အမေရိကန်ထိ ပစ်နိုင်တဲ့ ဟွာဆောင်-၁၇ တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်မှု အပြည့်အဝအောင်မြင်ခဲ့ကြောင်း မြောက်ကိုရီးယားထုတ်ပြန်

ပြုံးယမ်း၊ နို၀င်ဘာ-၂၈-၂၀၂၂ မျိုးဆက်(VOM) နို၀င်ဘာ ၁၈ ရက်မှာ စမ်းသပ်ခဲ့တဲ့ မြောက်ကိုရီးယားရဲ့ ဟွာဆောင်-၁၇ တိုက်ချင်းပစ် ဒုံးကျည်နောက်ဆုံးစမ်းသပ်မှု အပြည့်အဝအောင်မြင်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက နို၀င်ဘာ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။ မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ်ဒုံးကျည်နည်းပညာ တီထွင်မှု ပြီးပြည့်စုံပြီဖြစ်ကြောင်း ယခုနှစ်ကုန်တွင်ကြေညာဖို့ ကင်ဂျုံအန်က မြောက်ကိုရီးယားသိပ္ပံပညာရှင်တွေကို ညွှန်ကြားထားကြောင်း နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။ ဟွာဆောင်-၁၇ တိုက်ချင်းပစ်ဒုံးကျည်ကို ထောက်လှမ်းဖို့နဲ့ ကြားဖြတ်ဟန့်တားမှု ခက်ခဲစေဖို့ ကင်ဂျုံအန်က ညွှန်ကြားခဲ့ပြီး အဲဒီဒုံးကျည်ဟာ အမေရိကန်ပြည်မကြီးထိ ရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယားဟာ သူ့ရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်ကို ယခုနှစ်အတွင်းမှာ အရှိန်မြှင့်လုပ်ဆောင်နေပြီး ကမ္ဘာ့စွမ်းအားအပြင်းဆုံး တိုက်ချင်းပစ်ဒုံးကျည်ပိုင်ဆိုင်လိုကြောင်း ကင်ဂျုံအန်က ထုတ်ဖော်ပြောဆိုထားပါတယ်။ ကင်ဂျုံအန်ဟာ ကာကွယ်ရေးသိပ္ပံအကယ်ဒမီ ဥက္ကဌ ဂျန်ချန်ဟာ အပါအ၀င် ဒုံးကျည်တည်ဆောက်မှုမှာ ပါ၀င်သူ ၁၀၀ ကျော်ကို ရာထူးတိုးပေးခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်…

Read More

ကျောက်တော်မှာ မူးဝေ၊အော့အန်ပြီး ဆေးကုသမှု ခံယူနေတဲ့ မိသားစု ၆ ယောက် သေဆုံး

နိုဝင်ဘာ ၊ ၂၈ -၂၀၂၂ SP (VOM) ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့နယ် ၊ ဝဲကြီးထောင့် တိုက်နယ်ဆေးရုံမှာ မူးဝေ၊အော့အန်ပြီး ဆေးကုသမှုခံယူနေတဲ့ ပီချောင်းဒေသ ၊ သက်ထင်ကျေးရွာက မိသားစုဟာ ဒီကနေ့မနက်မှာပဲ မိသားစုလိုက် သေဆုံးသွားတယ်လို့ ကျောက်တော်နယ်ခံတွေဆီက သိရပါတယ်။ ” အဲ့ဒီ မိသားစုက မူးဝေ ၊ အော့အန်ရောဂါလက္ခဏာကြောင့် နိုဝင်ဘာ ၂၆ ရက်က ဆေးရုံတက် ဆေးကုသခံတယ် ၊ အဲ့ဒီညမှာပဲ ဒေါ်ခိုင်သန်းနု၊ မစန္ဒာဝင်း၊ မောင်ကျော် ငြိမ်းထွန်း ၊ ၃ ဦးဆက်တိုက် သေဆုံးတယ် ၊ မနေ့က လူနာ ဦးသောကြာအောင်နဲ့ သူ့ရဲ့ ယောက္ခမဖြစ်သူကို ကျောက်တော်ဆေးရုံဆီ လွဲပြောင်း ကုသတယ် ၊ ဒီမနက်ပိုင်းမှာ သူတို့လည်း ထပ်မံဆုံးသွားတယ်”လို့ သေဆုံးသူ မိသားစု အသိုင်းအဝိုင်းနဲ့…

Read More

ဇလွန်မှာ ရာအိမ်မှူး သတ်ခံရတဲ့ကိစ္စနဲ့ ဖမ်းဆီးခံထားရသူ ၇ ဦးကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်

နိုဝင်ဘာ၊၂၇-၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မဟာသာကျေးရွာအုပ်စုက ဒေသခံ ၇ ယောက်ကို ရာအိမ်မှူး လုပ်ကြံ သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်မှာပါဝင်ပတ် သက်တယ်ဆိုပြီး နှစ်ရှည်ထောင်တွေချမှတ်ခံခဲ့ရတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ ”မဟာသာကျေးရွာအုပ်စုထဲက ရာအိမ်မှူးတဦး အသတ်ခံရမှုနဲ့ ပတ်သတ်တယ်ဆိုပြီး ဒေသခံ ၇ ယောက်က ဖမ်းဆီးခံခဲ့ရတာ၊ တစ်နှစ်လောက် စစ်ဆေးပြီး အခုတော့ ထောင်ဒဏ် အနည်းဆုံး ၁၀ နှစ်ကနေ အနှစ် ၂၀အထိ နှစ်ရှည်ထောင်ဒဏ် အသီးသီးချမှတ်ခံခဲ့ရတာ ၊ ဟင်္သာတမြို့ ထောင်တွင်း တရားရုံးကနေ ထောင်ဒဏ်တွေ ချမှတ်လိုက်တာ။”လို့ ပြောပါတယ်။ ရာအိမ်မှူး ဦးအေးထွန်းဆိုသူဟာ ၂၀၂၂ခုနှစ် ၊ ဇန်နဝါရီလက သေနတ်နဲ့ ပစ်သတ်ခံရတာဖြစ်ပြီး ရာအိမ်မှူးကိုသတ်ဖို့အတွက် သတင်းပေးတာ၊ ပူးပေါင်းပါဝင်တာတွေ လုပ်ခဲ့တယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ ဒေသခံ ၇ ယောက်ကို အခုလို ထောင်ဒဏ်တွေ…

Read More

ကြက်သွန်နီကို အလုံးအရေအတွက်နဲ့ ဝယ်စားရတော့မှာလား

နိုဝင်ဘာ ၂၈ – ၂၀၂၂ SN (VOM) လက်ရှိ မြန်မာနိုင်ငံတွင်းမှာ စိုက်ပျိုးထုတ်လုပ်တဲ့ ကြက်သွန်နီ လက်လီ၊ လက်ကားဈေးနှုန်းတွေဟာ အရင်နှစ်တွေထက် များစွာ မြင့်တက်လာနေတာကို တွေ့ရပါတယ်။ ပြည်တွင်းက ကြက်သွန်နီတွေဟာ အသစ်ပေါ်ချိန်မှာ ဈေးနှုန်း ကျဆင်းလေ့ရှိပေမယ့် ကြက်သွန်ဒိုင်တွေနဲ့ ကုန်စည်ဒိုင်တွေကို ကြက်သွန်ဝင်ရောက်မှု နည်းပါးနေတာကြောင့် ဈေးနှုန်းအမြင့်ပိုင်းမှာသာ ဆက်လက် တည်ရှိနေတာဖြစ်တယ်လို့ ကြက်သွန်ကုန်သည်တွေနဲ့ ပွဲရုံတွေဆီက သိရပါတယ်။ “ကြက်သွန်က လက်ရှိမှာ ပွဲရုံတွေကိုလည်း ကားအဝင်နည်းတယ်။ လိုအပ်တာထက်ကို ပိုပြီးတော့ ကားအဝင်နည်းတယ်။ အဲ့ဒီတော့ ရောင်းလိုအားလည်း နည်းတယ်။ ပြီးတော့ တောင်သူတွေ လက်ထဲမှာလည်း နည်းတယ်။ ကုန်သည်တွေ လက်ထဲမှာလည်း ထိုက်သင့်သလောက်ပဲ ရှိကြတယ်ဆိုတဲ့အတွက် ဈေးနှုန်း မကိုက်ညီတော့ မတင်ဘူးပေါ့။ မတင်တဲ့အတွက် ကြက်သွန်က ကုန်ဝင်နည်းတော့ ဈေးမကျဘူးပေါ့” လို့ ကုန်သည်တဦးက ပြောပါတယ်။ လက်ရှိ…

Read More

အတွေးသစ်လွင် ခေတ်ရှေ့မြင် စာရေးဆရာ ၊ အများအကျိုးအတွက် လူထုရဲ့သတင်းစာဆရာ

ဆူးငှက် ၂ဝ၂၂ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့ဟာ စာရေးဆရာ သတင်းစာဆရာမကြီး လူထုဒေါ်အမာ ၁ဝ၅နှစ်ပြည့်မြောက်တဲ့ မင်္ဂလာအခါသမယ ဖြစ်ပါတယ်။ “ပြည်သူချစ်သော အနုပညာသည်များ”စာအုပ်ဟာ သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာရဲ့ အထင်ရှားဆုံး စာအုပ်တစ်အုပ်ဖြစ်တယ်။ ဒီစာအုပ်မှာ မန္တလေးရတနာပုံခေတ်က မွေးဖွားပေးလိုက်တဲ့ အငြိမ့်မင်းသမီးကြီး မထွေးလေးအကြောင်း၊ ရတနာပုံခေတ်မှသည် ကိုလိုနီခေတ်ဦးတိုင် ထင်ရှားကျော်ကြားခဲ့တဲ့ ရုပ်သေးမင်းသမီးကြီး ဆရာပုအကြောင်း အလားတူ မခြေကျင်၊ မငွေမြိုင်၊ ကောလိပ်စိန်၊ ရွာစားကြီးစိန်ဗေဒါ၊ နန်းတော်ရှေ့ဆရာတင်၊ လေဘာတီမမြရင်နှင့် မြို့မငြိမ်းတို့အကြောင်းကို “သုတ၊ ရသ”ပါအောင် ထဲထဲဝင်ဝင် ရေးသားပြုစုထားပါတယ်။ ဒီစာအုပ်ထဲမှာပါရှိတဲ့ အနုပညာသည်များရဲ့အကြောင်းကို ဆရာမကြီး လူထုဒေါ်အမာက မန်းရာပြည့်စာစောင်မှာလည်း ရေးသားခဲ့တယ်။ လူထုဂျာနယ်မှာလည်း ရေးသားခဲ့ပြီးသားပါ။ နောက်တော့ လိုအပ်တာတွေ ထပ်မံဖြည့်စွက်ပြင်ဆင်ပြီး ၁၉၆၄ ခုနှစ် မေလ ၂၁ ရက်နေ့မှာပဲ ပထမအကြိမ် ပုံနှိပ်ခြင်းအဖြစ် အုပ်ရေ ၃၅၀၀…

Read More

ရခိုင်ပြည် သာယာငြိမ်းချမ်းရေး အမှန်တကယ်ရှေးရှုကြပြီလား

နိုဝင်ဘာ ၂၇-၂၀၂၂ SW (VOM) လက်ရှိ နိုင်ငံရေး၊ စစ်ရေး မတည်ငြိမ်တဲ့ကာလမှာ နိုင်ငံတဝန်းပြည်သူတွေဟာ စိုးရိမ်ကြောင့်ကြမှုများစွာနဲ့ ရှင်သန်နေကြရတာနည်းတူ ရခိုင်ပြည်သူတွေဟာလည်း နေ့စဉ်နဲ့အမျှ မိမိတို့ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရချိန် တဖက်မှာလည်း တပ်နဲ့ အေအေကြား လူသားချင်းစာနာမှုဆိုင်ရာ အပစ်ရပ်လိုက်ကြတယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တပ်နဲ့ အေအေတို့ကြား တကျော့ပြန် စစ်ရေးပဋိပက္ခရပ်တွေ နှစ်ဖက်ဆွေးနွေးပြီး အပစ်ရပ်လိုက်တယ်လို့ နှစ်ဖက်လုံးက အတည်ပြုပြောဆိုကြပါတယ်။ ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ ၄ ရက်လောက်ကစပြီး မြေပြင်မှာ နှစ်ဖက်တပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားတာ မရှိတော့ဘူးလို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ “ကျနော်ပြောနိုင်တာကတော့ အေအေနဲ့ ညှိနှိုင်းဆွေးနွေးမှုများရှိပါတယ်။ လွန်ခဲ့တဲ့ လေးရက်လောက်ကစပြီး မြေပြင်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားတာမရှိပါဘူး။ ဘယ်သူတွေနဲ့ ဆွေးနွေးလဲဆိုတာလည်း ပြောလို့မရပါဘူး။ သဘောတော့တူပြီးသား အဲ့ဒါလည်း တရားဝင်ကျနော်ပြောလို့ မရဘူး”လို့ ​ပြောပါတယ်။ အဲဒီလို…

Read More

မုံရွာမှာ ပိုင်ရှင်မဲ့ ရုပ်အလောင်းတွေ့ရှိမှု လပေါင်း ၂၀ အတွင်း တစ်ရာကျော်ရှိ

နိုဝင်ဘာ ၊ ၂၇ ၊ ၂၀၂၂ SP ( VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ မြို့ပေါ်မှာရှိတဲ့ လူနေရပ်ကွက် ၃၁ ရပ်ကွက်ထဲမှာ အကြောင်း အမျိုးမျိုးကြောင့် သေဆုံးသွားရတဲ့ ပိုင်ရှင်မဲ့ လူသေ ရုပ်အလောင်း တစ်ရာကျော်ကို ပြီးခဲ့တဲ့ လပေါင်း ၂၀ ကျော်အတွင်းမှာ မုံရွာမြို့ခံ လူမှုကူညီရေးအသင်းအဖွဲ့တွေက မြေမြုပ်သဂြိုလ်ပေးခဲ့ရတယ်လို့ ဒေသခံ ပရဟိတသမားတွေဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ ၂၀၂၁ မတ်လကနေ ဒီနှစ် နိုဝင်ဘာ ၂၇ အထိ ပိုင်ရှင်မဲ့ ရုပ်အလောင်း တစ်ရာကျော်ကို မြေမြုပ်သဂြိုလ်ပေးခဲ့ရတယ် ၊ သေဆုံးသူတွေဟာ မိုင်းစထိမှန်ဒဏ်ရာ ၊ ကျည်ဆံဖောက်ဝင် ဒဏ်ရာ ၊ ဓားဒဏ်ရာကြောင့် ထိုးသွင်း ပြတ်ရှ ဒဏ်ရာတွေ အများစုပါဝင်တယ် ၊ အဲ့ဒီထဲမှာ အရိုးကျနေပြီဖြစ်တဲ့…

Read More

တရုတ်မှာ ကိုဗစ်ကန့်သတ်ချက်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပွားနေ

ပေကျင်း၊ နို၀င်ဘာ-၂၇-၂၀၂၂ မျိုးဆက်(VOM) တရုတ်နိုင်ငံ ရှင်ကျန်းဒေသ အမ်ချီမြို့ရှိ လော့ခ်ဒေါင်းချထားတဲ့ တိုက်ခန်းတွဲတခုမှာ လူ ၁၀ ဦးသေဆုံးစေခဲ့တဲ့ မီးလောင်မှုဖြစ်ပွားပြီးနောက် ကိုဗစ်-၁၉ ကန့်သတ်ချက်တွေအပေါ် ကန့်ကွက်ဆန္ဒပြမှုတွေ ပိုမိုပြင်းထန်လာပါတယ်။ မီးလောင်မှုဖြစ်ပွားခြင်းအတွက် လူနေအဆောက်အအုံတွေကို လော့ခ်ဒေါင်းချထားတဲ့ အပေါ် လူအများအပြားက ပြစ်တင်ပြောဆိုနေကြပြီး တရုတ်အာဏာပိုင်တွေကတော့ ဒါကြောင့်မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။ အမ်ချီမြို့အာဏာပိုင်တွေက မီးလောင်မှုနဲ့ပတ်သက်ပြီး နို၀င်ဘာ ၂၆ ရက်နှောင်းပိုင်းမှာ ပုံမှန်မဟုတ်တဲ့ တောင်းပန်စာတခုထုတ်ပြန်ခဲ့ပေမယ့် ကန့်သတ်ချက်တွေကို မလိုက်နာရင် အရေးယူမယ်လို့ ဆိုပါတယ်။ ကိုဗစ်ကန့်သတ်ချက်တွေကို ဆန့်ကျင်ကန့်ကွက်မှုအဖြစ် ရှန်ဟိုင်းမှာလည်း လူထောင်ပေါင်းများစွာဟာ နို၀င်ဘာ ၂၆ ရက်က လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး သမ္မတရှီကျင်းပင် ရာထူးနှုတ်ထွက်ပေးဖို့ တောင်းဆိုမှုတွေလည်းရှိနေပါတယ်။ မြို့တော်ပေကျင်းမှာလည်း ကိုဗစ်ကန့်သတ်ချက်တွေအပေါ် နို၀င်ဘာ ၂၆ ရက်မှာ ဆန္ဒပြမှု အချို့ရှိဖြစ်ပွားခဲ့ပါတယ်။ တရုတ်အစိုးရနဲ့ သမ္မတကို တိုက်ရိုက်ဝေဖန်မှုအတွက် ပြင်းထန်တဲ့ပစ်ဒဏ်တွေ ချမှတ်နိုင်တဲ့…

Read More

ပုလောမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ် ဓားပြတိုက်ခံရ

နိုဝင်ဘာ ၂၇ ၊ ၂၀၂၂ SP( VOM) တနင်္သာရီတိုင်း ၊ ပုလောမြို့၊ အမှတ်(၃)ရပ်ကွက်၊ အောင်သီရိလမ်းမှာနေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ်ဟာ ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းမျိုးစုံနဲ့ ပိုက်ဆံ သိန်း ၃၀ ကျော် ပါသွားတယ်လို့ ပုလောမြို့ခံ ထွေ/အုပ် အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ဖြစ်စဥ်က နိုဝင်ဘာ ၂၅ ရက် ညနေ ၅ နာရီဝန်းကျင်မှာ ဖြစ်တယ် ၊ ဓားပြတိုက်ခံရတဲ့ အုပ်ချုပ်ရေးမှူး နေအိမ်ကို မိုင်း တစ်လုံးနဲ့ ဖောက်ခွဲခံရပြီး ၊ မိုင်း ၂ လုံးထောင်ထားခဲ့တယ် ၊ အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ပုလောရဲစခန်းက မနေ့ နိုဝင်ဘာ ၂၆ ရက်မှာ အမှုဖွင့် စုံစမ်းစစ်ဆေးနေတယ် “လို့ ပုလော ထွေ/အုပ် အသိုင်းအဝိုင်းက ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်ပြီး…

Read More

ထိုင်၀မ် ဒေသန္တရရွေးကောက်ပွဲတွေမှာ ဒီပီပီပါတီ ရှုံးနိမ့်မှုကြောင့် သမ္မတဆိုင်အင်း၀မ် ပါတီအကြီးအကဲကနေနူတ်ထွက်

တိုင်ပေ၊ နို၀င်ဘာ-၂၇-၂၀၂၂ မျိုးဆက်(VOM) ထိုင်၀မ်ဒေသန္တရ ရွေးကောက်ပွဲတွေမှာ ထိုင်၀မ်ဒီမိုကရက်တိုးတက်ရေးပါတီပါတီ (ဒီပီပီ)ရှုံးနိမ့်မှုကြောင့် သမ္မတဆိုင်အင်း၀မ်ဟာ ပါတီအကြီးအကဲအဖြစ်ကနေ နို၀င်ဘာ ၂၆ ရက်မှာ ချက်ချင်းနှုတ်ထွက်သွားပါတယ်။ အတိုက်အခံ ကူမင်တန်ပါတီဟာ မြို့တော်တိုင်ပေအပါအ၀င် အဓိကမဲဆန္ဒနယ်တွေမှာ အနိုင်ရရှိခဲ့ပါတယ်။ ထိုင်၀မ်ဟာ အမေရိကန်နဲ့ တရုတ်တို့အကြား အကဲဆတ်တဲ့ ပထဝီနိုငံရေး အချက်အခြာဖြစ်တာကြောင့် ထိုင်၀မ်ရွေးကောက်ပွဲတွေအပေါ် ကမ္ဘာက အာရုံစိုက်ခဲ့ကြပါတယ်။ ရွေကောက်ပွဲရလဒ် မျှော်လင့်သလိုဖြစ်မလာတဲ့ အပေါ် တာ၀န်ယူ တာ၀န်ခံမှုအဖြစ် ပါတီအကြီးအကဲအဖြစ်ကနေ ချက်ချင်းနှုတ်ထွက်ကြောင်း သမ္မတဆိုင်အင်း၀မ်က နို၀င်ဘာ ၂၆ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒါပေမယ့် သူဟာ သမ္မတတာ၀န်ကို ဆက်လက်ထမ်းဆောင်သွားမှာဖြစ်ပါတယ်။ ဒေသဆိုင်ရာ ကောင်စီ၀င်တွေနဲ့ မြို့တော်၀န်တွေကို ရွေးချယ်တဲ့ ဒေသန္တရရွေးကောက်ပွဲတွေမှာ ရာဇ၀တ်မှုတိုက်ဖျက်ရေး၊ အိမ်ရာနဲ့ လူမှုဖူလုံရေးကိစ္စတွေလို ပြည်တွင်းရေးတွေသာ အဓိကလွှမ်းမိုးခဲ့ပြီး ရွေးကောက်ခံရသူတွေအနေနဲ့ တရုတ်နဲ့ပတ်သက်တဲ့ ထိုင်၀မ်ရဲ့မူဝါဒအပေါ် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိပါဘူး။ ထိုင်၀မ်မှာ…

Read More
VOM News

FREE
VIEW