အမှုထမ်း ၁၀၀ ကျော်လိုက်ပါသွားတဲ့ ထိုင်းရေတပ်စစ်သင်္ဘော နစ်မြုပ်မှု ၂၈ ဦးပျောက်ဆုံးနေ

ဘန်ကောက်၊ ဒီဇင်ဘာ-၁၉-၂၀၂၂
မျိုးဆက်(VOM)

ထိုင်းရေတပ်မှ စစ်သင်္ဘောတစ်စင်းဟာ ထိုင်းပင်လယ်ကွေ့မှာ မုန်တိုင်းမိပြီး နစ်မြုပ်သွားခဲ့ပြီးနောက် သင်္ဘောအမှုထမ်း ၁၀၀ ကျော်အနက် ၂၈ ဦးပျောက်ဆုံးနေကြောင်း တာ၀န်ရှိသူတွေက ဒီဇင်ဘာ ၁၉ ရက်မှာ ပြောပါတယ်။

အိတ်ခ်ျတီအမ်အေအက်စ် ဆူခိုတိုင်သင်္ဘော နစ်မြုပ်မှုမှာ သင်္ဘောအမှုထမ်းတွေ အသေအပျောက်မရှိပေမယ့် သုံးဦးမှာ စိုးရိမ်ဖွယ်အခြေအနေရှိကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

မုန်တိုင်းကြောင့် သင်္ဘောကို ရေလွှမ်းခဲ့ပြီး ဓါတ်အားပေးအခန်းမှာ ရှော့ခ်ဖြစ်ပြီးနောက် သင်္ဘောကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပေမယ့် ဒေသစံတော်ချိန် ည ၁၁ နာရီ မိနစ် ၃၀ မှာ သင်္ဘောနစ်မြုပ်သွားခဲ့တာဖြစ်ပါတယ်။

အဲဒီစစ်သင်္ဘောဟာ မုန်တိုင်းဒဏ်ကြောင့် နစ်မြုပ်သွားချိန်မှည ပရာချော့ခီရီခန်းပြည်နယ် ဘန်ဆာဖန်ခရိုင်မှ မိုင် ၂၀ အကွာရေပြင်မှာ ကင်းလှည့်နေတာဖြစ်ပါတယ်။

သင်္ဘောနစ်မြုပ်ရာနေရာကို ထိုင်းရေတပ်သင်္ဘောသုံးစင်းနဲ့ ရဟတ်ယာဉ်တွေစေလွှတ်ခဲ့ပြီး သင်္ဘောအမှုထမ်း ၁၀၆ ဦးအနက် ၇၈ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။

Ref: BBC
Photo:Royal Thai Navy
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW