၂၀၂၆ ခုနှစ်ကမ္ဘာ့ဖလားမှာ ပြိုင်ပွဲ၀င်အသင်း ၃၂ သင်းကနေ ၄၈ သင်းထိ တိုးမြှင့်မယ်လို့ ဖီဖာထုတ်ပြန်

ဇူးရစ်၊ ဒီဇင်ဘာ-၁၉-၂၀၂၂
မျိုးဆက်(VOM)

၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမျိုးသားဘောလုံးအသင်းကို ၃၂ သင်းကနေ ၄၈ သင်းထိ တိုးမြှင့်သွားမယ်လို့ ဖီဖာက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အမေရိကန်၊ မက္ကဆီကိုနဲပ ကနေဒါတို့ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အခုလိုက် အသင်းအရေအတွက် တိုးမြှင့်လိုက်တာကြောင့် အာရှဒေသက ကိုးသင်းထိ ပါ၀င်လာမှာဖြစ်ပါတယ်။

ယခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အိမ်ရှင်ဖြစ်တဲ့ ကာတာအပြင် အာရှဒေသက ဂျပန်၊ အီရန်၊ ဆော်ဒီအာရေဗျ၊ သြစတြေးလျနဲ့ တောင်ကိုရီးယားတို့ ပါ၀င်ယှဉ်ပြိုင်ခဲ့ပါတယ်။

အာရှဒေသရဲ့ ပြိုင်ပွဲ၀င်အသင်း လေးနေရာတိုးလာတာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲ၀င်ခွင့်အတွက် အာရှအသင်းတွေအနေနဲ့ အခွင့်အရေးပိုမိုရရှိလာမှာဖြစ်ပါတယ်။

ဂျပန်ဟာ ဖီဖာရဲ့အဆင့်သတ်မှတ်ချက် အဆင့် ၂၄ ရှိပြီး အဆင့် ၂၀ မှာရှိတဲ့ အီရန်ပြီးရင် ဒုတိယနေရာမှာရပ်တည်နေပါတယ်။

Ref:NHK
#voiceofmyanmar #VOM #ဇူးရစ်

Related posts

VOM News

FREE
VIEW