ရထားတစ်စင်း မိုင်းခွဲခံရတာကြောင့် ရန်ကုန်- မော်လမြိုင်ရထားခရီးစဉ်တွေ ရပ်နားလိုက်ရ

ဒီဇင်ဘာ၊ ၁၄-၂၀၂၂
MM(VOM)

မီးရထား ဝန်ထမ်း ၄ ဦးလိုက်ပါလာတဲ့ ကုန်တင်ရထားတစ်စင်းဟာ ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း၊ သိမ်ဆိပ်နဲ့ ဒုံးဝန်းဘူတာကြားမှာ မိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် ပျက်စီးထိခိုက်မှုများရှိတဲ့အတွက် အခြား ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်တွေ ရပ်နားလိုက်ရတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၃ ရက် ညပိုင်းက မွန်ပြည်နယ်ရှိ သိမ်သိပ်နဲ့ ဒုံးဝန်းဘူတာကြားမှာ မောင်းနင်လာတဲ့ ကုန်တင်
ရထားတစ်စင်းမှာ မိုင်းခွဲခံရပြီး ရထားရဲ့၇တွဲမြောက်မှာ ရထားသံလမ်းဘီးလမ်းချော်ပျက်စီးခဲ့ပြီး လမ်းပိုင်းမှာလည်း ထိခိုက်ပျက်စီးတာတွေဖြစ်ပေါ်ခဲ့ တယ်လို့သိရပါတယ်။

လမ်းပိုင်းပျက်စီးတာ ဖြစ်ပေါ်ခဲ့တာကြောင့် မော်လမြိုင်မြို့၊ မော်လမြိုင်ဘူတာမှ ဒီဇင်ဘာ ၁၄ ရက် ည ၈ နာရီမှာ ထွက်ခွာမယ့် အမှတ် ၈၂ အစုန် မော်လမြိုင်- ရန်ကုန် လေအိတ်အမြန်ရထားခရီးစဉ်နဲ့ ဒီဇင်ဘာ ၁၄ ရက် မနက် ၆ နာရီမှာထွက်မယ့် အမှတ် ၈၉ ရထားခရီးစဉ်တွေထွက် ခွာနိုင်ခြင်းမရှိဘဲ ရပ်နားခဲ့ရတာလို့ မီးရထားတာဝန်ရှိသူတဦးက ပြောပါတယ်။

“ဒီဇင်ဘာ ၁၃ ရက်၊ ည ၇ နာရီအချိန်ခန့်က ထွက်ခွာလာ တဲ့ ကုန်တင်ရထားက မိုးကောင်းကျေးရွာနဲ့ တံတားဦး ကျေးရွာကြား၊ သိမ်ဆိပ်နဲ ဒုံးဝန်းဘူ တာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခံရတာ ၊ ရထားမိုင်းခွဲခံရလို့ ရန်ကုန် ခရီးစဉ်ကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ရတယ် ၊ မော်လမြိုင်ဘူတာမှာတင် လက်မှတ်ခငွေတွေ ပြန်ထုတ် ပေးထားပါတယ်၊ လမ်းပိုင်းတွေကိုပြုပြင်နေတယ်၊ ၁ ရက် ၂ ရက် ကြာဦးမယ်ထင်တယ် ၊တိုက်ခိုက်ခံရတဲ့ မီးရထားပေါ်မှာ မီးရထားဝန်ထမ်း ၄ ဦးလိုက်ပါလာတယ် ၄ ဦးစလုံး ထိခိုက်ဒဏ်ရာရရှိခဲ့မှု မရှိခဲ့ပါဘူး။”လို့ သူက ဆက်ပြောပါတယ်။

ရထားလမ်းပိုင်းကို ပြန်လည်ပြုပြင်နေလို့ ရထားခရီးစဉ်တွေကို ခေတ္တရပ်နားလိုက်ရတာကြောင့် ခရီးသွားလာသူတွေအနေနဲ့ အခက်အခဲတွေ ပိုမိုကြုံတွေ့နေရတယ်လို့ မော်လမြိုင်ကနေ ရန်ကုန်သွားမယ့် ခရီးသည်တဦးက ပြောပါတယ်။

”မထွက်သေးရင် ကိစ္စမရှိဘူး ၊ ထွက်မယ်ဆိုကာမှ လက်မှတ်တွေဝယ်ပြီး ခရီးစဉ်ဖျက်လိုက်ရတာ ၊ဟိုဘက်မှာ သေသေချာချာချိန်းထားတဲ့ အလုပ်တွေလည်း ပျက်ရတယ်၊ အခု ရထားကမထွက်ဖြစ်တော့ ငွေကြေးဆုံးရှုံးမှုတွေ ရှိတယ် ၊ လမ်းလမ်းပိုင်းကိုပြင်နေတယ် ၊ တနေ့ နှစ်နေ့ ကြာမယ်တဲ့ ၊ သွားရမယ့် ကိစ္စက ဒီကနေ့ရောက်မှလေ ၊ ငုတ်တုတ်ကို မေ့တာပဲ။”လို့ သူကဆက်ပြောပါတယ်။

ရန်ကုန်-မော်လမြိုင် ရထားမှာ နေ့စဉ် မနက် ၁ ကြိမ်၊ ည ၁ ကြိမ် အစုန်၊အဆန် ပြေးဆွဲနေတာဖြစ်ပြီး ရန်ကုန်ကနေ မော်လမြိုင်မြို့ကို ကားလမ်းနဲ့ သွားမယ်ဆိုရင် လမ်းမှာ ၂ နာရီထက်မနည်း အစစ်ဆေးခံနေရတာကြောင့် ခရီးသည်တွေအများစုက ရထားလမ်းပိုင်းကိုပဲ ပိုမိုအားကိုးနေကြတာလို့ သိရပါတယ်။

မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးမှုတွေကို ရဲတပ်ဖွဲ့ ၊ စစ်တပ်နဲ့ မီးရထားတာဝန်ရှိတွေကလာရောက်စစ်ဆေးခဲ့ပြီး ရထားလမ်းကိုလည်း အမြန်ဆုံး အသုံးပြု ပြေးဆွဲနိုင်ဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

Photo Credit -WLM
#voiceofmyanmar #VOM #ရထားမိုင်းခွဲခံရမှု

Related posts

Leave a Comment

VOM News

FREE
VIEW