ထီးချိုင့်မြို့နယ်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး လူနေအိမ် ၈၀ ကျော် မီးလောင်ပျက်စီး

ဒီဇင်ဘာ ၊ ၁၂ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ ထီးချိုင့်မြို့နယ် ၊ ပြင်စုကျေးရွာနဲ့ ပေါက်ပင်ကျေးရွာနားမှာ မနေ့ ဒီဇင်ဘာ ၁၁ ရက် ၊ မနက် ၁၀ နာရီဝန်းကျင်က ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီး ရွာထဲက လူနေအိမ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” မနေ့က မနက်ပိုင်း အစောကြီးထဲက ရွာမှာ လူမရှိတော့ဘူး ၊ နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်ကုန်ကြတယ် ၊ မနက် ၁၀ နာရီလောက်မှာ နှစ်ဘက် ပစ်ခတ်တာတွေဖြစ်ပြီးနောက် ပြင်စုရွာနဲ့ ပေါက်ပင်ရွာထဲက လူနေအိမ် ၈၀ ကျော် မီးလောင်ပျက်စီးတယ် ၊ ထွက်ပြေးနေရတော့ မီးက ဘယ်အဖွဲ့အစည်းရှို့တယ်ဆိုတာ မသိရဘူး ၊ မီးလောင်တာကြောင့် အိမ်မွေးတိရစ္ဆာန်တွေ သေတယ်…

Read More

လာမယ့် ဆယ်စုနှစ်အတွင်း အင်္ဂါဂြိုဟ်ပေါ်ကို လူသားတွေပို့ဖို့မယ်လို့ နာဆာအကြီးအကဲပြော

၀ါရှင်တန်၊ ဒီဇင်ဘာ-၁၂-၂၀၂၂ မျိုးဆက်(VOM) အမေရိကန် အာကာသအေဂျင်စီ(နာဆာ)ရဲ့ မျိုးဆက်သစ်အာကာသယာဉ်ဟာ လကမ္ဘာပတ်ရန် ၂၆ ရက်ကြာတာ၀န်ထမ်းဆောင်ပြီးနောက် ကမ္ဘာမြေကို အောင်မြင်စွာပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။ လက်ရှိမှာ လကမ္ဘာပေါ်ကို လူသားတွေခြေချနိုင်ဖို့ ၊ အလုပ်လုပ်ဖို့ ၊ တီထွင်ဖန်တီးဖို့နဲ့ စကြ၀ဠာထဲကို ဆက်လက်စူးစမ်းလေ့လာဖို့ လုပ်ဆောင်နေပြီး ၂၀၃၀ ပြည့် ဆယ်စုနှစ်နှောင်းပိုင်းမှာ အင်္ဂါဂြိုဟ်ထိ လူသားတွေ သွားရောက်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ နာဆာအကြီးအကဲ ဘီလ်နယ်လ်ဆင်က ပြောပါတယ်။ Orion အာကာယာဉ်ဟာ သူ့ရဲ့လကမ္ဘာခရီးစဉ်ပြီးဆုံးပြီးနောက် ပစိဖိတ်သမုဒ္ဒရာထဲမှာ ဆင်းသက်ခဲ့တာဖြစ်ပြီး ယခုတစ်ကြိမ်ပျံသန်းမှုမှာ လူလိုက်ပါခြင်းမရှိပေမယ့် နောက်တစ်ကြိမ်ပျံသန်းမှုမှာတော့ ပိုမိုရှုတ်ထွေးတဲ့ ခရီးစဉ်တွေကို နာဆာက စီစဉ်နေပါတယ်။ နောက်ထပ်လကမ္ဘာခရီးစဉ်ဟာ ၂၀၂၄ ခုနှစ်မှာ ဖြစ်နိုင်ဖွယ်ရှိပြီး ၂၀၂၅ ခုနှစ် သို့မဟုတ် ၂၀၂၆ ခုနှစ် လူသားတွေ လကမ္ဘာပေါ်မှာ ခြေချနိုင်ရေး ကြိုးပမ်းမှုလည်း ပါ၀င်နေပါတယ်။ လကမ္ဘာပေါ်ကို လူသားတွေခြေချခဲ့တာဟာ လွန်ခဲ့တဲ့…

Read More

သတင်းစာဆရာ ဦးစည်သူအောင်မြင့် ထောင် ၇ နှစ် ထပ်ချခံရ

ဒီဇင်ဘာ ၁၂-၂၀၂၂ MM (VOM) ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်မှာ အရင်က ထောင် ၅ နှစ်ချမှတ်ခံထားရတဲ့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကို ရာဇသတ်ကြီးပုဒ်မ – ၁၂၄(က)နဲ့ အင်းစိန်ထောင်တွင်း အထူးတရားရုံးကနေ ထောင်ဒဏ် ၇နှစ်နဲ့ ငွေဒဏ် ၁ သောင်း ထပ်ချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူဆီက သိရပါတယ်။ ”ဆရာစည်ကို ပုဒ်မ ၁၂၄(က)နဲ့ အထူးတရားရုံး ကနေ ထောင်ဒဏ် ၇ နှစ်ထပ်ချတာပါ ၊ ၉ ရက်နေ့ကအမိန့်ချတာ ရွှင်ရွှင်လန်းလန်းပါပဲ ၊အရင်က ၅၀၅(က) နှစ်မှုက ထောင်ငါးနှစ်ချထားတော့ စုစုပေါင်း ထောင် ၁၂ နှစ်ဖြစ်သွားပါပြီ၊ အခုလို သူ့အပေါ်ထောင်ဒဏ်တွေ ထပ်ခါ ထပ်ခါချနေတာကို ဆရာ ဦးစည်က ဘာတစ်ခုမှကို တုန့်ပြန်တာမရှိဘူး။”လို့ သူကပြောပါတယ်။ အခု ထောင်ဒဏ်ထပ်ချခံရတဲ့ သတင်းစာဆရာ ဦးစည်သူအောင်မြင်ကို နိုင်ငံရေးပြောင်းလဲမှု…

Read More

ရခိုင်က စစ်ဘေးရှောင်စခန်းတွေမှာ ဆောင်းရာသီ စားနပ်ရိက္ခာနဲ့ အနွေးထည်တွေ အဓိကလိုအပ်နေ

ဒီဇင်ဘာ ၁၂- ၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်စခန်းတွေရှိတဲ့ မြို့နယ်တွေက စစ်ဘေးရှောင်တွေမှာ ဆောင်းရာသီရောက်လာပြီဖြစ်တာကြောင့် အနွေးထည်တွေနဲ့ စားနပ်ရိက္ခာတွေ အဓိကလိုအပ်နေတယ်လို့ စစ်ဘေးရှောင်ဆီက သိရပါတယ်။ ရသေ့တောင်မြို့နယ်က စစ်ဘေးရှောင်အမျိုးသမီးတဦးက “ကလေးတွေ၊ သက်ကြီးရွယ်အိုတွေလည်း ချမ်းနေကြပါပြီ။ အနွေးထည်တွေလိုအပ်နေပါတယ်။ စောင်တွေလည်းလိုအပ်ပါတယ်။”လို့ ပြောပါတယ်။ လက်ရှိ ဆောင်းရာသီ ဒီဇင်ဘာလအတွင်း ရခိုင်က မြို့နယ်တွေမှာ အအေးပိုလာပြီး အနွေးထည်တွေ၊ စောင်တွေနဲ့ စားနပ်ရိက္ခာလိုအပ်ချက်အပြင် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်မှာ နှစ်ဖက်အပစ်ရပ်လိုက်ပြီးတဲ့နောက် ကုန်းလမ်း၊ ရေလမ်းခရီးသွားဆက်သွယ်ရေးတွေကို ပြန်လည်ဖွင့်ပေးနေပြီဖြစ်ပေမယ့် စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေးလုပ်နေကြသူတွေအနေနဲ့ စစ်ဘေးရှောင်စခန်းတွေကို အကူအညီပေးဖို့ ရောက်လာတာမျိုး မရှိသေးဘူးလို့ မြောက်ဦးမြို့နယ် ပီးပင်ရင်း စစ်ဘေးရှောင်စခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။ “ စားစရာတောင်မရှိတာမှာ အခုက အနွေးထည် ဝယ်နိုင်ဖို့ဆိုတာ မတွေးရဲစရာပါ။ လိုအပ်ချက်တွေအများကြီးရှိပါတယ်။ ဘာအကူအညီမှလည်း မရောက်ဘူး။”လို့…

