အမြန်လမ်းမမှာ ၇ လအတွင်း ယာဥ်တိုက်မှုကြောင့် သေဆုံးသူ ၃၈ ဦးနဲ့ ဒဏ်ရာရသူ ၁၇၀ နီးပါးရှိခဲ့

ဩဂုတ် ၆-၂၀၂၂ GG(VOM) ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ ၂၀၂၂ခုနှစ် ၇ လတာကာလအတွင်း ယာဥ်မတော်တဆမှုကြောင့် သေဆုံးသူ ၃၈ ဦးရှိခဲ့ပြီး ဒဏ်ရာရသူက ၁၆၆ ဦးရှိခဲ့ တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ ဇူလိူင်လအထိ စာရင်းဖြစ်ပြီး ယာဥ်မတော်တဆမှုပေါင်းက ၁၀၀ ဝန်းကျင်ရှိခဲ့ကာ ယာဉ်တိုက်မှုတွေကြောင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးက ငွေကျပ် သိန်း ၂ထောင့် ၁ရာ ကျော် ရှိခဲ့တယ်လို့ သိရပါတယ်။ ” မတော်တဆမှုတွေမှာက ကား စက်ချို့ယွင်းပြီး မှောက်တာ တိုက်တာမျိုး ရှိတယ်။အရှိန်များပြီး မထိန်းနိုင်လို့မှောက်တာတွေ၊ လူဝိတ်ပိုတင်တာတွေ၊ ရာသီဥတုမကောင်းတဲ့အချိန် မတရားမောင်းတာမျိုးတွေ ကြောင့်ပါတယ်။ယာဥ်မောင်းအိပ်ငိုက်ပြီးမှောက်တာမျိုးလည်းရှိတယ် ” လို့ အမြန်လမ်းရဲတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။ ဒါ့ကြောင့် ယာဥ်မတော်တဆမှုတွေမဖြစ်အောင် ရန်ကုန် – မန္တလေးအမြန်လမ်းကြီးတလျှောက်မှာ သတ်မှတ်မြန်နူန်းထက်ကျော်တဲ့ကားတွေကို ဖမ်းဆီးနိုင်တဲ့ ​ စစ်ဆေးမှုစက်တွေ တပ်ဆင်ထား​ရာ အခုနှစ်ဇန်နဝါရီကနေ…

Read More

သင်ဇာဝင့်ကျော်နှင့်နန်းမွေစံတို့ကို အမှုဖွင့် အရေးယူ

ဩဂုတ်လ ၅ ၊ ၂၀၂၂ GG(VOM) နာမည်ကျော် သရုပ်ဆောင်မော်ဒယ်တွေ ဖြစ်တဲ့ သင်ဇာဝင့်ကျော်နဲ့ နန်းမွေစံတို့ကို မြန်မာ့ယဉ်ကျေးမှုထိခိုက်စေတဲ့ လိင်အသားပေးဓါတ်ပုံတွေ၊ ဗီဒီယိုတွေကို လူမှုကွန်ရက်မှာ အခကြေးငွေရယူပြီး ဖြန့်ဝေခဲ့တယ်ဆိုကာ အမှုဖွင့် အရေးယူထားကြောင်း MRTVရုပ်သံကနေ သတင်းထုတ်ပြန်ခဲဲ့ပါတယ်။ သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ မော်ဒယ် နန်းမွေ့စံတို့ကို နိုင်ငံခြား ညစ်ညမ်းဝက်ဆိုက်မှာ လိင်အသားပေးဓာတ်ပုံနဲ့ ဗီဒီယိုဖိုင်တွေ အခကြေးငွေရယူကာ တင်လို့ဆိုပြီး နစကမှ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၃ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ နစကဘက်မှ ထုတ်ပြန်မှုအရသိရပါတယ်။ သင်ဇာဝင့်ကျော်နဲ့ နန်းမွေ့စံတို့ ၂ ယောက်လုံးဟာ အမေရိကန်နိုင်ငံသား ဦးစီးလုပ်နေတဲ့ ညစ်ညမ်းဝက်ဆိုဘ်မှာ မြန်မာအမျိုးသမီးများစောင့်ထိန်းအပ်တဲ့ မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေတဲ့ လိင်အသားပေးဓာတ်ပုံနဲ့ ဗီဒီယိုတွေကို အခကြေးငွေရယူပြီး ပို့စ်တင်ခဲ့တာ ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ ” သင်ဇာ့ သတင်းဖတ်လိုက်ရတယ်။ သတင်းတက်လာမှသိတာ ။…

Read More

ရခိုင်ဒေသခံတွေ မြေမြုပ်မိုင်းကြောင့် လစဥ် သေဆုံး၊ဒဏ်ရာရသူတွေရှိနေ

ဩဂုတ် ၅- ၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်အတွင်းမှာ မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် လစဥ်ဆိုသလို ထိခိုက်ဒဏ်ရာရ၊ သေဆုံးသူတွေရှိလာနေတယ်လို့ သိရပါတယ်။ အဲဒီလို မိုင်းပေါက်ကွဲမှုတွေဖြစ်ပွားတာကြောင့် ဒေသခံလက်လုပ်လက်စားတွေဟာ ဝမ်းစာရှာဖွေရေး အခက်ကြုံနေရတယ်လို့ ပြောပါတယ်။ ရခိုင်ပြည်နယ် ၊ မင်းပြားမြို့နယ် မင်းရွာကျေးရွာမှဒေသခံတဦး ဒီကနေ့ မနက် ၇ နာရီကျော်လောက်က ထင်းရှာသွားချိန် မြေမြုပ်မိုင်းနင်းမိပြီး ပြင်းထန်းဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ “မိုင်းနင်းမိပြီး ပြင်းထန်းဒဏ်ရာရရှိသူဟာ မင်းပြားမြို့နယ်၊ မင်းရွာကျေးရွာက အသက် (၆၀)ကျော် ဦးရွှေစိန်အောင် ဖြစ်တယ်၊ ဒူးအောက်ပိုင်းကနေ ပြတ်ထွက်သွားတာ ဝမ်းဗိုက်နဲ့ ခန္ဓာကိုယ်တွေမှာလည်း မိုင်းစမှန်တဲ့ဒဏ်ရာတွေရရှိသွားတယ်”လို့ ဒေသခံတဦးကပြောပါတယ်။ မိုင်းပေါက်ကွဲတဲ့နေရာဟာ ရွာနဲ့ (၁)မိုင်လောက်ကွာဝေးကာ ရွာရဲ့အရှေ့ဖက် တောင်တန်းဆည်မြောင်းတွင်းမှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ လက်ရှိမှာ ဒဏ်ရာရရှိသူ ဦးရွှေစိန်အောင်ဟာ မင်းပြားမြို့နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ မင်းပြား၊ မင်းရွာဒေသခံ…

