မန္တလေး၊ အောက်တိုဘာ – ၂၆- ၂၀၂၂ ND(VOM) မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ တန်ဖိုးနည်းအိမ်ယာ၊ တိုက် နံပါတ် (၁၄)၊ မမ (၂၆)၊ သုံးလွှာမြောက်ကနေ ဒီကနေ့မနက် ၉ နာရီခန့် က ၂၇ နှစ်အရွယ်အမျိုးသမီးတဦး ခုန်ချ သေဆုံးသွားခဲ့တယ်လို့ မြရည်နန္ဒာ လူမှုကယ်ဆယ်ရေးအဖွဲ့ဆီက သိရပါတယ်။ ”ကျနော်တို့ သတင်းရတာတော့ မနက် ၉ နာရီအချိန်ကပါ၊ သတင်းမရခင် ၅ မိနစ်လောက်အလိုကနေ ခုန်ချခဲ့တာလို့လည်းပြောကြတယ်၊ သုံးလွှာကနေ ခုန်ချခဲ့ပြီး တတိယထပ်က အသားတန်းနဲ့ရိုက်မိပြီး အောက်ကို တစ်ဆင့်ပြန်ကျတဲ့ အနေအထားပါ၊ သူခုန်ချတဲ့နေရာက အောက်မှာ အုပ်ခုံတွေရှိတယ်။ အဓိကနေရာ ခေါင်းကိုထိသွားတယ်။ ကျနော်တို့ရောက်တော့ သတိမေ့နေပေမယ့် အသက်ရှင်သေးတယ်။ ဆေးရုံပို့နေရင်း လမ်းမှာ အသက်ဆုံးသွားခဲ့တာလို့” မြရည်နန္ဒာ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ သေဆုံးသူ ၂၇…
Read MoreDay: October 26, 2022
ယူကရိန်းအရေး တင်းမာနေချိန် ရုရှားရဲ့ နျူကလီးယားတပ်ဖွဲ့ စစ်ရေးလေ့ကျင့်ဖို့ စီစဉ်
မော်စကို၊ အောက်တိုဘာ-၂၆-၂၀၂၂ မျိုးဆက်(VOM) ရုရှားဟာ သူ့ရဲ့နျူကလီးယားတပ်ဖွဲ့ရဲ့ နှစ်စဉ်စစ်ရေးလေ့ကျင့်မှုပြုလုပ်ဖို့ အစီအစဉ်ကို အမေရိကန်ကို အသိပေး အကြောင်းလာတယ်လို့ အမေရိကန် နိုင်ငံခြားရေး၀န်ကြီးဌာနက ပြောပါတယ်။ ရုရှားသမ္မတပူတင်ဟာ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ပြီးနောက် ရုရှားကိုကာကွယ်ဖို့ နျူကလီးယားလက်နက်တွေ ထုတ်သုံးမယ်လို့ တိတိလင်းလင်းခြိမ်းခြောက်ခဲ့တဲ့တာကြောင့် ဒီစစ်ရေးလေ့ကျင့်မှုဟာ အမေရိကန်နဲ့ မဟာမိတ်တွေအတွက် စိန်ခေါ်မှုတရပ်ဖြစ်ပါတယ်။ ရုရှားရဲ့ Grom လို့အမည်ရတဲ့ မဟာဗျူဟာနျူကလီးယားတပ်ဖွဲ့တွေရဲ့ စစ်ရေးလေ့ကျင့်မှုအတွင်း ဒုံးကျည်တွေ စမ်းသပ်ပစ်ခတ်သွားဖွယ်ရှိနေပြီး ယခင်လေ့ကျင့်မှုတွေမှာတော့ တိုက်ချင်းပစ်ဒုံးကျည်တွေပါ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ နှစ်နိုင်ငံအကြား ချုပ်ဆိုထားတဲ့ New START သဘောတူညီချက်အရ ရုရှားအနေနဲ့ ဒုံးကျည်လိုမျိုး လုပ်ဆောင်မှုတွေအတွက် ကြိုတင်အသိပေးဖို့ တာ၀န်ရှိကြောင်း အမေရိကန်တာ၀န်ရှိသူတွေက ပြောပါတယ်။ အခုလိုစစ်ရေးလေ့ကျင့်မှုမှာ အသိအပေးအကြောင်းကြားတာမျိုးအပါအ၀င် စာချုပ်မှာပါ၀င်တဲ့ သဘောတူညီချက်တွေကို လိုက်နာဖို့ အရေးကြီးကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ပရိုဒ်က သတိပေးပြောဆိုပါတယ်။ Ref: Reuters Photo:…
Read Moreအိန္ဒိယမှာ အပူလွန်ကဲမှုတွေကြောင့် သေဆုံးမှုနှုန်း ၅၅ ရာခိုင်နှုန်းတိုးလာ
ဒေလီ၊ အောက်တိုဘာ-၂၆-၂၀၂၂ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံမှာ ၂၀၀၀-၂၀၀၄ နဲ့ ၂၀၁၇-၂၀၂၁ ခုနှစ်အတွင်း အပူလွန်ကဲမှုကြောင့် သေဆုံးမှု ၅၅ ရာခိုင်နှုန်းတိုးလာကြောင်း မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ လေ့လာမှုတရပ်မှာဖော်ပြထားပါတယ်။ အပူနဲ့ထိတွေ့မှုကြောင့် ၂၀၂၁ ခုနှစ်အတွင်း အိန္ဒိယပြည်သူတွေရဲ့ အလားအလာရှိတဲ့လုပ်အားနာရီ ၁၆၂ ဒသမ ၂ ဘီလီယံ ဆုံးရှုံးခဲ့တယ်လို့ အဲဒီအစီရင်ခံစာကဆိုပါတယ်။ ဒီလိုလုပ်အားအချိန်တွေဆုံးရှုံးမှုကြောင့် နိုင်ငံ ဂျီဒီပီ ၅ ဒသမ ၄ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ ၀င်ငွေတွေ ဆုံးရှုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အိန္ဒိယနိူင်ငံဟာ မကြာသေးမီနှစ်တွေအတွင်း ပိုမိုပြင်းထန်တဲ့ အပူလှိုင်းတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ နိုင်ငံရဲ့ ဒေသအတော်များများမှာ နွေရာသီရောက်တိုင်း အပူလှိုင်းဒဏ်ခံရမြဲဖြစ်ပေမယ့် ခုနောက်ပိုင်းမှာတော့ အပူလှိုင်းကျရောက်မှုဟာ ပိုမိုကြာမြင့်ပြီး ပိုမိုပြင်းထန်လာပြီး မကြာခဏဖြစ်ပွားလာကြောင်း ကျွမ်းကျင်သူတွေက သတိပေးပြောဆိုပါတယ်။ နိုင်ငံပေါင်း ၁၀၃ နိုင်ငံကို စောင့်ကြည့်လေ့လာခဲ့တဲ့ သုတေသီတွေရဲ့အစီရင်ခံစာမှာတော့ အိန္ဒိယနဲ့ ပါကစ္စတန်တို့မှာ…
Read Moreကမ္ဘာ့အညစ်ပတ်ဆုံးလူသား ပထမဆုံးအကြိမ် ရေချိုးသန့်စင်ပြီးနောက် သေဆုံး
တီဟီရန်၊ အောက်တိုဘာ-၂၅-၂၀၂၂ မျိုးဆက်(VOM) ကမ္ဘာ့အညစ်ပတ်ဆုံးလူသားလို့ သတင်းဌာနတွေက အမည်ပေးကင်ပွန်းတပ်ထားတဲ့ အီရန် အမျိုးသားတဦးဟာ ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးရေချိုးသန့်စင်ပြီးနောက် လအနည်းငယ်အကြာ အသက် ၉၄ နှစ်အရွယ်မှာ ကွယ်လွန်သွားပါတယ်။ အမ်မိုဟာဂျီဆိုသူဟာ ဆပ်ပြာနဲ့ရေကိုသုံးစွဲဖို့ ငြင်းဆန်ခဲ့တာဟာ ရာစုနှစ်၀က်ကျော်ရှိနေပြီး ဒီလိုအသုံးပြုရင် ဖျားနာစေမှာကို သူ့အနေနဲ့ စိုးရိမ်ပူပန်ခဲ့တယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။ အီရန်တောင်ပိုင်း ဖားစ်ပြည်နယ်မှာနေထိုင်တဲ့ အဲဒီအမျိုးသားဟာ သူ့ကို သန့်ရှင်းလုပ်ပေးဖို့ ရွာသားတွေရဲ့ ယခင်ကြိုးပမ်းမှုတွေကို ရှောင်ရှားခဲ့သော်လည်း လွန်ခဲ့တဲ့ လအနည်းငယ်က သန့်ရှင်းရေးလုပ်ပေးခံခဲ့ရတယ်လို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ဒီလိုသန့်ရှင်းရေးလုပ်ခံရပြီးနောက် လအနည်းငယ်အကြာမှာ ဖျားနာပြီးနောက် အောက်တိုဘာ ၂၃ ရက်က သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း အီရန်အာဏာပိုင်တွေက အောက်တိုဘာ ၂၅ ရက်မှာ ပြောပါတယ်။ နှစ်ပေါင်းများစွာရေမချိုးတဲ့ အတွက် အိုးမဲရောင်ပေါက်နေတဲ့ အသားအရည်နဲ့ ကွယ်လွန်ချိန်မှာ တွေ့ရှိခဲ့ရပြီး သူစားသုံးတဲ့ အစားအသောက်တွေထဲမှာ ပုပ်ပွနေတဲ့ အသားများ၊…
Read Moreဆောမြို့နယ်မှာ ကျောင်းထိုင် ဘုန်းကြီး တစ်ပါး ဖမ်းဆီးသတ်ဖြတ်ခံရ
အောက်တိုဘာ ၂၆ ၊ ၂၀၂၂ SP(VOM) မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ဆောမြို့နယ် ၊ တပြင်းကျေးရွာ ၊ တပြင်းဘုန်းကြီးကျောင်းမှာ သီတင်းသုံးနေထိုင်းတဲ့ ကျောင်းထိုင်ဘုန်းကြီး တစ်ပါးဟာ မနေ့ အောက်တိုဘာ ၂၅ ရက် ၊ ညနေပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားတာကို ခံရပြီးနောက် သတ်ဖြတ်ခံလိုက်ရတယ်လို့ တပြင်းရွာခံတွေဆီက သိရပါတယ်။ ” မနေ့က ညနေပိုင်း ၅ နာရီလောက်မှာ ဘုန်းကြီးကျောင်းကို အမည်မသိ လက်နက်ကိုင်ထားသူတွေရောက်လာပြီး ဘုန်းကြီးကို ဖမ်းဆီးခေါ်ဆောင်သွားတယ် ၊ ဒီမနက်မှာ သိရတာက ဘုန်းကြီးဟာ ခေါင်းဖြတ်သတ်ခံရတဲ့ အလောင်းကို တွေ့ရတာ ” လို့ တပြင်း ဒေသခံတယောက်က ပြောပါတယ်။ ဆောမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က “တပြင်းရွာကျောင်းက သာဿနာပြု့ကျောင်းထိုင်ဆရာတော် ဥူးဇနိဿရ မထေရ်မြတ်လို့ သိရတယ် ၊…
Read Moreရန်ကုန်- မန္တလေး အမြန်လမ်းမှာ ခရီးသည်တင်ကား တိမ်းမှောက်ပြီး ၃ ဦးသေ ၊ ၁၄ ဦး ဒဏ်ရာရ
အောက်တိုဘာ ၂၆ ၊ ၂၀၂၂ SP( VOM) နေပြည်တော်ကောင်စီနယ်မြေ ၊ တပ်ကုန်းမြို့နယ် ၊ ရန်ကုန်-မန္တလေး အဝေးပြေး အမြန်လမ်းမကြီးပေါ်မှာ ဒီကနေ့မနက် ၇ နာရီဝန်းကျင်က ခရီးသည် ကားတစ်စီး တိမ်းမှောက်ပြီး ကားပေါ်ပါ ခရီးသည် ၃ ဦးသေဆုံးကာ ၁၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” တပ်ကုန်းမြို့နယ်၊ ရန်ကုန်- မန္တလေး အမြန်လမ်းမ ကြီး၊ မိုင်တိုင်အမှတ်(၂၂၈/၂)နဲ့ (၂၂၈/၃)အကြားနေရာမှာ Express ကားတိမ်းမှောက်တာပါ ၊ တိမ်းမှောက်ရတဲ့ အဓိက အကြောင်းအရာက အရှိန်မထိန်းနိုင်တဲ့အတွက် ဖြစ်တယ်လို့ ကနဦးယူဆရတယ် ၊ ယာဥ်ပေါ်ပါ ခရီးသည်(၁၇)ဦးအနက် အမျိုးသား (၃)ဦးသေဆုံးတယ် ၊ အမျိုးသား (၁၀)ဦးနဲ့အမျိုးသမီး(၄)ဦး စုစုပေါင်း (၁၄)ဦး ထိခိုက်ဒဏ်ရာရတယ်”လို့ အမြန်လမ်း ရဲတပ်ဖွဲ့ တာဝန်ရှိသူတယောက်က…
Read Moreစားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး ပြန်တက်၊ ပြင်ပပေါက်ဈေး တစ်ပိဿာ ကျပ် ၉ ထောင်ကျော် ပြန်ဖြစ်လာ
အောက်တိုဘာ ၂၆ – ၂၀၂၂ SN (VOM) စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက အခုတစ်ပတ်အတွက် ထုတ်ပြန်လိုက်တဲ့ စားအုန်းဆီ အခြေခံရည်ညွှန်းဈေးဟာ အရင်တပတ်ထက် ကျပ် ၂၀၀ ကျော် ပြန်ပြီး မြင့်တက်လာပါတယ်။ ကော်မတီအနေနဲ့ မနေ့ အောက်တိုဘာ ၂၅ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ စားအုန်းဆီ အခြေခံရည်ညွှန်းဈေးကို တစ်ပိဿာ ၄၁၇၅ ကျပ် သတ်မှတ်ထားတာဖြစ်ပြီး အရင်တပတ် ရည်ညွှန်းဈေးနဲ့ယှဉ်ရင် ၂၁၅ ကျပ် ပြန်တက်လာတာပါ။ ဒါဟာ ကမ္ဘာ့ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ (FATF)က မြန်မာနိုင်ငံကို အမည်ပျက်စာရင်း ထည့်သွင်းလိုက်ပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေဖြစ်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေ သုံးသပ်ကြပါတယ်။ “စားဆီဈေးက ဈေးကစားသူတွေကြောင့်ရော၊ လက်ထဲရှိပြီး ထုတ်မရောင်းချင်သူတွေကြောင့်ရော ပြင်ပဈေးက အတက်ဘက်ရောက်သွားတာ။ ဒီအချိန်မှာ ရည်ညွှန်းဈေးပါ ပြန်တက်လာတာဆိုတော့ ဆိုဖွယ်ရာမရှိပေါ့။ ကော်မတီကိုယ်တိုင်ကကို…
Read Moreလှည်းကူးက ဒါးပိန်ပန်းပုရွာကို ခရီးသွားနေရာသစ် ဖော်ဆောင်မယ်
အောက်တိုဘာ ၂၆ – ၂၀၂၂ SN (VOM) ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က ပန်းပုလုပ်ငန်းရှင် အများအပြားနေထိုင်ရာ ဒါးပိန် ပန်းပုကျေးရွာကို ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေ လည်ပတ်လေ့လာစရာ ခရီးသွားနေရာသစ်အဖြစ် ဖော်ဆောင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဒါးပိန်ကျေးရွာမှာ ပန်းပုလုပ်ငန်းရှင်ဦးရေ ၁၀၀ ကျော်ခန့်နဲ့ ပန်းပုအလုပ်ရုံပေါင်း ၅၀ ခန့် ရှိနေပြီး အဲ့ဒီ ကျေးရွာကို ခရီးသွားနေရာသစ်အဖြစ် ဖော်ဆောင်နိုင်မယ်ဆိုရင် ပန်းပုလုပ်ငန်းတွေကို တစ်နေရာတည်းမှာ တစုတစည်းတည်း မြင်တွေ့ခွင့် ရနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ “ဒီ ဒါးပိန်ရွာကို ခရီးသွားနေရာ ဖော်ဆောင်ဖို့ ခရီးသွားအေဂျင်စီတွေက စီစဉ်နေတယ်လို့သိရပါတယ်။ သူက တစ်ရွာလုံးက ပန်းပုလုပ်ငန်းလုပ်ကြတာကိုး။ အရင်ကတည်းက ခရီးသည်တွေကို သွားရောက်ပြသဖူးတာတွေရှိတယ်။ အဲ့ဒီ့အပေါ်မှာလည်း စိတ်ဝင်စားမှု ရှိကြတယ်။ ဒါကြောင့်မို့လို့ ဖော်ဆောင်မယ်ဆိုရင်တော့ ရန်ကုန်နဲ့လည်း မဝေးတော့ အင်မတန်မှကို ကောင်းမွန်ပါတယ်။ ဖော်ဆောင်သင့်တဲ့…
Read More