၀ါရှင်တန်၊ သြဂုတ်-၅-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်မှာ မျောက်ကျောက်ရောဂါကူးစက်မှုမြင့်တက်လာပြီးနောက် အမေရိကန်အစိုးရက ရောဂါကူးစက်မှုနဲ့ပတ်သက်ပြီး ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် သြဂုတ် ၄ ရက်မှာ ကြေညာလိုက်ပါတယ်။ ဒီလိုကြေညာလိုက်ပြီးနောက် ရောဂါကူးစက်မှုတွေကို ထိန်းချုပ်ဖို့အတွက် ကာကွယ်ဆေးတွေ၊ ကုသမှုတွေနဲ့ ရောဂါတားဆီးရေးဆိုင်ရာ အစိုးရရဲ့အရင်းအမြစ်တွေကို ဖြန့်ဖြူးမှု အရှိန်မြှင့် လုပ်ဆောင်တော့မှာဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံတွေမှာ မျောက်ကျောက်ရောဂါကူးစက်ပျံ့ပွားမှုတွေနဲ့ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အမြင့်ဆုံးအရေးပေါ်သတိပေးချက်ထုတ်ပြန်ပြီးနောက် ရက်သတ္တပတ်အနည်းငယ်အတွင်း အမေရိကန်ကလည်း အခုလို ကြေညာလိုက်တာဖြစ်ပါတယ်။ လက်ရှိချိန်ထိ အမေရိကန်မှာ မျောက်ကျောက်ရောဂါကူးစက်မှု ၆၆၀၀ ကျော်ရှိနေပါတယ်။ ရောဂါဖြစ်ပွားမှုရဲ့ လေးပုံတပုံဟာ ရောဂါဖြစ်ပွားမှုနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့သီတင်းပတ်အတွင်း အရေးပေါ်အခြေအနေကြေညာခဲ့တဲ့ နယူးယောက်ပြည်နယ်မှဖြစ်ပါတယ်။ နောက်ထပ်ကူးစက်မှုအမြင့်ဆုံးပြည်နယ်တွေကတော့ ယခုသီတင်းပတ်အစောပိုင်းမှာ အရေးပေါ်အခြေအနေကြေညာခဲ့တဲ့ ကယ်လီဖိုးနီးယားနဲ့ အီလီနွိုက်ပြည်နယ်တို့ဖြစ်ပါတယ်။ Ref: BBC Photo:AFP #voiceofmyanmar #VOM #ဝါရှင်တန်
Read MoreMonth: August 2022
ဧရာဝတီတိုင်းမှာ တလအတွင်း သဘာဝဘေးအန္တရာယ် ၃၈ ကြိမ်ဖြစ်ပွားခဲ့ပြီး ၂ ဦးသေဆုံး၊ ၁၀၉၂ ဦး သဘာဝဘေးဒဏ်ခံစားခဲ့ရ
သြဂုတ်၊ ၅ -၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်းမှာ သဘာ၀ဘေးအန္တရာယ်ကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း သဘာဝဘေးအန္တရာယ် ၃၈ ခါဖြစ်ပွားခဲ့ပြီး လူ ၂ ဦးသေဆုံးကာ လူ ၁၀၉၂ ဦး သဘာဝဘေးအန္တရာယ်ဒဏ် ခံစားခဲ့ရတယ်လို့ ဧရာဝတီတိုင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနကနေ သိရပါတယ်။ ”ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း သဘာဝဘေးအန္တရာယ်ဖြစ်စဉ်အပေါင်း ၃၈ ခါဖြစ်ခဲ့တယ်၊ အိမ်ထောင်စု ၂၃၇ ကနေ လူဦးရေ ၁၀၉၂ သဘာဝဒဏ် ခံစားခဲ့ရပါတယ်၊ကမ်းပြိုသဘာဝဘေးကအများဆုံးဖြစ်ပွားခဲ့တာတွေ့ရပါတယ်၊သဘာဝဘေးဒဏ်သင့်ဒေသခံတွေကို လည်းထောက်ပံ့ငွေတွေပေးအပ်ထားပါပြီ”လို့ဧရာဝတီတိုင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ဧရာဝတီတိုင်းမှာ ပြီးခံတဲ့ ဇူလိုင် ၁ ရက်ကနေ ၃၁ ရက်အထိ ကမ်းပြိုဘေး ၂၂ ခါ၊ မီးဘေး ၁ ခါ၊ လေဘေး ၁၃ ခါ ၊ မိုးကြိုးဘေး ၁ ခါ၊ ထူးခြားသဘာဝဘေး ၁ ခါဖြစ်ပွားခဲ့ပြီး သေဆုံး…
Read Moreပုသိမ်အကျဉ်းထောင်မှာ သေဒဏ်ချခံထားရသူ ၂ ဦးနဲ့ တသက်တကျွန်းချခံထားရသူ ၅ ဦးရှိ
သြဂုတ်၊ ၅-၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်း၊ပုသိမ်မြို့၊ ပုသိမ်အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက သေဒဏ်ချမှတ်ခံထားရသူ ၂ ဦးနဲ့ တသက်တကျွန်းအမိန့်ချခံထားရတဲ့ ၅ ဦးရှိတယ်လို့ ပုသိမ်အကျဉ်းထောင်ဝန်ထမ်းတွေဆီကနေ သိရပါတယ်။ သေဒဏ်အမိန့်ချခံထားရသူ ၂ ဦးက ရန်ကုန်တိုင်း အင်းစိန်ထောင်ကနေ ပုသိမ်အကျဉ်းထောင်ကို ပြောင်းရွှေ့ခံထားရတဲ့ ကိုကျော်ကျော်နိုင်နဲ့မလှလှနိုင် ၂ ဦးဖြစ်တယ်လို့သိရပြီး တသက်တကျွန်းအမိန့်ချခံထားရသူတွေကတော့ ကိုလှိုင်မင်းကျော်၊ ကိုအောင်ဖြိုးသွင်၊ကိုဇင်မင်းထွန်း၊ကိုဇော်ဝင်းမြင့်နဲ့ ကိုအောင်ကိုကိုဇော်တို့ဖြစ်တယ်လို့သိရပါတယ်။ “ဟုတ်ပါတယ် ပုသိမ်အကျဉ်းထောင်မှာ သေဒဏ်ချခံထားရတဲ့သူ ၂ ယောက်နဲ့ထောင်ဒဏ်တသက်တကျွန်းချမှတ်ခံထားရသူ ၅ ယောက်ရှိပါတယ်၊ သေဒဏ်ချမှတ် ခံထားရသူ ၂ ယောက်က လင်မယားနှစ်ယောက်ပါ၊ သူတို့ ၂ ယောက်ကို ၂၀၂၁ စက်တင်ဘာလက ပုသိမ်ထောင်ကိုရောက်လာကြတာပါ၊ဒါ့အပြင် ထောင်တစ်သက်အမိန့်ချခံထားရတဲ့ ၅ ယောက်ကတော့ ၂၀၂၂ ၊ဇန်နဝါရီလမှာပုသိမ်ထောင်ကိုရောက်လာခဲ့တာပါ၊ ၇ ယောက်လုံးကို အင်းစိန်ထောင်တရားရုံးကအမိန့်ချခံရပြီးမှ ပုသိမ်ထောင်ကိုရောက်လာတာဖြစ်ပါတယ်။”လို့ အကျဉ်းထောင်ဝန်တဦးကပြောပါတယ်။ တသက်တကျွန်းနဲ့သေဒဏ်အမိန့်ချမှတ်ခံထားရသူ ၇ ယောက်ကို…
Read Moreဗိုလ်တထောင်မှာ ဖမ်းဆီးခံခဲ့ရတဲ့ တက္ကသိုလ်ကျောင်းသား ၄ ဦး ထောင် ၃ နှစ်စီ အမိန့်ချခံရ
ဩဂုတ် ၅-၂၀၂၂ GG(VOM) ရန်ကုန်က တက္ကသိုလ်ကျောင်းသား ၄ ဦးကို ဖမ်းဆီးပြီး ၅ လအကြာမှာ အင်းစိန်ထောင်တရားရုံးက တယောက်ကို ထောင် ၃ နှစ်စီ အမိန့်ချမှတ်လိုက်တယ်လို့သိရပါတယ်။ စီးပွားရေးတက္ကသိုလ်ကျောင်းသား ကိုကျော်ထက်အောင်၊ ကိုသက်အောင်မိုး၊ မုံရွာစီးပွားရေး တက္ကသိုလ်ကျောင်းသူဟောင်း မမိုးမဥ္စူ(ခ)ရှလောင်ဝ်နဲ့ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ကျောင်းသား ကိုစိုင်းမင်းခန့်ကျော်တို့ ဖြစ်ပြီး ပုဒ်မ ၅၀၅-က နဲ့ ဒီနေ့ ဩဂုတ်လ ၅ ရက်နေ့မှာ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။ ” ဒီနေ့ အမိန့်ချလိုက်တာ ။ တရားစွဲထားတာ ပုဒ်မ ၅၀၅ ကပေါ့ ။ အပြစ်မရှိကြောင်း ပေါ်ပေမယ့် မတရားအမိန့်ချလိုက်တာလို့ ကျနော်တို့ပြန်ကြားရတယ်။ သူတို့ဖမ်းတုန်းကလည်း ရိုက်နှက်ဖမ်းဆီးခံရတယ်။ နောက်ထပ်သိရတာကတော့ သူတို့၄ယောက်လုံးကို အကြမ်းဖက်ဥပဒေနဲ့ပါထပ်စွဲဖို့လုပ်နေတယ်ကြားတယ်”လို့ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားတဦးကပြောပါတယ်။ တက္ကသိုလ်ကျောင်းသား ၄ ယောက်ကို ၂၀၂၂ ခုနှစ်…
Read Moreအမေရိကန်သမ္မတနေထိုင်ရာ အိမ်ဖြူတော်အနီး မိုးကြိုးပစ်မှု လူလေးဦးအပြင်းအထန် ဒဏ်ရာရ
၀ါရှင်တန်၊ သြဂုတ်-၅-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်သမ္မတနေထိုင်ရာ အိမ်ဖြူတော်အနီးမှာ သြဂုတ် ၄ ရက်ကဖြစ်ပွားခဲ့တဲ့ မိုးကြိုးပစ်မှုကြောင့် လူလေးဦး ပြင်းထန်စွာဒဏ်ရာရရှိသွားပါတယ်။ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးတို့ဟာ အိမ်ဖြူတော်အနီးရှိ လာဖေးရက်ပန်းခြံမှာ ရှိနေချိန်အတွင်း ပြင်းထန်တဲ့မုန်တိုင်းတိုက်ခိုက်စဉ်မှာ မိုးကြိုးပစ်ခံရခြင်းဖြစ်ကြောင်း မီးသတ်တာ၀န်ရှိသူတွေကပြောပါတယ်။ အဲဒီပန်းခြံဟာ အမေရိကန်သမ္မတနေထိုင်ရာနေရာအနီးမှာရှိတာကြောင့် မိုးကြိုးပစ်ခံရသူတွေကို အိမ်ဖြူတော်လုံခြုံရေးအဖွဲ့တွေက ဦးစွာကူညီပေးခဲ့ရပါတယ်။ ဒဏ်ရာရရှိသူတွေရဲ့ အမည်တွေကိုတော့ တာ၀န်ရှိသူတွေက ထုတ်ပြန်ခြင်းမရှိပါဘူး။ မိုးကြိုးပစ်ခံရသူလေးဦးဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ ဒဏ်ရာတွေရရှိခဲ့ပြီး သူတို့ကိုအလျှင်အမြန် ကုသမှုတွေဦးစွာပြုလုပ်ခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း တာ၀န်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။ ပန်းခြံဟာ အိမ်ဖြူတော်မြောက်ဘက်မှာတည်ရှိတဲ့ အများသူငှာအပန်းဖြေနိုင်တဲ့ ပန်းခြံဖြစ်ပြီး ခုနှစ်ဧက ကျယ်၀န်းကာ အထူးသဖြင့် နွေရာသီမှာ လာရောက်လည်ပတ်သူတွေနဲ့ စည်ကားလေ့ရှိပါတယ်။ Ref: BBC Photo: DC FIRE & EMS #voiceofmyanmar #VOM #ဝါရှင်တန်
Read Moreမြဝတီ အာရှလမ်းမှာ ယာဥ်၂စီး တိုက်မိပြီး MOUလုပ်သား ခရီးသည် ၁၀ ဦး ထိခိုက်ဒဏ်ရာရ
သြဂုတ် ၊ ၅ ၊ ၂၀၂၂ SP(VOM) ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့နယ် ၊ အာရှကုန်သွယ်ရေးလမ်း ၊ နတ်စင်ကွေ့နားမှာ မနေ့ သြဂုတ် ၄ ရက် ညနေပိုင်းက ခရီးသည်တင် မှန်လုံကားနဲ့ ၂၂ ဘီး ကုန်တင်ကား မျက်နှာချင်းဆိုင် တိုက်မိပြီး ခရီးသည် ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ကော့ကရိတ်မြို့ခံ ပုလဲဖြူ လူမှုကူညီရေးအဖွဲ့ဆီက သိရပါတယ်။ ” ၂၂ ဘီးကုန်တင်ကားနဲ့ Express ကား မျက်နှာချင်းဆိုင် တိုက်မိတာပါ ၊ မှန်လုံကားက ခေါင်းပိုင်းပျက်စီးသွားပြီး ခရီးသည် ၁၀ ဦး ထိခိုက်ဒဏ်ရာရတယ် ၊ ဒဏ်ရာရတဲ့ ခရီးသည်တွေက MOU လုပ်သားတွေဖြစ်ပြီး ထိုင်းနိုင်ငံကိုသွားရောက်ဖို့ မြဝတီကိုလာကြတာဖြစ်တယ် “လို့ ပုလဲဖြူ လူမှုကူညီရေးအဖွဲ့မှ ပရဟိတသမား တယောက်က ပြောပါတယ်။…
Read MoreJLPTလျှောက်လွှာ စရောင်းချိန် လူစုလူဝေးဖြစ်လို့ အွန်လိုင်းကပဲလက်ခံမယ်ဆိုတာကြောင့် လျှောက်လွှာဝယ်ယူသူတွေ အခက်တွေ့
ဩဂုတ် ၅-၂၀၂၂ VOM (GG) ရန်ကုန်မှာ ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ JLPT 2022 အတွက် လျှောက်လွှာ စတင်ရောင်းချတဲ့ ဒီနေ့ ဩဂုတ် ၅ ရက်နေ့ မနက်ပိုင်းမှာပဲ လူပေါင်း ထောင်နဲ့ချီလာရောက်ခဲ့တာကြောင့် လူစုလူဝေးဖြစ်ပေါ်ခဲ့လို့ လျှောက်လွှာရောင်းချမှုကို ပိတ်လိုက်ပြီး အွန်လိုင်းကသာ ရောင်းချတော့မယ်လို့ JLPT စာမေးပွဲကျင်းပရေးကော်မတီ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA)က ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ ဒါ့ကြောင့် ရန်ကုန်ပညာရေးတက္ကသိုလ်အရှေ့မှာ လျှောက်လွှာဝယ်ယူဖို့ လာရောက်စောင့်ဆိုင်းခဲ့သူတွေအကြား ရုန်းရင်းဆန်ခတ်အချို့ဖြစ်ခဲ့ကြောင်း နဲ့ ၊ တာဝန်ရှိသူတွေက စစ်တပ်ကိုခေါ်ယူပြီး လူစုခွဲခိုင်းတာတွေပါ လုပ်ခဲ့လို့ လျှောက်လွှာဝယ်ယူသူတွေ ဒုက္ခရောက်ခဲ့ရတယ်လို့ သိရပါတယ်။ လျှောက်လွှာ တန်းစီသူတွေဟာ ဝယ်ယူဖို့အတွက် မနက် ၂ နာရီလောက်ကတည်းက လာရောက်စောင့်ဆိုင်းနေကြတာဖြစ်သလို၊ ဖြစ်လို့ MAJA ရဲ့ လုပ်ဆောင်မှုက လို့ လျှောက်လွှာ၀ယ်ယူဖနု့စောင့်သူတဦးက ပြောပါတယ်။ ” မနက် ၃နာရီကတည်းက…
Read Moreတရုတ်-မြန်မာ ကုန်သွယ်ရာ ကန်ပိုက်တီလမ်းမှာ တိုက်ပွဲဖြစ်လို့ ကုန်ကားတွေပိတ်မိနေ
ဩဂုတ် ၅၊ ၂၀၂၂ Shy V(VOM) တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ပေါက်ချန်းခရိုင်နဲ့ထိစပ်နေတဲ့ ကချင်ပြည်နယ် တရုတ်-မြန်မာ ကုန်သွယ်ရာ ကန်ပိုက်တီလမ်းမှာ တိုက်ပွဲဖြစ်လို့ ကုန်ကားတွေ ပိတ်မိနေတယ်လို့ ကုန်သည်၊ ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။ “ပိတ်ထားပါတယ်။ ကျနော်တို့လည်း ဆဒုံးမှာပိတ်မိနေပါတယ်။ ကန်ပိုက်တီလမ်း အင်ဝမ်းကောင်မှာ တိုက်ပွဲဖြစ်နေတာကြောင့် အစီး နှစ်ဆယ်၊ သုံးဆယ်ခန့် တိုက်ပွဲဖြစ်တဲ့နေရာ အနီးမှာ သောင်တင်နေကြတာ”လို့ လက်ရှိပိတ်မိနေတဲ့ ကုန်တင်ယာဉ်မောင်း ၁ ဦးက ပြောပါတယ်။ မနေ့ သြဂုတ် ၄ရက်နေ့ကလည်း အဲဒီကန်ပိုက်တီလမ်းဘက် ၁၉ မိုင်မှာ တိုက်ပွဲဖြစ်သေးတယ်လို့ ကုန်သည် ၁ ဦးက ပြောပါတယ်။ “၃ ည အိပ် ၄ ရက်ရှိသွားပြီ။ ကျနော်တို့က အခုမှ အပေါ်ကနေ ဆင်းလာတာဗျာ။ တိုက်ပွဲတွေ ဖြစ်နေလို့ ပိတ်မိနေတယ်ဗျာ။ ဒီတိုင်းပဲ ရပ်ထားရတယ်။ပြည်တော်ပြန်တွေတောင်…
Read Moreဝက်လက်မြို့နယ်မှာ ပေါက်ကွဲမှုဖြစ်ပြီး လူ ၅ ဦးသေဆုံး ၊ ၁ ဦး ပြင်းထန်ဒဏ်ရာရ
သြဂုတ် ၊ ၅ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ် ၊ မောက်ကြိုးကျေးရွာနဲ့ အေးကုန်းကျေးရွာကြား ၊ မန္တလေး ရွှေဘို ကားလမ်းမှာ မနေ့ သြဂုတ် ၄ ရက် ညပိုင်းက ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံး၊ ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” သေဆုံးသူက အမျိုးသား ၅ ယောက်ဖြစ်တယ် ၊ အသက် ၁၅ နှစ်ဝန်းကျင်အရွယ် ကလေး တယောက်က ပေါင်ပြတ်သွားတယ် ၊ သေတဲ့ ၅ ယောက်ထဲက လှတောရွာက ၂ ယောက်နဲ ဒွန်တွဲကုန်းရွာက လူတွေဖြစ်တယ် ” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။ အဲ့ဒီ ပေါက်ကွဲမှုဖြစ်စဥ်ဟာ ဘယ်အဖွဲ့အစည်းကပြုလုပ်တယ်ဆိုတာကိုတော့…
Read Moreအောင်ဆန်းကွင်းကနေ ပစ္စည်းပို့တာ ထုတ်တာတွေကို ရက်အကန့်အသတ်မရှိ ပိတ်
ဩဂုတ် ၄-၂၀၂၂ KK+GG(VOM) ရန်ကုန်မြို့၊ အောင်ဆန်းကွင်းက ကားဂိတ်တွေအနေနဲ့ ပစ္စည်းပို့တာ ထုတ်တာတွေအကုန်လုံး မနက်ဖြန် ဩဂုတ်လ၅ရက်ကစပြီး ရက်အကန့်အသတ်မရှိ သက်ဆိုင်ရာကပိတ်ခိုင်းထားတယ်လို့ အဝေးပြေးကားဂိတ်တွေဆီက သိရပါတယ်။ ” ဒီနေ့ကလည်း အပို့မမီတော့ဘူး ။ မနက်ဖြန်ကစပြီး ပစ္စည်းပို့လို့မရတော့ဘူး ။ တခြားနေရာတွေရပါတယ်။ ဘယ်လောက်ပိတ်မယ် ဘယ်တော့ပြန်ဖွင့်မယ်တော့မသိဘူး ။ အဲ့ဒါတွေ မပြောဘူး ။ ကြားတာတော့ လုံခြုံရေးအရလို့လည်း ပြောတာကြားရတယ် အတိကျတော့ ကျနော်တို့ မသိရသေးဘူး”လို့ အောင်ဆန်းကွင်းကားဂိတ်က အဝေးပြေးယာဥ်လိုင်းတခုရဲ့ တာဝန်ကျသူတဦးကပြောပါတယ်။ ကားဂိတ်တာဝန်ရှိသူတွေကတော့ ပစ္စည်းပို့တာ ထုတ်တာတွေ အမြန်ဆုံးပြန်လည်လုပ်ခွင့်ရဖို့အတွက် အသနားခံစာတင်ပြထားပြီး ကျန်တဲ့ အောင်မင်္ဂလာအဝေးပြေးကွင်းမှာတော့ ပစ္စည်းပို့လို့ရတယ်လို့ ပြောပါတယ်။ “ပစ္စည်းကတော့ ပို့လည်းမရဘူး။ထုတ်လည်းမရဘူး ။ ဆိုင်ခန်းတွေရွှေ့ရမယ်လို့လည်း ပြောတာကြားရတယ် ။ အောင်ဆန်းကွင်းက ပို့မရတော့ ပစ္စည်းတွေပို့ရတာ အခက်အခဲတွေဖြစ်ကုန်တာပေါ့။ခရီးစရိတိတ်တွေ ၂ ဆလောက်ဖြစ်ကုန်မှာ”လို့ အွန်လိုင်းရှော့ပင်းလုပ်ကိုင်သူတဦးကပြောပါတယ်။ ဒါ့အပြင်…
Read More