၂၀၂၆ ခုနှစ်ကမ္ဘာ့ဖလားမှာ ပြိုင်ပွဲ၀င်အသင်း ၃၂ သင်းကနေ ၄၈ သင်းထိ တိုးမြှင့်မယ်လို့ ဖီဖာထုတ်ပြန်

ဇူးရစ်၊ ဒီဇင်ဘာ-၁၉-၂၀၂၂ မျိုးဆက်(VOM) ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမျိုးသားဘောလုံးအသင်းကို ၃၂ သင်းကနေ ၄၈ သင်းထိ တိုးမြှင့်သွားမယ်လို့ ဖီဖာက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အမေရိကန်၊ မက္ကဆီကိုနဲပ ကနေဒါတို့ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အခုလိုက် အသင်းအရေအတွက် တိုးမြှင့်လိုက်တာကြောင့် အာရှဒေသက ကိုးသင်းထိ ပါ၀င်လာမှာဖြစ်ပါတယ်။ ယခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အိမ်ရှင်ဖြစ်တဲ့ ကာတာအပြင် အာရှဒေသက ဂျပန်၊ အီရန်၊ ဆော်ဒီအာရေဗျ၊ သြစတြေးလျနဲ့ တောင်ကိုရီးယားတို့ ပါ၀င်ယှဉ်ပြိုင်ခဲ့ပါတယ်။ အာရှဒေသရဲ့ ပြိုင်ပွဲ၀င်အသင်း လေးနေရာတိုးလာတာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲ၀င်ခွင့်အတွက် အာရှအသင်းတွေအနေနဲ့ အခွင့်အရေးပိုမိုရရှိလာမှာဖြစ်ပါတယ်။ ဂျပန်ဟာ ဖီဖာရဲ့အဆင့်သတ်မှတ်ချက် အဆင့် ၂၄ ရှိပြီး အဆင့် ၂၀ မှာရှိတဲ့ အီရန်ပြီးရင် ဒုတိယနေရာမှာရပ်တည်နေပါတယ်။ Ref:NHK #voiceofmyanmar #VOM #ဇူးရစ်

Read More

ယခုဆောင်းရာသီအတွင်း တရုတ်မှာ ကိုဗစ်ကူးစက်မှုလှိုင်း သုံးကြိမ်ကြုံတွေ့ရနိုင်ကြောင်း သတိပေး

ပေကျင်း၊ ဒီဇင်ဘာ-၁၉-၂၀၂၂ မျိုးဆက်(VOM) ယခုနှစ်ဆောင်းရာသီအတွင်း တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလှိုင်း သုံးကြိမ်ကြုံတွေ့ရနိုင်ပြီး လက်ရှိမှာတော့ ပထမလှိုင်းနဲ့ ကြုံတွေ့နေရတယ်လို့ ယူဆရကြောင်း တရုတ်ထိပ်တန်းကျန်းမာရေး တာ၀န်ရှိသူတဦးက ဒီဇင်ဘာ ၁၈ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ နိုင်ငံတွင်းမှာ တင်းကြပ်တဲ့ကန့်သတ်ချက်တွေကို ယခုလအစောပိုင်းက ရုပ်သိမ်းလိုက်ပြီးနောက်မှာ ကိုဗစ်ကူးစက်မှုတွေ မြင့်တက်လာနေပါတယ်။ နောက်ဆုံးထုတ်ပြန်တဲ့ အချက်အလက်တွေမှာတော့ နေ့စဉ်ကူးစက်မှု နည်းပါးနေတာကို တွေ့ရပါတယ်။ ဒါပေမယ့် ကိုဗစ်-၁၉ ရောဂါစမ်းသပ်စစ်ဆေးမှုတွေကို မကြာသေးမီက လျှော့ချလိုက်တဲ့အတွက် ကူးစက်မှုအရေအတွက် ကျဆင်းတယ်လို့ ယူဆရတဲ့ အပေါ် စိုးရိမ်ပူပန်မှုတွေလည်း ရှိနေပါတယ်။ ဒီဇင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်တဲ့ အချက်အလက်တွေမှာတော့ နေ့စဉ်ကူးစက်မှု ၂၀၉၇ ဦးသာရှိတယ်လို့ ဖော်ပြထားပါတယ်။ လက်ရှိကူးစက်မှုလှိုင်းဟာ ဇန်နဝါရီလလယ်ထိ ဖြစ်နိုင်ကြောင်း၊ ဒုတိယလှိုင်းဟာ ဇန်နဝါရီ ၂၁ ရက်မှာ စတင်မယ့် နှစ်သစ်ကူးကာလမှာ အစုလိုက်အပြုံလိုက်…

Read More

လမ်းမတော် ဧရာဝတီဘဏ် ဓါးပြတိုက်ခံရ

ဒီဇင်ဘာ ၁၉ – ၂၀၂၂ SN (VOM) ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ညောင်ပင်လေးဈေးအနီးက ဧရာဝတီဘဏ်ခွဲတခု ဒီနေ့ ဒီဇင်ဘာ ၁၉ ရက် မနက် ၁၀ နာရီခွဲဝန်းကျင်ခန့်က ဓါးပြတိုက်ခံရတယ်လို့ သိရပါတယ်။ ဧရာဝတီဘဏ်ခွဲ ဓါးပြတိုက်ခံရမှုမှာ ငွေကျပ် မည်မျှခန့် ပါသွားတယ်ဆိုသည်ကို မသိရသေးဘဲ လမ်းပိတ်ဆို့ စစ်ဆေးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ “မနက် ၁၀ နာရီခွဲလောက်က ဖြစ်သွားတာပါ။ စစ်သားတွေရောက်လာပြီး လမ်းမတော်လမ်းကို မဟာဗန္ဓုလကနေ ကမ်းနားအထိ လမ်းပိတ်ထားပြီး စစ်ဆေးတာတွေရှိတယ်။ ဓားပြက အမျိုးသားတဦးတည်းလို့လည်း သိရတယ်။ ညောင်ပင်လေးစျေးတဝိုက်ဆိုတာ ရန်ကုန်မြို့က လူစည်ကားတဲ့ နေရာတွေထဲကတခုလေ။ ဒီလိုနေရာမျိုးမှာမှ အခုလို တယောက်တည်း ဓားပြတိုက်တာက အတော်ကိုသတ္တိကောင်းတယ် ပြောရမယ်။ လုံခြုံရေးအခြေအနေလည်း ဘယ်လိုမှ မကောင်းတော့တဲ့ အနေအထားပါ”လို့ လမ်းမတော်မြို့နယ်နေ ပြည်သူတဦးက ပြောပါတယ်။ ပြီးခဲ့တဲ့…

Read More

အမှုထမ်း ၁၀၀ ကျော်လိုက်ပါသွားတဲ့ ထိုင်းရေတပ်စစ်သင်္ဘော နစ်မြုပ်မှု ၂၈ ဦးပျောက်ဆုံးနေ

ဘန်ကောက်၊ ဒီဇင်ဘာ-၁၉-၂၀၂၂ မျိုးဆက်(VOM) ထိုင်းရေတပ်မှ စစ်သင်္ဘောတစ်စင်းဟာ ထိုင်းပင်လယ်ကွေ့မှာ မုန်တိုင်းမိပြီး နစ်မြုပ်သွားခဲ့ပြီးနောက် သင်္ဘောအမှုထမ်း ၁၀၀ ကျော်အနက် ၂၈ ဦးပျောက်ဆုံးနေကြောင်း တာ၀န်ရှိသူတွေက ဒီဇင်ဘာ ၁၉ ရက်မှာ ပြောပါတယ်။ အိတ်ခ်ျတီအမ်အေအက်စ် ဆူခိုတိုင်သင်္ဘော နစ်မြုပ်မှုမှာ သင်္ဘောအမှုထမ်းတွေ အသေအပျောက်မရှိပေမယ့် သုံးဦးမှာ စိုးရိမ်ဖွယ်အခြေအနေရှိကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ မုန်တိုင်းကြောင့် သင်္ဘောကို ရေလွှမ်းခဲ့ပြီး ဓါတ်အားပေးအခန်းမှာ ရှော့ခ်ဖြစ်ပြီးနောက် သင်္ဘောကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပေမယ့် ဒေသစံတော်ချိန် ည ၁၁ နာရီ မိနစ် ၃၀ မှာ သင်္ဘောနစ်မြုပ်သွားခဲ့တာဖြစ်ပါတယ်။ အဲဒီစစ်သင်္ဘောဟာ မုန်တိုင်းဒဏ်ကြောင့် နစ်မြုပ်သွားချိန်မှည ပရာချော့ခီရီခန်းပြည်နယ် ဘန်ဆာဖန်ခရိုင်မှ မိုင် ၂၀ အကွာရေပြင်မှာ ကင်းလှည့်နေတာဖြစ်ပါတယ်။ သင်္ဘောနစ်မြုပ်ရာနေရာကို ထိုင်းရေတပ်သင်္ဘောသုံးစင်းနဲ့ ရဟတ်ယာဉ်တွေစေလွှတ်ခဲ့ပြီး သင်္ဘောအမှုထမ်း ၁၀၆ ဦးအနက် ၇၈ ဦးကို…

Read More

ပခုက္ကူမြို့မှာ ယာဥ်စစ်ဆေးရေးအဖွဲ့ဝင် ၃ ဦး ပစ်သတ်ခံရ ၊ ၁ ဦး ဒဏ်ရာရ

ဒီဇင်ဘာ ၊ ၁၉ ၊ ၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပခုက္ကူမြို့ ၊ ချောက်ကန်ကျေးရွာနဲ့ တက္ကသိုလ်အကြား ကားလမ်းမှာ မနေ့ ဒီဇင်ဘာ ၁၈ ရက် နေ့လယ်ပိုင်းက ယာဥ်စစ်ဆေးရေး တပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံရတယ်လို့ ပခုက္ကူမြို့ခံတွေဆီက သိရပါတယ်။ ” ပခုက္ကူ – မြိုင် ကားလမ်း ၊ ချောက်ကန်ရွာနဲ့ ပခုက္ကူတက္ကသိုလ်ကြား စက်သုံးဆီ အရောင်ဆိုင်နားမှာ နေ့ခင်း ၁ နာရီဝန်းကျင်က ဖြစ်တာပါ ၊ အဲ့ဒီ ပစ်ခတ်ခံရမှုကြောင့် တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၊ ၁ ဦးပြင်းထန် ဒဏ်ရာရတယ် ၊ သူတို့ သေနတ်တွေနဲ့ အသုံးအဆောင်ပစ္စည်းတွေ ပါသွားတယ်”လို့ ဒေသခံ တယောက်က ပြောပါတယ်။ အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ်နဲ့…

Read More

ပခုက္ကူခရိုင်ထဲမှာ လူ၂၀၀ ကျော် ဖမ်းခံရ၊ အသတ်ခံရတဲ့ကိစ္စကြောင့် လူငယ်တွေ ရေကြည်ရာမြက်နုရာ ရှာဖွေနေ

ဒီဇင်ဘာ ၁၉ ၊ ၂၀၂၂ SP ( VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင်မှာရှိတဲ့ မြို့နယ် ၄ ခုမှာ အခုရက်ပိုင်းအတွင်း ခရိုင်လုံခြုံရေး အဖွဲ့က ဖမ်းဆီး စစ်ဆေးတာတွေ များလာတာကြောင့် လူငယ်အများစုဟာ နေရပ်စွန့်ခွာပြီး ရွှေတူးဖော်ရေးလုပ်ငန်းတွေနဲ့ ကျောက်မျက်တူးဖော်ရေး လုပ်ငန်းတွေရှိရာ အရပ်ကို သွားရောက်လုပ်ကိုင်သူ များလာတယ်လို့ ခရီးသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ” မနေ့က ရေစကြိုမြို့နယ် စစ်ဆေးရေးဂိတ်မှာ လူငယ် ၃ ဦး အဖမ်းခံရတယ် ၊ အဖမ်းခံရတဲ့ သူတွေကတော့ ကိုအောင်ဇော် ၊ ကိုကျော်ဇင်ထက် နဲ့ ကိုမင်းမင်းသန့်ဆိုသူတွေဖြစ်တယ် ၊ ဒါ့အပြင် ၂၀၂၀ ရွေးကောက်ပွဲ အကြိုကာလက မြိုင်မြို့နယ် ၊ ကန်နီကျေးရွာက နေအိမ်ဖျက်ဆီးခံရတဲ့ ကိုမြင့်နိုင် ဆိုသူလည်း အဖမ်းခံရတယ် ၊ ၁၆…

Read More

တရုတ်ဘက် တင်ပို့တဲ့ ဖရဲ ရောင်းလိုအားများပြီး ဝယ်လိုအားနည်းနေတာကြောင့် ဈေးကျ

ဒီဇင်ဘာ ၁၉၊ ၂၀၂၂ Shy V (VOM) မြန်မာနိုင်ငံရဲ့ အရှေ့မြောက် စီးပွားရေး တံခါးပေါက်ဖြစ်တဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ ကျင်စန်းကျော့ – ဝမ်တိန် ကနေ တရုတ်ဘက် တင်ပို့‌နေတဲ့ မြန်မာ့ ဖရဲ၊ သခွား ရောင်းလိုအားများပြီး ဝယ်လိုအားနည်းနေတာကြောင့် ဒီရက်ပိုင်းအတွင်း ဈေးကျ နေကြောင်း နယ်စပ်ကုန်သည်တွေဆီက သိရပါတယ်။ “အသီးတွေ အရမ်းများပြီးတော့ ဝယ်တဲ့လူက နည်းနေတာ။ ဒါ့ကြောင့်မို့လို့ ဈေးကျတာ၊ အခုလ ဒီဇင်ဘာ ၁၁ ရက်နေ့က မူဆယ်နဲ့ ထိစပ်နေတဲ့ ဝမ်တိန်၊ ရွှေလီ၊ ကျယ်ဂေါင်တွေကို တရုတ်ဘက်က ကိုဗစ် သတ်မှတ်ချက် ဖြေလျှော့လိုက်ပြီးနောက် သစ်သီး တင်ပို့မှု အဆင်ပြေလာပြီး 1 Kg ဈေးနှုန်း ရွှေသခွား ၃ ယွမ် နဲ့ ၄.၂…

Read More

အယ်လ်ဖင်စတုန်းရှေ့၊ ကြေးနန်းရုံ၊ ယောမင်းကြီးဝင်း၊ ဓမ္မဗိမာန်နှင့် ကြေးမုံပြင်

ဆူးငှက် မကြာမီ လမ်း၈၀သည် ၂၆ဘီလမ်းကို စွန့်စွန့်စားစားဖြတ်ကူးရတော့သည်။ ထိုနေရာသည် တောင်ကျုံးထောင့်ဟုခေါ်သလို ၁၉၃၉ ခုနှစ်ကာလက အပိတ်အဆို့ အတားအဆီးနေရာအဖြစ် ၃၀၃ ရိုင်ဖယ်သေနတ်ကိုင် ဒိုင်းကာနှင့် ဂေါ်ရာစစ်သားများ တန်းစီ နေရာယူခဲ့သည့်နေရာဖြစ်သည်။ မျက်နှာချင်းဆိုင်မှာ အလံတလူလူနှင့် ၄ယောက်တစ်တွဲ တန်းစီလာသည့် ရဟန်းရှင်လူများ။ မကြာခင် ဂေါ်ရာတပ်ဆီက သေနတ်သံတွေ ထွက်လာသည်။ မျက်နှာချင်းဆိုင်မှာ ရင်ပတ်ဖိကာ လမ်းပေါ် လဲကျနေသူများ။ သို့သော် အယ်လ်ဖင်စတုန်းရုပ်ရှင်ရုံပေါက်မှာ လဲကျသည့် ရဟန်းတော်တစ်ပါးလက်က အလံကား မလဲ။ တလူလူလွင့်ဆဲ။ မွန်းတိမ်းကာ ညနေစောင်းလုတော့ ထိုနေရာတွင် Riot ဟု မြေဖြူဖြင့် ကျောက်လမ်းပေါ်ရေးထားကာ သံဆူးကြိုးများဖြင့် ပိတ်ဆို့ထားလိုက်သည်။ အနောက်ဘက် တစ်ပြစီ တစ်ပြစီမှာလည်း Riot အမှတ်အသားနှင့် သံဆူးကြိုးများက နာရီစင်တိုင်တော့၏။ လမ်း၈၀နှင့် ၂၆ဘီလမ်းထောင့်မှာ ကြေးနန်းရုံးရှိသည်။ ယခင်က တစ်ထပ်ကြးနန်းရုံးကလေး။ လမ်း ၈၀ဘက်မှာ…

Read More
VOM News

FREE
VIEW