လကမ္ဘာကို ခရီးထွက်မယ့်အစီအစဉ် ဂျပန်ဘီလျံနာ မယ်ဇာဝါ ကြေညာ

တိုကျို၊ ဒီဇင်ဘာ-၉
မျိုးဆက်(VOM)

ဂျပန်ဘီလျံနာ ယူဆာကူမယ်ဇာဝါဟာ SpaceX ရဲ့ အာကာသယာဉ်ရဲ့ လကမ္ဘာခရီးစဉ်သွားမယ့် အစီအစဉ်နဲ့ပတ်သက်ပြီး ဒီဇင်ဘာ ၈ ရက်မှာ ကြေညာလိုက်ပါတယ်။

သူနဲ့အတူလကမ္ဘာခရီးစဉ်လိုက်ပါမယ့်သူတွေထဲမှာ အမေရိကန်ဒီဂျေသမားဖြစ်သူ စတိဗ်အိုကီနဲ့ ကေပေါ့ပ်ရပ်ပါတဦးဖြစ်သူ တီအိုပီတို့လည်းပါ၀င်မယ်လို့ မယ်ဇာဝါက ထုတ်ဖော်ကြေညာထားပါတယ်။

လာမယ်နှစ်မှာ သွားရောက်ဖို့ စီစဉ်ထားတဲ့ သူတို့ရဲ့လကမ္ဘာခရီးစဉ်ဟာ ၁၉၇၂ ခုနှစ်နောက်ပိုင်း လူသားတွေရဲ့ ပထမဆုံးသော လကမ္ဘာခရီးစဉ်ဖြစ်ပါတယ်။

အဆိုပါပြုထားတဲ့ ပျံသန်းမှုအရ အာကာသယာဉ်ဟာ လမျက်နှာပြင်ရဲ့ ကီလိုမီတာ ၂၀၀ အတွင်း လကမ္ဘာကိုပတ်မှာဖြစ်ပြီး ခရီးစဉ်စတင်ချိန်မှစပြီး ရှစ်ရက်ကြာမြင့်မှာဖြစ်ပါတယ်။

ဒါပေမယ့် အမေရိကန်တာ၀န်ရှိသူတွေကတော့ အီလွန်မာ့ခ်ရဲ့ SpaceX ကုမ္ပဏီ ခရီးစဉ်နဲ့ပတ်သက်ပြီး ခွင့်ပြုချက်မပေးရသေးပါဘူး။

ခရီးစဉ်ကို ၂၀၂၃ ခုနှစ် စီစဉ်ထားပေမယ့်လည်း SpaceX ဒုံးပျံနဲ့ အာကာသယာဉ်တွေကို စမ်းသပ်ဖို့ နှောင့်နှေးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

Ref: BBC
Photo: Reuters
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW