မန္တလေးမြို့မှာ ဒီနေ့တရက်တည်း ဖုန်းဆိုင် ၂ဆိုင် ဓားပြတိုက်ခံရ

အောက်တိုဘာ ၂၅-၂၀၂၂
Voice Of Myanmar(VOM)

မန္တလေးမြို့မှာ ဒီကနေ့တရက်တည်း ဖုန်းဆိုင် ၂ဆိုင် ဓားပြတိုက်ခံရတဲ့ဖြစ်စဥ် ဖြစ်ခဲ့တယ်လို့ မန္တလေးမြို့ခံတွေဆီက သိရပါတယ်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ဦးပွါးဂုံးကျော်အနောက်ဘက်၊ ဘုရားကြီးတောင်ဘက်မုခ်နားက ဖုန်းSecondအရောင်းဆိုင်ကို ဒီကနေ့နေ့လယ်ပိုင်းက ဓားပြလာတိုက်သွားပြီး ဖုန်းတွေလုယူသွားတာဖြစ်ခဲ့တယ်လို့ ဆိုင်ပိုင်ရှင်ဖြစ်သူက လူမှုကွန်ယက်စာမျက်နှာမှာ တင်ထားတာကိုတွေ့ရပါတယ်။

ဆိုင်ပိုင်ရှင်နဲ့နီးစပ်သူတဦးက ” ဘုရားကြီးနားကဆိုင်ပါ ဓားပြတိုက်ခံရတာက ၊ လူ၉ယောက်က လာတိုက်တာလို့တော့ပြောတယ်၊ Secondဖုန်းဆိုင်တွေ အချင်းချင်းတော့ အကြောင်းကြားထားတယ်၊ ခန့်မှန်းချေ သိန်း ၇၀၀နီးပါး ပါသွားတယ်လို့ သိရတယ်”လို့ ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းကလည်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် (၁) ရပ်ကွက်၊ ၆၈ လမ်း၊ ၃၈×၃၉ ကြားက ဖုန်းဆိုင်ကို သေနတ်အတု လာဓားပြတိုက်တဲ့ဖြစ်စဥ် ဖြစ်ခဲ့ပြီးဓားပြလာတိုက်သူကို ဖမ်းမိခဲ့တယ်လို့ ရဲနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

“ဖုန်းဆိုင်ဓားပြတိုက်ခံရတယ်ဆိုလို့ အကြောင်းကြားတော့ သက်ဆိုင်ရာကသွားကြည့်တယ်၊သေနတ်အတုနဲ့ အမျိုးသားက လာတိုက်တာကို ရပ်ကွက်ကသိလို့ ဝိုင်းဖမ်းတော့မိသွားတယ်”လို့ ရဲနဲ့နီးစပ်သူတဦးကပြောပါတယ်။

အဲ့ဒီဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ရဲစခန်းတွေမှာ အမှုဖွင့်ဖို့ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး #ဓားပြတိုက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW