လေ့ကျင့်မှုပြီးဆုံးပြီလို့ ကြေညာထားပေမယ့် ထိုင်၀မ်ကျွန်းအနီး အကြီးစားစစ်ရေးလေ့ကျင့်မှု တရုတ်စစ်တပ် ဆက်လက်လုပ်ဆောင်နေ

ပေကျင်း၊ သြဂုတ်-၈-၂၀၂၂
မျိုးဆက်(VOM)

တရုတ်နိုင်ငံဟာ ထိုင်၀မ်ကျွန်းအနီးမှာ ကျည်အစစ်တွေနဲ့ စစ်ရေးလေ့ကျင့်မှုပြီးဆုံးပြီလို့ သြဂုတ် ၇ ရက်မှာ ကြေညာပြီးပေမယ့် သြဂုတ် ၈ ရက်မှာ အကြီးစားစစ်ရေးလေ့ကျင့်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ တရုတ်စစ်တပ်က ထုတ်ပြန်ပါတယ်။

ရေငုပ်သင်္ဘောတွေကို တိုက်ခိုက်ခြင်းနဲ့့ ပင်လယ်ပြင်စီးနှင်းတိုက်ခိုက်ခြင်းတို့ကို လေ့ကျင့်သွားမှာဖြစ်ကြောင်း တရုတ်အရှေ့ပိုင်းစစ်ဌာနကချုပ်က ကြေညာပါတယ်။

တရုတ်စစ်တပ်ဟာ အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီ ထိုင်၀မ်ကိုသွားရောက်မှုကို တုံ့ပြန်တဲ့အနေနဲ့ လေးရက်ကြာစစ်ရေးလေ့ကျင့်မှုကို ထိုင်၀မ်ကျွန်းအနီးမှာ ပြီးခဲ့တဲ့ ရက်တွေက ပြုလုပ်ခဲ့ပါတယ်။

အဲဒီစစ်ရေးလေ့ကျင့်မှုဟာ ထိုင်၀မ်ကျွန်းကိုကျူးကျော်ဖို့ အစမ်းလေ့ကျင့် ပြင်ဆင်မှုအဖြစ် ထိုင်၀မ်ဘက်က စွပ်စွဲပြောဆိုထားပါတယ်။

လက်ရှိလုပ်ဆောင်နေတဲ့ စစ်ရေးလေ့ကျင့်မှုအတွင်း တရုတ်စစ်လေယာဉ်နဲ့သင်္ဘောတွေ ကျွန်းရဲ့ပိုင်နက်အတွင်း ၀င်ရောက်မှုမရှိဘူးလို့ ထိုင်၀မ်ကပြောပါတယ်။

ဒီလိုစစ်ရေးလေ့ကျင့်မှုကို အမေရိကန် ၊ သြစတြေးလျနဲ့ ဂျပန်နိုင်ငံတို့က ရှုတ်ချထားပြီး ဒါဟာ တရုတ်ပြည်မကြီးနဲ့ ထိုင်၀မ်အကြား မိုင် ၁၁၀ ရှိတဲ့ ထိုင်၀မ်ရေလက်ကြားရဲ့ လက်ရှိအခြေအနေကို ပြောင်းလဲဖို့ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

Ref: BBC
Photo: Getty Images
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW