မြန်မာကိုယ်စားလှယ်မပါတဲ့ မြန်မာ့အရေး အရေးပေါ်အစည်းအဝေး အင်ဒိုနီးရှားမှာ စတင်

ဂျကာတာ၊ အောက်တိုဘာ-၂၇-၂၀၂၂
မျိုးဆက်(VOM)

မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋပက္ခတွေအဆုံးသတ်ရေးအတွက် အာဆီယံနိုင်ငံခြားရေး ၀န်ကြီးတွေရဲ့ အရေးပေါ်အစည်းအဝေးကို ဒီကနေ အောက်တိုဘာ ၂၇ ရက်မှာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာ ကျင်းပနေပါတယ်။

ဒီဆွေးနွေးပွဲမှာတော့ နိုင်ငံရေးနဲ့ဆက်နွယ်ခြင်းမရှိ ကိုယ်စားလှယ်ကိုသာ အာဆီယံက ဖိတ်ကြားခဲ့တာကြောင့် မြန်မာဘက်က ကိုယ်စားလှယ်တစုံတယောက်မှ တက်ရောက်ခဲ့ခြင်းမရှိပါဘူး။

လာမယ့်လမှာကျင်းပမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်ခင် မြန်မာ့အရေးလုပ်ငန်းစဉ်တွေကို ဘယ်လိုတွန်းအားပေးမလဲဆိုတဲ့ အကြံပြုချက်တွေကို အစည်းအဝေးမှာ တင်သွင်းသွားမယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားက ပြောပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာကြိုးပမ်းအားထုတ်မှုတွေကို အာဆီယံအဖွဲ့က ဦးဆောင်ဦးရွက်ပြုနေပေမယ့်လည်း ယမန်နှစ်ကရရှိခဲ့တဲ့ အာဆီယံဘုံသဘောတူညီချက်တွေကို မြန်မာဘက်က အကောင်ထည်ဖော်ဆောင်ရွက်မှု အနည်းငယ်သာရှိခဲ့ပါတယ်။

အာဆီယံဟာ အဖွဲ့၀င်နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို ၀င်ရောက်စွက်ဖက်ခြင်းမရှိတဲ့ မူဝါဒကို ကာလရှည်ကြာ ကိုင်ဆွဲထားပေမယ့်လည်း အဖွဲ့၀င်နိုင်ငံအချို့ကတော့ မြန်မာအာဏာပိုင်တွေကို ပြင်းပြင်းထန်ထန်အရေးယူဖို့ တောင်းဆိုထားကြပါတယ်။

Ref: Reuters
#voiceofmyanmar #VOM #ဂျကာတာ

Related posts

Leave a Comment

VOM News

FREE
VIEW