တရုတ်ကို တန်ပြန်ဖို့ အင်ဒို-ပစိဖိတ်ဒေသမှာ အမေရိကန်က စစ်အင်အားတိုးဖွယ်ရှိနေ

ဝါရှင်တန်၊ ဒီဇင်ဘာ-၉-၂၀၂၂ မျိုးဆက်(VOM) တရုတ်နိုင်ငံရဲ့ စစ်ရေးအင်အားတိုးချဲ့မှုကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ဟာ လာမယ့်နှစ်မှာ အင်ဒို-ပစိဖိတ်ဒေမှာ သူ့ရဲ့စစ်ရေးအင်အားကို မြှင့်တင်နိုင်ဖွယ်ရှိကြောင်း ပင်တဂွန်စစ်ဌာနချုပ် ထိပ်တန်းတာ၀န်ရှိသူတဦးက ဒီဇင်ဘာ ၈ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒီဇင်ဘာ ၈ ရက်မှာ ဝါရှင်တန်ရှိ သုသေသနအဖွဲ့ကခု၌ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ အင်ဒို-ပစိဖိတ် လုံခြုံရေးဆိုင်ရာ လက်ထောက်ကာကွယ်ရေး၀န်ကြီး အီလီရက်နာက အခုလိုက်ထုတ်ဖော်ပြောဆိုလိုကတာဖြစ်ပါတယ်။ ထိုင်၀မ်ကျွန်းကို သိမ်းယူဖို့ သို့မဟုတ် စစ်ရေးအရ ဖိအားပေးဖို့အတွက် တရုတ်နိုင်ငံဟာ ဒေသတွင်းမှာ သူ့ရဲ့စစ်ရေးစွမ်းရည်ကို မြှင့်တင်ဖို့ ကြိုးပမ်းနေတယ်လို့ ယုံကြည်ရကြောင်း သူကပြောပါတယ်။ ဒီလိုလုပ်ရပ်မျိုး ဘယ်အခါမှအလွယ်တကူလုပ်ဆောင်နိုင်ခြင်းမရှိစေဖို့ အမေရိကန်အနေနဲ့ အတားအဆီးတွေကို အားဖြည့်ဆောင်ရွက်သွားမှာဖြစ်ကြောင်း သူကပြောပါတယ်။ အင်ဒို-ပစိဖိတ်ဒေသတွင်း ၂၀၂၃ ခုနှစ်ဟာ အမေရိကန်တပ်ဖွဲ့၀င်တွေရဲ့အသွင်ကူးပြောင်းမှုအရှိဆုံးနှစ်အဖြစ် မြင်တွေ့ရမှာဖြစ်ပြီး ရလဒ်တွေက စိတ်ကြေနပ်ဖွယ်ဖြစ်ကြောင်း အီလီရက်နာကပြောပါတယ်။ Ref: NHK #voiceofmyanmar #VOM #ဝါရှင်တန်

Read More

မြန်မာနဲ့ သံတမန်ဆက်ဆံရေး အမေရိကန် လျှော့ချမယ်

ဝါရှင်တန်၊ ဒီဇင်ဘာ-၉-၂၀၂၂ မျိုးဆက်(VOM) မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး သောမက်စ်ဗိုက်ဒါ ယခုလနှောင်းပိုင်းမှာ နေရပ်ပြန်ပြီးနောက်မှာ သူ့နေရာကိုဆက်ခံမယ့် သံအမတ်တဦးကို အမေရိကန်က ခန့်အပ်စေလွှတ်မှာမဟုတ်ဘူးလို့ Nikkei Asia သတင်းဌာနက ဖော်ပြထားပါတယ်။ သံအမတ်ကြီး သောမက်စ်ဗိုက်ဒါထွက်ခွာသွားတဲ့အခါ ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံး လက်ထောက်အကြီးအကဲ ဒီဘိုရာလင်းက တာ၀န်တွေကို ဆက်လက်ထမ်းဆောင်သွားမှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက Nikkei Asia ကို အီးမေးလ်နဲ့ ဖြေဆိုပါတယ်။ ဒီလို သံအမတ်သစ်မခန့်အပ်တာဟာ မြန်မာနိုင်ငံမှာ လာမယ့်နှစ်အတွင်းကျင်းပမယ့် ရွေးကောက်ပွဲမကျင်းပမီ မြန်မာအာဏာပိုင်တွေကို ဂျိုးဘိုင်ဒင်ရဲ့ အမေရိကန်အစိုးရက အသိအမှတ်မပြုတဲ့ သဘောဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်တွေကဆိုပါတယ်။ မြန်မာ့ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှုမရှိဘူးလို့လည်း အမေရိကန်အစိုးရက ဝေဖန်ပြောဆိုထားပါတယ်။ ၁၉၉၀ ပြည့်နှစ်အလွန်နှစ်တွေကစပြီး မြန်မာနိုင်ငံကိုအုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရအဆက်အဆက်လက်ထက်မှာ အမေရိကန်ဟာ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်တွေကို အနှစ် ၂၀ ခန့် ခန့်အပ်ခြင်းမပြုခဲ့ပါဘူး။ `၂၀၁၀ ခုနှစ်ရွေးကောက်ပွဲပြီးနောက် ၂၀၁၂…

Read More

လကမ္ဘာကို ခရီးထွက်မယ့်အစီအစဉ် ဂျပန်ဘီလျံနာ မယ်ဇာဝါ ကြေညာ

တိုကျို၊ ဒီဇင်ဘာ-၉ မျိုးဆက်(VOM) ဂျပန်ဘီလျံနာ ယူဆာကူမယ်ဇာဝါဟာ SpaceX ရဲ့ အာကာသယာဉ်ရဲ့ လကမ္ဘာခရီးစဉ်သွားမယ့် အစီအစဉ်နဲ့ပတ်သက်ပြီး ဒီဇင်ဘာ ၈ ရက်မှာ ကြေညာလိုက်ပါတယ်။ သူနဲ့အတူလကမ္ဘာခရီးစဉ်လိုက်ပါမယ့်သူတွေထဲမှာ အမေရိကန်ဒီဂျေသမားဖြစ်သူ စတိဗ်အိုကီနဲ့ ကေပေါ့ပ်ရပ်ပါတဦးဖြစ်သူ တီအိုပီတို့လည်းပါ၀င်မယ်လို့ မယ်ဇာဝါက ထုတ်ဖော်ကြေညာထားပါတယ်။ လာမယ်နှစ်မှာ သွားရောက်ဖို့ စီစဉ်ထားတဲ့ သူတို့ရဲ့လကမ္ဘာခရီးစဉ်ဟာ ၁၉၇၂ ခုနှစ်နောက်ပိုင်း လူသားတွေရဲ့ ပထမဆုံးသော လကမ္ဘာခရီးစဉ်ဖြစ်ပါတယ်။ အဆိုပါပြုထားတဲ့ ပျံသန်းမှုအရ အာကာသယာဉ်ဟာ လမျက်နှာပြင်ရဲ့ ကီလိုမီတာ ၂၀၀ အတွင်း လကမ္ဘာကိုပတ်မှာဖြစ်ပြီး ခရီးစဉ်စတင်ချိန်မှစပြီး ရှစ်ရက်ကြာမြင့်မှာဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန်တာ၀န်ရှိသူတွေကတော့ အီလွန်မာ့ခ်ရဲ့ SpaceX ကုမ္ပဏီ ခရီးစဉ်နဲ့ပတ်သက်ပြီး ခွင့်ပြုချက်မပေးရသေးပါဘူး။ ခရီးစဉ်ကို ၂၀၂၃ ခုနှစ် စီစဉ်ထားပေမယ့်လည်း SpaceX ဒုံးပျံနဲ့ အာကာသယာဉ်တွေကို စမ်းသပ်ဖို့ နှောင့်နှေးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ Ref: BBC Photo:…

Read More

စစ်ကိုင်း – ရွှေဘို ကားလမ်းမှာ လူ ၃ ဦး ပစ်သတ်ခံရ

ဒီဇင်ဘာ ၊ ၉ ၊ ၂၀၂၂ SP ( VOM) စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ မာလဲတောကျေးရွာ ၊ စစ်ကိုင်း – ရွှေဘို ကားလမ်း ၊ ရွာဝင်ထိပ်မှာ မနေ့ ဒီဇင်ဘာ ၈ ရက် ညနေပိုင်းက လူ ၃ ဦး ပစ်သတ်ခံရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” မာလဲတောကျေးရွာမှာနေတဲ့ အမျိုးသား ၂ ဦး ၊ အမျိုးသမီး ၁ ဦး ပစ်သတ်ခံရတာ ဖြစ်တယ် ၊ သေဆုံးသူတွေဟာ စစ်ကိုင်းကနေ စျေးဝယ်ပြီး ရွာကိုပြန်အလာ ရွာနားက စစ်ကိုင်း ရွှေဘို ကားလမ်းမှာ ပစ်သတ်ခံရတာဖြစ်တယ်”လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ် ။ အဲ့ဒီ ၃ လောင်းပြိုင်…

