သြဂုတ် ၊၆ ၊ ၂၀၂၂ SP(VOM) မကွေးတိုင်း ၊ စလင်းမြို့နယ် ၊ သနပ်ကုန်းကျေးရွာအနီး ဧရာဝတီမြစ်ကြောင်းထဲမှာ မျှောပါလာတဲ့ တွဲသင်္ဘောပေါ်ကနေ ဒီကနေ့မနက်ပိုင်းက လူသေအလောင်း ၃ လောင်းတွေ့ရတယ်လို့ စလင်းမြို့နယ် ကြက်ခြေနီအသင်းဆီက သိရပါတယ်။ ” ဒီမနက် ၁၀ နာရီဝန်းကျင်က အဲ့ဒီ တွဲသင်္ဘောကို စတင်တွေ့ရတာပါ ၊ စလင်းမြို့နယ် ရှာဖွေကယ်ဆယ်ရေး သန္ဓေမီးသတ်အဖွဲ့ သွားရောက်စစ်ဆေးတဲ့အခါ တွဲသင်္ဘောရဲ့ ဝမ်းဗိုက်ထဲမှာ သေဆုံးနေတဲ့ အမျိုးသား ရုပ်အလောင်း ၃ လောင်း တွေ့ရတာ “လို့ စလင်းမြို့ခံ ကြက်ခြေနီတယောက်က ပြောပါတယ်။ ဒါ့အပြင် အဲ့ဒီသေဆုံးသူ ၃ ယောက်ဟာ တွဲသင်္ဘောရဲ့ ဝမ်းဗိုက်ပေါက်တာကို ဆင်းဖာရင်းနဲ့ အောက်စီဂျင်ပြတ်ပြီး သေဆုံးသွားတာဖြစ်နိုင်တယ်လို့ ခန့်မှန်းယူဆထားတယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့် မှုခင်းဆေးပညာအရ ရုပ်အလောင်းတွေကို ဆက်လက်စစ်ဆေးနိုင်ဖို့ ကြက်ခြေနီအဖွဲ့နဲ့…
Read MoreMonth: August 2022
ဒီပဲယင်းမြို့နယ် ကိုင်းကံရွာမှာ နေအိမ် ၁ ရာကျော် မီးရှို့ခံရ ၊ လူ ၁ ဦးသေဆုံး
သြဂုတ် ၊ ၇ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ ဒီပဲယင်းမြို့နယ် ၊ ကိုင်းကံကျေးရွာမှာ မနေ့ သြဂုတ် ၆ ရက် မနက်ပိုင်းက လူနေအိမ် အဆောက်ဦး ၁ ရာကျော် မီးရှို့ဖျက်ဆီးခံရပြီး အဲ့ဒီ မီးလောင်မှုဖြစ်စဥ်မှာ လူ ၁ ဦး သေဆုံးခဲ့တယ်လို့ ဒီပဲယင်းနယ်ခံတွေဆီက သိရပါတယ်။ ” မနေ့က မနက်ပိုင်းမှာ ရွာမီးရှို့ဖျက်ဆီးခံရတာပါ ၊ ရွာက အိမ်ခြေ ၂ ရာဝန်းကျင်ပဲရှိတယ် ၊ မီးလောင်ပျက်စီးတာ ၁ ရာကျော် ၊ အခု နေအိမ် ၅၀ ကျော်လောက်ပဲကျန်တော့တာ ၊ ရွာဒင်ဘက်က ကလေး ၁ ယောက်သေတယ် ၊ အသက်က ၁၈ ၊ ၁၉ အရွယ်ဖြစ်တယ်…
Read Moreရန်ကုန်မှာ တပတ်အတွင်း ပစ်ခတ်မှုတွေကြောင့် အုပ်ချုပ်ရေးအဖွဲ့၀င် ၆ဦးသေ၊ ၃ဦးဒဏ်ရာရ
သြဂုတ် ၇၊၂၀၂၂ KK(VOM) ရန်ကုန်တိုင်းက မြို့နယ်အချို့မှာ သြဂုတ်လ ၁ရက်နေ့ကနေ ၇ ရက်နေ့အတွင်း အုပ်ချုပ်ရေးအဖွဲ့တွေ ပစ်ခတ်ခံရလို့ ၇ ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပစ်ခတ်မှုဖြစ်ရာမြို့နယ်တွေဆီက သိရပါတယ်။ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ ဗုဒ္ဓသာသနာပြုကျောင်းလမ်းမှာနေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှုးဦးတင်မောင်နိူင်နဲ့ ဇနီးဖြစ်သူ ဒေါ်သီသီသိန်းတို့ မနေ့သြဂုတ် ၆ရက် ညပိုင်းက ပစ်ခတ်ခံရပြီး ဇနီးဖြစ်သူသေဆုံးကာ အုပ်ချုပ်ရေးမှုးဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။ “သူမိန်းမက နားထင်ကိုသေနတ်မှန်ပြီး သေတယ်၊ အုပ်ကြီးကတော့ ပေါင်ကိုပဲထိတာ မသေဘူး အင်းစိန်ဆေးရုံမှာ”လို့ သူကပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၄ ရက်နေ့ နေ့လယ်ပိုင်းကလည်း ပိန္ဒဲကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးညွန့်အောင် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပါသေးတယ်။ အလားတူ သြဂုတ်လ ၂ ရက်နေ့ကလည်း မင်္ဂလာဒုံမြို့နယ်မှာ ရွှေနံသာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးဝင်းနိူင်ထွန်းနှင့်ဇနီးဒေါ်ဟေမာလွင် သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပြီး ကွမ်းခြံကုန်းမြို့နယ်အောင်မင်္ဂလာကျေးရွာမှာလည်း ဆယ်အိမ်မှူးဦးမျိုးမင်းခိုင်ဆိုသူ သေဆုံးခဲ့တဲ့ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။ ရန်ကုန်က…
Read Moreရပ်ထားတဲ့ကားကို ခရီးသည်တင်ကားက ဝင်တိုက်လို့ ၄ ယောက်သေ ၊ ၁၀ ယောက်ဒဏ်ရာရ
ဩဂုတ် ၇-၂၀၂၂ VOM (GG) ပဲခူးတိုင်း၊ ဘုရားကြီးမြို့အနီးက မယင်းကျေးရွာ နားမှာ ဒီနေ့သြဂုတ် ၇ ရက်နေ့ မနက်ပိုင်းက ကားဘီးပေါက်လို့ရပ်ထားတဲ့ ၁၂ ဘီး တွဲကားကို ခရီးသည်ပြေးဆွဲနေတဲ့ လိုင်းကားက ဝင်တိုက်မိပြီး ၄ ယောက်သေဆုံးကာ ဒဏ်ရာရသူ ၁၀ ယောက် ရှိထားတယ်လို့ သိရပါတယ်။ ” ၄ ယောက်သေတယ်။ ၉ နာရီကျောက်လောက်ဖြစ်မယ်။ရောက်သွားတော့ကြည့်ရတာတော့ ရပ်ထားတဲ့ကားကို အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်တဲ့သဘော တွေ့ရတယ်။ ကားက လမ်းဘေးကျနေတာကိုး ။ ကားက ပဲခူးနဲ့ ဘုရားကြီး ပြေးနေတဲ့လိုင်းကား “လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ဘုရားကြီးမြို့ပရဟိတလူငယ်အဖွဲ့တာဝန်ရှိသူကပြောပါတယ်။ သေဆုံးသူကတော့ အမျိုးသမီး ၂ယောက်နဲ့ ကလေး ၁ ယောက်၊ အမျိုးသား ၁ ယောက်တို့ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ ဒဏ်ရာရသူ ၁၀ ယောက်လုံးကို ပဲခူးပြည်သူ့ဆေးရုံကိုပို့ဆောင်ထားကြောင်း၊…
Read Moreတွင်းမကျေးရွာအတွင်း ပစ်ခတ်မှုဖြစ်ခဲ့ပြီး ကလေးငယ် ၁ ဦးသေဆုံး ၊ ၇ ဦး ပြင်းထန်ဒဏ်ရာရ
သြဂုတ် ၇-၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ် ၊ တွင်းမကျေးရွာက လူနေအိမ်တွေကို မနေ့ သြဂုတ် ၆ ရက် ၊ နေ့လယ်ပိုင်းက သေနတ်တွေနဲ့ပစ်ခတ်ခံရတာကြောင့် ကလေးငယ် ၁ ဦးသေဆုံကာ ၊ လူ ၇ ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့က နေ့လယ်ပိုင်း ၁၂ နာရီဝန်းကျင်မှာ ရွာထဲကို ဝင်ပစ်တာပါ ၊ အသက် ၁ နှစ်ခွဲအရွယ် မောင်ဖြိုးမြတ်ကိုကို ဆိုတဲ့ ကလေး ၁ ဦးက ကျည်ဆံထိမှန် သေသွားတယ် ၊ နောက်ပြီး လူကြီး ၇ ဦးလည်း ကျည်ဆံထိမှန်ထားတယ် ” လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့ဝင်တယောက်က ပြောပါတယ်။ အဲ့ဒီ…
Read Moreအမြန်လမ်းမမှာ ၇ လအတွင်း ယာဥ်တိုက်မှုကြောင့် သေဆုံးသူ ၃၈ ဦးနဲ့ ဒဏ်ရာရသူ ၁၇၀ နီးပါးရှိခဲ့
ဩဂုတ် ၆-၂၀၂၂ GG(VOM) ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ ၂၀၂၂ခုနှစ် ၇ လတာကာလအတွင်း ယာဥ်မတော်တဆမှုကြောင့် သေဆုံးသူ ၃၈ ဦးရှိခဲ့ပြီး ဒဏ်ရာရသူက ၁၆၆ ဦးရှိခဲ့ တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ ဇူလိူင်လအထိ စာရင်းဖြစ်ပြီး ယာဥ်မတော်တဆမှုပေါင်းက ၁၀၀ ဝန်းကျင်ရှိခဲ့ကာ ယာဉ်တိုက်မှုတွေကြောင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးက ငွေကျပ် သိန်း ၂ထောင့် ၁ရာ ကျော် ရှိခဲ့တယ်လို့ သိရပါတယ်။ ” မတော်တဆမှုတွေမှာက ကား စက်ချို့ယွင်းပြီး မှောက်တာ တိုက်တာမျိုး ရှိတယ်။အရှိန်များပြီး မထိန်းနိုင်လို့မှောက်တာတွေ၊ လူဝိတ်ပိုတင်တာတွေ၊ ရာသီဥတုမကောင်းတဲ့အချိန် မတရားမောင်းတာမျိုးတွေ ကြောင့်ပါတယ်။ယာဥ်မောင်းအိပ်ငိုက်ပြီးမှောက်တာမျိုးလည်းရှိတယ် ” လို့ အမြန်လမ်းရဲတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။ ဒါ့ကြောင့် ယာဥ်မတော်တဆမှုတွေမဖြစ်အောင် ရန်ကုန် – မန္တလေးအမြန်လမ်းကြီးတလျှောက်မှာ သတ်မှတ်မြန်နူန်းထက်ကျော်တဲ့ကားတွေကို ဖမ်းဆီးနိုင်တဲ့ စစ်ဆေးမှုစက်တွေ တပ်ဆင်ထားရာ အခုနှစ်ဇန်နဝါရီကနေ…
Read Moreသင်ဇာဝင့်ကျော်နှင့်နန်းမွေစံတို့ကို အမှုဖွင့် အရေးယူ
ဩဂုတ်လ ၅ ၊ ၂၀၂၂ GG(VOM) နာမည်ကျော် သရုပ်ဆောင်မော်ဒယ်တွေ ဖြစ်တဲ့ သင်ဇာဝင့်ကျော်နဲ့ နန်းမွေစံတို့ကို မြန်မာ့ယဉ်ကျေးမှုထိခိုက်စေတဲ့ လိင်အသားပေးဓါတ်ပုံတွေ၊ ဗီဒီယိုတွေကို လူမှုကွန်ရက်မှာ အခကြေးငွေရယူပြီး ဖြန့်ဝေခဲ့တယ်ဆိုကာ အမှုဖွင့် အရေးယူထားကြောင်း MRTVရုပ်သံကနေ သတင်းထုတ်ပြန်ခဲဲ့ပါတယ်။ သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ မော်ဒယ် နန်းမွေ့စံတို့ကို နိုင်ငံခြား ညစ်ညမ်းဝက်ဆိုက်မှာ လိင်အသားပေးဓာတ်ပုံနဲ့ ဗီဒီယိုဖိုင်တွေ အခကြေးငွေရယူကာ တင်လို့ဆိုပြီး နစကမှ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၃ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ နစကဘက်မှ ထုတ်ပြန်မှုအရသိရပါတယ်။ သင်ဇာဝင့်ကျော်နဲ့ နန်းမွေ့စံတို့ ၂ ယောက်လုံးဟာ အမေရိကန်နိုင်ငံသား ဦးစီးလုပ်နေတဲ့ ညစ်ညမ်းဝက်ဆိုဘ်မှာ မြန်မာအမျိုးသမီးများစောင့်ထိန်းအပ်တဲ့ မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေတဲ့ လိင်အသားပေးဓာတ်ပုံနဲ့ ဗီဒီယိုတွေကို အခကြေးငွေရယူပြီး ပို့စ်တင်ခဲ့တာ ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ ” သင်ဇာ့ သတင်းဖတ်လိုက်ရတယ်။ သတင်းတက်လာမှသိတာ ။…
Read Moreရခိုင်ဒေသခံတွေ မြေမြုပ်မိုင်းကြောင့် လစဥ် သေဆုံး၊ဒဏ်ရာရသူတွေရှိနေ
ဩဂုတ် ၅- ၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်အတွင်းမှာ မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် လစဥ်ဆိုသလို ထိခိုက်ဒဏ်ရာရ၊ သေဆုံးသူတွေရှိလာနေတယ်လို့ သိရပါတယ်။ အဲဒီလို မိုင်းပေါက်ကွဲမှုတွေဖြစ်ပွားတာကြောင့် ဒေသခံလက်လုပ်လက်စားတွေဟာ ဝမ်းစာရှာဖွေရေး အခက်ကြုံနေရတယ်လို့ ပြောပါတယ်။ ရခိုင်ပြည်နယ် ၊ မင်းပြားမြို့နယ် မင်းရွာကျေးရွာမှဒေသခံတဦး ဒီကနေ့ မနက် ၇ နာရီကျော်လောက်က ထင်းရှာသွားချိန် မြေမြုပ်မိုင်းနင်းမိပြီး ပြင်းထန်းဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ “မိုင်းနင်းမိပြီး ပြင်းထန်းဒဏ်ရာရရှိသူဟာ မင်းပြားမြို့နယ်၊ မင်းရွာကျေးရွာက အသက် (၆၀)ကျော် ဦးရွှေစိန်အောင် ဖြစ်တယ်၊ ဒူးအောက်ပိုင်းကနေ ပြတ်ထွက်သွားတာ ဝမ်းဗိုက်နဲ့ ခန္ဓာကိုယ်တွေမှာလည်း မိုင်းစမှန်တဲ့ဒဏ်ရာတွေရရှိသွားတယ်”လို့ ဒေသခံတဦးကပြောပါတယ်။ မိုင်းပေါက်ကွဲတဲ့နေရာဟာ ရွာနဲ့ (၁)မိုင်လောက်ကွာဝေးကာ ရွာရဲ့အရှေ့ဖက် တောင်တန်းဆည်မြောင်းတွင်းမှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ လက်ရှိမှာ ဒဏ်ရာရရှိသူ ဦးရွှေစိန်အောင်ဟာ မင်းပြားမြို့နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ မင်းပြား၊ မင်းရွာဒေသခံ…
Read Moreထိုင်းမှာ နိုက်ကလပ်မီးလောင်မှုကြောင့် လူ ၁၃ ဦးသေဆုံး ၊ ၄၀ ကျော်ဒဏ်ရာရ
ဘန်ကောက်၊ သြဂုတ်-၅-၂၀၂၂ မျိုးဆက်(VOM) ထိုင်းနိုင်ငံ အရှေ့တောင်ပိုင်း ချွှန်ဘူရီပြည်နယ်မှာရှိတဲ့ နိုက်ကလပ်တခုမှာ မီးလောင်မှုဖြစ်ပွားပြီးနောက် လူ ၁၃ ဦးသေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ နိုက်ကလပ်မီးလောင်ကျွမ်းမှုဟာ ဆက်တာဟစ်ခရိုင်ရှိ Mountain B nightspot နိုက်ကလပ်မှာ ဒီနေ့မနက် တနာရီက ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အဲဒီနိုက်ကလပ်ဟာ ဘန်ကောက်ကနေ ၁၅၀ ကီလိုမီတာမှာရှိပြီး တထပ်တိုက်ဖြစ်ပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် ကလပ်ထဲက လူတွေထွက်ပြေးခဲ့ကြရပြီး လူအချို့မှာတော့ အ၀တ်အစားတွေ မီးလောင်မှုတွေပါဖြစ်ပွားခဲ့ကြောင်း အွန်လိုင်းမှာ ပြန့်နှံ့နေတဲ့ ရုပ်သံတွေမှာ ဖော်ပြထားပါတယ်။ နိုက်ကလပ်ရဲ့နံရံတွေပေါ်က မီးလောင်လွယ်တဲ့ပစ္စည်းတွေက မီးလောင်မှုကို ပိုမိုဆိုးရွားစေတယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။ မီးကို နှစ်နာရီကျော်ကြာ မီးသတ်သမားတွေက ငြှိမ်းသတ်ခဲ့ရပါတယ်။သေဆုံးသူအားလုံးဟာ ထိုင်းနိုင်ငံသားတွေလို့ ယူဆရပါတယ်။ လက်ရှိချိန်ထိတော့ မီးလောင်ကျွမ်းမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို မသိရှိရသေးပါဘူး။ ၂၀၀၉ ခုနှစ်ကလည်း ဘန်ကောက်မှာရှိတဲ့ နိုက်ကလပ်တခုမီးလောင်မှုကြောင့်…
Read Moreမီဇိုရမ်မှာ မြန်မာ ၁ ဦးဆီက မူးယစ်ဆေးဝါးတွေ အများအပြား ဖမ်းမိ
သြဂုတ် ၊ ၅ ၊ ၂၀၂၂ SP (VOM) အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာ မနေ့ သြဂုတ် ၄ ရက် ၊ နေ့လယ်ပိုင်းက မြန်မာနိုင်ငံသား ၁ ဦးဆီကနေ မူးယစ်ဆေးဝါးတွေ အများအပြား ဖမ်းဆီရမိတယ်လို့ အိန္နိယနိုင်ငံရောက် မြန်မာတိုက်ပွဲရှောင်တွေဆီက သိရပါတယ်။ ” အိုက်ဇောမှာ ဖမ်းမိတာပါ ၊ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးခံရသူက ချင်းပြည်နယ်မြောက်ပိုင်း ၊ တီးတိန်မြို့နယ် ၊ ဒါးခိုင် Darkhai ရွာသစ်ကနေလာတဲ့ ပါးခုတ်ဇာထောင် Pa Khup Za Tung (၄၂နှစ်) ဖြစ်တယ် ၊ သူ့ဆီကနေ ဘိန်းဖြူမှုန့် ၄၂၈ ဒသမ ၀၄ ဂရမ်အလေးချိန်ကို မီဇိုရမ်ရဲနဲ့ အာသံ ရိုင်ဖယ်တပ်က ဖမ်းလိုက်တာ “လို့ မီဇိုရမ်မှာ ခိုလှုံနေထိုင်တဲ့ မြန်မာနိုင်ငံသားတယောက်က…
Read More