အမြန်လမ်းမမှာ ၇ လအတွင်း ယာဥ်တိုက်မှုကြောင့် သေဆုံးသူ ၃၈ ဦးနဲ့ ဒဏ်ရာရသူ ၁၇၀ နီးပါးရှိခဲ့

ဩဂုတ် ၆-၂၀၂၂
GG(VOM)

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ ၂၀၂၂ခုနှစ် ၇ လတာကာလအတွင်း ယာဥ်မတော်တဆမှုကြောင့် သေဆုံးသူ ၃၈ ဦးရှိခဲ့ပြီး ဒဏ်ရာရသူက ၁၆၆ ဦးရှိခဲ့ တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ ဇူလိူင်လအထိ စာရင်းဖြစ်ပြီး ယာဥ်မတော်တဆမှုပေါင်းက ၁၀၀ ဝန်းကျင်ရှိခဲ့ကာ ယာဉ်တိုက်မှုတွေကြောင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးက ငွေကျပ် သိန်း ၂ထောင့် ၁ရာ ကျော် ရှိခဲ့တယ်လို့ သိရပါတယ်။

” မတော်တဆမှုတွေမှာက ကား စက်ချို့ယွင်းပြီး မှောက်တာ တိုက်တာမျိုး ရှိတယ်။အရှိန်များပြီး မထိန်းနိုင်လို့မှောက်တာတွေ၊ လူဝိတ်ပိုတင်တာတွေ၊ ရာသီဥတုမကောင်းတဲ့အချိန် မတရားမောင်းတာမျိုးတွေ ကြောင့်ပါတယ်။ယာဥ်မောင်းအိပ်ငိုက်ပြီးမှောက်တာမျိုးလည်းရှိတယ် ” လို့ အမြန်လမ်းရဲတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

ဒါ့ကြောင့် ယာဥ်မတော်တဆမှုတွေမဖြစ်အောင် ရန်ကုန် – မန္တလေးအမြန်လမ်းကြီးတလျှောက်မှာ သတ်မှတ်မြန်နူန်းထက်ကျော်တဲ့ကားတွေကို ဖမ်းဆီးနိုင်တဲ့ ​ စစ်ဆေးမှုစက်တွေ တပ်ဆင်ထား​ရာ အခုနှစ်ဇန်နဝါရီကနေ ဇူလိူင်လ ၁၃ ရက် နေ့အထိဆိုရင် သတ်မှတ်မြန်နှုန်းထက်ကျော်လွန်မောင်းနှင်းတဲ့ ကား ၅၀၆၄ စီးကိုဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ အမြန်လမ်းမကြီးမှာ အိမ်စီးကားကို တစ်နာရီ ကီလို၁၀၀ မောင်းခွင့်သတ်မှတ်ထားပြီး ခရီးသည်တင်အဝေးပြေးယာဉ်ကို တစ်နာရီကီလိုမီတာ ၉၀ ၊ လုပ်ငန်းသုံးကုန်တင်ယာဉ်ကိုလည်း တစ်နာရီ ကီလိုမီတာ ၆၀ နှုန်းသာ မောင်းခွင့်ပြုထားတယ်လို့သိရပါတယ်။

အမြန်လမ်းမကြီးပေါ် ယာဥ်မတော်တဆမှုဖြစ်ပွားမှုတွေထဲမှာ လိုက်ထရပ်ကားတွေ၊ အိမ်စီးကားတွေ များပြီး အဝေးပြေးယာဥ်လိုင်း ကားအချို့လည်း တိမ်းမှောက်တာတွေရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #အမြန်လမ်း #ယာဉ်မတော်တဆမှု

Related posts

Leave a Comment

VOM News

FREE
VIEW