Read More

ထိုင်းမှာ နိုက်ကလပ်မီးလောင်မှုကြောင့် လူ ၁၃ ဦးသေဆုံး ၊ ၄၀ ကျော်ဒဏ်ရာရ

  ဘန်ကောက်၊ သြဂုတ်-၅-၂၀၂၂ မျိုးဆက်(VOM) ထိုင်းနိုင်ငံ အရှေ့တောင်ပိုင်း ချွှန်ဘူရီပြည်နယ်မှာရှိတဲ့ နိုက်ကလပ်တခုမှာ မီးလောင်မှုဖြစ်ပွားပြီးနောက် လူ ၁၃ ဦးသေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ နိုက်ကလပ်မီးလောင်ကျွမ်းမှုဟာ ဆက်တာဟစ်ခရိုင်ရှိ Mountain B nightspot နိုက်ကလပ်မှာ ဒီနေ့မနက် တနာရီက ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အဲဒီနိုက်ကလပ်ဟာ ဘန်ကောက်ကနေ ၁၅၀ ကီလိုမီတာမှာရှိပြီး တထပ်တိုက်ဖြစ်ပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် ကလပ်ထဲက လူတွေထွက်ပြေးခဲ့ကြရပြီး လူအချို့မှာတော့ အ၀တ်အစားတွေ မီးလောင်မှုတွေပါဖြစ်ပွားခဲ့ကြောင်း အွန်လိုင်းမှာ ပြန့်နှံ့နေတဲ့ ရုပ်သံတွေမှာ ဖော်ပြထားပါတယ်။ နိုက်ကလပ်ရဲ့နံရံတွေပေါ်က မီးလောင်လွယ်တဲ့ပစ္စည်းတွေက မီးလောင်မှုကို ပိုမိုဆိုးရွားစေတယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။ မီးကို နှစ်နာရီကျော်ကြာ မီးသတ်သမားတွေက ငြှိမ်းသတ်ခဲ့ရပါတယ်။သေဆုံးသူအားလုံးဟာ ထိုင်းနိုင်ငံသားတွေလို့ ယူဆရပါတယ်။ လက်ရှိချိန်ထိတော့ မီးလောင်ကျွမ်းမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို မသိရှိရသေးပါဘူး။ ၂၀၀၉ ခုနှစ်ကလည်း ဘန်ကောက်မှာရှိတဲ့ နိုက်ကလပ်တခုမီးလောင်မှုကြောင့်…

Read More

မီဇိုရမ်မှာ မြန်မာ ၁ ဦးဆီက မူးယစ်ဆေးဝါးတွေ အများအပြား ဖမ်းမိ

သြဂုတ် ၊ ၅ ၊ ၂၀၂၂ SP (VOM) အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာ မနေ့ သြဂုတ် ၄ ရက် ၊ နေ့လယ်ပိုင်းက မြန်မာနိုင်ငံသား ၁ ဦးဆီကနေ မူးယစ်ဆေးဝါးတွေ အများအပြား ဖမ်းဆီရမိတယ်လို့ အိန္နိယနိုင်ငံရောက် မြန်မာတိုက်ပွဲရှောင်တွေဆီက သိရပါတယ်။ ” အိုက်ဇောမှာ ဖမ်းမိတာပါ ၊ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးခံရသူက ချင်းပြည်နယ်မြောက်ပိုင်း ၊ တီးတိန်မြို့နယ် ၊ ဒါးခိုင် Darkhai ရွာသစ်ကနေလာတဲ့ ပါးခုတ်ဇာထောင် Pa Khup Za Tung (၄၂နှစ်) ဖြစ်တယ် ၊ သူ့ဆီကနေ ဘိန်းဖြူမှုန့် ၄၂၈ ဒသမ ၀၄ ဂရမ်အလေးချိန်ကို မီဇိုရမ်ရဲနဲ့ အာသံ ရိုင်ဖယ်တပ်က ဖမ်းလိုက်တာ “လို့ မီဇိုရမ်မှာ ခိုလှုံနေထိုင်တဲ့ မြန်မာနိုင်ငံသားတယောက်က…

Read More

အမေရိကန်မှာ မျောက်ကျောက်ရောဂါကူးစက်မှု မြင့်တက်လာတာကြောင့် အရေးပေါ်အခြေအနေ ကြေညာ

၀ါရှင်တန်၊ သြဂုတ်-၅-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်မှာ မျောက်ကျောက်ရောဂါကူးစက်မှုမြင့်တက်လာပြီးနောက် အမေရိကန်အစိုးရက ရောဂါကူးစက်မှုနဲ့ပတ်သက်ပြီး ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် သြဂုတ် ၄ ရက်မှာ ကြေညာလိုက်ပါတယ်။ ဒီလိုကြေညာလိုက်ပြီးနောက် ရောဂါကူးစက်မှုတွေကို ထိန်းချုပ်ဖို့အတွက် ကာကွယ်ဆေးတွေ၊ ကုသမှုတွေနဲ့ ရောဂါတားဆီးရေးဆိုင်ရာ အစိုးရရဲ့အရင်းအမြစ်တွေကို ဖြန့်ဖြူးမှု အရှိန်မြှင့် လုပ်ဆောင်တော့မှာဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံတွေမှာ မျောက်ကျောက်ရောဂါကူးစက်ပျံ့ပွားမှုတွေနဲ့ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အမြင့်ဆုံးအရေးပေါ်သတိပေးချက်ထုတ်ပြန်ပြီးနောက် ရက်သတ္တပတ်အနည်းငယ်အတွင်း အမေရိကန်ကလည်း အခုလို ကြေညာလိုက်တာဖြစ်ပါတယ်။ လက်ရှိချိန်ထိ အမေရိကန်မှာ မျောက်ကျောက်ရောဂါကူးစက်မှု ၆၆၀၀ ကျော်ရှိနေပါတယ်။ ရောဂါဖြစ်ပွားမှုရဲ့ လေးပုံတပုံဟာ ရောဂါဖြစ်ပွားမှုနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့သီတင်းပတ်အတွင်း အရေးပေါ်အခြေအနေကြေညာခဲ့တဲ့ နယူးယောက်ပြည်နယ်မှဖြစ်ပါတယ်။ နောက်ထပ်ကူးစက်မှုအမြင့်ဆုံးပြည်နယ်တွေကတော့ ယခုသီတင်းပတ်အစောပိုင်းမှာ အရေးပေါ်အခြေအနေကြေညာခဲ့တဲ့ ကယ်လီဖိုးနီးယားနဲ့ အီလီနွိုက်ပြည်နယ်တို့ဖြစ်ပါတယ်။ Ref: BBC Photo:AFP #voiceofmyanmar #VOM #ဝါရှင်တန်

Read More

ဧရာဝတီတိုင်းမှာ တလအတွင်း သဘာဝဘေးအန္တရာယ် ၃၈ ကြိမ်ဖြစ်ပွားခဲ့ပြီး ၂ ဦးသေဆုံး၊ ၁၀၉၂ ဦး သဘာဝဘေးဒဏ်ခံစားခဲ့ရ

သြဂုတ်၊ ၅ -၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်းမှာ သဘာ၀ဘေးအန္တရာယ်ကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း သဘာဝဘေးအန္တရာယ် ၃၈ ခါဖြစ်ပွားခဲ့ပြီး လူ ၂ ဦးသေဆုံးကာ လူ ၁၀၉၂ ဦး သဘာဝဘေးအန္တရာယ်ဒဏ် ခံစားခဲ့ရတယ်လို့ ဧရာဝတီတိုင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနကနေ သိရပါတယ်။ ”ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း သဘာဝဘေးအန္တရာယ်ဖြစ်စဉ်အပေါင်း ၃၈ ခါဖြစ်ခဲ့တယ်၊ အိမ်ထောင်စု ၂၃၇ ကနေ လူဦးရေ ၁၀၉၂ သဘာဝဒဏ် ခံစားခဲ့ရပါတယ်၊ကမ်းပြိုသဘာဝဘေးကအများဆုံးဖြစ်ပွားခဲ့တာတွေ့ရပါတယ်၊သဘာဝဘေးဒဏ်သင့်ဒေသခံတွေကို လည်းထောက်ပံ့ငွေတွေပေးအပ်ထားပါပြီ”လို့ဧရာဝတီတိုင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ဧရာဝတီတိုင်းမှာ ပြီးခံတဲ့ ဇူလိုင် ၁ ရက်ကနေ ၃၁ ရက်အထိ ကမ်းပြိုဘေး ၂၂ ခါ၊ မီးဘေး ၁ ခါ၊ လေဘေး ၁၃ ခါ ၊ မိုးကြိုးဘေး ၁ ခါ၊ ထူးခြားသဘာဝဘေး ၁ ခါဖြစ်ပွားခဲ့ပြီး သေဆုံး…

