ယူကရိန်းစစ်ပွဲမှာ ပါ၀င်ပတ်သက်ရင် အမေရိကန်နဲ့မဟာမိတ်တွေရဲ့ ဂြိုဟ်တုတွေ ပစ်ချခံရမယ်လို့ ရုရှားသတိပေး

မော်စကို ၊ အောက်တိုဘာ-၂၇-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲထဲကို ၀င်ရောက်ပတ်သက်မယ်ဆိုရင် အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ စီးပွားဖြစ်ဂြိုဟ်တုတွေကို ပစ်မှတ်ထား ပစ်ချနိုင်တယ်လို့ ရုရှားနိုင်ငံခြားရေး၀န်ကြီးဌာန ထိပ်တန်းတာ၀န်ရှိသူတစ်ဦးက အောက်တိုဘာ ၂၆ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။ အရပ်သားတပိုင်းပိုင် အလားတူအခြေခံအဆောက်အအုံတွေဟာ စစ်ပွဲအတွက် လက်တုံ့ပြန်တိုက်ခိုက်မှုအတွက် တရား၀င်ပစ်မှတ်တွေဖြစ်လာနိုင်တယ်လို့ ရုရှားနိုင်ငံခြားရေး၀န်ကြီးဌာနရဲ့ လက်နက်မပြန့်ပွားရေးနဲ့ ထိန်းချုပ်ရေးဌာနရဲ့ လက်ထောက်ညွှန်ကြားရေးမှူး Konstantin Vorontsov ကပြောပါတယ်။ အမေရိကန်နဲ့မဟာမိတ်တွေဟာ ယူကရိန်းလက်ကန်ကိုင်ပဋိပက္ခမှာ စီးပွားဖြစ်အပါအ၀င် အရပ်သား အာကာသအခြေခံအဆောက်အအုံတွေ ပါ၀င်ပတ်သက်လာမယ်ဆိုရင် ပစ်မှတ်ထားခံရမယ်လို့ သူကဆိုပါတယ်။ လက်ရှိမှာတော့ ယူကရိန်းစစ်ပွဲကြောင့် လူသောင်းချီသေဆုံးခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါအလွန် စီးပွားရေးပြန်လည်ဦးမော့လာမှုကို ထိခိုက်စေကာ ၁၉၆၂ ခုနှစ် ကျူးဘားဒုံးကျည်အရေးအခင်းပြီးနောက်ပိုင်း အနောက်နိုင်ငံတွေနဲ့ အဆိုးရွားဆုံး ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပေါ်နေပါတယ်။ လက်ရှိမှတော့ ရုရှားဟာ နှစ်စဉ်ပြုလုပ်နေကျ နျူကလီးယားစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်နေပြီး ပဲ့ထိန်းဒုံးကျည်တွေနဲ့ ခရုဇ်ဒုံးကျည်ပစ်ခတ်မှုတွေလုပ်ဆောင်နေကြောင်း ရုရှားကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။…

Read More

ဗန်းမော် မံခွန်ရွာမှာ လက်နက်ကြီးကျည် ထိမှန်လို့ ပဲစိုက်နေတဲ့ အမျိုးသမီး တဦးသေဆုံး

အောက်တိုဘာ ၂၇၊ ၂၀၂၂ Shy V (VOM) ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ နှင်းအီကျေးရွာအုပ်စု၊ မံခွန်ရွာမှာ မနေ့ အောက်တိုဘာ ၂၆ ရက် နေ့လယ်ပိုင်းက ယာခင်းထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် လက်နက်ကြီးကျည်စ ထိမှန်လို့ ပဲစိုက်နေတဲ့ အမျိုးသမီး တဦးသေဆုံးသွားတယ်လို့ ဒေသခံတွေနဲ့ မိသားစုဝင်တွေဆီက သိရပါတယ်။ “အစထိတာ။ ဗိုက်ဘေး နံပွင့်သွားတာပေါ့ ဘေးကနေ။ အူတွေ ထွက်ကုန်တာပေါ့၊ နေ့ခင်း မွန်းလွဲ ၁ နာရီကျော်လောက်က လယ်ခြံမှာ မြေထောက်ပဲစိုက်နေချိန် လက်နက်ကြီး ပစ်လိုက်တာ၊ သူတို့ ဘယ်လို ပစ်လဲတော့ မသိဘူး။ ကျသွားတာပေါ့ လက်နက်ကြီး ကျနော်တို့ မြေထောက်ပဲ စိုက်‌နေတဲ့ ဘေးနားကို။ သုံးယောက်သွားတာ။ ကျန်တဲ့သူတွေက မထိဘူး။ ဝပ်လိုက်တာ” လို့ သေဆုံးသွားသူရဲ့ မိသားစုဝင် တဦးက ပြောပါတယ်။…

Read More

ဂျာမနီမှာ ဆေးခြောက်တရား၀င်အသုံးပြုခွင့်ပေးဖို့ ညွှန့်ပေါင်းအစိုးရ သဘောတူ

ဘာလင်၊ အောက်တိုဘာ-၂၇-၂၀၂၂ မျိုးဆက်(VOM) ဂျာမနီညွှန့်ပေါင်းအစိုးရဟာ အရွယ်ရောက်ပြီးသူတိုင်းအတွက် ဆေးခြောက် အပန်းဖြေအဖြစ်သုံးစွဲမှုကို တရား၀င်ခွင့်ပြုဖို့ အစီအစဉ်ကို အောက်တိုဘာ ၂၆ ရက်မှာ သဘောတူလိုက်ပါတယ်။ အဲဒီအစီအစဉ်အရ တကိုယ်ရေအသုံးပြုဖို့အတွက် ဆေးခြောက် ၃၀ ဂရမ်လက်၀ယ်ထားရှိမှုကို ခွင့်ပြုသွားမှာဖြစ်ပြီး ခွင့်ပြုချက်ရ အရောင်းဆိုင်တွေနဲ့ဆေးဆိုင်တွေမှာ ရောင်းချပေးသွားမှာဖြစ်ပါတယ်။ ဒီလိုခွင့်ပြုဖို့စီစဉ်မှုကို ပါလီမန်မှာအတည်မပြုရသေးပေမယ့် ဥရောပကော်မရှင်ကလည်း ခွင့်ပြုပေးထားပါတယ်။ ဂျာမနီမှာ အဲဒီအစီအစဉ်ဟာ ၂၀၂၄ ခုနှစ်မှာ ဥပဒေတရပ်ဖြစ်လာနိုင်ကြောင်း ဂျာမနီကျန်းမာရေး၀န်ကြီးကပြောပါတယ်။ အီးယူမှာ မော်လ်တာနိုင်ငံတခုတည်းသာ ဆေးခြောက်ကို အပန်းဖြေအသုံးပြုဖို့ ခွင့်ပြုထားပါတယ်ဂျာမနီရဲ့ လက်ရှိအစီအစဉ်အရ အရွယ်ရောက်ပြီးသူတဦးကို ဆေးခြောက်ပင်သုံးပင် အိမ်မှာ စိုက်ပျိုးခွင့်ပြုသွားမှာဖြစ်ပါတယ်။ အီးယူအဖွဲ့၀င်နိုင်ငံဖြစ်တဲ့ နယ်သာလန်ကတော့ ဂျာမနီလိုမျိုး လုပ်ဆောင်ခြင်းမရှိသေးပေမယ့် ကော်ဖီဆိုင်တွေမှာ ဆေးခြောက် သီးခြားအသုံးပြုခြင်းကို ဥပဒေအရ ခွင့်ပြုပေးထားပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar #VOM #ဘာလင်

Read More

ရသေ့တောင်မြို့နယ်မှာ တိုက်ပွဲကြောင့် ချိန်ခါလိန်ဒေသခံတွေထွက်ပြေးနေရ

အောက်တိုဘာ ၂၇- ၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မယူကမ်းဒေသမှာ မနေ့ အောက်တိုဘာ ၂၆ ရက်နေ့ ညနေ ၄ နာရီကျော်လောက်က တိုက်ပွဲဖြစ်ပွားမှုကြောင့် မယူတောင်တန်း အနောက်ဘက် ချိန်ခါလိန်ကျေးရွာက ရွာလုံးကျွတ်ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ အောက်တိုဘာ ၂၆ရက် ညနေ ၄ နာရီကျော်လောက်မှာ ချိန်ခါလိန်ကျေးရွာ နယ်ခြားစောင့်စခန်းအနီး မြောက်ဘက် စမ်းချောင်းမှာ ရေချိုးနေတဲ့ စစ်သားတွေနဲ့ အေအေတို့ကြား ဖြစ်ပွားကြတာလို့ ဒေသခံတွေက ပြောပါတယ်။ ဖြစ်စဥ်နဲ့ပတ်သက်ပြီး ချိန်ခါလိန်ဒေသခံတဦးက ” နယ်ခြားစောင့်စခန်းက ချောင်းမှာ ရေသွားချိုးတာ။ အဲ့ဒီမှာ ပစ်ကြတာ။ ပစ်သံက ခဏလေးဆိုပေမယ့် ရွာသားတွေကြောက်ပြီးထွက်ပြေးသွားကြတယ်။” လို့ပြောပါတယ်။ ဒါပေမယ့် တိုက်ပွဲဖြစ်ပွားတာနဲ့ ပတ်သက်ပြီး အသေးစိပ်မသိရဘဲ ဒီကနေ့အထိ အထုပ်အပိုးတွေ သိမ်းဆည်းကာ ရွာကိုစွန့်ခွာ ထွက်ပြေးနေကြတယ်လို့ သိရပါတယ်။ တိုက်ပွဲကြောင့်…

Read More

မြန်မာကိုယ်စားလှယ်မပါတဲ့ မြန်မာ့အရေး အရေးပေါ်အစည်းအဝေး အင်ဒိုနီးရှားမှာ စတင်

ဂျကာတာ၊ အောက်တိုဘာ-၂၇-၂၀၂၂ မျိုးဆက်(VOM) မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋပက္ခတွေအဆုံးသတ်ရေးအတွက် အာဆီယံနိုင်ငံခြားရေး ၀န်ကြီးတွေရဲ့ အရေးပေါ်အစည်းအဝေးကို ဒီကနေ အောက်တိုဘာ ၂၇ ရက်မှာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာ ကျင်းပနေပါတယ်။ ဒီဆွေးနွေးပွဲမှာတော့ နိုင်ငံရေးနဲ့ဆက်နွယ်ခြင်းမရှိ ကိုယ်စားလှယ်ကိုသာ အာဆီယံက ဖိတ်ကြားခဲ့တာကြောင့် မြန်မာဘက်က ကိုယ်စားလှယ်တစုံတယောက်မှ တက်ရောက်ခဲ့ခြင်းမရှိပါဘူး။ လာမယ့်လမှာကျင်းပမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်ခင် မြန်မာ့အရေးလုပ်ငန်းစဉ်တွေကို ဘယ်လိုတွန်းအားပေးမလဲဆိုတဲ့ အကြံပြုချက်တွေကို အစည်းအဝေးမှာ တင်သွင်းသွားမယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားက ပြောပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာကြိုးပမ်းအားထုတ်မှုတွေကို အာဆီယံအဖွဲ့က ဦးဆောင်ဦးရွက်ပြုနေပေမယ့်လည်း ယမန်နှစ်ကရရှိခဲ့တဲ့ အာဆီယံဘုံသဘောတူညီချက်တွေကို မြန်မာဘက်က အကောင်ထည်ဖော်ဆောင်ရွက်မှု အနည်းငယ်သာရှိခဲ့ပါတယ်။ အာဆီယံဟာ အဖွဲ့၀င်နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို ၀င်ရောက်စွက်ဖက်ခြင်းမရှိတဲ့ မူဝါဒကို ကာလရှည်ကြာ ကိုင်ဆွဲထားပေမယ့်လည်း အဖွဲ့၀င်နိုင်ငံအချို့ကတော့ မြန်မာအာဏာပိုင်တွေကို ပြင်းပြင်းထန်ထန်အရေးယူဖို့ တောင်းဆိုထားကြပါတယ်။ Ref: Reuters #voiceofmyanmar #VOM #ဂျကာတာ

