မြိုင်မြို့နယ်မှာ ယာခင်းထဲက လူတွေ ပစ်သတ်ခံရလို့ ၄ ဦးသေဆုံး ၊ ၂ ဦး ဒဏ်ရာရ

နိုဝင်ဘာ ၊ ၁၃ ၊ ၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ် ၊ သရက်ကန်ကျေးရွာနားက ယာခင်းတောမှာ မြေပဲနုတ်နေတဲ့တွေကို မနေ့ နိုဝင်ဘာ ၁၂ ရက် မနက်ပိုင်းက အမည်မသိ လက်နက်ကိုင်ထားသူတွေက ပစ်ခတ်တာကြောင့် သေဆုံး ၊ ဒဏ်ရာရတာတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” သရက်ကန်ရွာနားက ယာခင်းတောထဲမှာ မနေ့က မနက်ပိုင်း ၉ နာရီဝန်းကျင်က ဖြစ်ခဲ့တာပါ ၊ သေနတ်ကိုင်ထားတဲ့ အမည်မသိ အဖွဲ့ တဖွဲ့ရောက်လာပြီး မြေပဲနုတ်နေတဲ့ တောင်သူတွေကို ပစ်သတ်သွားတာဖြစ်တယ် ၊ ဦးခင်မောင်အေး၊ ဒေါ်လဲ့လဲ့ဌေး၊ ဒေါ်မြိုင်ဌေး၊ နဲ့ ဒေါ်ခင်ချိုမော်တို့ ၄ ဦးဟာ ကျည်ဆံဖောက်ဝင် ဒဏ်ရာတွေနဲ့ နေရာမှာတင် သေဆုံးသွားတယ် ၊ ဦးကြည်ဌေးနဲ့…

Read More

သွင်းကုန်လိုင်စင် တင်းကျပ်တာကြောင့် တရားမဝင် ကုန်သွယ်မှုတွေများပြီး ကုန်ပစ္စည်းဈေး တက်လာနိုင်

နိုဝင်ဘာ ၁၃ – ၂၀၂၂ SN (VOM) သွင်းကုန်လိုင်စင် တင်းကျပ်တာကြောင့် ကုန်ပစ္စည်း လိုသလောက်သွင်းမရရင် တရားမဝင် ကုန်သွယ်မှုတွေများပြီး ဈေးတွေတက်လာနိုင်တယ်လို့ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တွေက ပြောပါတယ်။ ပို့ကုန်၊သွင်းကုန် လုပ်ငန်းရှင်တွေအနေနဲ့ ကုန်ပစ္စည်းတင်သွင်းခြင်းနဲ့ ပတ်သက်လို့ ရန်ကုန်ဆိပ်ကမ်းရောက်မှ လိုင်စင်လျှောက်ထားတာကို ခွင့်ပြုမှာမဟုတ်ဘူးလို့ စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက နိုဝင်ဘာလ ၉ ရက်နေ့မှာ လုပ်ငန်းရှင်တွေထံ အသိပေးစာ ပေးပို့ထားပါတယ်။ အဲ့ဒီ့လို သွင်းကုန်လိုင်စင်ကို ထပ်မံ တင်းကျပ်လိုက်တဲ့အတွက် တရားဝင် ကုန်သွယ်ဖို့ ခက်ခဲလာနိုင်ပြီး တရားမဝင်ကုန်သွယ်မှုတွေ ပိုမို ဖြစ်ပေါ်လာကာ လာဘ်စားမှုတွေလည်း ပိုများလာနိုင်တယ်လို့ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တဦးက ပြောပါတယ်။ “အခုလို သွင်းကုန်လိုင်စင်ကို တင်းကျပ်ရင် ကုန်ပစ္စည်းတွေ ‌ဈေးလိုက်တက်မှာပဲ။ လိုသလောက် သွင်းလို့မရရင် ပိုတက်မယ်။ တရားမဝင်ကုန်သွယ်မှုတွေ များလာမယ်။ ညွှန်ကြားချက်တော့…

Read More

ရင်ကပ်သရဖီ..၊ ကင်ပွန်းခြုံကွယ် နှင့် ပျို့ဇာတိနွယ်

ဆူးငှက် ညို့ညို့ဆိုင်းဆိုင်း၊ မှိုင်းပြာရီ မှောင်တန်းတော့ တိမ်ခိုးလေးတွေ ဘေးကယှက်လို့ တောင်တန်းတစ်ဖက် တစ်ချက် ဝန်းကာရံကာပင် လွမ်းစရာ့ စံရာတစ်ခွင် သခင်မမှာ အရင်ဘဝက ခင်ပပသို့ အသွင် . . .။ သနားစရာ ကမ်းပါးအစ၊ ရင်ခတ်သရဖီ အခွေအခွေပင် . . . ။ ယခုတိုင်ပင် ဒိဋ္ဌအမြင် . . .၊ ပုံတော်အစစ်ကို မြင်ရတော့ သခင်မ၊ ယခင်ဘ၀ . . . အသက်မရှည်လေခြင်း . . . ကျေးဇူးရှင်ရယ် နညိုနု၊ ရွှေလိုရှု . . . မေပျိုဥရဲ့ . . .၊ တောင်တော်အဝင် . . .။ (နန်းတော်ရှေ့ဆရာတင်၊ မယ်ဥတောင်သီချင်း) မန္တလေးပတ်ဝန်းကျင်က လွမ်းစရာ့…

Read More
VOM News

FREE
VIEW