အာဖရိက ကမ္ဘာရဲ့မျှော်လင့်ချက်၊ ချန်ပီယံအိမ်မက်နဲ့ မော်ရိုကိုအသင်းရဲ့ ကမ္ဘာ့ဖလား ဆောင်းအိမ်မက်

ဒိုဟာ၊ ဒီဇင်ဘာ-၁၄-၂၀၂၂ မျိုးဆက်(VOM) လက်ရှိကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်မှာ ပြင်သစ်အသင်းဟာ အာဂျင်တီးနားအသင်းနည်းတူ ဗိုလ်လုပွဲကို တက်ဖို့နဲ့ ချန်ပီယံဆုကို ဆွတ်ခူးဖို့ရေပန်းစားတဲ့ အသင်းတသင်းဖြစ်ပြီး အုပ်စုအဆင့်၊ ကွာတားဖိုင်နယ်နဲ့ ရှုံးထွက်အဆင့်တွေမှာ ပြိုင်ဘက်တွေကို အကောင်းဆုံးကျော်ဖြတ်ခဲ့တဲ့အသင်း ဖြစ်ပါတယ်။ ပြင်သစ်အသင်းဟာ ၁၉၉၈ ခုနှစ်က ဘရာဇီးအသင်းပြီးရင် ကမ္ဘာ့ဖလား ဆီးမီးဖိုင်နယ်အဆင့်ကို ပထမဆုံးပြန်လည်တက်ရောက်နိုင်ခဲ့ ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ အသင်းလည်းဖြစ်ပြီး ကမ္ဘာ့ဖလား မျှော်လင့်ချက်တပွေ့တပိုက်နဲ့ ပြိုင်ဘက် မော်ရိုကိုကို ရေကုန်ရေခန်းယှဉ်ပြိုင်ဖို့ရှိနေပါတယ်။ တဘက်မှာလည်း မော်ရိုကိုအသင်းဟာ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ကို ပထမဆုံးတက်ရောက်နိုင်ခဲ့တဲ့ အာရပ်နဲ့ အာဖရိကအသင်းဖြစ်တာကြောင့် ပြင်သစ်နဲ့ပွဲစဉ်ဟာ မော်ရိုကိုအသင်းအပြင် အာဖရိသားတွေရဲ့ ကမ္ဘာ့ဖလားမျှော်လင့်ချက်အတွက် နောက်ဆုံးစက္ကန့်ထိ အရေးပါနေပါတယ်။ ပြင်သစ်နဲ့ မော်ရိုကိုအသင်းတို့ဟာ နိုင်ငံတကာပွဲစဉ်တွေမှာ ငါးကြိမ်ထိ တွေ့ဆုံခဲ့ဖူးပြီး ၂၀၀၇ ခုနှစ်က နှစ်ဂိုးစီသရောကျခဲ့ကာ ပြင်သစ်သင်းက တကြိမ်မှမရှုံးဖူးသေးတဲ့ အစဉ်အလာရှိနေပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေမှာတော့ မော်ရိုကိုအသင်းဟာ…

Read More

နယူးဇီလန်မှာ ၂၀၀၈ ခုနှစ်နောက်ပိုင်းမွေးဖွားသူတွေ ဆေးလိပ်၀ယ်ခွင့်မပြုတော့တဲ့ ဥပဒေပြဌာန်း

