လာမယ့် ဆယ်စုနှစ်အတွင်း အင်္ဂါဂြိုဟ်ပေါ်ကို လူသားတွေပို့ဖို့မယ်လို့ နာဆာအကြီးအကဲပြော

၀ါရှင်တန်၊ ဒီဇင်ဘာ-၁၂-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန် အာကာသအေဂျင်စီ(နာဆာ)ရဲ့ မျိုးဆက်သစ်အာကာသယာဉ်ဟာ လကမ္ဘာပတ်ရန် ၂၆ ရက်ကြာတာ၀န်ထမ်းဆောင်ပြီးနောက် ကမ္ဘာမြေကို အောင်မြင်စွာပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။

လက်ရှိမှာ လကမ္ဘာပေါ်ကို လူသားတွေခြေချနိုင်ဖို့ ၊ အလုပ်လုပ်ဖို့ ၊ တီထွင်ဖန်တီးဖို့နဲ့ စကြ၀ဠာထဲကို ဆက်လက်စူးစမ်းလေ့လာဖို့ လုပ်ဆောင်နေပြီး ၂၀၃၀ ပြည့် ဆယ်စုနှစ်နှောင်းပိုင်းမှာ အင်္ဂါဂြိုဟ်ထိ လူသားတွေ သွားရောက်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ နာဆာအကြီးအကဲ ဘီလ်နယ်လ်ဆင်က ပြောပါတယ်။

Orion အာကာယာဉ်ဟာ သူ့ရဲ့လကမ္ဘာခရီးစဉ်ပြီးဆုံးပြီးနောက် ပစိဖိတ်သမုဒ္ဒရာထဲမှာ ဆင်းသက်ခဲ့တာဖြစ်ပြီး ယခုတစ်ကြိမ်ပျံသန်းမှုမှာ လူလိုက်ပါခြင်းမရှိပေမယ့် နောက်တစ်ကြိမ်ပျံသန်းမှုမှာတော့ ပိုမိုရှုတ်ထွေးတဲ့ ခရီးစဉ်တွေကို နာဆာက စီစဉ်နေပါတယ်။

နောက်ထပ်လကမ္ဘာခရီးစဉ်ဟာ ၂၀၂၄ ခုနှစ်မှာ ဖြစ်နိုင်ဖွယ်ရှိပြီး ၂၀၂၅ ခုနှစ် သို့မဟုတ် ၂၀၂၆ ခုနှစ် လူသားတွေ လကမ္ဘာပေါ်မှာ ခြေချနိုင်ရေး ကြိုးပမ်းမှုလည်း ပါ၀င်နေပါတယ်။

လကမ္ဘာပေါ်ကို လူသားတွေခြေချခဲ့တာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ က နောက်ဆုံးဖြစ်ပြီး အပိုလို-၁၇ အာကာသယာဉ်နဲ့ ဖြစ်ပါတယ်။

အနာဂတ် လကမ္ဘာခရီးစဉ်တွေအတွက် ရယူခဲ့တဲ့ အချက်အလက်တွေကို ခွဲခြိမ်းစိတ်ဖြာရန်အတွက် Orion အာကာယာဉ်ကို ကနေဒီအာကာသစခန်းသို့ ရက်သတ္တပတ်အနည်းငယ်အတွင်း နာဆာက သယ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Ref: BBC
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW