ဟာဝိုင်အီရှိ ကမ္ဘာ့အကြီးဆုံး မီးတောင် နှစ် ၄၀ နီးပါးအတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲမှုဖြစ်ပွားနေ

ဝါရှင်တန် ၊ နိုဝင်ဘာ -၂၉- ၂၀၂၂ မျိုးဆက်(VOM) ဟာဝိုင်အီကျွန်းရှိ ကမ္ဘာ့အကြီးဆုံး မီးတောင်ဖြစ်တဲ့ Mauna Loa ဟာ နှစ်ပေါင်း ၄၀ နီးပါးအတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲမှုဖြစ်ပွားနေပါတယ်။ ချော်ရည်တွေ စီးဆင်းမှု အများစုဟာ မီးတောင်ထိပ်ဝအတွင်းမှာ ရှိနေပေမယ့် ဒေသံးခံတွေကို သတိပေးချက် ထုတ်ပြန်ထားပါတယ်။ အမေရိကန် ဘူမိဗေဒဌာန (USGS) က မီးတောင်ပေါက်ကွဲမှု အခြေအနေဟာ လျင်မြန်စွာ ပြောင်းလဲနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ မီးတောင် ပေါက်ကွဲမှုသတိပေးချက်အဆင့်ကိုလည်း အဆင့်တိုးမြှင့်ထုတ်ပြန်ထားပါတယ်။ ဘေးလွတ်ရာ ရွှေ့ပြောင်းအမိန့်ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ လူနေထူထပ်သည့် နေရာများသည် ယခုအဆင့်တွင် ထိခိုက်မှု မရှိကြောင်း အရေးပေါ် တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။ Mauna Loa မီးတောင်ဟာ ၁၈၄၃ ခုနှစ်ကတည်းက ၃၃ ကြိမ်ပေါက်ကွဲခဲ့ဖူးပါတယ်။ ယခင် ၁၉၈၄ ခုနှစ်မှာ ပေါက်ကွဲမှုမှာတော့ ကျွန်းရဲ့လူဦးရေအများဆုံးမြို့ဖြစ်တဲ့…

Read More

ထီးချိုင့်မြို့နယ်မှာ ထိတွေ့တိုက်ပွဲဖြစ်ပြီး လူနေအိမ် ၂၅၀ ကျော် မီးရှို့ခံရ

နိုဝင်ဘာ ၂၉ -၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ ထီးချိုင့်မြို့နယ် ၊ အလယ်တောကျေးရွာမှာ မနေ့ နိုဝင်ဘာ ၂၈ ရက် ၊ မနက်ပိုင်းက ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး လူနေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” မနေ့က မနက်ပိုင်း ၁၀ နာရီလောက် ဘုရားကုန်းနားမှာ ပစ်ခတ်တိုက်ခိုက်တာတွေ စတင်ဖြစ်ပွားတယ် ၊ တရွာလုံးက လူတွေထွက်ပြေးတိမ်းရှောင်နေရတယ် ၊ အဲ့ဒီအချိန်မှာ ရွာရဲ့တောင်ပိုင်းနဲ့ မြောက်ပိုင်းက လူနေအိမ်တွေ မီးလောင်တယ် ၊ ဘယ်အဖွဲ့အစည်းက ရှို့တယ်ဆိုတာတော့ မသိရဘူး”လို့ အလယ်တောရွာခံ တယောက်က ပြောပါတယ်။ အဲ့ဒီ ကိစ္စနဲ့ပတ်သက်ပြီး ကသာခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က” နယ်မြေရှင်းလင်းရေးအဖွဲ့တွေရောက်တဲ့အချိန် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ရန်သူဘက်က ထွက်ပြေးတဲ့အချိန်မှာ ရွာကိုမီးရှို့တယ် ၊…

Read More

AYA Bank ကို အများနဲ့သက်ဆိုင်တဲ့ ကုမ္ပဏီအဖြစ် ပြောင်းလဲဖို့ လုပ်နေ

နိုဝင်ဘာ ၂၉-၂၀၂၂ GG (VOM) စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်က သူပိုင်တဲ့ AYA Bank ကို အများနဲ့သက်ဆိုင်တဲ့ ကုမ္ပဏီအဖြစ် ပြောင်းလဲဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ AYA Bank ကို အများနဲ့သက်ဆိုင်တဲ့ ကုမ္ပဏီအဖြစ် ပြောင်းလဲဖို့အတွက် ကုမ္ပဏီများဆိုင်ရာ မှတ်ပုံတင်အရာရှိထံကိုလည်း တင်ပြထားပြီး​ဖြစ်တယ်လို့ နိုင်ငံတော်ပြန်တမ်းမှာ ဖော်ပြထားပါတယ်။ ” အများပိုင်ပြောင်းလိုက်ပြီဆိုတော့ မကြာခင် ရှယ်ယာတွေထုတ်ရောင်းတော့မယ့်သဘောပေါ့။ ကုမ္ပဏီဘက်ကရှေ့နေကလည်း ပြောထားတာတွေ့လိုက်တယ် ရှယ်ယာတွေ ပြည်သူတွေကိုထုတ်ရောင်းဖို့ရည်ရွယ်လုပ်တဲ့အကြောင်းပေါ့ “လို့ စီးပွားရေး လုပ်ငန်းရှင်တဦးကပြောပါတယ်။ ပြန်တမ်းမှာဖော်ပြထားတာကတော့ ဧရာဝတီဘဏ်လီမိတက်အနေနဲ့ အများနဲ့မသက်ဆိုင်တဲ့ ကုမ္ပဏီအဖြစ်ကနေ အများနဲ့သက်ဆိုင်တဲ့ကုမ္ပဏီအဖြစ်ကို အမျိုးအစားပြောင်းလဲခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်တွေကို ကုမ္ပဏီများဆိုင်ရာ မှတ်ပုံတင်အရာရှိထံ တင်ပြထားပြီး မှတ်ပုံတင်အရာရှိသည် ကုမ္ပဏီမှ တင်ပြတဲ့ လျှောက်ထားခြင်းကို ကျေနပ်လက်ခံပြီး တရားရုံးရဲ့ အမိန့်တစ်ရပ်ရပ်အရ တားမြစ်ခြင်းမရှိရင် ကုမ္ပဏီရဲ့ မှတ်ပုံတင်ထားတဲ့ကုမ္ပဏီအမျိုးအစားပြောင်းလဲခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်တွေ ကို ပြောင်းလဲပေးမယ်လို့…

Read More

တရုတ်မှာ ကိုဗစ်ကန့်သတ်ချက်ဆန့်ကျင်းရေးဆန္ဒပြပွဲတွေ ပြင်းထန်လာတာကြောင့် မြို့ကြီးတွေမှာ လုံခြုံတပ်ဖွဲ့ဝင်အများအပြား ဖြန့်ကြက်ထားရ

ပေကျင်း ၊ နိုဝင်ဘာ -၂၉-၂၀၂၂ မျိုးဆက်(VOM) တရုတ်နိုဂ်ငံမှာ ကိုဗစ်ကန့်သတ်ချက်တွေကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြမှုတွေကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်အများအပြား ဖြန့်ကြက်ချထားနေရပါတယ်။ မြို့အများအပြားမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ထူထပ်စွာ ရှိနေပြီး အချို့သော စုဝေးမှုတွေကို နှိမ်နှင်းခြင်း သို့မဟုတ် အချို့ကတော့စုဝေးဖို့အစီအစဥ်တွေ ပျက်ပြားခဲ့ရပါတယ်။ ဆန္ဒပြမယ်ဆိုတဲ့သတင်းတွေကြောင့် လမ်းသွားလမ်းလာပြည်သူတွေရဲ့ ဖုန်းတွေကိုရှာဖွေမှုတွေနဲ့ စစ်ဆေးမေးမြန်းမှုတွေကို အာဏာပိုင်တွေက လုပ်ဆောင်နေပါတယ်။ တရုတ်နိုင်ငံအပြင် နိုင်ငံရပ်ခြားရှိ တရုတ်တွေဟာလည်း ကမ္ဘာတစ်ဝှမ်းရှိ အနည်းဆုံး မြို့တဒါဇင်မှာ ဆန္ဒပြမှုတွေ ဆက်လက်ဖြစ်ပွားလျက်ရှိပါတယ်။ တရုတ်နိုင်ငံအနောက်ပိုင်း Urumqi ရှိ အထပ်မြင့်တိုက်ခန်းတွဲတခုမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူ ၁၀ ဦး သေဆုံးခဲ့ပြီးနောက် ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဆန္ဒပြမှုတွေ ကြီးထွားလာခဲ့တာဖြစ်ပါတယ်။ လူထောင်ပေါင်းများစွာဟာ လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြပြီး ကိုဗစ်ကန့်သတ်ချက်တွေကို အဆုံးသတ်ဖို့ တောင်းဆိုခဲ့ကြပြီး အချို့ကတော့ ရှီကျင်းပင်နှုတ်ထွက်ဖို့ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ Ref:BBC Photo:Getty Images…

Read More

လာမယ့်နှစ် နွေရာသီမှာလည်း လျှပ်စစ်မီး လုံလောက်အောင် ပေးနိုင်မှာမဟုတ်ဘူးလို့ သိရ

နိုဝင်ဘာ ၂၉ – ၂၀၂၂ SN (VOM) လာမယ့် ၂၀၂၃ ခုနှစ် နွေရာသီမှာလည်း လျှပ်စစ်မီး လုံလောက်အောင် ပေးနိုင်မှာမဟုတ်ဘူးလို့ လျှပ်စစ်ဝန်ကြီးဌာနက ပြောဆိုလိုက်ပြန်ပါတယ်။ ရန်ကုန်တိုင်းမှာ နွေရာသီအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးဆောင်ရွက်သွားမယ့် ကိစ္စနဲ့ပတ်သက်လို့ နိုဝင်ဘာ ၂၇ ရက်ကပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။ နစကအနေနဲ့ လာမယ့်နွေရာသီအတွက် ပြည်သူလူထုရဲ့ တနေ့တာ ဓာတ်အားလိုအပ်ချက်ကို ပြည့်မီအောင် ဆောင်ရွက်မပေးနိုင်ပေမယ့် ရရှိတဲ့ လျှပ်စစ်ဓာတ်အားကိုတော့ လူတိုင်း အချိန်ပိုင်းအလိုက် မျှဝေခံစားနိုင်အောင် ဆောင်ရွက်ပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။ “သူတို့ ဘယ်လိုပဲပြောပြော သူတို့အုပ်ချုပ်နေတဲ့ ကာလတလျှောက်လုံး အခုချိန်ထိ မီးမှန်တယ်ဆိုတာ မရှိသေးဘူး။ ဟိုအရင်ကလို အပြည့်အဝမရသေးဘူး။ အရင်အစိုးရလက်ထက်ကဆို မီးပျက်ရင်တောင် အလွန်ဆုံးကြာချိန် ၅ မိနစ်လောက်ပဲ။ ဒါတောင် တခါတလေလေးပဲပျက်တာ။ နစကကတော့…

Read More

ပြင်ပဈေးကွက်ထဲ စားသုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ကော်မတီရည်ညွှန်းဈေး တဖြည်းဖြည်းတက်လာနေ

နိုဝင်ဘာ ၂၉ – ၂၀၂၂ SN (VOM) လက်ရှိ ပြင်ပဈေးကွက်မှာ ပြည်တွင်းစားသုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ကော်မတီရည်ညွှန်းဈေးကတော့ တဖြည်းဖြည်း မြင့်တက်လာနေပါတယ်။ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရည်ညွှန်းဈေးဟာ FATF ရဲ့ အမည်ပျက်စာရင်း ကြေညာပြီးတဲ့နောက်ပိုင်း အောက်တိုဘာ ၂၅ ရက်စလို့ တဖြည်းဖြည်းပြန်လည် မြင့်တက်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ပြင်ပစားသုံးဆီဈေးကတော့ အမည်ပျက်စာရင်းကြောင့် ဒေါ်လာဈေးတက်သွားတဲ့အတွက် ရက်ပိုင်းလောက်သာ ဈေးနှုန်းအမြင့်ပိုင်းမှာရှိခဲ့ပေမယ့် တဖြည်းဖြည်းပြန်လည် ကျဆင်းလာနေပါတယ်။ “အခု စားသုံးဆီဈေးက ကမ္ဘာ့ဈေးကျလို့ ကျနေတာ။ ဒီ့ထက်လည်း ပိုကျသွားနိုင်သေးတယ်။ ဆောင်းရာသီလည်း ရောက်နေပြီ။ လာမယ့်နှစ် ဇန်နဝါရီလဆို ဆီအုန်းပင်တွေလည်း ပေါ်ပြီဆိုတော့ ထပ်မတက်နိုင်လောက်တော့ဘူး။ ဆီကော်မတီရဲ့ ရည်ညွှန်းဈေးကတော့ ဗဟိုဘဏ်က ဒေါ်လာအခြေအနေပေါ် မူတည်ပြီး တွက်ချက် ထိန်းချုပ် သတ်မှတ်တာဖြစ်ပါတယ်။ ပြင်ပပေါက်ဈေး ကျဆင်းချိန် ရည်ညွှန်းဈေး တိုးမြှင့်သတ်မှတ်တဲ့အတွက်ကြောင့်…

Read More

စစ်ရှောင်နေရလို့ စိုက်ပျိုးသီးနှံတွေ ပျက်ဆီးဆုံးရှုံးရတဲ့ မြောင်နယ်ကတောင်သူတွေ

နိုဝင်ဘာ ၂၉-၂၀၂၂ Voice Of Myannar(VOM) စိုက်ပျိုးရေးလုပ်ငန်းဆိုတာ ရာသီနဲ့အချိန်အခါလိုက်စိုက်ပျိုးကြရတာဖြစ်ပြီး စိုက်ပျိုးတဲ့သီးနှံတွေကို ပြုစုပျိုးထောင်ရာမှာလည်း အရေးပါလှပါတယ်။ မြောင်မြို့နယ်မှာ ဆောင်းသီးနှံအဖြစ် မတ်ပဲ၊ မြေပဲ၊ ပဲလွန်း၊ ပဲတီစိမ်း၊ နှမ်း စတဲ့သီးနှံတွေကို အဓိကစိုက်ပျိုးကြပါတယ်၊ လက်ရှိအချိန်ဟာ တချို့သီးနှံတွေက အောင်မြင်ဖို့အတွက် ရေသွင်း၊ ပေါင်းလိုက်၊ ဆေးဖြန်း၊ မြေဩဇာကျွေး စတာတွေကို ပြုလုပ်ရသလို တချို့သီးနှံတွေက ရိတ်သိမ်းရမယ့်အချိန်လည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ မြောင်နယ်ကတောင်သူတွေဟာ နေ့စဉ်ဆိုသလို စစ်ဘေးရှောင်နေရတာကြောင့် စိုက်ပျိုးထားတဲ့သီးနှံတွေကို လှည့်မကြည့်နိုင်ဘဲ ပျက်ဆီးဆုံးရှုံးရမယ့် အခြေအနေတွေနဲ့ကြုံတွေ့နေကြပါတယ်။ တချို့တောင်သူတွေက နေအိမ်၊စည်းစိမ်တွေပါ မီးရှို့ခံထားကြရတာကြောင့် သီးနှံတွေပါ ပျက်ဆီးဆုံးရှုံးရင် စားဝတ်နေရေးနဲ့ ဘဝရပ်တည်ရေးအတွက် အခက်အခဲဖြစ်နေရတယ်လို့ တောင်သူတွေကပြောကြပါတယ်။ #voiceofmyanmar #VOM #မြောင် Youtube Link – https://youtu.be/5Lh5syLsi_0

Read More

လှည်းကူးမှာ ရခိုင်ကနေလာတဲ့ အထောက်အထားမဲ့သူ ၆၈ ဦးဖမ်းမိ

နိုဝင်ဘာ၊၂၈-၂၀၂၂ မင်းမြတ်(VOM) ရန်ကုန်တိုင်း ၊ လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင်ဇုန် (၁) အနီးမှာ ရခိုင်ပြည်နယ်ကနေ ၁၂ ဘီးကားနဲ့ လာတဲ့ အသက် ၁၈ နှစ်အောက် ကလေးတွေ အပါအဝင် အထောက်အထားမဲ့သူ ၆၈ ယောက်ကို ဒီကနေ့ နိုဝင်ဘာ ၂၈ ရက် မနက်ပိုင်းက ဖမ်းမိခဲ့တယ်လို့ သက်ရာနဲ့နီးစပ်သူဆီကနေ သိရပါတယ်။ ”ကျန်းမာရေး သိပ်မကောင်းသူတွေလည်းပါတယ် ၊ဒီကနေ့ နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းကဖမ်းမိတာ ၊ ရခိုင်ပြည်နယ်ကနေလာတာ ၊ ၁၂ ဘီးယာဉ်ကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေက စစ်ဆေးတဲ့အခါ ဖမ်းမိခဲ့တာ ၊ အားလုံး ၆၈ ယောက်ပါ ၊ အသက် ၁၈ နှစ်အောက် အယောက် ၃၀ လောက်ပါတယ်၊ ရန်ကုန်ကနေ မလေးရှားကို သွားဖို့ လာတာတဲ့ ။”လို့ သက်ဆိုင်ရာနဲ့ နီးစပ်သူက…

Read More

မြောင်းမြ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင် အလုပ်နဲ့ထောင်ဒဏ် ၂၆ နှစ်ချမှတ်ခံရ

နိုဝင်ဘာ၊၂၈-၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်း ၊ မြောင်းမြမြို့က NLD ပါတီရဲ့ယခင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင်ကို ဒီကနေ့ နိုဝင်ဘာ ၂၈ ရက်က အလုပ်နဲ့ ထောင်ဒဏ် ၂၆ နှစ် အမိန့်ချမှတ်ခံလိုက်ရတယ်လို့ သူ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ဦးဝေလင်းအောင်မှာ တိမ်းရှောင်နေရင်း ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၅ ရက်က ကရင်ပြည်နယ် ၊လေးကေ့ ကော်မြို့သစ်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီး သူ့ကို ၁၁ လအကြာစစ်ဆေးပြီး ဒီကနေ့ မြဝတီခရိုင် တရားရုံးကနေ ထောင်ဒဏ် ၂၆ နှစ် အမိန့်ချမှတ်လိုက်တာလို့ ပြောပါတယ်။ “ဦးဝေလင်းအောင်ကို ဒီကနေ့ အမိန့်ချလိုက်တာပါ ၊ သူ့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)နဲ့က ထောင်ဒဏ် ၄ နှစ်၊ ၅၀ (က) နဲ့ကထောင်ဒဏ် ၁၁ နှစ်…

Read More

ကင်မရွန်းမှာ စျာပနပြုလုပ်ချိန် မြေပြိုမှုကြောင့် လူ ၁၄ ဦးထက်မနည်း သေဆုံး

ယောင်ဒေး၊ နို၀င်ဘာ -၂၈-၂၀၂၂ မျိုးဆက်(VOM) ကင်မရွန်းနိုင်ငံ မြို့တော်ယောင်ဒေးမှာ နို၀င်ဘာ ၂၇ ရက်က ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြောင့် လူ ၁၄ ဦးထက်မနည်း သေဆုံးသွားကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ သေဆုံးသူတွေဟာ စျာပနအခမ်းအနားတက်ရောက်လာသူများဖြစ်ပြီး နို၀င်ဘာ ၂၇ ရက်ညပိုင်းထိ အခင်းဖြစ်ရာမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ သေဆုံးသူ မိသားစု၀င်အများအပြားနဲ့ စျာပနပို့ဆောင်သူတွေဟာ တောင်ကုန်းပေါ်ရှိ စွန့်ပစ်မြေစာပုံပေါ်မှ တဲတွေအောက်မှာရှိနေချိန် မြေပြိုမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ ယောင်ဒေးဟာ ကင်မရွန်းမှာ မိုးရွာသွန်းမှုအများဆုံးမြို့တွေထဲက တခုဖြစ်ပြီး မြို့တော်မှာ မတ်ဆောက်တဲ့ တောင်ကုန်းတောင်တန်းများစွာရှိပြီး တောင်ကုန်းတွေအပေါ်မှာ အဆောက်အဦများစွာ ရှိနေကြာ ယခုဖြစ်ရပ်ဟာ ရာသီဥတုကြောင့် ဖြစ်ပွားခဲ့တဲ့ နောက်ဆုံးမတော်တဆမှုလည်းဖြစ်ပါတယ်။ ယခုနှစ်အတွင်း ကင်မရွန်းနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပြီး အခြေခံအဆောက်အအုံတွေ ပျက်စီးခဲ့ကာ လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ Ref: BBC #voiceofmyanmar…

Read More
VOM News

FREE
VIEW