၀ယ်လင်တန်၊ ဒီဇင်ဘာ-၁၄-၂၀၂၂ မျိုးဆက်(VOM) နယူးဇီလန်နိုင်ငံမှာ လာမယ့်နှစ်ကစပြီး ဆေးလိပ်နဲ့ ဆေးရွက်ကြီးထုတ်ကုန်အားလုံးနီးပါးကို ပိတ်ပင်တားမြစ်တော့မှာဖြစ်ကြောင်း အာဏာပိုင်များက ဒီဇင်ဘာ ၁၃ ရက်မှာ ပြောပါတယ်။ ၂၀၀၈ ခုနှစ်နောက်ပိုင်းမွေးဖွားသူတွေအနေနဲ့ ဆေးလိပ်နဲ့ ဆေးရွက်ကြီးထုတ်ကုန်တွေကို ၀ယ်ယူခွင့်မရှိတော့တဲ့ ဥပဒေတရပ်ကို နယူးဇီလန်လွှတ်တော်က ဒီဇင်ဘာ ၁၃ ရက်မှာ အတည်ပြုခဲ့ပါတယ်။ ဒါဟာ ဆေးလိပ်နဲ့ဆေးရွက်ကြီးထုတ်ကုန်တွေ၀ယ်ယူနိုင်ခွင့်ရှိသူအရေအတွက် တနှစ်ထက်တနှစ် လျော့နည်းလာစေဖို့ရည်ရွယ်ပြီး ဆေးလိပ်ငွေ့ကင်းစင်တဲ့ အနာဂတ်ဆီသို့ အရေးပါတဲ့ ခြေလှမ်းတရပ်ဖြစ်ကြောင်း ကျန်းမာရေး၀န်ကြီး အေရှာဗာရယ်က ပြောပါတယ်။ အခုလို့ပိတ်ပင်တားမြစ်မှုကြောင့် လူပေါင်းများစွာ အသက်ပိုရှည်၊ ကျန်းမာတဲ့ဘ၀နဲ့နေထိုင်နိုင်မှာ ဖြစ်တဲ့အတွက် ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်တဲ့ ရောဂါတွေကို ကုသဖို့မလိုအပ်တဲ့အတွက် နိုင်ငံအနေ နှစ်စဉ်ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံထိ သက်သာမယ်လို့ သူကပြောပါတယ်။ နယူးဇီလန်နိုင်ငံမှာ ဆေးလိပ်သောက်သုံးမှုဟာ သမိုင်း၀င်အဆင့်ထိ အနိမ့်ဆုံးရောက်ရှိနေပြီး အရွယ်ရောက်ပြီးသူတွေရဲ့ ဆေးလိပ်သောက်သုံးမှုဟာ ယမန်နှစ်က ၉ ဒသမ…

Read More

ရထားတစ်စင်း မိုင်းခွဲခံရတာကြောင့် ရန်ကုန်- မော်လမြိုင်ရထားခရီးစဉ်တွေ ရပ်နားလိုက်ရ

ဒီဇင်ဘာ၊ ၁၄-၂၀၂၂ MM(VOM) မီးရထား ဝန်ထမ်း ၄ ဦးလိုက်ပါလာတဲ့ ကုန်တင်ရထားတစ်စင်းဟာ ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း၊ သိမ်ဆိပ်နဲ့ ဒုံးဝန်းဘူတာကြားမှာ မိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် ပျက်စီးထိခိုက်မှုများရှိတဲ့အတွက် အခြား ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်တွေ ရပ်နားလိုက်ရတယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၁၃ ရက် ညပိုင်းက မွန်ပြည်နယ်ရှိ သိမ်သိပ်နဲ့ ဒုံးဝန်းဘူတာကြားမှာ မောင်းနင်လာတဲ့ ကုန်တင် ရထားတစ်စင်းမှာ မိုင်းခွဲခံရပြီး ရထားရဲ့၇တွဲမြောက်မှာ ရထားသံလမ်းဘီးလမ်းချော်ပျက်စီးခဲ့ပြီး လမ်းပိုင်းမှာလည်း ထိခိုက်ပျက်စီးတာတွေဖြစ်ပေါ်ခဲ့ တယ်လို့သိရပါတယ်။ လမ်းပိုင်းပျက်စီးတာ ဖြစ်ပေါ်ခဲ့တာကြောင့် မော်လမြိုင်မြို့၊ မော်လမြိုင်ဘူတာမှ ဒီဇင်ဘာ ၁၄ ရက် ည ၈ နာရီမှာ ထွက်ခွာမယ့် အမှတ် ၈၂ အစုန် မော်လမြိုင်- ရန်ကုန် လေအိတ်အမြန်ရထားခရီးစဉ်နဲ့ ဒီဇင်ဘာ ၁၄ ရက် မနက် ၆ နာရီမှာထွက်မယ့် အမှတ် ၈၉ ရထားခရီးစဉ်တွေထွက်…

Read More

အီရန်အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူ ၄၀၀ ကို ၂နှစ်ကနေ ၁၀ နှစ်ထိ ထောင်ဒဏ်တွေချမှတ်

တီဟီရန်၊ ဒီဇင်ဘာ-၁၄-၂၀၂၂ မျိုးဆက်(VOM) အီရန်မှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ ဖမ်းဆီးခံရသူ ၄၀၀ ဦးကို အီရန်တရားရုံးတွေက ထောင်ဒဏ်နှစ်နှစ်ကနေ ၁၀ နှစ်ထိ ချမှတ်ခဲ့ကြောင်း အီရန်တရားရေးတာ၀န်ရှိသူတဦးက ဒီဇင်ဘာ ၁၃ ရက်မှာ အတည်ပြုပြောဆိုပါတယ်။ ဆန္ဒပြသူ ၁၆၀ ဦးကို ထောင်ဒဏ်ငါးနှစ်မှ ၁၀ နှစ်အကြား၊ ၈၀ ဦးကို နှစ်နှစ်မှ ငါးနှစ်ထိ၊ ကျန် ၁၆၀ ဦးကို နှစ်နှစ်ထက်နည်းတဲ့ ထောင်ဒဏ်တွေချမှတ်ခဲ့ကြောင်း အီရန်အစိုးရရှေ့နေချုပ်က ပြောပါတယ်။ ဆန္ဒပြမှုတွေနဲ့ပတ်သက်ပြီး ဒုတိယမြောက်လူတဦးကို ကြိုးပေးကွပ်မျက်ပြီးနောက်တရက်အကြာမှာ အခုလိုထောင်ဒဏ်တွေချမှတ်ခဲ့ခြင်းဖြစ်ပြီး နောက်ထပ်အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ခြင်း မရှိပါဘူး။ အီရန်မှာ မျက်နှာစည်းပုဝါ၀တ်ဆင်ခြင်းဆိုင်ရာ တင်းကြပ်တဲ့စည်းမျဉ်းကို ချိုးဖောက်တယ်ဆိုကာ အမျိုးသမီးကို ရဲတပ်ဖွဲ့ကဖမ်းဆီးထားစဉ် သေဆုံးမှုကြောင့် စက်တင်ဘာလကတည်းက ဆန္ဒပြမှုများ ဖြစ်ပွားလျှက်ရှိပါတယ်။ ဆန္ဒပြမှုတွေအတွင်း ကလေးငယ် ၆၈ ဦးနဲ့ လုံခြုံရေးတပ်ဖွဲ့၀င် ၆၂ ဦးအပါအ၀င် လူ…

Read More

ပေါက်မြို့နယ်မှာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားလို့ လူ ၂ ဦးသေဆုံး

ဒီဇင်ဘာ ၊ ၁၄ ၊ ၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ပခု​က္ကူခရိုင် ၊ ပေါက်မြို့နယ် ၊ ယာကြီးပြင်ကျေးရွာအနီး ၊ ဖိုးဖြူလုံးကန် – ယာကြီးပြင် ကားလမ်းမှာ မနေ့ ဒီဇင်ဘာ ၁၃ ရက် ၊ ညနေပိုင်းက အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွါးခဲ့ပြီး လူ ၂ဦးသေဆုံးခဲ့တယ်လို့ ယာကြီးပြင်ရွာခံတွေဆီက သိရပါတယ်။ ” မနေ့က ညနေ ၄ နာရီဝန်းကျင်မှာ ဖိုးဖြူလုံးကန်ရွာဘက်ကနေ ယာကြီးပြင်ရွာဘက်ကို မောင်းလာတဲ့ လူနာတင်ယာဥ်ကို လုံခြုံရေးအဖွဲ့က စစ်ဆေးခံဖို့ ကားရပ်ခိုင်းတယ် ၊ အဲ့ဒါကို ကားရပ်မပေးဘဲ မောင်းပြေးရင်း ကားပေါ်ကနေ သေနတ်နဲ့ စပစ်တယ် ၊ အဲ့ဒီမှာ အပြန်အလှန်ပစ်ကြပြီး ကားပေါ်ကနေ လက်နက် ခဲယမ်းတွေ သိမ်းဆည်းရမိတာ ဖြစ်တယ်”လို့ ယာကြီးပြင်ရွာမှာနေတဲ့ မျက်မြင်…

Read More

ကွန်ဂိုမှာ ရေကြေီးရေလျှံနဲ့ မြေပြိုမှုတွေကြောင့် လူ ၁၂၀ ထက်မနည်းသေဆုံး

ကင်ရှာဆာ၊ ဒီဇင်ဘာ-၁၄-၂၀၂၂ မျိုးဆက်(VOM) ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ မြို့တော်ကင်ရှာဆာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံနဲ့ မြေပြိုမှုတွေကြောင့် လူ ၁၂၀ ထက်မနည်းသေဆုံးသွားကြောင်း တာ၀န်ရှိသူတွေက ဒီဇင်ဘာ ၁၃ ရက်မှာ ပြောပါတယ်။ ရေဘေးကြောင့် မြို့တော်ရဲ့သုံးပုံတပုံပျက်စီးခဲ့ပြီး ရေနဲ့ လျှပ်စစ်ဓါတ်အားတွေ ပြတ်တောက်နေပါတယ်။ သေဆုံးသူအများစုဟာ မိုးသည်ထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုတွေအကြီးအကျယ်ဖြစ်ပွားခဲ့တဲ့ တောင်တန်းဒေသတွေကဖြစ်ပါတယ်။ မြို့တော်ကင်ရှာဆာမှာ လူဦးရေ ၁၅ သန်းကျော်နေထိုင်ပြီး အာဖရိကရှိ လူဦးရေအများဆုံးမြို့တွေထဲက တမြို့ဖြစ်ပါတယ်။ သေဆုံးသူတွေရဲ့ စျာပနစရိတ်ကို အစိုးရက ထောက်ပံ့ပေးမှာဖြစ်ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ ၀န်ကြီးချုပ် ဆာမာလူကွန်ဒီဟာ ရေဘေးသင့်နေရာတွေကို ဒီဇင်ဘာ ၁၃ ရက်မှာ သွားရောက်ခဲ့ပြီး ရေဘေးကြောင့် နိုင်ငံမှာ ဒီဇင်ဘာ ၁၄ ရက်ကစပြီး သုံးရက်ကြာ ၀မ်းနည်းခြင်းကာလ ကြေညာထားပါတယ်။ ရေဘေးကြောင့် အဝေးပြေးလမ်းလည်း ပျက်စီးနေပြီး ပြုပြင်ဖို့ ရက်အတန်ကြာအချိန်ယူရမယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။ မြို့တော်ကင်ရှာဆာ၀န်းကျင်မှာ ၂၀၁၉…

Read More

တောင်သူလယ်သမားတွေအတွက် စိန်ခေါ်မှုများနေဆဲ သွင်းအားစုပြဿနာ

ဒီဇင်ဘာ ၁၄-၂၀၂၂�SN (VOM) ကိုဗစ် နဲ့ နိုင်ငံရေးပြောင်းလဲမှုတွေကြောင့် လက်ရှိမှာ တောင်သူတွေ မလွှဲမသွေ ရင်ဆိုင်နေရတဲ့ပြဿနာကတော့ စိုက်ပျိုး‌ရေးသွင်းအားစုပြဿနာပဲ ဖြစ်ပါတယ်။ လက်ရှိမှာ တရုတ်နိုင်ငံက တင်သွင်းတဲ့ ဓာတ်မြေသြဇာဈေး အဆမတန် မြင့်တက်နေသလို စက်သုံးဆီဈေးတွေဟာလည်း သိသာစွာ ကျဆင်လာခြင်း မရှိသေးပါဘူး။ အဲ့ဒီ့လို စိုက်ပျိုး‌ရေးသွင်းအားစုတွေရဲ့ ဈေးနှုန်းတွေ မြင့်တက်လာသလို စိုက်ပျိုးစရိတ်တွေလည်း မြင့်တက်လာတာကြောင့် တောင်သူတွေအနေနဲ့ တပူပေါ်နှစ်ပူဆင့်ရုံမကတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရတာပါ။ “ဓာတ်မြေဩဇာဈေးတွေက ပြီးခဲ့တဲ့နှစ်ကထက် ၃ ဆလောက်ကို တက်သွားတာ။ ပြီးခဲ့တဲ့နှစ်က ၃၂၀၀၀/၅၃၀၀၀ လောက်ပဲရှိတာ။ အခု ၁၃၀၀၀၀ ဖြစ်သွားပြီ။ ဒါတောင် ပြန်ကျသွားတာ။ ၁ သိန်းခွဲအထိ တက်သွားသေးတယ်။ တောင်သူတွေအတွက်ကတော့ တနှစ်ထက်တနှစ် အဆင်ပြေလာတယ်ဆိုတာ မရှိသေးဘူး။ ပိုဆိုးလာတာပဲရှိတယ်။ အကုန် အခက်အခဲတွေချည်းပဲ။ ကိုယ့်မိရိုးဖလာ ဒီအလုပ်ပဲ လုပ်တတ်တာမို့လို့သာ လုပ်နေရတာ၊ အရှုံးပဲပေါ်တယ်။…

Read More
VOM News

FREE
VIEW