Read More

ကန့်ဘလူမြို့နယ်မှာ နှမ်းရိတ်တောင်သူ ကလေးငယ် ၆ ယောက် အပါအဝင် ၁၂ ယောက်ပျောက်ဆုံးနေ

ဒီဇင်ဘာ ၊ ၉ ၊ ၂၀၂၂ SP ( VOM) စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့နယ် ၊ ဂါထားကျေးရွာ ၊ ကျောက်အိုးတောတိုက်ကို နှမ်းရိတ်ဖို့သွားတဲ့ တောင်သူ မိသားစုတွေ ဆက်သွယ်မရ ပျောက်ဆုံးနေတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ကျောက်အိုးတောတိုက်က မိသားစုတွေ ပျောက်ဆုံးနေလို့ အကူအညီတောင်းခံတာရှိတယ် ၊ ပြီးခဲ့တဲ့ ရက်ပိုင်း ဒီဇင်ဘာ ၅ ရက် မနက်ပိုင်းက နှမ်းရိတ်သွားရင်း ပျောက်သွားတာပါ ၊ ပျောက်ဆုံးနေတဲ့ သူတွေကတော့၊ ဦးဖိုးပိန် ၊ သူ့မိန်းမ ဒေါ်ဇင်မာဦး ၊ သူ့သမီး မအေးနှင်းဖြူ ၁၃ နှစ်၊ မအိအိ ၇ နှစ်၊ မောင်ရဲရင့်အောင် ၅ နှစ်၊ နောက်မိသားစုက ဒေါ်ခိုင်မာစိုး၊ မောင်သော်ခန့်အောင်…

Read More

နှစ်နဲ့ချီပိတ်ထားရတဲ့ ကျယ်ဂေါင်မြို့ တရုတ်ဘက်က ကိုဗစ်ဖြေလျှော့မှုကြောင့် စတင်အသက်ဝင်လာ

ဒီဇင်ဘာ ၉-၂၀၂၂ Shy V(VOM) နှစ်နဲ့ချီ ပိတ်ထားတဲ့ မြန်မာ – တရုတ်နယ်စပ်ကျယ်ဂေါင်မြို့လည်း ဒီရက်ပိုင်းတွေအတွင်း တရုတ်ဘက်က ကိုဗစ် သတ်မှတ်ချက်တွေ ဖြေလျှော့လိုက်တာကြောင့် စတင် သက်ဝင်လှုပ်ရှားလာပြီလို့ နယ်စပ် ကုန်သည်တွေဆီက သိရပါတယ်။ “အကုန်လုံး လုံးဝ ဖွင့်လိုက်တာလေ။ မှန်တယ်။ မှန်တယ်။ ကျယ်ဂေါင်ဘက်လည်း လာလို့ရတယ်။ ဒါပေမယ့် မှတ်ပုံတင်တို့ ဘာတို့တော့ ယူလာရမှာ ပေါ့နော်။”လို့ ပို့ကုန် လုပ်ငန်းရှင်တဦးက ပြောပါတယ်။ ကျယ်ဂေါင်မှာ ဆိုင်တွေကို ဖွင့်ခွင့်ပြုလိုက်သလို လူတွေအများအပြား သွားလာနေပြီ ဖြစ်ပေမယ့် လူနေထိုင်တာ မရှိသေးတဲ့အပြင် မြန်မာကုန်သည်တွေရဲ့ လက်ကျန် ကုန်ပစ္စည်းတွေကိုတော့ သယ်ယူခွင့် မရသေးဘူးလို့ ပြောပါတယ်။ ကျယ်ဂေါင်က ကျောက်စိမ်းကုန်သည် တဦးကတော့ ” တရုတ်ပြည်သားတွေရော မြန်မာပြည်သားတွေပါ အလွယ်တကူ သွားလာလို့ရပါပြီနော်။ ငါတို့တောင် ကျောက်ဝိုင်း သန့်ရှင်းရေး သွားလုပ်နေပြီ။…

Read More

ကော်ဖီစေ့အစိုကို လက်ရှိပေါက်ဈေးထက် ထက်ဝက်ကျော် ဈေးနှိမ်ဝယ်ယူမှုတွေ ရှိနေ

ဒီဇင်ဘာ ၉ – ၂၀၂၂ SN (VOM) ကော်ဖီစေ့အစိုကို လက်ရှိပေါက်ဈေးထက် ဈေးနှုန်းထက်ဝက်ကျော် ဈေးနှိမ်ဝယ်ယူမှုတွေ ရှိနေတာကြောင့် တောင်သူတွေအနေနဲ့ တွက်ခြေမကိုက် ဖြစ်နေတယ်လို့ သိရပါတယ်။ ဈေးကွက်အတွင်း လက်ရှိမှာ ကော်ဖီအစို ၁ ပိဿာကို ကျပ် ၃၀၀၀ ကျော် ပေါက်ဈေးရှိနေပေမယ့် တချို့ကုန်သည်တွေက ၁၃၅၀ ကျပ်သာ ဈေးပေးဝယ်နေတယ်လို့ တောင်သူတွေက ပြောပါတယ်။ “ကျွန်တော်တို့ တောင်သူတွေအနေနဲ့က ကော်ဖီကို စိုက်လို့သာ စိုက်နေရတယ်၊ ဘယ်တော့မှ ဈေးကောင်းမရဘူး။ လက်ရှိပေါက်ဈေးကို ထက်ဝက်တောင်မရဘူး။ အရည်အသွေးပိုင်းနဲ့ ပတ်သက်လို့ နည်းပညာအခက်အခဲ ရှိတဲ့အတွက် ရသလောက်ဈေးနဲ့ ရောင်းနေရတယ်။ ဈေးကောင်းမရတော့ အခြားသီးနှံတွေကိုပဲ ဦးစားပေးအနေနဲ့ စိုက်ရတယ်။ ကော်ဖီကို အရန်သီးနှံအဖြစ်လောက်ပဲ စိုက်နေရတယ်။ အသက်မွေးဝမ်းကျောင်းအနေနဲ့ မစိုက်ပျိုးနိုင်သေးဘူး”လို့ ပင်လောင်းမြို့နယ်မှ ကော်ဖီစိုက်တောင်သူတဦးက ပြောပါတယ်။ အခုလို ကော်ဖီစိုက်တောင်သူတွေ အခက်အခဲ…

Read More

မှောင်ခိုလမ်းကြောင်းကနေ မြန်မာ့ရော်ဘာတင်ပို့မှု ၁ နှစ်ကို တန်ချိန် ၁ သိန်းနီးပါးခန့် ရှိတယ်လို့ သိရ

ဒီဇင်ဘာ ၉ – ၂၀၂၂ SN (VOM)x ပြည်တွင်းကထွက်ရှိတဲ့ ရော်ဘာတွေကို ပြည်ပကို တရားဝင်တင်ပို့ရာမှာ ဈေးနှုန်းရရှိမှု နည်းပါးနေတဲ့အတွက် တရားမဝင်မှောင်ခိုလမ်းကြောင်းကနေ ၁ နှစ်ကို တန်ချိန် ၁ သိန်းနီးပါးခန့် တင်ပို့မှုတွေ ရှိနေတယ်လို့ ရော်ဘာကုန်သည်များထံမှ သိရပါတယ်။ မြန်မာ့ရော်ဘာတွေကို မှောင်ခိုလမ်းကြောင်းကတဆင့် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ မလေးရှားနဲ့ တရုတ်နိုင်ငံတို့ကို တင်ပို့နေတာဖြစ်ပါတယ်။ “နယ်စပ်ချင်းထိနေတဲ့ နိုင်ငံအချို့အပြင် ရေလမ်းကြောင်းကနေလည်း မလေးရှားက ပီနန်းတို့ဘာတို့လည်း သွားတယ်။ တရားဝင်ရတဲ့ဈေးက ၁ ပေါင်ကို ၁၁၅၀ လောက်ရှိတယ်။ တရားမဝင်ဈေးကတော့ ‌ကမ္ဘာ့ပေါက်ဈေးအပေါ်မှာ ရရှိတဲ့ဈေးနဲ့ တွက်ချက်ပြီးတော့ နည်းနည်းလေးပိုပေးတာပေါ့။ ၁ ပေါင်ကို ၄၀/၅၀ ပိုပေးတဲ့အခါလည်းရှိတယ်၊ ၇၀/၈၀ ပိုပေးတဲ့အခါလည်း ရှိပါတယ်”လို့ ရော်ဘာလုပ်ငန်းရှင်တဦးက ပြောပါတယ်။ လက်ရှိ ပြည်တွင်းမှာ ၁ နှစ်ကို ရော်ဘာတန်ချိန် ၄…

Read More
VOM News

FREE
VIEW