ဧရာဝတီမြစ်ထဲ မျှောပါလာတဲ့ သင်္ဘောဝမ်းဗိုက်ထဲကနေ အမျိုးသား ရုပ်အလောင်း ၃ လောင်းတွေ့

သြဂုတ် ၊၆ ၊ ၂၀၂၂
SP(VOM)

မကွေးတိုင်း ၊ စလင်းမြို့နယ် ၊ သနပ်ကုန်းကျေးရွာအနီး ဧရာဝတီမြစ်ကြောင်းထဲမှာ မျှောပါလာတဲ့ တွဲသင်္ဘောပေါ်ကနေ ဒီကနေ့မနက်ပိုင်းက လူသေအလောင်း ၃ လောင်းတွေ့ရတယ်လို့ စလင်းမြို့နယ် ကြက်ခြေနီအသင်းဆီက သိရပါတယ်။

” ဒီမနက် ၁၀ နာရီဝန်းကျင်က အဲ့ဒီ တွဲသင်္ဘောကို စတင်တွေ့ရတာပါ ၊ စလင်းမြို့နယ် ရှာဖွေကယ်ဆယ်ရေး သန္ဓေမီးသတ်အဖွဲ့ သွားရောက်စစ်ဆေးတဲ့အခါ တွဲသင်္ဘောရဲ့ ဝမ်းဗိုက်ထဲမှာ သေဆုံးနေတဲ့ အမျိုးသား ရုပ်အလောင်း ၃ လောင်း တွေ့ရတာ “လို့ စလင်းမြို့ခံ ကြက်ခြေနီတယောက်က ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီသေဆုံးသူ ၃ ယောက်ဟာ တွဲသင်္ဘောရဲ့ ဝမ်းဗိုက်ပေါက်တာကို ဆင်းဖာရင်းနဲ့ အောက်စီဂျင်ပြတ်ပြီး သေဆုံးသွားတာဖြစ်နိုင်တယ်လို့ ခန့်မှန်းယူဆထားတယ်လို့ သိရပါတယ်။

အဲ့ဒါကြောင့် မှုခင်းဆေးပညာအရ ရုပ်အလောင်းတွေကို ဆက်လက်စစ်ဆေးနိုင်ဖို့ ကြက်​ခြေနီအဖွဲ့နဲ့ ဒေသခံလူမှုကူညီအေဖွဲ့တွေက စလင်းပြည်သူ့ဆေးရုံဆီ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

စလင်းမြို့နယ်မှာ ရေတွင်း ဆယ်တာ ၊ အိမ်သာကျင်းဆယ်တာတွေမှာ အောက်စီဂျင်ပြတ်ပြီး သေဆုံးတဲ့ဖြစ်စဥ်တွေ ဖြစ်ခဲ့ဖူးပေမယ့် အခုလို တွဲသင်္ဘော ဝမ်းဗိုက်ထဲမှာ အောက်စီဂျင်ပြတ်သေဆုံးနေတာ တွေ့ရတာဟာ ပထမဆုံး အကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

Photo-စလင်းမီးသတ်အဖွဲ့
#voiceofmyanmar #VOM #စလင်း

Related posts

Leave a Comment

VOM News

FREE
VIEW