ထိုင်၀မ်အရေးကြောင့် စစ်ရေးအပါအ၀င် အဓိကကဏ္ဍတွေမှာ အမေရိကန်နဲ့ ပူးပေါင်းမှု တရုတ်ရပ်ဆိုင်း

ပေကျင်း၊ သြဂုတ်-၆-၂၀၂၂
မျိုးဆက်(VOM)

တရုတ်နိုင်ငံဟာ ရာသီဥတုပြောင်းလဲမှု၊ စစ်ရေးဆွေးနွေးပွဲတွေနဲ့ နိုင်ငံတကာရာဇ၀တ်မှုတွေ တိုက်ဖျက်ရေး အပါအ၀င် အဓိကအခန်းကဏ္ဍများစွာမှာ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းကြောင်း သြဂုတ် ၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန် အောက်လွှတ်တော် ဥက္ကဌ နန်စီပလိုစီဦးဆောင်တဲ့ ကွန်ဂရက်ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်၀မ်ကိုသွားရောက်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ တရုတ်နိုင်ငံက အခုလိုက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

နန်စီပလိုစီနဲ့ သူ့မိသားစုကိုပါ ဒဏ်ခတ်ပိတ်ဆို့ကြောင်း ကြေညာထားတဲ့ တရုတ်နိုင်ငံဟာ ပလိုစီရဲ့ထိုင်၀မ်ခရီးစဉ်က တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို စိန်ခေါ်မှုအဖြစ် ရှုမြင်ထားပါတယ်။

တရားမ၀င်ရွှေ့ပြောင်းနေထိုင်သူများအရေး၊ ရာသီဥတုဖောက်ပြန်မှုနဲ့ နိုင်ငံတကာရာဇ၀တ်မှု စုံစမ်းစစ်ဆေးရေး အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆိုင်းငံ့ထားချိန်မှာ အမေရိကန်နဲ့ တရုတ်ကာကွယ်ရေး တာ၀န်ရှိသူတွေအကြား ဆွေးနွေးမှုတွေကိုလည်း ဖျက်သိမ်းမှာဖြစ်ကြောင်း တရုတ်နိုင်ငံရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်အောက်လွှတ်တော် ဥက္ကဌ နန်စီပလိုစီရဲ့ ထိုင်၀မ်ခရီးစဉ်ကို တုံ့ပြန်တဲ့အနေနဲ့ တရုတ်စစ်တပ်ဟာ ထိုင်၀မ်ကျွန်း၀န်းကျင်မှာ ဒုံးကျည်ပစ်လွှတ်မှုတွေအပါအ၀င် အကြီးစားစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်။

Ref: BBC
Photo: HANDOUT
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW