လူ ၁၅၆ ဦးသေဆုံးခဲ့တဲ့ ဖြစ်ရပ်ကြောင့် တောင်ကိုရီးယား ပြည်ထဲရေး၀န်ကြီးကို ထုတ်ပယ်ဖို့ ပါလီမန် တောင်းဆို

ဆိုးလ်၊ ဒီဇင်ဘာ-၁၂-၂၀၂၂
မျိုးဆက်(VOM)

တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ်မှာ ဟောလိုး၀င်းပွဲတော်ကျင်းပစဉ် လူအများအပြားသေဆုံးမှုနဲ့ ပတ်သက်ပြီး ပြည်ထဲရေး၀န်ကြီးကို ထုတ်ပယ်ဖို့ တောင်ကိုရီးယားပါလီမန်က ဒီဇင်ဘာ ၁၁ ရက်မှာ တောင်းဆိုလိုက်ပါတယ်။

အောက်တိုဘာ ၂၉ ရက်ကဖြစ်ပွားခဲ့တဲ့ လူ ၁၅၆ ဦးသေဆုံးပြီး ၁၅၂ ဦးဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ်ပြီးနောက်မှာ ပြည်ထဲရေး၀န်ကြီး လီဆန်မင်ဟာ ရာထူးမှဆင်းပေးဖို့ ဖိအားတွေနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။

သားသမီးရှိတဲ့ ဖခင်တစ်ဦးအနေနဲ့ ဖြစ်စဉ်အပေါ်လွန်စွာ၀မ်းနည်းကြေကွဲရပြီး အခြေအနေကိုလက်ခံနိုငဖို့ ခက်ခဲခဲ့ကြောင်း ပြည်ထဲရေး၀န်ကြီး လီဆန်းမင်က တောင်ကိုရီးယားပါလီမန်မှာ တောင်းပန်စကားဆိုပါတယ်။

ဒါပေမယ့် သမ္မတယွန်းဆွတ်ခ်ယိုးလ်ကတော့ ပြည်ထဲရေး၀န်ကြီးကို ထုတ်ပယ်ဖို့ တောင်းဆိုမှုကို ပယ်ချမယ်လို့ ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်ထားကြပါတယ်။

ပါလီမန်ကအတည်ပြုလိုက်တဲ့ အဆိုကို သမ္မတက ပယ်ချပါက ၀န်ကြီးကို စွပ်စွဲပြစ်တင်မှုပြုလုပ်မယ်လ်ို့ ဒီမိုကရက်တစ်ပါတီက ခြိမ်းခြောက်ထားကြောင်း ယွန်ဟတ်သတင်းဌာနက ဖော်ပြထားပါတယ်။

ဆိုးလ်ရှိ အီတေး၀န်မှာ ဖြစ်ပွားခဲ့တဲ့ အဆိုပါဖြစ်စဉ်အပေါ် အရေးပေါ်တုံ့ပြန်မှုဟာ လုံလောက်မှုမရှိကြောင်း တောင်ကိုရီးယားရဲချုပ် ယွန်ဟီးကန်က ပြောကြားခဲ့ပြီး ဖြစ်စဉ်အပေါ် အပြည့်အ၀စုံစမ်းစစ်ဆေးမယ်လို့ သူက ကတိပြုထားပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဆိုးလ်

Related posts

Leave a Comment

VOM News

FREE
VIEW