နယူးဇီလန်မှာ ၂၀၀၈ ခုနှစ်နောက်ပိုင်းမွေးဖွားသူတွေ ဆေးလိပ်၀ယ်ခွင့်မပြုတော့တဲ့ ဥပဒေပြဌာန်း

၀ယ်လင်တန်၊ ဒီဇင်ဘာ-၁၄-၂၀၂၂
မျိုးဆက်(VOM)

နယူးဇီလန်နိုင်ငံမှာ လာမယ့်နှစ်ကစပြီး ဆေးလိပ်နဲ့ ဆေးရွက်ကြီးထုတ်ကုန်အားလုံးနီးပါးကို ပိတ်ပင်တားမြစ်တော့မှာဖြစ်ကြောင်း အာဏာပိုင်များက ဒီဇင်ဘာ ၁၃ ရက်မှာ ပြောပါတယ်။

၂၀၀၈ ခုနှစ်နောက်ပိုင်းမွေးဖွားသူတွေအနေနဲ့ ဆေးလိပ်နဲ့ ဆေးရွက်ကြီးထုတ်ကုန်တွေကို ၀ယ်ယူခွင့်မရှိတော့တဲ့ ဥပဒေတရပ်ကို နယူးဇီလန်လွှတ်တော်က ဒီဇင်ဘာ ၁၃ ရက်မှာ အတည်ပြုခဲ့ပါတယ်။

ဒါဟာ ဆေးလိပ်နဲ့ဆေးရွက်ကြီးထုတ်ကုန်တွေ၀ယ်ယူနိုင်ခွင့်ရှိသူအရေအတွက် တနှစ်ထက်တနှစ် လျော့နည်းလာစေဖို့ရည်ရွယ်ပြီး ဆေးလိပ်ငွေ့ကင်းစင်တဲ့ အနာဂတ်ဆီသို့ အရေးပါတဲ့ ခြေလှမ်းတရပ်ဖြစ်ကြောင်း ကျန်းမာရေး၀န်ကြီး အေရှာဗာရယ်က ပြောပါတယ်။

အခုလို့ပိတ်ပင်တားမြစ်မှုကြောင့် လူပေါင်းများစွာ အသက်ပိုရှည်၊ ကျန်းမာတဲ့ဘ၀နဲ့နေထိုင်နိုင်မှာ ဖြစ်တဲ့အတွက် ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်တဲ့ ရောဂါတွေကို ကုသဖို့မလိုအပ်တဲ့အတွက် နိုင်ငံအနေ နှစ်စဉ်ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံထိ သက်သာမယ်လို့ သူကပြောပါတယ်။

နယူးဇီလန်နိုင်ငံမှာ ဆေးလိပ်သောက်သုံးမှုဟာ သမိုင်း၀င်အဆင့်ထိ အနိမ့်ဆုံးရောက်ရှိနေပြီး အရွယ်ရောက်ပြီးသူတွေရဲ့ ဆေးလိပ်သောက်သုံးမှုဟာ ယမန်နှစ်က ၉ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်မှာ ၈ ရာခိုင်နှုန်းသာရှိကြောင်း အစိုးရရဲ့ထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

Ref: BBC
Photo:AP
#voiceofmyanmar #VOM #ဝယ်လင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW