မန္တလေးမြို့မှာ ဒီနေ့တရက်တည်း ဖုန်းဆိုင် ၂ဆိုင် ဓားပြတိုက်ခံရ

အောက်တိုဘာ ၂၅-၂၀၂၂ Voice Of Myanmar(VOM) မန္တလေးမြို့မှာ ဒီကနေ့တရက်တည်း ဖုန်းဆိုင် ၂ဆိုင် ဓားပြတိုက်ခံရတဲ့ဖြစ်စဥ် ဖြစ်ခဲ့တယ်လို့ မန္တလေးမြို့ခံတွေဆီက သိရပါတယ်။ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ဦးပွါးဂုံးကျော်အနောက်ဘက်၊ ဘုရားကြီးတောင်ဘက်မုခ်နားက ဖုန်းSecondအရောင်းဆိုင်ကို ဒီကနေ့နေ့လယ်ပိုင်းက ဓားပြလာတိုက်သွားပြီး ဖုန်းတွေလုယူသွားတာဖြစ်ခဲ့တယ်လို့ ဆိုင်ပိုင်ရှင်ဖြစ်သူက လူမှုကွန်ယက်စာမျက်နှာမှာ တင်ထားတာကိုတွေ့ရပါတယ်။ ဆိုင်ပိုင်ရှင်နဲ့နီးစပ်သူတဦးက ” ဘုရားကြီးနားကဆိုင်ပါ ဓားပြတိုက်ခံရတာက ၊ လူ၉ယောက်က လာတိုက်တာလို့တော့ပြောတယ်၊ Secondဖုန်းဆိုင်တွေ အချင်းချင်းတော့ အကြောင်းကြားထားတယ်၊ ခန့်မှန်းချေ သိန်း ၇၀၀နီးပါး ပါသွားတယ်လို့ သိရတယ်”လို့ ပြောပါတယ်။ ဒီကနေ့ မနက်ပိုင်းကလည်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် (၁) ရပ်ကွက်၊ ၆၈ လမ်း၊ ၃၈×၃၉ ကြားက ဖုန်းဆိုင်ကို သေနတ်အတု လာဓားပြတိုက်တဲ့ဖြစ်စဥ် ဖြစ်ခဲ့ပြီးဓားပြလာတိုက်သူကို ဖမ်းမိခဲ့တယ်လို့ ရဲနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ “ဖုန်းဆိုင်ဓားပြတိုက်ခံရတယ်ဆိုလို့ အကြောင်းကြားတော့…

Read More

အာရှနွယ်ဖွား ဗြိတိန်၀န်ကြီးချုပ်သစ် ရီရှီဆူးနက်ခ်ရဲ့ ဒေါင်းနင်းလမ်းသို့ လျှောက်ရာလမ်း

လန်ဒန်၊ အောက်တိုဘာ-၂၅-၂၀၂၂ မျိုးဆက်(VOM) ဗြိတိန်၀န်ကြီးချုပ် လစ်ဇ်ထရပ်စ်ဟာ ၀န်ကြီးချုပ်ရာထူးကနေ နှုတ်ထွက်မယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က ကြေညာပြီးနောက်မှာ ၀န်ကြီးချုပ်ရာထူးကို ဆက်ခံဖို့အတွက် ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်နေရာကို ယှဉ်ပြိုင်ကြရာမှာ ပြိုင်ဘက်ဖြစ်သူ ပန်နီမော်ဒေါင့် နှုတ်ထွက်သွားတာကြောင့် အာရှနွယ်ဖွားဖြစ်သူ ဘဏ္ဍာရေး၀န်ကြီးဟောင်း ရီရှီဆူးနက်ခ်ဟာ ဗြိတိန်၀န်ကြီးချုပ် ဖြစ်လာတော့မှာဖြစ်ပါတယ်။ ဘဏ္ဍာရေးအစီအမံတရပ်ကြောင့် ဗြိတိန်စတော့စျေးကွက်တွေ ကမောက်ကမဖြစ်ခဲ့ရပြီး နိုင်ငံရေးသိက္ခာကျဆင်းခဲ့ရတဲ့ ၀န်ကြီးချုပ်လစ်ဇ်ထရပ်စ်ဟာ ဒီနေ့မှာ အစိုးရအဖွဲ့ အစည်းအဝေးပြု လုပ်ပြီးနောက်မှာ ချားလ်ဘုရင်နဲ့တွေ့ဆုံပြီး ရာထူးကနေ တရား၀င်နှုတ်ထွက်တော့မှာဖြစ်ပါတယ်။ လစ်ဇ်ထရပ်စ်ဟာ ရက် တလခွဲတာ၀န်ယူပြီး နှုတ်ထွက်ခဲ့တာကြောင့် ဗြိတိန်သမိုင်းမှာ သက်တမ်းအတိုဆုံး ၀န်ကြီးချုပ်အဖြစ် မှတ်တမ်း၀င်သွားပါတယ်။ သူရာထူးကနေ တရား၀င်နှုတ်ထွက်ပြီးနောက်မှာ ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်ဖြစ်လာတဲ့ ဆူးနက်ခ်ဟာ ချားလ်ဘုရင်နဲ့ တွေ့ဆုံပြီး ဗြိတိန်၀န်ကြီးချုပ်ရာထူးကို တရား၀င်စတင်ထမ်းဆောင်တော့မှာဖြစ်ပါတယ်။ သူဟာ ၀န်ကြီးချုပ်ဘောရစ်ဂျွန်ဆင် ရာထူးကနေနှုတ်ထွက်ပြီးနောက်မှာ ပါတီခေါင်းဆောင်နေရာကို ပြီးခဲ့တဲ့နှစ်လက ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ လစ်ဇ်ထရပ်စ်ကို ရှုံးနိမ့်ခဲ့ပေမယ့် ဒီတခါမှာတော့ ဗြိတိန်၀န်ကြီးချုပ်ရုံးရှိတဲ့…

Read More

တန်ဆောင်တိုင်အတွက် ဧရာဝတီတိုင်းက ကမ်းခြေတွေမှာ ဟိုတယ် ကြိုတင်မှာယူတဲ့သူ များပြားနေ

အောက်တိုဘာ ၊ ၂၅-၂၀၂၂ မင်းမြတ်(VOM) တန်ဆောင်တိုင် အားလပ်ရက်ကာလအတွက် ဧရာဝတီတိုင်းမှာရှိတဲ့ ချောင်းသာ ၊ ငွေဆောင်နဲ့ ရွှေသောင်ယံ ကမ်းခြေတွေမှာ ဟိုတယ်အခန်းကြိုတင် မှာယူတာတွေ များပြားနေတယ်လို့ သိရပါတယ်။ ချောင်းသာ ၊ ငွေဆောင်နဲ့ ရွှေသောင်ယံ ကမ်းခြေတွေက ဟိုတယ်တွေ အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းလောက် ဟိုတယ်အခန်း ကြိုတင်မှာယူတာတွေရှိနေတယ်လို့ သိရပါတယ်။ “ကမ်းခြေတွေကိုတော့ ဒီနှစ်မှာ မနှစ်ကထက် ပုံမှန်ရက်တွေမှာလည်း ခရီးသွားဧည့်သည်တွေများနေတယ် ၊ သီတင်းကျွတ်ရက်ကလည်း ပြည်တွင်းခရီးသွားတွေ အရမ်းများခဲ့တယ် ၊ အခုလည်းတန်ဆောင်တိုင်ကာလအတွက် ဟိုတယ်အခန်းကြိုတင် မှာယူတာတွေ များပြားနေတယ် ၊ ကမ်းခြေတွေကိုလည်း ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ အညီ ပြင်ဆင်ပြန်ဖွင့်ထားတာပါ”လို့ ဧရာဝတီတိုင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနက တာဝန်ရှိသူတဦးက ပြောပါတယ်။ ငွေဆောင်ကမ်းခြေ ဟိုတယ်တစ်ခုရဲ့ ပိုင်ရှင်တဦး က”ဟိုတယ်နဲ့ တည်းခိုရိပ်သာတွေကို ဟိုတယ်နဲ့…

Read More

ပြည်တွင်း စားသုံးဆီနဲ့ ဆေးဝါးတွေ စျေးတက်ပြီး အရောင်းပိတ်မှုတွေ ရှိနေ

အောက်တိုဘာ ၂၅ – ၂၀၂၂ SN (VOM) ကမ္ဘာ့ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ (FATF) က မြန်မာနိုင်ငံကို အမည်ပျက်စာရင်း ထည့်သွင်းလိုက်‌ပြီလို့ ကြေညာလိုက်တဲ့နောက်ပိုင်း ပြည်တွင်း စားသုံးဆီနဲ့ ဆေးဝါးတွေ စျေးတက်ပြီး အရောင်းပိတ်ထားရမှုတွေ ရှိနေတယ်လို့ ဈေးကွက်ထဲကနေ သိရပါတယ်။ ပြည်တွင်း စားသုံးဆီဈေးတွေဟာ ၁ပိသာ ကျပ် ၆၀၀၀ ကျော်အထိ ကျဆင်းနေခဲ့တာ ရက်အနည်းငယ်ကြာ ရှိနေရာကနေ အောက်တိုဘာ ၂၁ ရက်နေ့ညပိုင်း ထုတ်ပြန်ခဲ့တဲ့ FATF ရဲ့အမည်ပျက်စာရင်းကြောင့် ဒေါ်လာဈေးအလှုပ်အခတ် ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း အောက်တိုဘာ ၂၂ ရက်နေ့မှာ ကျပ် ၈၀၀၀ အထိ ဈေးတက်ခဲ့ပြီး တချို့သောဆိုင်တွေ အရောင်းပိတ်ခဲ့ရတဲ့အထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ “ဆီစျေးတွေထိုးတက်သွားပြီး ပြန်ကျတာ ၂ ပတ်ကျော်ပဲ ရှိပါသေးတယ်။ အခုက လှုပ်လှုပ်ဆိုတော့ ပြန်တက်သွားပြန်ပြီ။ ဒေါ်လာဈေးကလည်း ပြန်တက်သွားတယ်။…

Read More

နွေနွေ မိုးမိုး ဆောင်းဆောင်း

ဆူးငှက် ကုန်လွန်ခဲ့သော နှစ်၄၀ ဝန်းကျင် နွေဦးပေါက်ကာလ၊ ပူတယ်လေ ဆယ်နေကဲ လှသော မန္တလေးပူပူမှာ ဝမ်းမီးအပူအတွက် မနက်မိုးလင်းကတည်းက စက်ဘီးလေးတစ်စီးဖြင့် တစ်နေရာမှ တစ်နေရာ ပြေးဟယ် လွှားဟယ် လှုပ်ရှားနရသည်မှာ နေအပူမှာပင် မနားအား။ လမ်းမကြီးပေါ်မှာ လေပွေတွေက ကျင်ပေါက်တမ်း ကစားနေကြ၏။ ဗာဒံရွက်ကြွေတချို့က စကိတ်စီးနေကြသည်။ ““ပိုက်ကျုံး ဂေါ်ဝိန်”၊ “ပိုက်ကျုံးဂေါ်ဝိန်”ဟု အာခေါင်ခြစ် အော်ဟစ်နေသော ဘတ်စ်ကား စပယ်ယာအသံက နွေဦးနေ့လယ်ကို ပုဒ်ဖြတ်ပေးနေ၏။ “ရှေ့အပြရောက်ရင် ဘယ်ဘက်ချိုးရမယ်” ဟူသော အသိဖြင့် စက်ဘီးကို ၂၆ ဘီလမ်းမကြီး၏ လမ်းလယ်မှာ နေရာယူထားလိုက်သည်။ မိကျောင်းတံတားလမ်း ဆီကို…။ မိကျောင်းတံတားလမ်းကို ၂၆ ဘီလမ်းပေါ်ရှိ လမ်းညွှန် ဆိုင်းဘုတ်က ၈၉လမ်းဟု ညွှန်ပြထားသည်။ ၈၉လမ်းကို ကျွန်တော်မသိ။ မိကျောင်းတံတားလမ်း၏ မြောက်ဘက်ထိပ်မှာ ဂွေးချိုတိုက်ရှိသည်။ ဂွေးချိုတိုက်သည် မန္တလေးအနောက်ပြင်ရှိ ဘုန်းကြီးကျောင်းတိုက်ကြီးများစွာအနက်မှ…

Read More
VOM News

FREE
VIEW