ယူကရိန်းအရေး တင်းမာနေချိန် ရုရှားရဲ့ နျူကလီးယားတပ်ဖွဲ့ စစ်ရေးလေ့ကျင့်ဖို့ စီစဉ်

မော်စကို၊ အောက်တိုဘာ-၂၆-၂၀၂၂
မျိုးဆက်(VOM)

ရုရှားဟာ သူ့ရဲ့နျူကလီးယားတပ်ဖွဲ့ရဲ့ နှစ်စဉ်စစ်ရေးလေ့ကျင့်မှုပြုလုပ်ဖို့ အစီအစဉ်ကို အမေရိကန်ကို အသိပေး အကြောင်းလာတယ်လို့ အမေရိကန် နိုင်ငံခြားရေး၀န်ကြီးဌာနက ပြောပါတယ်။

ရုရှားသမ္မတပူတင်ဟာ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ပြီးနောက် ရုရှားကိုကာကွယ်ဖို့ နျူကလီးယားလက်နက်တွေ ထုတ်သုံးမယ်လို့ တိတိလင်းလင်းခြိမ်းခြောက်ခဲ့တဲ့တာကြောင့် ဒီစစ်ရေးလေ့ကျင့်မှုဟာ အမေရိကန်နဲ့ မဟာမိတ်တွေအတွက် စိန်ခေါ်မှုတရပ်ဖြစ်ပါတယ်။

ရုရှားရဲ့ Grom လို့အမည်ရတဲ့ မဟာဗျူဟာနျူကလီးယားတပ်ဖွဲ့တွေရဲ့ စစ်ရေးလေ့ကျင့်မှုအတွင်း ဒုံးကျည်တွေ စမ်းသပ်ပစ်ခတ်သွားဖွယ်ရှိနေပြီး ယခင်လေ့ကျင့်မှုတွေမှာတော့ တိုက်ချင်းပစ်ဒုံးကျည်တွေပါ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

နှစ်နိုင်ငံအကြား ချုပ်ဆိုထားတဲ့ New START သဘောတူညီချက်အရ ရုရှားအနေနဲ့ ဒုံးကျည်လိုမျိုး လုပ်ဆောင်မှုတွေအတွက် ကြိုတင်အသိပေးဖို့ တာ၀န်ရှိကြောင်း အမေရိကန်တာ၀န်ရှိသူတွေက ပြောပါတယ်။

အခုလိုစစ်ရေးလေ့ကျင့်မှုမှာ အသိအပေးအကြောင်းကြားတာမျိုးအပါအ၀င် စာချုပ်မှာပါ၀င်တဲ့ သဘောတူညီချက်တွေကို လိုက်နာဖို့ အရေးကြီးကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ပရိုဒ်က သတိပေးပြောဆိုပါတယ်။

Ref: Reuters
Photo: Reuters
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW