ကြံခင်းက ထောင်ချခံထားရတဲ့ ရဲတပ်သား သူရိန်လင်း ထောင်ဒဏ် ထပ်ချခံရ

ဒီဇင်ဘာ၊ ၁၂-၂၀၂၂
MM(VOM)

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်က CDMလုပ်လို့ ရဲစည်ကမ်းထိန်းသိမ်းရေးဥပဒေနဲ့ ထောင်ချခံထားရတဲ့ ရဲတပ်သား သူရိန်လင်းကို ထောင်ဒဏ် ၆ လ ထပ်တိုးချမှတ်ခဲ့လိုက်တယ်လို့ တရားလွှတ်တော် ရှေ့နေတဦးဆီကနေ သိရပါတယ်။

ထောင်ဒဏ် ထပ်ချခံရတဲ့ ရဲတပ်သား သူရိန်လင်းနဲ့ ညီဖြစ်သူ ရဲတပ်ကြပ် တာရာလင်းတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၀ နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်ကြောင့် ရဲကျင့်ဝတ်ဖောက်ဖျက်မှုနဲ့ ပုသိမ် အကျဉ်းထောင်တွင်း တရားရုံးက ထောင်ဒဏ် ၁ နှစ်စီချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

ဒါ့အပြင် ရဲတပ်ဖွဲ့ဝင် ညီအကို ၂ ဦးကို လွတ်ရက်ပြည့်ခါနီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်က ထောင်တွင်းဆန္ဒပြမှုမှာ ပါဝင်တယ်ဆိုကာ ပုသိမ် အကျဉ်းထောင်တွင်းတရားရုံးကပဲ ထောင်ဒဏ် ၃ နှစ်ထပ် တိုးချမှတ်ခံခဲ့ရတာဖြစ်ပြီး အခု အကျဉ်းထောင် ဥပဒေ ၄၂ နဲ့ အကိုဖြစ်တဲ့ ရဲတပ်သား သူရိန်လင်းမှာ ထောင်ဒဏ် ၆ လထပ်မံချမှတ်ခံရတာ ဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေတဦးကပြောပါတယ်။

”အကို ဖြစ်သူ ရဲတပ်သား သူရိန်လင်းက အခုထောင်ဒဏ် ၆ လထပ်ချခံရတာ ၊ အခုကျန်းမာရေး မကောင်းလို့ အကျဉ်းထောင်အတွင်း ဆေးရုံတင်ထားရတယ် ၊ ထောင်အာဏာပိုင်တွေ ဖွင့်တဲ့အမှု နဲ့ အမိန့်ချတာတဲ့ ၊ သူရိန်လင်းက မတရားခံရတာလို့ ပြောတယ်။”လို့သူက ဆက်ပြောပါတယ်။

ဧရာဝတီတိုင်းမှာ နိုင်ငံရေးပြောင်းလဲတဲ့ ဖြစ်စဉ် ဖြစ်ပြီးနောက် ဒီဇင်ဘာ ပထမအပတ်အထိ ရဲတပ်ဖွဲ့ဝင်ညီအကို ၂ ယောက်အပါအဝင် ဝန်ထမ်း အယောက် ၁၀၀ ထက်မနည်း ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖျာပုံမြို့က ရဲတပ်ဖွဲ့ဝင် ထင်လင်းရဲ့ဇနီးအပါအဝင် ဝန်ထမ်းအယောက် ၁၂၀ ကျော်မှာ အမှုဖွင့် တရားစွဲဆိုခံထားရပြီး တရားရင်ဆိုင်နေရ
တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကြံခင်း

Related posts

Leave a Comment

VOM News

FREE
VIEW