Read More

မြန်မာ့အရေး နိုင်ငံတကာရဲ့တုံ့ပြန်ဆောင်ရွက်မှု အရှိန်မြှင့်ဖို့ HRW တိုက်တွန်း

နယူးယောက်၊ ဒီဇင်ဘာ ၁၂-၂၀၂၂ မျိုးဆက်(VOM) မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံအစိုးရတွေအနေနဲ့ တုံ့ပြန်မှုတွေကို အရှိန်မြှင့်ဖို့ လူ့အခွင့်အရးစောင့်ကြည့်အဖွဲ့ (HRW) ကတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ ထုတ်ပြန်တဲ့ HRW ရဲ့အစီရင်ခံစာထဲမှာတော့ မြန်မာနိုင်ငံကို အာဆီယံနိုင်ငံတွေထဲမှာ လူ့အခွင့်အရေးချိုးဖောက်မှု အဆိုးဆုံးနိုင်ငံအဖြစ် ဖော်ပြထားပြီး မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေကို ဖော်ပြထားပါတယ်။ အာဏာပိုင်တွေရဲ့ ဖြိုခွင်းမှုကြောင့် အရပ်သားသေဆုံးမှုတွေဖြစ်ပွားခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၁၀၀ သေဒဏ်ချမှတ်ခံခဲ့ရပြီး အခြေအနေဟာ ဒီထက်ပိုဆိုလာနိုင်တယ်လို့ HRW က သတိပေးထားပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာ့အရေးနဲ့ပတ်သက်ပြီး တုံ့ပြန်ဆောင်ရွက်မှုတွေကို မြှင့်တင်ဖို့လိုအပ်နေတယ်လို့ HRW ရဲ့ အာရှရေးရာလက်ထောက်ညွှန်ကြားရေးမှူး ဖိလစ်ရောဘက်ဆန်က ပြောပါတယ်။ အာရှရဲ့ ရှေးအကျဆုံးနိုင်ငံလို့ သူကရည်ညွှန်းထားတဲ့ ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲမှာ ဦးဆောင်သင့်တယ်လို့ သူက တိုက်တွန်းထားပါတယ်။ ဂျပန်နိုင်ငံဟာ စစ်ဘက်ဆိုင်ရာ လေ့ကျင့်ရေးအစီအစဉ်တွေအပါအ၀င် မြန်မာနိုင်ငံနဲ့ ကာလရှည်ဆက်ဆံရေးတည်ရှိတဲ့နိုင်ငံဖြစ်ပါတယ်။…

Read More

လူ ၁၅၆ ဦးသေဆုံးခဲ့တဲ့ ဖြစ်ရပ်ကြောင့် တောင်ကိုရီးယား ပြည်ထဲရေး၀န်ကြီးကို ထုတ်ပယ်ဖို့ ပါလီမန် တောင်းဆို

ဆိုးလ်၊ ဒီဇင်ဘာ-၁၂-၂၀၂၂ မျိုးဆက်(VOM) တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ်မှာ ဟောလိုး၀င်းပွဲတော်ကျင်းပစဉ် လူအများအပြားသေဆုံးမှုနဲ့ ပတ်သက်ပြီး ပြည်ထဲရေး၀န်ကြီးကို ထုတ်ပယ်ဖို့ တောင်ကိုရီးယားပါလီမန်က ဒီဇင်ဘာ ၁၁ ရက်မှာ တောင်းဆိုလိုက်ပါတယ်။ အောက်တိုဘာ ၂၉ ရက်ကဖြစ်ပွားခဲ့တဲ့ လူ ၁၅၆ ဦးသေဆုံးပြီး ၁၅၂ ဦးဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ်ပြီးနောက်မှာ ပြည်ထဲရေး၀န်ကြီး လီဆန်မင်ဟာ ရာထူးမှဆင်းပေးဖို့ ဖိအားတွေနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။ သားသမီးရှိတဲ့ ဖခင်တစ်ဦးအနေနဲ့ ဖြစ်စဉ်အပေါ်လွန်စွာ၀မ်းနည်းကြေကွဲရပြီး အခြေအနေကိုလက်ခံနိုငဖို့ ခက်ခဲခဲ့ကြောင်း ပြည်ထဲရေး၀န်ကြီး လီဆန်းမင်က တောင်ကိုရီးယားပါလီမန်မှာ တောင်းပန်စကားဆိုပါတယ်။ ဒါပေမယ့် သမ္မတယွန်းဆွတ်ခ်ယိုးလ်ကတော့ ပြည်ထဲရေး၀န်ကြီးကို ထုတ်ပယ်ဖို့ တောင်းဆိုမှုကို ပယ်ချမယ်လို့ ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်ထားကြပါတယ်။ ပါလီမန်ကအတည်ပြုလိုက်တဲ့ အဆိုကို သမ္မတက ပယ်ချပါက ၀န်ကြီးကို စွပ်စွဲပြစ်တင်မှုပြုလုပ်မယ်လ်ို့ ဒီမိုကရက်တစ်ပါတီက ခြိမ်းခြောက်ထားကြောင်း ယွန်ဟတ်သတင်းဌာနက ဖော်ပြထားပါတယ်။ ဆိုးလ်ရှိ အီတေး၀န်မှာ ဖြစ်ပွားခဲ့တဲ့ အဆိုပါဖြစ်စဉ်အပေါ်…

Read More

ကြံခင်းက ထောင်ချခံထားရတဲ့ ရဲတပ်သား သူရိန်လင်း ထောင်ဒဏ် ထပ်ချခံရ

ဒီဇင်ဘာ၊ ၁၂-၂၀၂၂ MM(VOM) ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်က CDMလုပ်လို့ ရဲစည်ကမ်းထိန်းသိမ်းရေးဥပဒေနဲ့ ထောင်ချခံထားရတဲ့ ရဲတပ်သား သူရိန်လင်းကို ထောင်ဒဏ် ၆ လ ထပ်တိုးချမှတ်ခဲ့လိုက်တယ်လို့ တရားလွှတ်တော် ရှေ့နေတဦးဆီကနေ သိရပါတယ်။ ထောင်ဒဏ် ထပ်ချခံရတဲ့ ရဲတပ်သား သူရိန်လင်းနဲ့ ညီဖြစ်သူ ရဲတပ်ကြပ် တာရာလင်းတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၀ နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်ကြောင့် ရဲကျင့်ဝတ်ဖောက်ဖျက်မှုနဲ့ ပုသိမ် အကျဉ်းထောင်တွင်း တရားရုံးက ထောင်ဒဏ် ၁ နှစ်စီချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် ရဲတပ်ဖွဲ့ဝင် ညီအကို ၂ ဦးကို လွတ်ရက်ပြည့်ခါနီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်က ထောင်တွင်းဆန္ဒပြမှုမှာ ပါဝင်တယ်ဆိုကာ ပုသိမ် အကျဉ်းထောင်တွင်းတရားရုံးကပဲ ထောင်ဒဏ် ၃ နှစ်ထပ် တိုးချမှတ်ခံခဲ့ရတာဖြစ်ပြီး အခု အကျဉ်းထောင် ဥပဒေ ၄၂ နဲ့ အကိုဖြစ်တဲ့ ရဲတပ်သား…

Read More

နံနက်ခင်း အဆင်းဝေဆာ

ဆူးငှက် ” အရှေ့ဆီက…၊ ဝင်းပရွှေရည်… နေခြည်ပွင့်စ…၊ သြကာသလောက လှပပွင့်လင်း…၊ နံနက်ခင်း…၊ အဆင်းဝေဆာ…” ဒီစာသားလေးက ကျွန်တော့်နှုတ်ဖျားမှာ အမှတ်မထင် သီးခိုခဲ့တာကြာပါပြီ။ ကုန်လွန်ခဲ့တဲ့ နှစ်ကာလအချို့မှာ ကျွန်တော်ဟာ အများတကာထက်စာပြီး နေရောင်ခြည်ကို စောစောထိတွေ့ခွင့် မြင်ခွင့်ရခဲ့တယ်လို့ဆိုရင် မိတ်ဆွေတို့ နှာခေါင်းရှုံ့၊ မျက်မှောင်ကြုပ်ကြမှာ သေချာပါတယ်။ မင်းက ဘယ်တောင်ပေါ်၊ ဘယ်ကမ္ဘာများရောက်နေလို့ အများတကာထက် ထူးပြီး ဒီစကားပြောတာလဲလို့ အပြစ်တင်ကြမှာပေါ့။ ဒီလိုပါ၊ ကျွန်တော် မန္တလေးမြို့ရဲ့ အရှေ့ဖက်အစွန်အဖျား ရွှံ့ဗွက်၊ ရိုးပြတ်၊ လယ်ကန်သင်းဘေး ရောက်ခဲ့ရတာ နှစ်၂၀ကျော်ပါပြီ။ ဒီနေရာလေး စပြီးရောက်တော့ ကျွန်တော်အိမ်လေးရဲ့ အရှေ့ဖက်မှာ ပိတ်စွယ်တောကြီး။ တောင်ဘက်မှာလည်း ပိတ်စွယ်တောကြီး။ ဒီတောရိုင်းပင်တွေက ကာလဆိုရင် မှို့လိုလို အဖြူပွင့်တွေ လေမှာလွင့်လို့။ ညဆိုရင် ဒီအပင်တွေကြားက ပိုးစုန်းကြူးတွေက အုပ်လိုက် အုပ်လိုက် စုန်းတောက်စား ယောင်ဆောင်လို့။ အိမ်လေးရဲ့…

Read More
VOM News

FREE
VIEW