Read More

ပုသိမ်အကျဉ်းထောင်မှာ သေဒဏ်ချခံထားရသူ ၂ ဦးနဲ့ တသက်တကျွန်းချခံထားရသူ ၅ ဦးရှိ

သြဂုတ်၊ ၅-၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်း၊ပုသိမ်မြို့၊ ပုသိမ်အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက သေဒဏ်ချမှတ်ခံထားရသူ ၂ ဦးနဲ့ တသက်တကျွန်းအမိန့်ချခံထားရတဲ့ ၅ ဦးရှိတယ်လို့ ပုသိမ်အကျဉ်းထောင်ဝန်ထမ်းတွေဆီကနေ သိရပါတယ်။ သေဒဏ်အမိန့်ချခံထားရသူ ၂ ဦးက ရန်ကုန်တိုင်း အင်းစိန်ထောင်ကနေ ပုသိမ်အကျဉ်းထောင်ကို ပြောင်းရွှေ့ခံထားရတဲ့ ကိုကျော်ကျော်နိုင်နဲ့မလှလှနိုင် ၂ ဦးဖြစ်တယ်လို့သိရပြီး တသက်တကျွန်းအမိန့်ချခံထားရသူတွေကတော့ ကိုလှိုင်မင်းကျော်၊ ကိုအောင်ဖြိုးသွင်၊ကိုဇင်မင်းထွန်း၊ကိုဇော်ဝင်းမြင့်နဲ့ ကိုအောင်ကိုကိုဇော်တို့ဖြစ်တယ်လို့သိရပါတယ်။ “ဟုတ်ပါတယ် ပုသိမ်အကျဉ်းထောင်မှာ သေဒဏ်ချခံထားရတဲ့သူ ၂ ယောက်နဲ့ထောင်ဒဏ်တသက်တကျွန်းချမှတ်ခံထားရသူ ၅ ယောက်ရှိပါတယ်၊ သေဒဏ်ချမှတ် ခံထားရသူ ၂ ယောက်က လင်မယားနှစ်ယောက်ပါ၊ သူတို့ ၂ ယောက်ကို ၂၀၂၁ စက်တင်ဘာလက ပုသိမ်ထောင်ကိုရောက်လာကြတာပါ၊ဒါ့အပြင် ထောင်တစ်သက်အမိန့်ချခံထားရတဲ့ ၅ ယောက်ကတော့ ၂၀၂၂ ၊ဇန်နဝါရီလမှာပုသိမ်ထောင်ကိုရောက်လာခဲ့တာပါ၊ ၇ ယောက်လုံးကို အင်းစိန်ထောင်တရားရုံးကအမိန့်ချခံရပြီးမှ ပုသိမ်ထောင်ကိုရောက်လာတာဖြစ်ပါတယ်။”လို့ အကျဉ်းထောင်ဝန်တဦးကပြောပါတယ်။ တသက်တကျွန်းနဲ့သေဒဏ်အမိန့်ချမှတ်ခံထားရသူ ၇ ယောက်ကို…

Read More

ဗိုလ်တထောင်မှာ ဖမ်းဆီးခံခဲ့ရတဲ့ တက္ကသိုလ်ကျောင်းသား ၄ ဦး ထောင် ၃ နှစ်စီ အမိန့်ချခံရ

ဩဂုတ် ၅-၂၀၂၂ GG(VOM) ရန်ကုန်က တက္ကသိုလ်ကျောင်းသား ၄ ဦးကို ဖမ်းဆီးပြီး ၅ လအကြာမှာ အင်းစိန်ထောင်တရားရုံးက တ​ယောက်ကို ထောင် ၃ နှစ်စီ အမိန့်ချမှတ်လိုက်တယ်လို့သိရပါတယ်။ စီးပွားရေးတက္ကသိုလ်ကျောင်းသား ကိုကျော်ထက်အောင်၊ ကိုသက်အောင်မိုး၊ မုံရွာစီးပွားရေး တက္ကသိုလ်ကျောင်းသူဟောင်း မမိုးမဥ္စူ(ခ)ရှလောင်ဝ်နဲ့ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ကျောင်းသား ကိုစိုင်းမင်းခန့်ကျော်တို့ ဖြစ်ပြီး ပုဒ်မ ၅၀၅-က နဲ့ ဒီနေ့ ဩဂုတ်လ ၅ ရက်နေ့မှာ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။ ” ဒီနေ့ အမိန့်ချလိုက်တာ ။ တရားစွဲထားတာ ပုဒ်မ ၅၀၅ ကပေါ့ ။ အပြစ်မရှိကြောင်း ပေါ်ပေမယ့် မတရားအမိန့်ချလိုက်တာလို့ ကျနော်တို့ပြန်ကြားရတယ်။ သူတို့ဖမ်းတုန်းကလည်း ရိုက်နှက်ဖမ်းဆီးခံရတယ်။ နောက်ထပ်သိရတာကတော့ သူတို့၄ယောက်လုံးကို အကြမ်းဖက်ဥပဒေနဲ့ပါထပ်စွဲဖို့လုပ်နေတယ်ကြားတယ်”လို့ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားတဦးကပြောပါတယ်။ တက္ကသိုလ်ကျောင်းသား ၄ ယောက်ကို ၂၀၂၂ ခုနှစ်…

Read More

အမေရိကန်သမ္မတနေထိုင်ရာ အိမ်ဖြူတော်အနီး မိုးကြိုးပစ်မှု လူလေးဦးအပြင်းအထန် ဒဏ်ရာရ

၀ါရှင်တန်၊ သြဂုတ်-၅-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်သမ္မတနေထိုင်ရာ အိမ်ဖြူတော်အနီးမှာ သြဂုတ် ၄ ရက်ကဖြစ်ပွားခဲ့တဲ့ မိုးကြိုးပစ်မှုကြောင့် လူလေးဦး ပြင်းထန်စွာဒဏ်ရာရရှိသွားပါတယ်။ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးတို့ဟာ အိမ်ဖြူတော်အနီးရှိ လာဖေးရက်ပန်းခြံမှာ ရှိနေချိန်အတွင်း ပြင်းထန်တဲ့မုန်တိုင်းတိုက်ခိုက်စဉ်မှာ မိုးကြိုးပစ်ခံရခြင်းဖြစ်ကြောင်း မီးသတ်တာ၀န်ရှိသူတွေကပြောပါတယ်။ အဲဒီပန်းခြံဟာ အမေရိကန်သမ္မတနေထိုင်ရာနေရာအနီးမှာရှိတာကြောင့် မိုးကြိုးပစ်ခံရသူတွေကို အိမ်ဖြူတော်လုံခြုံရေးအဖွဲ့တွေက ဦးစွာကူညီပေးခဲ့ရပါတယ်။ ဒဏ်ရာရရှိသူတွေရဲ့ အမည်တွေကိုတော့ တာ၀န်ရှိသူတွေက ထုတ်ပြန်ခြင်းမရှိပါဘူး။ မိုးကြိုးပစ်ခံရသူလေးဦးဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ ဒဏ်ရာတွေရရှိခဲ့ပြီး သူတို့ကိုအလျှင်အမြန် ကုသမှုတွေဦးစွာပြုလုပ်ခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း တာ၀န်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။ ပန်းခြံဟာ အိမ်ဖြူတော်မြောက်ဘက်မှာတည်ရှိတဲ့ အများသူငှာအပန်းဖြေနိုင်တဲ့ ပန်းခြံဖြစ်ပြီး ခုနှစ်ဧက ကျယ်၀န်းကာ အထူးသဖြင့် နွေရာသီမှာ လာရောက်လည်ပတ်သူတွေနဲ့ စည်ကားလေ့ရှိပါတယ်။ Ref: BBC Photo: DC FIRE & EMS #voiceofmyanmar #VOM #ဝါရှင်တန်

Read More
VOM News

FREE
VIEW