Read More

ဖားကန့်မှာ ည မထွက်ရ အမိန့်ထုတ်

ဖားကန့်မှာ ည မထွက်ရ အမိန့်ထုတ် အောက်တိုဘာ ၂၇၊ ၂၀၂၂ Shy V(VOM) ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့အတွင်း အနန့်ပါမှာ လေယာဥ်နဲ့ ဗုံးကျဲခံရပြီးနောက် စစ်တပ်ဘက်က ည မထွက်ရ အမိန့်ထုတ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “ဖားကန့်အတွင်း ည ၆ နာရီ ကနေ မနက် ၆ နာရီ မာရှယ်‌လော။ ဖားကန့် အတွင်းထဲပဲ။”လို့ ဒေသခံတဦးက ပြောပါတယ်။ တပ်မကုန်းက ထုတ်ပြန်ထားတာဖြစ်ပြီး ဆိုင်းတောင်၊ လုံးခင်တွေ မပါဘူးလို့လည်း ပြောပါတယ်။ “မာရှယ်လော ထုတ်တာက စစ်တပ်ဘက်ကပါ။ တခြား စာတော့ မရှိဘူး။” လို့ ‌နောက်ထပ် ဒေသခံ တဦးက ရှင်းပြပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်‌ ည ၈ နာရီခွဲ ဝန်းကျင်က KIA…

Read More

CNG ဆိုင်တွေရဲ့ အခက်အခဲကြောင့် YBS ယာဉ်တွေ အပြည့်အဝ ပြေးဆွဲမပေးနိုင်သေး

အောက်တိုဘာ ၂၇ – ၂၀၂၂ SN (VOM) CNG ဆိုင်တွေမှာ ဂတ်စ် တန်းစီစောင့်ဆိုင်းနေရတာအပြင် အခြားအခက်အခဲတွေကြောင့် လက်ရှိမှာ YBS ယာဉ်လိုင်းတွေ အပြည့်အဝ ပြေးဆွဲမပေးနိုင်သေးဘူး ဖြစ်နေတယ်လို့ Omni Focus ကုမ္ပဏီလီမိတက်ကနေ သိရပါတယ်။ “ယာဉ်လိုင်းမှာ ခရီးသည်တွေအဆင်ပြေဖို့ လုံလောက်တဲ့ ယာဉ်အစီးရေအင်အားရှိတယ်။ ဒါပေမယ့် အဲ့ဒီ ယာဉ်အစီးရေအတိုင်း ကျွန်တော်တို့မထွက်နိုင်ဘူး။ ဘာဖြစ်လို့ မထွက်နိုင်လဲဆိုတော့ CNG ဆိုင်တွေမှာ အခက်အခဲဖြစ်နေလို့။ တန်းစီရတာကြာတယ်၊ မီးပျက်တယ်၊ CNG pressure မပြည့်ဘူး။ ပြီးတော့ CNG ဆိုင်တွေမှာ တချို့လူမိုက်၊ လူရမ်းကားတွေရဲ့ မိုက်ကြေးခွဲတာ ကြုံရသေးတယ်။ အဲ့ဒီ့လို မလိုလားအပ်တဲ့ ပြဿနာတွေကြောင့် ကြန့်ကြာမှုတွေ ဖြစ်နေတာပေါ့” လို့ Omni Focus ကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးထွန်းတောက်ဝင်းက ပြောပါတယ်။ လက်ရှိ ကြုံတွေ့နေရတဲ့…

Read More
VOM News

FREE
VIEW