လမ်းမတော် ဧရာဝတီဘဏ် ဓါးပြတိုက်ခံရ

ဒီဇင်ဘာ ၁၉ – ၂၀၂၂
SN (VOM)

ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ညောင်ပင်လေးဈေးအနီးက ဧရာဝတီဘဏ်ခွဲတခု ဒီနေ့ ဒီဇင်ဘာ ၁၉ ရက် မနက် ၁၀ နာရီခွဲဝန်းကျင်ခန့်က ဓါးပြတိုက်ခံရတယ်လို့ သိရပါတယ်။

ဧရာဝတီဘဏ်ခွဲ ဓါးပြတိုက်ခံရမှုမှာ ငွေကျပ် မည်မျှခန့် ပါသွားတယ်ဆိုသည်ကို မသိရသေးဘဲ လမ်းပိတ်ဆို့ စစ်ဆေးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

“မနက် ၁၀ နာရီခွဲလောက်က ဖြစ်သွားတာပါ။ စစ်သားတွေရောက်လာပြီး လမ်းမတော်လမ်းကို မဟာဗန္ဓုလကနေ ကမ်းနားအထိ လမ်းပိတ်ထားပြီး စစ်ဆေးတာတွေရှိတယ်။ ဓားပြက အမျိုးသားတဦးတည်းလို့လည်း သိရတယ်။ ညောင်ပင်လေးစျေးတဝိုက်ဆိုတာ ရန်ကုန်မြို့က လူစည်ကားတဲ့ နေရာတွေထဲကတခုလေ။ ဒီလိုနေရာမျိုးမှာမှ အခုလို တယောက်တည်း ဓားပြတိုက်တာက အတော်ကိုသတ္တိကောင်းတယ် ပြောရမယ်။ လုံခြုံရေးအခြေအနေလည်း ဘယ်လိုမှ မကောင်းတော့တဲ့ အနေအထားပါ”လို့ လမ်းမတော်မြို့နယ်နေ ပြည်သူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်းမှ စတင်ကာ ပြည်တွင်းမှာ ဘဏ်ဓားပြတိုက်ခံရတဲ့ ဖြစ်ရပ်တွေ ဖြစ်ပွားမှုများလာသလို အခု ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂ ရက်ကလည်း ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ အင်းလျားကန်ဘောင်ရှေ့ ပြည်လမ်းမပေါ်က ဧရာဝတီဘဏ်ခွဲမှာ ဓားပြတိုက်မှုဖြစ်စဉ်တစ်ခု ရှိခဲ့တယ်လို့ သိရပါတယ်။

အခု ဖြစ်စဉ်နဲ့,ပတ်သက်လို့ အသေးစိတ် အခြေအနေကိုတော့ သက်ဆိုင်ရာ ဘဏ်အသိုင်းအဝိုင်းက ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

Photo Crd – Original Uploader
#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW