ယူကရိန်းစစ်ပွဲမှာ ပါ၀င်ပတ်သက်ရင် အမေရိကန်နဲ့မဟာမိတ်တွေရဲ့ ဂြိုဟ်တုတွေ ပစ်ချခံရမယ်လို့ ရုရှားသတိပေး

မော်စကို ၊ အောက်တိုဘာ-၂၇-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းစစ်ပွဲထဲကို ၀င်ရောက်ပတ်သက်မယ်ဆိုရင် အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ စီးပွားဖြစ်ဂြိုဟ်တုတွေကို ပစ်မှတ်ထား ပစ်ချနိုင်တယ်လို့ ရုရှားနိုင်ငံခြားရေး၀န်ကြီးဌာန ထိပ်တန်းတာ၀န်ရှိသူတစ်ဦးက အောက်တိုဘာ ၂၆ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။

အရပ်သားတပိုင်းပိုင် အလားတူအခြေခံအဆောက်အအုံတွေဟာ စစ်ပွဲအတွက် လက်တုံ့ပြန်တိုက်ခိုက်မှုအတွက် တရား၀င်ပစ်မှတ်တွေဖြစ်လာနိုင်တယ်လို့ ရုရှားနိုင်ငံခြားရေး၀န်ကြီးဌာနရဲ့ လက်နက်မပြန့်ပွားရေးနဲ့ ထိန်းချုပ်ရေးဌာနရဲ့ လက်ထောက်ညွှန်ကြားရေးမှူး Konstantin Vorontsov ကပြောပါတယ်။

အမေရိကန်နဲ့မဟာမိတ်တွေဟာ ယူကရိန်းလက်ကန်ကိုင်ပဋိပက္ခမှာ စီးပွားဖြစ်အပါအ၀င် အရပ်သား အာကာသအခြေခံအဆောက်အအုံတွေ ပါ၀င်ပတ်သက်လာမယ်ဆိုရင် ပစ်မှတ်ထားခံရမယ်လို့ သူကဆိုပါတယ်။

လက်ရှိမှာတော့ ယူကရိန်းစစ်ပွဲကြောင့် လူသောင်းချီသေဆုံးခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါအလွန် စီးပွားရေးပြန်လည်ဦးမော့လာမှုကို ထိခိုက်စေကာ ၁၉၆၂ ခုနှစ် ကျူးဘားဒုံးကျည်အရေးအခင်းပြီးနောက်ပိုင်း အနောက်နိုင်ငံတွေနဲ့ အဆိုးရွားဆုံး ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပေါ်နေပါတယ်။

လက်ရှိမှတော့ ရုရှားဟာ နှစ်စဉ်ပြုလုပ်နေကျ နျူကလီးယားစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်နေပြီး ပဲ့ထိန်းဒုံးကျည်တွေနဲ့ ခရုဇ်ဒုံးကျည်ပစ်ခတ်မှုတွေလုပ်ဆောင်နေကြောင်း ရုရှားကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Ref: Reuters
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW