မြန်မာနဲ့ သံတမန်ဆက်ဆံရေး အမေရိကန် လျှော့ချမယ်

ဝါရှင်တန်၊ ဒီဇင်ဘာ-၉-၂၀၂၂
မျိုးဆက်(VOM)

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး သောမက်စ်ဗိုက်ဒါ ယခုလနှောင်းပိုင်းမှာ နေရပ်ပြန်ပြီးနောက်မှာ သူ့နေရာကိုဆက်ခံမယ့် သံအမတ်တဦးကို အမေရိကန်က ခန့်အပ်စေလွှတ်မှာမဟုတ်ဘူးလို့ Nikkei Asia သတင်းဌာနက ဖော်ပြထားပါတယ်။

သံအမတ်ကြီး သောမက်စ်ဗိုက်ဒါထွက်ခွာသွားတဲ့အခါ ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံး လက်ထောက်အကြီးအကဲ ဒီဘိုရာလင်းက တာ၀န်တွေကို ဆက်လက်ထမ်းဆောင်သွားမှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက Nikkei Asia ကို အီးမေးလ်နဲ့ ဖြေဆိုပါတယ်။

ဒီလို သံအမတ်သစ်မခန့်အပ်တာဟာ မြန်မာနိုင်ငံမှာ လာမယ့်နှစ်အတွင်းကျင်းပမယ့် ရွေးကောက်ပွဲမကျင်းပမီ မြန်မာအာဏာပိုင်တွေကို ဂျိုးဘိုင်ဒင်ရဲ့ အမေရိကန်အစိုးရက အသိအမှတ်မပြုတဲ့ သဘောဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်တွေကဆိုပါတယ်။

မြန်မာ့ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှုမရှိဘူးလို့လည်း အမေရိကန်အစိုးရက ဝေဖန်ပြောဆိုထားပါတယ်။

၁၉၉၀ ပြည့်နှစ်အလွန်နှစ်တွေကစပြီး မြန်မာနိုင်ငံကိုအုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရအဆက်အဆက်လက်ထက်မှာ အမေရိကန်ဟာ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်တွေကို အနှစ် ၂၀ ခန့် ခန့်အပ်ခြင်းမပြုခဲ့ပါဘူး။

`၂၀၁၀ ခုနှစ်ရွေးကောက်ပွဲပြီးနောက် ၂၀၁၂ ခုနှစ်မှာ မြန်မာ့အရေးတာ၀န်ခံဖြစ်သူ အမေရိကန်ရဲ့ အာရှရေးရာမူဝါဒ ကျွမ်းကျင်သူ ဒဲရစ်မစ်ချယ်ကို မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်ခဲ့ပါတယ်။

Ref: Nikkei Asia
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW