ရပ်ထားတဲ့ကားကို ခရီးသည်တင်ကားက ဝင်တိုက်လို့ ၄ ယောက်သေ ၊ ၁၀ ယောက်ဒဏ်ရာရ

ဩဂုတ် ၇-၂၀၂၂
VOM (GG)

ပဲခူးတိုင်း၊ ဘုရားကြီးမြို့အနီးက မယင်းကျေးရွာ နားမှာ ဒီနေ့သြဂုတ် ၇ ရက်နေ့ မနက်ပိုင်းက ကားဘီးပေါက်လို့ရပ်ထားတဲ့ ၁၂ ဘီး တွဲကားကို ခရီးသည်ပြေးဆွဲနေတဲ့ လိုင်းကားက ဝင်တိုက်မိပြီး ၄ ယောက်သေဆုံးကာ ဒဏ်ရာရသူ ၁၀ ယောက် ရှိထားတယ်လို့ သိရပါတယ်။

” ၄ ယောက်သေတယ်။ ၉ နာရီကျောက်လောက်ဖြစ်မယ်။ရောက်သွားတော့ကြည့်ရတာတော့ ရပ်ထားတဲ့ကားကို အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်တဲ့သဘော တွေ့ရတယ်။ ကားက လမ်းဘေးကျနေတာကိုး ။ ကားက ပဲခူးနဲ့ ဘုရားကြီး ပြေးနေတဲ့လိုင်းကား “လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ဘုရားကြီးမြို့ပရဟိတလူငယ်အဖွဲ့တာဝန်ရှိသူကပြောပါတယ်။

သေဆုံးသူကတော့ အမျိုးသမီး ၂ယောက်နဲ့ ကလေး ၁ ယောက်၊ အမျိုးသား ၁ ယောက်တို့ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ဒဏ်ရာရသူ ၁၀ ယောက်လုံးကို ပဲခူးပြည်သူ့ဆေးရုံကိုပို့ဆောင်ထားကြောင်း၊ ဒဏ်ရာရသူတွေထဲမှာ ယာဥ်မောင်းနဲ့ နောက်ထပ်တယောက်ကတော့ ဒဏ်ရာပြင်းထန်လို့ စိုးရိမ်ရတဲ့အခြေအနေရှိပြီး ကျန်သူတွေကတော့ ဒဏ်ရာမပြင်းထန်ဘူးလို့ သိရပါတယ်။

ကားပေါ်မှာ ယာဥ်မောင်းအပါ လူ ၁၄ ယောက်လိုက်ပါလာတာဖြစ်​ပြီး ကားပေါ်ပါလာသူအားလုံး ထ်ိခိုက်မှုတွေဖြစ်ခဲ့သလို ကားလည်း လုံး၀ပျက်စီးသွားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပဲခူး #ယာဥ်တိုက်မှု #လူသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW