား အပစ်အခတ်ရပ်စဲရေးကို အီဂျစ်က ကြား၀င်စေ့စပ် ညှိနှိုင်းပေးခဲ့တာဖြစ်ပြီး သဘောတူညီချက်ဟာ သြဂုတ် ၇ ရက် ည ၁၁ နာရီ မိနစ် ၃၀မှ စတင်သက်၀င်ခဲ့ပါတယ်။ နှစ်ဘက်အကြား ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေအပါအ၀င် ပါလက်စတိုင်း ၄၄ ဦးသေဆုံးပြီး ၃၆၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ဂါဇာတာ၀န်ရှိသူတွေကပြောပါတယ်။ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရ ထိန်းသိမ်းခံထားရတဲ့ အစ္စလာမ္မစ်ဂျီဟတ်အဖွဲ့၀င်တွေကို ပြန်လွှတ်ပေးရေးအတွက် ညှိနှိုင်းဖို့အစ္စရေးဘက်က သဘောတူခဲ့ပါတယ်။ သူတို့ကို ပြန်လွှတ်မပေးဘူးဆိုရင် တိုက်ခိုက်မှုများပြန်လည်ပြုလုပ်သွားမယ်လို့ စစ်သွေးကြွအဖွဲ့က သတိပေးထားပါတယ်။ နှစ်ဘက်အကြား အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအကြီးအကဲ ဂူတာရက်စ်နဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့က ကြိုဆိုကြောင်း ထုတ်ဖော်ပြောဆိုထားပြီး အပစ်အခတ်ရပ်စဲရေးကို…
Read MorePMG ပုလင်းသန့်စင်စက်ရုံက အလုပ်သမားတွေ ရက်မှန်ကြေးရရှိရေးအတွက် သပိတ်မှောက်တောင်းဆိုနေ
သြဂုတ် ၈၊၂၀၂၂ KK(VOM) ရန်ကုန်မြို့၊ ရွှေပြည်သာစက်မှုဇုန်အပိုင်း ၃ က PMG ပုလင်းသန့်စင်စက်ရုံမှာ ဒီကနေ့ မနက်ပိုင်းက အလုပ်သမားတွေဟာ ရက်မှန်ကြေးရရှိရေးအတွက် လုပ်ငန်းခွင်အတွင်းမှာ သပိတ်မှောက်တောင်းဆိုကြတယ်လို့ သိရပါတယ်။ PMG ပုလင်းသန့်စင်စက်ရုံက အလုပ်သမား ၃၈ ဦးဟာ ဒီနေ့မနက်ကစပြီး လုပ်ငန်းခွင်အတွင်း အလုပ်မလုပ်ဘဲ ရက်မှန်ကြေးရရှိရေးအတွက် သပိတ်မှောက် တောင်းဆိုနေတာဖြစ်တယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။ “အရင်ကတည်းက ပေးနေတဲ့ရက်မှန်ကြေးကို နိုင်ငံရေးနဲ့ရောချပြီး စက်ရုံက မပေးတာ ၂၀၂၁ ဖေဖော်ဝါရီကစပြီး၊ အဲ့ဒါကြောင့် တောင်းဆိုတာ”လို့ ပြောပါတယ်။ စက်ရုံက အလုပ်သမားတွေရဲ့လစာ ၁၀ ရာခိုင်နှုန်း ကို ရက်မှန်ကြေးအဖြစ် စက်ရုံဘက်မှ ပေးခဲ့ပေမယ့်လည်း ၂၀၂၁ ဖေဖော်ဝါရီကစလို့ မပေးခဲ့တဲ့အတွက် နားလည်ပေးခဲ့ပြီး စက်ရုံဘက်ကိုတင်ပြခဲ့ရာ မရတဲ့အဆုံး မေလ ကစတင်ပြီး အလုပ်သမားဦးစီးဌာနကိုတိုင်ကြားပြီးဖြေရှင်းမှုတွေပြုလုပ်ခဲ့တယ်လို့ PMG အလုပ်သမားသမဂ္ဂ၊ ပုလင်းသန့်စင်ဌာန ဥက္ကဋ္ဌ…
Read Moreမန္တလေးမြို့မှာ နေအိမ်အတွင်း ဆေးခြောက်စိုက်ပျိုးနေသူတွေနဲ့အတူ သေနတ်၁လက် ဖမ်းဆီးရမိ
သြဂုတ် ၈-၂၀၂၂ Voice Of Myanmar(VOM) မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်အတွင်းက နေအိမ်တအိမ်အတွင်းမှာ ဆေးခြောက်ပင် စိုက်ပျိုးနေသူနဲ့အတူ အမျိုးသား ၃ဦး အမျိုးသမီး ၄ဦး၊ သေနတ်၁လက်နဲ့ကျည်ဆံတွေ ဖမ်းဆီးရမိတဲ့ဖြစ်စဥ် ဒီကနေ့ နေ့လယ်ပိုင်းကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက “ဖြစ်စဥ်က မှန်ပါတယ်၊ တိုင်းအဖွဲ့က သတင်းအရ ၀င်ဖမ်းတဲ့အချိန် ဆေးခြောက်ကို နေအိမ်အတွင်းမှာ စိုက်ပျိုးပြီး အခြောက်လှန်းတဲ့ အခန်းတွေကိုပါ တွေ့ရပါတယ်၊ ဆက်စပ်ပစ္စည်းတွေနဲ့ သေနတ်၁လက်ပါ ဖမ်းမိတာပါ၊ တန်ဖိုးကတော့ တွက်ချက်နေဆဲပါ “လို့ ပြောပါတယ်။ အဲ့ဒီနေအိမ်အတွင်းမှာ ဆေးခြောက်ပင်တွေကို မီးအလင်းရောင်ပေးတဲ့စနစ်နဲ့ စိုက်ပျိုးထားတဲ့ အခန်း၂ခန်း၊ အခြောက်လှန်းတဲ့ အခန်း ၁ခန်း နဲ့ ဆေးခြောက်တွေထည့်ထားတဲ့ ဘူးအမျိုးမျိုးနဲ့ ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံထုတ် ပစ္စတိုသေနတ် ၁လက်နဲ့ ကျည်ဆံ အတောင့်…
Read Moreကော့သောင်း ပါချန်ဆိပ်ကမ်းမှာ ငါးဖမ်းစက်လှေ ၁ စီး မီးလောင်ပြီး လူ ၁ ဦးသေဆုံး ၊ ၃ ဦးဒဏ်ရာရ
သြဂုတ် ၊ ၈ ၊ ၂၀၂၂ SP (VOM) တနင်္သာရီတိုင်း ၊ ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ပါချန်ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ ငါးဖမ်းစက်လှေတွေထဲက စက်လှေ ၁ စီးဟာ ဒီကနေ့ ၊ နေ့လယ်ပိုင်းက မီးလောင်ခဲ့ပြီး စက်လှေပေါ်မှာရှိတဲ့ လှေလုပ်သား တချို့ သေဆုံး ဒဏ်ရာရတာ ရှိခဲ့တယ်လို့ ကော့သောင်းမြို့နယ်မီးသတ်ဦးစီးဌာကနေ သိရပါတယ်။ ” မီးစလောင်တာက နေ့လယ်၂ နာရီဝန်းကျင်မှာဖြစ်တယ် ၊ မီးလောင်ကြာမြင့်ချိန် ၁ နာရီလောက်ဖြစ်တယ် ၊ အဲ့ဒီ မီးလောင်မှုဖြစ်စဥ်မှာ လှေလုပ်သား အမျိုးသား ၁ ဦးသေဆုံးတယ် ၊ ၃ ဦး ဒဏ်ရာရတယ် ၊ နောက်ပြီး ၁ ယောက်က ပျောက်ဆုံးနေတယ် ” လို့ သန္ဓေမီးသတ်တပ်ဖွဲ့၀င်တယောက်က ပြောပါတယ်။ ကော့သောင်း ကြက်ခြေနီအသင်း တာဝန်ရှိသူ…
Read Moreရန်ကုန်က မြို့နယ်အချို့မှာ ဗုံးပေါက်၊ပစ်ခတ်မှုဖြစ် ပြီး ရာအိမ်မှူး ၁ဦးသေ၊ ၁ဦးဒဏ်ရာရ
သြဂုတ် ၈-၂၀၂၂ KK(VOM) ရန်ကုန်က မြို့နယ်အချို့မှာ ဒီကနေ့ ဗုံးသုံးကြိမ်ပေါက်ပြီး ပစ်ခတ်မှုတွေဖြစ်လို့ ရာအိမ်မှုး၁ဦးသေဆုံးပြီး ၁ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အဆိုပါမြို့နယ်တွေဆီက သိရပါတယ်။ တာမွေမြို့နယ်၊ ကျောက်မြောင်းကြီးအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ဒီကနေ့ ညနေပိုင်းက ရာအိမ်မှူး ၁ဦးသေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။ “ရုံးကသော့ခတ်ထားတာ အပြင်ကနေ ဧည့်စာရင်းလာတိုင်တဲ့ ပုံစံနဲ့ပစ်သွားတာ ပွဲချင်းပြီးပဲ၊ အခုတော့စစ်တပ်က ရောက်နေပြီ”လို့ ပြောပါတယ်။ သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသူဟာ ကျောက်မြောင်းကြီးရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ရာအိမ်မှုးဦးကျော်မင်းဟန်ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ သာကေတမြို့နယ် ၁၀/တောင် (၁၁) ရပ်ကွက်၊အမက (၃၂) အနီး ရတနာလမ်းဘေးမှာလည်း ဒီကနေ့ မနက် ၈နာရီခွဲက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ရာ လမ်းသွားလမ်းလာ အမျိုးသားတဦး ဗုံးစထိမှန်ဒဏ်ရာရခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။ “ဗုံးစမှန်တာပါ ဒဏ်ရာကအနည်းငယ်ပဲရတယ် အဲ့ဒီနားမှာပဲ မပေါက်သေးတဲ့ ဗုံးထပ်တွေ့သေးတယ်”လို့ သူကပြောပါတယ်။ အလားတူ…
Read Moreအင်းစိန်ထောင်က နိုင်/ကျဥ်း၁၃၀ နီးပါး သာယာဝတီထောင်ကိုပြောင်းရွေ့ခံရ
ဩဂုတ် ၇-၂၀၂၂ VOM (GG) အင်းစိန်ထောင်မှာရှိတဲ့ နိုင်ငံရေးအကျဥ်းသား ၁၀၀ ကျော်ကို သာယာဝတီအကျဥ်းထောင် ပြောင်းရွှေ့ခံလိုက်ရတယ်လို့ နိုင်/ကျဥ်းမိသားစုဝင်တွေဆီက သိရပါတယ်။ နိုင်ငံရေးအကျဥ်းသားတွေကို ဩဂုတ်လ ၅ ရက်နေ့က ထောင်ပြောင်းရွှေ့လိုက်တာဖြစ်ပြီး ၊ ပြောင်းရွှေ့ခံရပြီး နောက်ရက် မှသာ သက်ဆိုင်ရာ နိုင်ကျဥ်းမိသားစုဝင်တွေအနေနဲ့ သိခွင့်ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” တနေ့က ညနေ ပိုင်းမှာ ထောင်ပြောင်းတာလို့သိရတယ်။ ထောင်ပြောင်းတာကို မိသားစုကိုအသိမပေးဘူး ။ပြောင်းပြီး နောက်ရက်ရောက်မှ သိရတာမျိုး။ အရင်တခါလည်း အဲ့ဒီလိုပဲ လုပ်တယ်။ အခု ထောင်ပြောင်းခံရတဲ့အထဲမှာ ကျနော်တို့ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ရွာသာကြီးနယ်မြေ)ဥက္ကဋ္ဌ ကိုခန့်သူအောင် လည်းပါတယ် ၊ အခုတော့ မိသားစုတွေဆီအကြောင်းကြားလို့ သိသူသိကြပြီ မိန်းကလေးတွေလည်းတော်တော်ပါတယ်”လို့ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားတဦးကပြောပါတယ်။ သာယာဝတီအကျဥ်းထောင်ကို ပြောင်းရွှေခံလိုက်ရလို့ ထောင်ဝင်စာသွားရောက်တွေ့မယ့်သူတွေအနေနဲ့ သန်းခေါင်းစာရင်းမိတ္တူ၊ မှတ်ပုံတင်မိတ္တူတွေ ယူဆောင်သွားဖို့လိုအပ်တယ်လို့ နစက လက်ထက် ဖမ်းဆီးထောင်ချခံရသူတွေနဲ့ပတ်သက်ပြီး ကူညီထောက်ပံ့မှုတွေလုပ်နေသူတဦးက…
Read Moreတိုက်ပွဲတွေမှာ ဖမ်မိထားတဲ့ စစ်သုံ့ပန်း ၂၄ ဦးကို RCSS အဖွဲ့က ပြန်လွတ်ပေး
သြဂုတ် ၊ ၇ ၊ ၂၀၂၂ SP (VOM) ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ ရှမ်းပြည်နယ်တပ်မတော်SSA က တိုက်ပွဲတွေမှာ ဖမ်းမိထားတဲ့ စစ်သုံ့ပန်း၂၄ ဦးကို မနေ့ သြဂုတ် ၆ ရက် မနက်ပိုင်းက ပြန်လည်လွတ်ပေးခဲ့တယ်လို့ RCSS သတင်းပြန်ကြားရေးဌာနဆီက သိရပါတယ်။ ” မနေ့က မနက်ပိုင်းက RCSS ဌာနချုပ် လွယ်တိုင်းလျန်းမှာ အခမ်းအနား ပြုလုပ်ပြီး စစ်သုံ့ပန်းတွေကို ပြန်လွတ်ပေးခဲ့တာပါ ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) က စစ်သုံ့ပန်း ၂၃ ဦးနဲ့ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)က စစ်သုံ့ပန်း ၁ ဦး ၊ အားလုံး ၂၄ ဦး ပြန်လွတ်ပေးခဲ့တာ”လို့ RCSS ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ အခု ပြန်လည်လွတ်ပေးလိုက်တဲ့စစ်သုံ့ပန်းတွေကို…
Read Moreရေးမြို့ကို ည ၈ နာရီကနေ ၄ နာရီအထိ ညမထွက်ရအမိန့်နဲ့အတူ တားမြစ်ကန့်သတ်ချက်တွေ ထုတ်ပြန်
ဩဂုတ် ၇-၂၀၂၂ VOM (GG) မွန်ပြည်နယ်၊ ရေးမြို့ လ.ဝ.က ရုံး ပစ်ခတ်ခံခဲ့ရပြီးနောက် ရေးမြို့နယ်ကို ည ၈ နာရီကနေ မနက် ၄ နာရီအတွင်း ညမထွက်ရအမိန့် နဲ့အတူ တားမြစ်ကန့်သတ်ချက်တွေ ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။ ရေးမြို့နယ်အတွင်း ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက် ဒါမှမဟုတ် နိုင်ငံသားစိစစ်ရေးကဒ်ပြားမပါဘဲ နယ်မြေကျော်လွန်ခရီးသွားလာခြင်းမပြုလုပ်ဖို့လည်း ဩဂုတ်လ ၅ ရက်နေ့ရက်စွဲနဲ့ ရေးမြို့နယ်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်အသိပေးထားတာဖြစ်ပါတယ်။ ရေးမြို့နယ်အတွင်းမှာ အကြမ်းဖက်အဖွဲ့တွေက တရားဥပဒေစိုးမိုးရေးနဲ့တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားအောင်လုပ်နေတာကြောင့် အကြမ်းဖက်သူနဲ့ ပြည်သူ ကွဲပြားမှုရှိအောင် အခုလို တားမြစ်ကန့်သတ်လိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ” လဝကရုံး ပစ်ခံရပြီးတော့ အခုလို စာထွက်တာပဲ ။ အရင်က ည ၁၂ ထင်တယ် ကြာတော့သိပ်မမှတ်မိဘူး။ အခုကတော့ ည ၈ဆို အပြင်မထွက်ရဘူး။ နေ့ဘက်ဆိုလည်း ဆိုင်ကယ်စီးရင်…
Read Moreတန့်ဆည်မြို့မှာ လှည့်ကင်းကား ပစ်ခတ်ခံရပြီး ရဲ ၇ ဦးသေဆုံး ၊ သေနတ် ၆ လက် ပျောက်ဆုံးနေ
သြဂုတ် ၇-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း၊ ရေဦးခရိုင် ၊ တန့်ဆည်မြို့၊ လမ်းဆုံတောင်ဘက်အထွက် ၊ ကျွဲဆွဲကျောင်းတောင်ဘက် ဆိုင်ဘုတ်အနီး မုံရွာ-တန့်ဆည်-ကလေးဝ ကားလမ်း စုပေါင်းစစ်ဆေးရေးဂိတ်နားမှာ ဒီကနေ့ မနက် ၆ နာရီဝန်းကျင်က လှည့်ကင်းကား ၁ စီး ပစ်ခတ်ခံရပြီး ကားပေါ်ပါလာတဲ့ ရဲတွေ သေဆုံးပြီး သေနတ်တွေပျောက်ဆုံးနေတာ ဖြစ်ပွားခဲ့တယ်လို့ တန့်ဆည်ဒေသခံတွေဆီက သိရပါတယ်။ ” မနက်အစောပိုင်းက ပေါက်ကွဲသံနဲ့ ပစ်ခတ်သံတွေကြားရတာတော့ရှိတယ် ၊ ဒီမနက် ၈ နာရီလောက်မှ သိရတာက ရဲကား ပစ်ခံရတာ ၇ ယောက်သေပြီး သေနတ် ၆ လက်ပျောက်နေတာလို့ သိရတယ် ” လို့ တန့်ဆည်မြို့ခံ တယောက်က ပြောပါတယ်။ တန့်ဆည်မြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ပူးပေါင်းစစ်ဆေးရေးဂိတ်ကို သွားတဲ့ လုံခြုံရေးကား ပစ်ခံရတာပါ…
Read More