ကွန်ဂိုမှာ ရေကြေီးရေလျှံနဲ့ မြေပြိုမှုတွေကြောင့် လူ ၁၂၀ ထက်မနည်းသေဆုံး

ကင်ရှာဆာ၊ ဒီဇင်ဘာ-၁၄-၂၀၂၂
မျိုးဆက်(VOM)

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ မြို့တော်ကင်ရှာဆာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံနဲ့ မြေပြိုမှုတွေကြောင့် လူ ၁၂၀ ထက်မနည်းသေဆုံးသွားကြောင်း တာ၀န်ရှိသူတွေက ဒီဇင်ဘာ ၁၃ ရက်မှာ ပြောပါတယ်။

ရေဘေးကြောင့် မြို့တော်ရဲ့သုံးပုံတပုံပျက်စီးခဲ့ပြီး ရေနဲ့ လျှပ်စစ်ဓါတ်အားတွေ ပြတ်တောက်နေပါတယ်။ သေဆုံးသူအများစုဟာ မိုးသည်ထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုတွေအကြီးအကျယ်ဖြစ်ပွားခဲ့တဲ့ တောင်တန်းဒေသတွေကဖြစ်ပါတယ်။

မြို့တော်ကင်ရှာဆာမှာ လူဦးရေ ၁၅ သန်းကျော်နေထိုင်ပြီး အာဖရိကရှိ လူဦးရေအများဆုံးမြို့တွေထဲက တမြို့ဖြစ်ပါတယ်။ သေဆုံးသူတွေရဲ့ စျာပနစရိတ်ကို အစိုးရက ထောက်ပံ့ပေးမှာဖြစ်ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။

၀န်ကြီးချုပ် ဆာမာလူကွန်ဒီဟာ ရေဘေးသင့်နေရာတွေကို ဒီဇင်ဘာ ၁၃ ရက်မှာ သွားရောက်ခဲ့ပြီး ရေဘေးကြောင့် နိုင်ငံမှာ ဒီဇင်ဘာ ၁၄ ရက်ကစပြီး သုံးရက်ကြာ ၀မ်းနည်းခြင်းကာလ ကြေညာထားပါတယ်။

ရေဘေးကြောင့် အဝေးပြေးလမ်းလည်း ပျက်စီးနေပြီး ပြုပြင်ဖို့ ရက်အတန်ကြာအချိန်ယူရမယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။

မြို့တော်ကင်ရှာဆာ၀န်းကျင်မှာ ၂၀၁၉ ခုနှစ်ကလည်း ရေကြီးမှုနဲ့ မြေပြိုမှုတွေဖြစ်ပွားခဲ့ပြီး လူ ၃၀ ကျော်သေဆုံးခဲ့ပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ကင်ရှာဆာ

Related posts

Leave a Comment

VOM News

FREE
VIEW