ဒီဇင်ဘာ ၂၀-၂၀၂၂ Shy V (VOM) တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ KIA ဌာနချုပ်ရှိရာ လိုင်ဇာဘက်ကို မနေ့ ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်း ၃ နာရီကျောိခန့်က ၁ နာရီ နီးပါး လက်နက်ကြီး နဲ့ ၁၀ ကြိမ်ခန့် ပစ်ခတ်သံကြားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “လိုင်ဇာဘက် ပစ်တာ ဟုတ်တယ်။ မနေ့ညနေ ၄ နာရီ ဝန်းကျင်ခန့်က ၆ ကြိမ်လောက် ကြားလိုက်တယ်။ တခြား ဘာမှ ထိခိုက်တာမျိုးတော့ မကြားဘူး။” လို့ ဒေသခံတဦးကပြောပါတယ်။ ခါ့ယာ၊ ဖွန်းပိန်တောင်ဘက်ကနေ မနေ့ညနေ ၃ နာရီခွဲ ဝန်းကျင်ခန့်က တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ လိုင်ဇာဘက်ကို လက်နက်ကြီး ပစ်လိုက်တာကြောင့် မြို့အနီးနား ကျရောက်ပေါက်ကွဲတာတွေရှိခဲ့ပြီး ဒေသခံတွေ ထိတ်လန့်စိုးရိမ်နေကြတယ်လို့ သိရပါတယ်။ “၃…
Read MoreYear: 2022
ဧရာဝတီတိုင်းမှာ တရားလွှတ်တော်ရှေ့နေတဦးအပါအဝင် လူ ၉ ဦး ၅၀၅-ကနဲ့ ထောင်၂နှစ်စီ ချခံရ
ဒီဇင်ဘာ၊ ၂၀-၂၀၂၂ MM(VOM) ဧရာဝတီတိုင်း ၊ ဖျာပုံ အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရ တဲ့ တရားလွှတ်တော်ရှေ့နေတယောက်အပါအဝင် လူ ၉ ယောက်ကို ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချလိုက်တယ်လို့ သိရပါတယ် ။ ဘိုကလေးမြို့က တရားလွှတ်တော်ရှေ့နေ ဦးစန်းလွင် အပါအဝင် လူ ၉ ယောက်ကို ပုဒ်မ ၅၀၅ -က နဲ့ ဖျာပုံ အကျဉ်းထောင်တွင်း အထူးတရားရုံးကနေ မနေ့ ဒီဇင်ဘာ ၁၉ ရက်က ထောင်ဒဏ် ၂ နှစ်စီ ပြစ်ဒဏ်ချမှတ်ခဲ့တာလို့ သိရပါတယ်။ ထောင်ဒဏ်ချမှတ်ခံရတဲ့ တရားလွှတ်တော် ရှေ့နေအပါအဝင် ၉ ယောက်မှာ နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်တွေ စတင်ဖြစ်ပွားနောက် ၂၀၂၁ခုနှစ် အတွင်းဆန္ဒထုတ်ဖော်ပွဲတွေမှာ ပါဝင်တယ်ဆိုပြီး အဖမ်းခံခဲ့ရတာလို့ တရားရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ ”အခု ထောင်ချခံရတဲ့ တရားလွှတ်တော်ရှေ့နေ…
Read Moreရောဝတီတိုင်းမှာ စပါးရိတ်ခြွေခဈေးနှုန်း ၄ ဆနီးပါးမြင့်တက်လာလို့ တောင်သူတွေအခက်အခဲဖြစ်ပေါ်
ဒီဇင်ဘာ ၂၀-၂၀၂၂ MM(VOM) ရောဝတီတိုင်းမှာ မိုးစပါးတွေ ရိတ်သိမ်းနေတဲ့ အခု ဒီဇင်ဘာလမှာ စပါးရိတ်ခြွေခ ဈေးတွေ ၄ ဆနီးပါးလောက် မြင့်တက်လာလို့ အခက်အခဲဖြစ်ပေါ်နေတယ်လို့ ဒေသခံတောင်သူတွေဆီကနေ သိရပါတယ်။ အရင်နှစ်တွေ စပါးရိတ်သိမ်းချိန်က စပါးတစ်ဧကကို ရိတ်ခြွေခ ငွေကျပ် ၄သောင်း ဈေးသာရှိခဲ့ပြီး အခုနှစ် စပါး တစ်ဧကရိတ်ခြွေခ ငွေကျပ် တသိန်းခွဲ အထိ ဈေးတက်လာလို့ အခက်အခဲတွေဖြစ်နေတာလို့ ဧရာဝတီတိုင်း ဘိုကလေးမြို့မှ တောင်သူတယောက်ကပြောပါတယ်။ ” လယ်သမားတွေ အများစုက ရိတ်ခြွေမရှိပါဘူး ၊ငွေ များများ ရင်းပြီး အငှားလိုက်သူဆီကနေ ငှားရိတ်တာများတယ် ၊ အခုရိတ်ခြွေခဈေးက မနှစ်ကထက် ၄ ဆ နီးပါးလောက်တက်နေတယ် ၊ မနှစ်က စပါးတစ်ဧကမှ ၄ သောင်း ၊ အခု စပါးတစ်ဧက ရိတ်ခ ၁ သိန်း…
Read Moreစစ်ကိုင်းမြို့နယ်က ကြက်အစာစက်ရုံမှာ ဝန်ထမ်းတန်းလျားမီးလောင်
စစ်ကိုင်း၊ ဒီဇင်ဘာ- ၁၉- ၂၀၂၂ ND(VOM) စစ်ကိုင်းမြို့နယ်၊ တောင်ညိုအရှေ့ရွာမှာရှိတဲ့ ကြက်စာစက်ရုံတခုမှာ ဒီကနေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်က ကတ္တရာစေးကနေ မီးစတင်လောင်ကျွမ်းခဲ့တာကြောင့် စစ်ကိုင်းမြို့နယ်မီးသတ်အဖွဲ့သွားရောက်ငြှိိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီ ၁၀ မိနစ်ခန့်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ထုံးဘို အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ကနေ သိရပါတယ်။ မီလောင်မှုဖြစ်စဥ်ကြောင့် စက်ရုံမှာရှိတဲ့ ဝန်ထမ်းတန်းလျားတစ်ခုနဲ့ စက်ရုံအဆောက်အဦနှစ်လုံးတွဲတစ်ခု မီးလောင်ပြာကျခဲ့ကာ ဆုံးရှုံးမှု တန်ဘိုးကို အတည်ပြုနိုင်ဖို့ VOM သတင်းဌာနက စစ်ကိုင်းမြို့နယ်မီးသတ်ဦးစီးဌာနနဲ့ ဆက်သွယ်ဖို့ ကြိုစားနေဆဲဖြစ်ပါတယ်။ #VOM #voiceofmyanmar #မီးလောင် #စစ်ကိုင်း #တောင်ညို
Read More၂၀၂၆ ခုနှစ်ကမ္ဘာ့ဖလားမှာ ပြိုင်ပွဲ၀င်အသင်း ၃၂ သင်းကနေ ၄၈ သင်းထိ တိုးမြှင့်မယ်လို့ ဖီဖာထုတ်ပြန်
ဇူးရစ်၊ ဒီဇင်ဘာ-၁၉-၂၀၂၂ မျိုးဆက်(VOM) ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမျိုးသားဘောလုံးအသင်းကို ၃၂ သင်းကနေ ၄၈ သင်းထိ တိုးမြှင့်သွားမယ်လို့ ဖီဖာက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အမေရိကန်၊ မက္ကဆီကိုနဲပ ကနေဒါတို့ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အခုလိုက် အသင်းအရေအတွက် တိုးမြှင့်လိုက်တာကြောင့် အာရှဒေသက ကိုးသင်းထိ ပါ၀င်လာမှာဖြစ်ပါတယ်။ ယခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အိမ်ရှင်ဖြစ်တဲ့ ကာတာအပြင် အာရှဒေသက ဂျပန်၊ အီရန်၊ ဆော်ဒီအာရေဗျ၊ သြစတြေးလျနဲ့ တောင်ကိုရီးယားတို့ ပါ၀င်ယှဉ်ပြိုင်ခဲ့ပါတယ်။ အာရှဒေသရဲ့ ပြိုင်ပွဲ၀င်အသင်း လေးနေရာတိုးလာတာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲ၀င်ခွင့်အတွက် အာရှအသင်းတွေအနေနဲ့ အခွင့်အရေးပိုမိုရရှိလာမှာဖြစ်ပါတယ်။ ဂျပန်ဟာ ဖီဖာရဲ့အဆင့်သတ်မှတ်ချက် အဆင့် ၂၄ ရှိပြီး အဆင့် ၂၀ မှာရှိတဲ့ အီရန်ပြီးရင် ဒုတိယနေရာမှာရပ်တည်နေပါတယ်။ Ref:NHK #voiceofmyanmar #VOM #ဇူးရစ်
Read Moreယခုဆောင်းရာသီအတွင်း တရုတ်မှာ ကိုဗစ်ကူးစက်မှုလှိုင်း သုံးကြိမ်ကြုံတွေ့ရနိုင်ကြောင်း သတိပေး
ပေကျင်း၊ ဒီဇင်ဘာ-၁၉-၂၀၂၂ မျိုးဆက်(VOM) ယခုနှစ်ဆောင်းရာသီအတွင်း တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလှိုင်း သုံးကြိမ်ကြုံတွေ့ရနိုင်ပြီး လက်ရှိမှာတော့ ပထမလှိုင်းနဲ့ ကြုံတွေ့နေရတယ်လို့ ယူဆရကြောင်း တရုတ်ထိပ်တန်းကျန်းမာရေး တာ၀န်ရှိသူတဦးက ဒီဇင်ဘာ ၁၈ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ နိုင်ငံတွင်းမှာ တင်းကြပ်တဲ့ကန့်သတ်ချက်တွေကို ယခုလအစောပိုင်းက ရုပ်သိမ်းလိုက်ပြီးနောက်မှာ ကိုဗစ်ကူးစက်မှုတွေ မြင့်တက်လာနေပါတယ်။ နောက်ဆုံးထုတ်ပြန်တဲ့ အချက်အလက်တွေမှာတော့ နေ့စဉ်ကူးစက်မှု နည်းပါးနေတာကို တွေ့ရပါတယ်။ ဒါပေမယ့် ကိုဗစ်-၁၉ ရောဂါစမ်းသပ်စစ်ဆေးမှုတွေကို မကြာသေးမီက လျှော့ချလိုက်တဲ့အတွက် ကူးစက်မှုအရေအတွက် ကျဆင်းတယ်လို့ ယူဆရတဲ့ အပေါ် စိုးရိမ်ပူပန်မှုတွေလည်း ရှိနေပါတယ်။ ဒီဇင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်တဲ့ အချက်အလက်တွေမှာတော့ နေ့စဉ်ကူးစက်မှု ၂၀၉၇ ဦးသာရှိတယ်လို့ ဖော်ပြထားပါတယ်။ လက်ရှိကူးစက်မှုလှိုင်းဟာ ဇန်နဝါရီလလယ်ထိ ဖြစ်နိုင်ကြောင်း၊ ဒုတိယလှိုင်းဟာ ဇန်နဝါရီ ၂၁ ရက်မှာ စတင်မယ့် နှစ်သစ်ကူးကာလမှာ အစုလိုက်အပြုံလိုက်…
Read Moreလမ်းမတော် ဧရာဝတီဘဏ် ဓါးပြတိုက်ခံရ
ဒီဇင်ဘာ ၁၉ – ၂၀၂၂ SN (VOM) ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ညောင်ပင်လေးဈေးအနီးက ဧရာဝတီဘဏ်ခွဲတခု ဒီနေ့ ဒီဇင်ဘာ ၁၉ ရက် မနက် ၁၀ နာရီခွဲဝန်းကျင်ခန့်က ဓါးပြတိုက်ခံရတယ်လို့ သိရပါတယ်။ ဧရာဝတီဘဏ်ခွဲ ဓါးပြတိုက်ခံရမှုမှာ ငွေကျပ် မည်မျှခန့် ပါသွားတယ်ဆိုသည်ကို မသိရသေးဘဲ လမ်းပိတ်ဆို့ စစ်ဆေးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ “မနက် ၁၀ နာရီခွဲလောက်က ဖြစ်သွားတာပါ။ စစ်သားတွေရောက်လာပြီး လမ်းမတော်လမ်းကို မဟာဗန္ဓုလကနေ ကမ်းနားအထိ လမ်းပိတ်ထားပြီး စစ်ဆေးတာတွေရှိတယ်။ ဓားပြက အမျိုးသားတဦးတည်းလို့လည်း သိရတယ်။ ညောင်ပင်လေးစျေးတဝိုက်ဆိုတာ ရန်ကုန်မြို့က လူစည်ကားတဲ့ နေရာတွေထဲကတခုလေ။ ဒီလိုနေရာမျိုးမှာမှ အခုလို တယောက်တည်း ဓားပြတိုက်တာက အတော်ကိုသတ္တိကောင်းတယ် ပြောရမယ်။ လုံခြုံရေးအခြေအနေလည်း ဘယ်လိုမှ မကောင်းတော့တဲ့ အနေအထားပါ”လို့ လမ်းမတော်မြို့နယ်နေ ပြည်သူတဦးက ပြောပါတယ်။ ပြီးခဲ့တဲ့…
Read Moreအမှုထမ်း ၁၀၀ ကျော်လိုက်ပါသွားတဲ့ ထိုင်းရေတပ်စစ်သင်္ဘော နစ်မြုပ်မှု ၂၈ ဦးပျောက်ဆုံးနေ
ဘန်ကောက်၊ ဒီဇင်ဘာ-၁၉-၂၀၂၂ မျိုးဆက်(VOM) ထိုင်းရေတပ်မှ စစ်သင်္ဘောတစ်စင်းဟာ ထိုင်းပင်လယ်ကွေ့မှာ မုန်တိုင်းမိပြီး နစ်မြုပ်သွားခဲ့ပြီးနောက် သင်္ဘောအမှုထမ်း ၁၀၀ ကျော်အနက် ၂၈ ဦးပျောက်ဆုံးနေကြောင်း တာ၀န်ရှိသူတွေက ဒီဇင်ဘာ ၁၉ ရက်မှာ ပြောပါတယ်။ အိတ်ခ်ျတီအမ်အေအက်စ် ဆူခိုတိုင်သင်္ဘော နစ်မြုပ်မှုမှာ သင်္ဘောအမှုထမ်းတွေ အသေအပျောက်မရှိပေမယ့် သုံးဦးမှာ စိုးရိမ်ဖွယ်အခြေအနေရှိကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ မုန်တိုင်းကြောင့် သင်္ဘောကို ရေလွှမ်းခဲ့ပြီး ဓါတ်အားပေးအခန်းမှာ ရှော့ခ်ဖြစ်ပြီးနောက် သင်္ဘောကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပေမယ့် ဒေသစံတော်ချိန် ည ၁၁ နာရီ မိနစ် ၃၀ မှာ သင်္ဘောနစ်မြုပ်သွားခဲ့တာဖြစ်ပါတယ်။ အဲဒီစစ်သင်္ဘောဟာ မုန်တိုင်းဒဏ်ကြောင့် နစ်မြုပ်သွားချိန်မှည ပရာချော့ခီရီခန်းပြည်နယ် ဘန်ဆာဖန်ခရိုင်မှ မိုင် ၂၀ အကွာရေပြင်မှာ ကင်းလှည့်နေတာဖြစ်ပါတယ်။ သင်္ဘောနစ်မြုပ်ရာနေရာကို ထိုင်းရေတပ်သင်္ဘောသုံးစင်းနဲ့ ရဟတ်ယာဉ်တွေစေလွှတ်ခဲ့ပြီး သင်္ဘောအမှုထမ်း ၁၀၆ ဦးအနက် ၇၈ ဦးကို…
Read Moreပခုက္ကူမြို့မှာ ယာဥ်စစ်ဆေးရေးအဖွဲ့ဝင် ၃ ဦး ပစ်သတ်ခံရ ၊ ၁ ဦး ဒဏ်ရာရ
ဒီဇင်ဘာ ၊ ၁၉ ၊ ၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပခုက္ကူမြို့ ၊ ချောက်ကန်ကျေးရွာနဲ့ တက္ကသိုလ်အကြား ကားလမ်းမှာ မနေ့ ဒီဇင်ဘာ ၁၈ ရက် နေ့လယ်ပိုင်းက ယာဥ်စစ်ဆေးရေး တပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံရတယ်လို့ ပခုက္ကူမြို့ခံတွေဆီက သိရပါတယ်။ ” ပခုက္ကူ – မြိုင် ကားလမ်း ၊ ချောက်ကန်ရွာနဲ့ ပခုက္ကူတက္ကသိုလ်ကြား စက်သုံးဆီ အရောင်ဆိုင်နားမှာ နေ့ခင်း ၁ နာရီဝန်းကျင်က ဖြစ်တာပါ ၊ အဲ့ဒီ ပစ်ခတ်ခံရမှုကြောင့် တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၊ ၁ ဦးပြင်းထန် ဒဏ်ရာရတယ် ၊ သူတို့ သေနတ်တွေနဲ့ အသုံးအဆောင်ပစ္စည်းတွေ ပါသွားတယ်”လို့ ဒေသခံ တယောက်က ပြောပါတယ်။ အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ်နဲ့…
Read Moreပခုက္ကူခရိုင်ထဲမှာ လူ၂၀၀ ကျော် ဖမ်းခံရ၊ အသတ်ခံရတဲ့ကိစ္စကြောင့် လူငယ်တွေ ရေကြည်ရာမြက်နုရာ ရှာဖွေနေ
ဒီဇင်ဘာ ၁၉ ၊ ၂၀၂၂ SP ( VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင်မှာရှိတဲ့ မြို့နယ် ၄ ခုမှာ အခုရက်ပိုင်းအတွင်း ခရိုင်လုံခြုံရေး အဖွဲ့က ဖမ်းဆီး စစ်ဆေးတာတွေ များလာတာကြောင့် လူငယ်အများစုဟာ နေရပ်စွန့်ခွာပြီး ရွှေတူးဖော်ရေးလုပ်ငန်းတွေနဲ့ ကျောက်မျက်တူးဖော်ရေး လုပ်ငန်းတွေရှိရာ အရပ်ကို သွားရောက်လုပ်ကိုင်သူ များလာတယ်လို့ ခရီးသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ” မနေ့က ရေစကြိုမြို့နယ် စစ်ဆေးရေးဂိတ်မှာ လူငယ် ၃ ဦး အဖမ်းခံရတယ် ၊ အဖမ်းခံရတဲ့ သူတွေကတော့ ကိုအောင်ဇော် ၊ ကိုကျော်ဇင်ထက် နဲ့ ကိုမင်းမင်းသန့်ဆိုသူတွေဖြစ်တယ် ၊ ဒါ့အပြင် ၂၀၂၀ ရွေးကောက်ပွဲ အကြိုကာလက မြိုင်မြို့နယ် ၊ ကန်နီကျေးရွာက နေအိမ်ဖျက်ဆီးခံရတဲ့ ကိုမြင့်နိုင် ဆိုသူလည်း အဖမ်းခံရတယ် ၊ ၁၆…
Read More