မီဇိုရမ်မှာ မြန်မာ ၁ ဦးဆီက မူးယစ်ဆေးဝါးတွေ အများအပြား ဖမ်းမိ

သြဂုတ် ၊ ၅ ၊ ၂၀၂၂
SP (VOM)

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာ မနေ့ သြဂုတ် ၄ ရက် ၊ နေ့လယ်ပိုင်းက မြန်မာနိုင်ငံသား ၁ ဦးဆီကနေ မူးယစ်ဆေးဝါးတွေ အများအပြား ဖမ်းဆီရမိတယ်လို့ အိန္နိယနိုင်ငံရောက် မြန်မာတိုက်ပွဲရှောင်တွေဆီက သိရပါတယ်။

” အိုက်ဇောမှာ ဖမ်းမိတာပါ ၊ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးခံရသူက ချင်းပြည်နယ်မြောက်ပိုင်း ၊ တီးတိန်မြို့နယ် ၊ ဒါးခိုင် Darkhai ရွာသစ်ကနေလာတဲ့ ပါးခုတ်ဇာထောင် Pa Khup Za Tung (၄၂နှစ်) ဖြစ်တယ် ၊ သူ့ဆီကနေ ဘိန်းဖြူမှုန့် ၄၂၈ ဒသမ ၀၄ ဂရမ်အလေးချိန်ကို မီဇိုရမ်ရဲနဲ့ အာသံ ရိုင်ဖယ်တပ်က ဖမ်းလိုက်တာ “လို့ မီဇိုရမ်မှာ ခိုလှုံနေထိုင်တဲ့ မြန်မာနိုင်ငံသားတယောက်က ပြောပါတယ်။

မီဇိုရမ်ပြည်နယ် အာဏာပိုင်တွေရဲ့ သတင်းထုတ်ပြချက်အရ အဲ့ဒီမြန်မာနိုင်ငံသားဆီက ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး (ဘိန်းဖြူ)တွေရဲ့ ကာလတန်ဖိုးဟာ အိန္ဒိယ ရူပီးငွေ ၂၁၄ သိန်း ၊ မြန်မာကျပ်ငွေ သိန်း ၅ ထောင်ကျော်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကလည်း စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ၊ လက်ပံချောင်း ရွာသား ၁ ဦးဆီက မူးယစ်ဆေးဝါး အများအပြားကို အခုလို မီဇိုရမ်ရဲအဖွဲ့နဲ့ အာသံရိုင်ဖယ်တပ်က ဖမ်းဆီးလိုက်တာ ဖြစ်ခဲ့ပါသေးတယ်။

မီဇိုရမ်ပြည်နယ် အာဏာပိုင်တွေက မူးယစ်ဆေးဝါး ပြဿနာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံက စစ်ဘေးရှောင်ဖို့ရောက်လာတဲ့ မြန်မာနိုင်ငံသား ၄ သောင်းကျော်ကိုလည်း စောင့်ကြပ်ကြည့်ရှု့တာတွေ နောက်ဆက်တွဲဖြစ်လာတယ်လို့ သိရပါတယ်။

အဲ့ဒါကြောင့် အိန္ဒိယနိုင်ငံ မီဖိုရမ်ပြည်နယ်ရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်တာ ၊ လက်ဝယ်ထားတာ ၊ သုံးစွဲတာတွေနဲ့ မပတ်သက်ကြဖို့ ဒေသဆိုင်ရာ သတင်းမီဒီယာတွေက ရေးသားဖော်ပြထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မီဇိုရမ် #မြန်မာနိုင်ငံသား #မူးယစ်ဆေး၀ါးတွေမိ

Related posts

Leave a Comment

VOM News

FREE
VIEW