သြဂုတ် ၊ ၆ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင်ထဲက ၊ ဒီပဲယင်း ၊ ရေဦး ၊ တန့်ဆည် စတဲ့မြို့နယ်တွေဘက်ကို ဩဂုတ် ၁ ရက်နေ့က စလို့ မနေ့ သြဂုတ် ၅ ရက်အထိ နေ့တိုင်းလိုလို ရဟတ်ယာဥ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ရှိနေတဲ့အတွက် ဒေသခံ တောင်သူတွေဟာ လယ်ယာလုပ်ငန်း လုပ်ကိုင်ဖို့ ခက်ခဲလာတဲ့ကြောင့် တောင်သူလုပ်ငန်းတွေကို နားထားရတယ်လို့ ရေဦးနယ်ခံတွေဆီက သိရပါတယ်။ ” ဒီလ ၂ရက် နဲ၊ ၃ ရက်က ရေဦးနယ်ဘက်မှာ လေကြောင်းကနေ ပစ်တယ် ၊ မနေ့ကနဲ့ ဒီနေ့တော့ ဒီပဲယင်းနယ်ဘက်မှာ ပစ်တာပါ ၊ အဲ့ဒီဘက်မှာ တောင်သူတချို့ လုပ်ငန်းခွင်မှာ ထိမှန်တာတွေရှိတယ် ၊ အဲ့ဒါကြောင့် တောင်သူလုပ်ငန်းတွေ…
Read MoreMonth: August 2022
ဧရာဝတီတိုင်းက ပြည်သူတွေဆီမှာ ဒရုန်းတွေရှိရင် သက်ဆိုင်ရာကိုလာအပ်ဖို့ လိုက်လံကြေညာနေ
ဩဂုတ် ၆-၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်းထဲက ပြည်သူတွေဆီမှာ ဝေဟင်ကနေ ရိုက်ကူးရေးလုပ်ရာမှာ အသုံးပြုရတဲ့ ဒရုန်းယာဉ်တွေရှိရင် နီးစပ်ရာရဲတပ်ဖွဲ့နဲ့စီမံအုပ်ချုပ်ရေးတာဝန်ရှိသူတွေဆီ အမြန်ဆုံးလာအပ်ပေးကြဖို့ အသံချဲ့စက်တွေနဲ့လိုက်လံကြေညာနေတယ်လို့ဒေသခံတွေဆီကနေ သိရပါတယ်။ ”မနေ့လာကြေညာသွားတာ၊ဝေဟင်ကနေ ရိုက်ကူးရေးလုပ်ရာမှာအသုံးပြုရတဲ့ ဒရုန်းယာဉ်တွေကို လာအပ်ဖို့လိုက်ကြေညာတာပါ၊ကိုယ့်နေရာမှာပဲ ကြေညာတယ်ထင်တာ တတိုင်းလုံးနီးပါးကြေညာတာလို့ သိရတယ်၊ထွေအုပ်ဝန်ထမ်းတွေနဲ့ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ကြေညာတာပါ၊အသံချဲ့စက်တွေနဲ့ လိုက်အော်ခဲ့တာ တနေ့ကို တမျိုး မရိုးစေရဘူး၊ကျွန်မတို့ဆီမှာတော့ ဘာဒရုန်းမှမရှိဘူး။”လို့မအူပင်မြို့ခံတဦးကပြောပါတယ်။ ဒရုန်းတွေ လာအပ်ကြဖို့အတွက် မအူပင်၊ဟင်္သာတ၊ကျိုက်လတ်၊ပန်းတနော်၊ ညောင်တုန်း၊ဓနုဖြူ၊ဇလွန်၊မြန်အောင်၊ကြံခင်း၊ဘိုကလေး စတဲ့မြို့နယ်တွေအပြင် အခြားမြို့နယ်တွေမှာလည်း ကြေညာတာတွေရှိတယ်လို့သိရပြီး လာအပ်ခိုင်းတဲ့ ဒရုန်းဟာအလှူပွဲတွေ မင်္ဂလာဆောင်တွေနဲ့ ပွဲလမ်းသဘင်တွေမှာ ဝေဟင်ကနေရိုက်ကူးရေးလုပ်တဲ့ အခါအသုံးပြုကြတာများတယ်လို့ သိရပါတယ်။ ”သာမာန်သူတွေဆီမှာတော့ ဒါတွေကရှိခဲပါတယ်၊အလှူပွဲ၊ မင်္လာဆောင်ပွဲနဲ့ ပွဲလမ်းသဘင်တွေမှာ ဓါတ်ပုံနဲ့ ရုပ်သံမှတ်တမ်းရိုက်ပေးသူတွေဆီမှာသာရှိတာများပါတယ်၊ ဒီလုပ်ငန်းရှင်တွေကတော့ အဆုံးရှုံးတွေထပ်ရှိလာပါတယ်၊ဘာကြောင့်အပ်ခိုင်းတာလည်းဆိုတာ မပါပေမယ့် မအပ်ရင်တော့ဖမ်းမယ်လို့ကြေညာသွားတာ၊နီးရာဓား ကြောက်နေရလို့အပ်တဲ့သူတွေလည်းအပ်ကြမှာပါ။”လို့ ဟင်္သာတမြို့ခံတဦးကပြောပါတယ်။ လာအပ်ခိုင်းထားတဲ့ ဒရုန်းဆိုတာတွေကို လာမအပ်ဘဲ ကြေညာချက်ကိုမလိုက်နာရင်၊ ထိန်ချန်ထားလို့ လာစစ်ဆေးတဲ့အခါတွေ့ရင် ပစ္စည်းတွေကိုသိမ်းပြီးလူကိုဖမ်းဆီးမယ်လို့ကြေညာသွားတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။…
Read Moreမသန်စွမ်းသူတွေအတွက် အသက်မွေးဝမ်းကျောင်းပညာကို စားရိတ်ငြိမ်းအခမဲ့နဲ့ သင်ကြားပေးမယ်
ဩဂုတ် ၆ VOM (GG) မသန်စွမ်းသူတွေကို ရန်ကုန်က မသန်စွမ်းသက်ကြီးသင်တန်းကျောင်းမှာ နေစားစရိတ်ငြိမ်း အခမဲ့နဲ့ အသက်မွေးဝမ်းကျောင်းသင်တန်းတွေကို လူမှု၀န်ထမ်းဦးဌာနက သင်ကြားပေးသွားမယ်လို့ သိရပါတယ်။ သင်တန်းကာလက ၃ လကြာမြင့်မှာဖြစ်ပြီး သင်တန်းကာလတလျှောက်ကိုနေစရိတ်၊စားစရိတ် အခမဲ့ နဲ့သင်ကြားပေးမှာဖြစ်ပြီး လာမယ့် စက်တင်ဘာ ၁၂ ရက်နေ့ မှာ စတင်ဖွင့်လှစ်မှာဖြစ်တယ်လို့သိရပါ တယ်။ စက်ချုပ်သင်တန်း၊တံဆိပ်ရိုက်သင်တန်း၊ ဓာတ်ပုံသင်တန်း၊ဆံသသင်တန်း ၊ကွန်ပျူတာသင်တန်း တွေကို သင်ကြားပေးမှာဖြစ်ပြီး လူ ၁၀၀ထိ လက်ခံမှာဖြစ်တယ်လို့ သိရပါတယ်။ ” မသန်စွမ်းတိုင်းလျှောက်လို့ရတယ်။အဓိက အသက်မွေးဝမ်းကျောင်းပညာတတ်မြောက်ပြီး ဘဝရပ်တည်ရေးအထောက်အကူဖြစ်စေဖို့ပါ။ လျှောက်မယ့်သူက အသက် ၁၈ ကနေ၄၅ အထိရပါတယ်။ နယ်ကလာသူဆိုရန်ကုန်လာတဲခရီးစရိတ်ပါထောက်ပံ့မှာပါ “လို့ မသန်စွမ်းသက်ကြီးသင်တန်းကျောင်း တာဝန်ရှိသူတဦးကပြောပါတယ်။ သင်တန်းတက်ရောက်ခွင့်ရသူတွေကို သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း နေထိုင်ရေး၊ စားသောက်ရေး စီစဉ်ပေးမှာဖြစ်တဲ့အပြင် သင်ထောက်ကူပစ္စည်းနဲ့ နယ်က လာရောက်သူတွေကိုလည်း အသွားအပြန်ခရီးစရိတ် ထောက်ပံ့မှာဖြစ်တယ်လို့သိရပါတယ်။ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်…
Read Moreပို့ကုန်ရငွေ ရဲ့ ၃၅ ရာခိုင်နူန်းကို လုပ်ငန်းရှင်တွေ ကြိုက်ရာသုံးစွဲခွင့် ဗဟိုဘဏ်က ပြန်ခွင့်ပြုပြန်
ဩဂုတ် ၆-၂၀၂၂ GG(VOM) ပို့ကုန်ရငွေ ဒေါ်လာကို ရာနူန်းပြည့် မြန်မာကျပ်ငွေလဲလှယ်စရာမလိုတော့ဘဲ ၆၅ ရာခိုင်နူန်းသာ လဲလှယ်ဖို့ ဗဟိုဘဏ်က မနေ့က ဩဂုတ် ၅ ရက်နေ့မှာ တရားဝင် ပြောင်းလဲသတ်မှတ်ပေးလိုက်ပါတယ်။ ကျန်တဲ့ နိုင်ငံခြားသုံးငွေ ၃၅ ရာခိုင်နူန်းကို ပိုကုန်လုပ်ငန်းရှင်တွေအနေနဲ့ လိုအပ်တဲ့နေရာတွေအတွက် သုံးစွဲခွင့် ရှိကြောင်း ၊ ပို့ကုန်လုပ်ငန်းရှင်တွေအတွက် ဖြေလျှော့မှု လုပ်ပေးလိုက်တာဖြစ်တယ်လို့ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်ကပြောပါတယ်။ “ဖြေလျှော့လိုက်တာပေါ့၊အရင်ကမူဝါဒတခုအရ လိုအပ်ချက်အရ၁၀၀ ရာခိုင်နူန်းကို ဘဏ်ကိုရောင်း ခိုင်းတာ။အခုကတော့ ၃၅ ရာခိုင်နူန်းကို သုံးစွဲခွင့်ပေးလိုက်တာပေါ့။ တခြားသော sector တွေမှာလိုအပ်တာတွေသုံးခွင့်ရဖို့အတွက် ပေးလိုက်တာပေါ့ဆိုလိုတာကတော့ ဖြေလျှော့မှုပေးလိုက်တာပေါ့။ ” လို့ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်ကပြောပါတယ်။ အခုလို ဗဟိုဘဏ်က ပို့ကုန်ရငွေတွေကို ၆၅ ရာခိုင်နူန်းသာ လဲလှယ်ခိုင်းပြီး ၃၅ ရာခိုင်နူန်းကို ပို့ကုန်လုငန်းရှင်ရဲ့နိုင်ငံခြားငွေစာရင်းထဲကိုင်ခွင့်ပြုပြီး သုံးခွင့်ပေးလိုက်တာဟာ ပို့ကုန်သမားတွေအတွက် အရင်ကထက်ပိုအဆင်ပြေကြောင်း…
Read Moreပြင်သစ်မှာ စံချိန်တင်မိုးခေါင်ရေရှားမှုကြောင့် မြို့ပေါင်း ၁၀၀ ကျော် သောက်သုံးရေပြတ်လပ်
ပါရီ၊ သြဂုတ်-၆-၂၀၂၂ မျိုးဆက်(VOM) ပြင်သစ်နိုင်ငံရှိ မြို့ပေါင်း ၁၀၀ ကျော်မှာ သောက်သုံးရေပြတ်လပ်သွားစေတဲ့ သမိုင်း၀င်မိုးခေါင် ရေရှားမှုကို ကိုင်တွယ်ဖြေရှင်းဖို့ အဖွဲ့ကို ပြင်သစ်အစိုးရက သြဂုတ် ၅ ရက်မှာ ဖွဲ့စည်းလိုက်ပါတယ်။ အဲဒီမြို့တွေရှိ ရေပေးဝေရေးစနစ်မှာ ဖြန့်ဖြူးဖို့ရေမကျန်ရှိတော့တာကြောင့် ရေသယ်ကားတွေနဲ့ ဖြန့်ဖြူးပေးနေရကြောင်း ပြင်သစ် ဂေဟဗေဒအသွင်ကူးပြောင်းရေး၀န်ကြီး ခရစ်စတိုဖာဘီချူက ပြောပါတယ်။ လက်ရှိအခြေအနေမှာ ပြင်သစ်နိုင်ငံမှာ အဆိုးရွားဆုံးသော စံချိန်တင်မိုးခေါင်ရေရှားမှုဖြစ်ကြောင်း ၀န်ကြီးချုပ်ရုံးက ထုတ်ပြန်ထားပြီး ဒေသ ၉၃ ခုမှာ ရေးအသုံးပြုမှုကို ကန့်သတ်ထားပါတယ်။ မိုးခေါင်ရေရှားမှုအခြေအနေဟာ နောက်ထပ်သီတင်းနှစ်ပတ်ထက်မနည်း ဆက်လက်ရှိနေဦးမယ်လို့ မျှော်လင့်ရပါတယ်။ နိုင်ငံပိုင်စွမ်းအင်ကုမ္ပဏီ အီးဒီအက်ဖ်ဟာ အပူချိန်မြင့်မားမှုကြောင့် နျူကလီးယားဓါတ်အားပေးစက်ရုံအချို့ရဲ့ လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှုကို လျှော့ချခဲ့ရပါတယ်။ ပြင်သစ် ပြည်မကြီးတခွင်လုံးနီးပါးဟာ မိုးခေါင်ရေရှားမှုကြောင့် သီးနှံအထွက်နှုန်းလျော့ကျလျှက်ရှိပြီး ယူကရိန်းစစ်ပွဲကြောင့် စားနပ်ရိက္ခာအခြေအနေ ပိုမိုဆိုးရွားမှာကို စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ Ref:BBC Photo:AFP #voiceofmyanmar…
Read Moreမြန်အောင်မှာ ဘုန်းကြီးကျောင်းမီးလောင်ပြီး ကိုရင် ၂ပါးနဲ့ ကလေး ၂ ယောက် မီးလောင်သေဆုံး
ဩဂုတ် ၆-၂၀၂၂ VOM (GG) ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ ကနောင်မြို့၊ ရေတွင်းကုန်းကျေးရွာက ရေတွင်းကုန်းဘုန်းကြီးကျောင်း နှစ်ထပ်ကျောင်းဆောင်ဟာ ဒီကနေ့ ဩဂုတ် ၆ ရက် မနက်အစော ၁ နာရီလောက်က မီးလောင်မှုဖြစ်ပွားကာ ကိုရင် ၂ ပါးနဲ့ ကလေး ၂ ယောက် မီးလောင်သေဆုံးခဲ့တယ်လို့ မြန်အောင်မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။ မီးလောင်မှုကြောင့် သေဆုံးခဲ့တာက အသက် ၁၃ နှစ်အရွယ် အရှင်ပညာဘိဝေ၊ အသက် ၁၁ နှစ်အရွယ် အရှင်ဇဝန နဲ့ အသက် ၁၇ နှစ်အရွယ် မောင်ကျော်ကျော် နဲ့ မောင်မိုးသက်နိုင် အသက် ၅နှစ် တို့ဖြစ်တယ်လို့ သိရပါတယ်။ ” မီး စတင်လောင်တာက ၁၂ နာရီ ၅၀ ပါ။ သတင်းရတာက ၁ နာရီ ၊ မီးထိန်းနိုင်တဲ့အချိန်က…
Read Moreထိုင်၀မ်အရေးကြောင့် စစ်ရေးအပါအ၀င် အဓိကကဏ္ဍတွေမှာ အမေရိကန်နဲ့ ပူးပေါင်းမှု တရုတ်ရပ်ဆိုင်း
ပေကျင်း၊ သြဂုတ်-၆-၂၀၂၂ မျိုးဆက်(VOM) တရုတ်နိုင်ငံဟာ ရာသီဥတုပြောင်းလဲမှု၊ စစ်ရေးဆွေးနွေးပွဲတွေနဲ့ နိုင်ငံတကာရာဇ၀တ်မှုတွေ တိုက်ဖျက်ရေး အပါအ၀င် အဓိကအခန်းကဏ္ဍများစွာမှာ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းကြောင်း သြဂုတ် ၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ အမေရိကန် အောက်လွှတ်တော် ဥက္ကဌ နန်စီပလိုစီဦးဆောင်တဲ့ ကွန်ဂရက်ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်၀မ်ကိုသွားရောက်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ တရုတ်နိုင်ငံက အခုလိုက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ နန်စီပလိုစီနဲ့ သူ့မိသားစုကိုပါ ဒဏ်ခတ်ပိတ်ဆို့ကြောင်း ကြေညာထားတဲ့ တရုတ်နိုင်ငံဟာ ပလိုစီရဲ့ထိုင်၀မ်ခရီးစဉ်က တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို စိန်ခေါ်မှုအဖြစ် ရှုမြင်ထားပါတယ်။ တရားမ၀င်ရွှေ့ပြောင်းနေထိုင်သူများအရေး၊ ရာသီဥတုဖောက်ပြန်မှုနဲ့ နိုင်ငံတကာရာဇ၀တ်မှု စုံစမ်းစစ်ဆေးရေး အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆိုင်းငံ့ထားချိန်မှာ အမေရိကန်နဲ့ တရုတ်ကာကွယ်ရေး တာ၀န်ရှိသူတွေအကြား ဆွေးနွေးမှုတွေကိုလည်း ဖျက်သိမ်းမှာဖြစ်ကြောင်း တရုတ်နိုင်ငံရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အမေရိကန်အောက်လွှတ်တော် ဥက္ကဌ နန်စီပလိုစီရဲ့ ထိုင်၀မ်ခရီးစဉ်ကို တုံ့ပြန်တဲ့အနေနဲ့ တရုတ်စစ်တပ်ဟာ ထိုင်၀မ်ကျွန်း၀န်းကျင်မှာ ဒုံးကျည်ပစ်လွှတ်မှုတွေအပါအ၀င် အကြီးစားစစ်ရေးလေ့ကျင့်မှု…
Read Moreမြန်မာနိုင်ငံရေးအကျပ်အတည်း စူပါမင်းတောင် မဖြေရှင်းနိုင်ဘူးလို့ အာဆီယံအထူးသံတမန် ၀န်ခံ အာဆီယံအစည်းတွေမှာ မြန်မာကို ဆက်လက်ချန်လပ်ထားမယ်
ဖနွမ်းပင်၊ သြဂုတ်-၆-၂၀၂၂ မျိုးဆက်(VOM) မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို စူပါမင်းတောင် မဖြေရှင်းပေးနိုင်ကြောင်း မြန်မာ့ငြိမ်းချမ်းရေးအတွက် ကြား၀င်ဆောင်ရွက်ပေးနေသူ အာဆီယံအထူးသံတမန် ပရက်ခ်ဆိုခွန်က သြဂုတ် ၆ ရက်မှာ ၀န်ခံပြောဆိုလိုက်ပါတယ်။ ကျွန်တော်က အထူးသံတမန်တဦးပါ။ စူပါမင်းမဟုတ်ပါဘူး။ စူပါမင်းတောင်မှ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို မဖြေရှင်းနိုင်လောက်ဘူးလို့ ကျွန်တော်ထင်ပါတယ်လို့ သူက ထုတ်ဖော်ပြောဆိုပါတယ်။ မြန်မာ့အရေးလိုကိစ္စရပ်မျိုးတွေက ညှိနှိုင်းဆွေးနွေးအဖြေရှာဖို့ နှစ်နဲ့ချီကြာတတ်တယ်လို့ အာဆီယံအထူးသံတမန်က ပြောပါတယ်။ အာဆီယံအဖွဲ့ဟာ မြန်မာ့အရေးဖြေရှင်းဖို့ ကြိုးပမ်းမှုတွေကို ဦးဆောင်နေပြီး ဘုံသဘောတူညီချက်ငါးချက်ကို မြန်မာဘက်က အကောင်အထည်ဖော်မှုအားနည်းတဲ့အပေါ် သြဂုတ် ၅ ရက်မှာ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားလေးဦးကို အာဏာပိုင်တွေက ကွပ်မျက်လိုက်ပြီးနောက် အာဆီယံဦးဆောင်တဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို နှောင့်နှေးစေတယ်ဆိုကာ အဖွဲ့၀င်နိုင်ငံတွေအကြား အမျက်ဒေါသတွေ ထွက်နေကြပါတယ်။ မြန်မာအာဏာပိုင်တွေအနေနဲ့ ငြိမ်းချမ်းရေးအစီအစဉ်နဲ့ပတ်သက်ပြီး တိုးတက်ဖြစ်ထွန်းမှုတွေကို ပြသချိန်ထိ အာဆီယံအဖွဲ့ရဲ့ အစည်းအဝေးတွေတက်ရောက်တာကနေ ချန်လပ်ထားဖို့ အာဆီယံအဖွဲ့က ဆုံးဖြတ်ထားကြောင်း အထူးသံတမန်က…
Read Moreအရာတော်မြိုနယ်ထဲက မင်းရွာနဲ့ အောင်သာရွာ မီးရှို့ခံရ ၊ လူ ၁ ဦး မီးလောင်သေဆုံး
သြဂုတ် ၊ ၆ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ အရာတော်မြို့နယ် ၊ အရာတော်-မြင်းမူကားလမ်းပေါ်က မင်းရွာဟာ ဒီကနေ့ မနက်ပိုင်းက မီးရှို့ခံရပြီး လူ ၁ ဦး မီးလောင်သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ဒီမနက် မိုးလင်းတာနဲ့ ရွာထဲကို စစ်ကြောင်းရောက်လာတယ် ၊ တရွာလုံးထွက်ပြေးတိမ်းရှောင်နေရတယ် ၊ အဲ့ဒီအချိန် ပစ်ခတ်သံတွေကြားရပြီး ရွာမီးလောင်တာပါ “လို့ ဒေသခံတယောက်က ပြောပါတယ်။ ဒါ့အပြင် မင်းရွာဟာ အရာတော်မြို့နယ်ရဲ့ တောင်ဘက်ခြမ်းမှာ အကြီးဆုံး ကျေးရွာအုပ်စု ၊ရွာကြီးဖြစ်ပြီး အိမ်ခြေ ၁ ထောင်ကျော်ရှိတဲ့အနက် ဒီမနက်မှာ အိမ်ခြေ တဝက်မက မီးရှို့ခံရတာဖြစ်တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။ ” မနက်ပိုင်းက ပြေးနေရတာပါ ၊ အခု နေ့လယ်ပိုင်းမှာ…
Read Moreဗဟိုဘဏ်က ဒေါ်လာစျေးပြောင်းလိုက်ရတဲ့ အကြောင်းအရင်း
ဩဂုတ် ၆-၂၀၂၂ VOM (GG) အမေရိကန် တဒေါ်လာကို ၁၈၅၀ သတ်မှတ်ထားရာကနေ ၂၁၀၀ ကျပ် အဖြစ် တိုးမြင့်ပြောင်းလဲလိုက်တာဟာ လက်ရှိဖြစ်နေတဲ့ ပြင်ပဒေါ်လာစျေးကွက်ကွာဟမှုတွေကြောင့် လိုက်လျောညီထွေဖြစ်အောင် ဖြေလျှော့လုပ်ဆောင်ပေးလိုက်တာဖြစ်တယ်လို့ ဗဟိုဘဏ်တာဝန်ရှိသူက ပြောဆိုလိုက်ပါတယ်။ နောက်ပြီး အခုလို ဒေါ်လာလဲလှယ်မှုနူန်းပြောင်းလဲသတ်မှတ်မှုနဲ့ပတ်သက်ပြီး နောက်ဆက်တွဲ လုပ်ဆောင်မှုတွေလည်း ထပ်ပြီးလုပ်ဆောင်ဖို့ရှိသေးတယ်လို့ သိရပါတယ်။ ” စျေးကွက်နဲ့လိုက်လျောညီထွေဖြစ်မယ့်စျေးကို ပြောင်းပေးလိုက်တာပေါ့။အပြင်စျေးကွက်နဲ့သိပ်ကွာဟနေတာဖြစ်လို့ ရောင်းပေးလိုက်တာဖြစ်တယ်။နောက်ထပ် နောက်ဆက်တွဲတွေ လာဖို့ရှိသေးတယ်။ ဖြေလျှော့ပေးလိုက်တာပေါ့ ။လောလောဆယ်ဒီလောက်ပဲပြောလို့ရသေးတယ်”လို့ ဗဟိုဘဏ်တာဝန်ရှိသူက ပြောပါတယ်။ အမေရိကန်ဒေါ်လာကို ၂၁၀၀ ကျပ် အဖြစ် သတ်မှတ်လိုက်ကြောင်းကိုတော့ မနေ့က ဩဂုတ်လ ၅ ရက်နေ့မှာ ဗဟိုဘဏ်က တရားဝင်ထုတ်ပြန် အသိပေးခဲ့တာဖြစ်ပါတယ်။ အခုလို အမေရိကန်ဒေါ်လာ ၁၈၅၀ ကျပ်သတ်မှတ်ထားမှုကနေ ၂၁၀၀ အဖြစ်တိုးမြှင့်ပေးလိုက်မှုက စီးပွားရေးလုပ်ငန်းရှင်တွေအတွက်တော့ အရင်ကထက် ပိုအဆင်ပြေတဲ့ကိစ္စဖြစ်တယ်လို့ စီးပွားရေး လုပ်ငန်းရှင်က ပြောပါတယ်။ ”…
Read More