ဒီဇင်ဘာ ၈-၂၀၂၂ GG (VOM) နစက လက်ထက်မှာ ခန့်အပ်ခဲ့တဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးလှစိုး၊ စီးပွားရေးဝန်ကြီးဟောင်း ဦးအောင်သန်းဦး နဲ့ တိုင်းအစိုးရအတွင်းရေးမှူးဟောင်း ဦးစိုးစိုးဇော်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေအတွက် ဒီနေ့ ဒီဇင်ဘာ ၈ ရက်မှာ နှစ်ရှည်ထောင်ဒဏ်အသီးသီးအမိန့်ချမှတ်လိုက်တယ်လို့ သိရပါတယ်။ ” ဦးလှစိုးကိုထောင် ၁၅ နှစ် ၊ ဦးအောင်သန်းဦးက ထောင် ၂၀ နှစ်၊ ဦးစိုးစိုးဇော်က ထောင် ၆ နှစ် ချလိုက်တာပါ ” လို့ တိုင်းအစိုးရအဖွဲ့ နဲ့နီးစပ်တဲ့ ရှေ့နေတဦးကပြောပါတယ်။ ဦးလှစိုးကို ဝန်ကြီးချုပ်တာဝန်ကနေ ရပ်စဲလိုက်ကြောင်းကိုတော့ ဇန်နဝါရီ ၃၁ရက်စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲ့ဒီနောက် ရန်ကုန်ဝန်ကြီးချုပ်ဟောင်း ဦးလှစိုး၊ စီးပွားရေးဝန်ကြီးဟောင်း ဦးအောင်သန်းဦးနဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်တို့ကို ဖမ်းဆီးပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်တရားစွဲဆို စစ်ဆေးတာတွေကို လုပ်နေတယ်လို့…
Read MoreYear: 2022
နွားထိုးကြီးမြို့နယ်မှာ ၂ ရက်အတွင်း လူ ၈ ယောက် အသတ်ခံရ
ဒီဇင်ဘာ ၊ ၈ ၊ ၂၀၂၂ SP (VOM) မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ် ၊ မင်းရွာနားမှာ ဒီဇင်ဘာ ၅ ရက်နဲ့ ၆ ရက်အတွင်း အမျိုးသား ၈ ယောက် ဖမ်းဆီးသတ်ဖြတ်ခံရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” မင်းရွာမှာ ၂ ဆက်တိုက် အသတ်ခံရတာ လူ ၈ ယောက်ဖြစ်တယ် ၊ ဒီဇင်ဘာ ၆ ရက်က မင်းရွာ ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးအောင်မြင့် ၅၅ နှစ် နဲ့သူ့သား မောင်ကောင်းဆက်နိုင် ၁၇ နှစ် အသတ်ခံရတယ် ၊ ဒီဇင်ဘာ ၆ ရက်ညက ဖမ်းခေါ်သွားတဲ့ လူ ၆ ယောက်ကတော့ ၇ ရက်နေ့မနက်မှာ…
Read Moreကိုဗစ်ကို မေ့လျော့ထားကြပြီလား
သွေး (စစ်ကိုင်း) ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် 19 ဖြစ်ပွားမှု လျော့ကျလာတယ် ဆိုပေမဲ့ လုံးဝစိတ်ချရတဲ့ အနေအထားမာှတော့ မရှိသေးသလို ကိုဗစ်မျိုးကွဲသစ်တွေလည်း ကမ္ဘာပေါ်မှာ ထပ်မံပေါ်ထွက် ကူးစက်နေဆဲပါ။ ကျမတို့ မြန်မာနိုင်ငံမှာလည်း ကိုဗစ် 19 ရောဂါပိုးကူးစက်မှုတွေ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ ကိုဗစ် မျိုးကွဲသစ်တွေ ဆက်လက် ထွက်ပေါ် ကူးစက်လာနိုင်တာကိုလည်း သတိပြုရမှာဖြစ်သလို အခုဆိုရင် ကိုဗစ် 19 စည်းကမ်းချက်တွေကို လိုက်နာသူတွေ နည်းပါးလာနေတာက ကိုဗစ်ကူးစက်မှု ပိုမို ဖြစ်ပေါ်စေနိုင်တယ်ဆိုတာ သတိပြုဖို့ လိုပါတယ်။ ကိုဗစ် 19 ပထမလှိုင်းမှာတုန်းက အများပြည်သူနဲ့ ဆိုင်တဲ့ နေရာတွေ၊ ဘတ်စကားမှတ်တိုင်တွေမှာ ရောဂါ ကာကွယ်နိုင်ဖို့ ရေနဲ့ဆပ်ပြာ ထားရှိပေးတာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ ရေနဲ့ ဆပ်ပြာ ထားရှိပေးတဲ့ လက်ဆေးဗေစင်တွေ မတွေ့ရတော့ပါဘူး။ ဒါအပြင် အပြင်ထွက်တဲ့အခါ…
Read Moreထနောင်း ကုက္ကို တမာလမ်း
ဆူးငှက် “မျက်နှာသုတ်ပဝါပေါင်းပြီး ဆောင့်ကြောင့်ထိုင်လိုက်လာသော လူကြီးက ဆေးပေါ့လိပ်ကြီးကို ခဲနေသည်။ မီးပွားမကျအောင် ဒူးနှစ်လုံးကြားတွင် ညှပ်ကိုင်ထားသည့် ဆီဘူးခွံတွင် ဆေးလိပ်ခေါင်းကို စိုက်ထားသည်။ သူသည် ဆေးလိပ်မှတစ်ပါး တစ်လောကလုံးကို မေ့နေဟန်တူသည် ။ဟောင်းလွန်းသဖြင့် အချို့နေရာမှာဖြူဖတ်ဖြူရော်ပင်ဖြစ်လာနေပြီးသော သက္ကလပ်အနက်အပေါ်အင်္ကျီကိုဝတ်ထားသော လူကြီးကား သျှောင်ထုံးကြီးပြောင်ပြောင် နူတ်ခမ်းမွေးထောင်ထောင်နှင့်ဖြစ်နေသည်။ သို့ရာတွင် မျက်နှာကား ရုပ်သေးစင်က ဝန်ကြီးရုပ်လို အတွင်းစိတ်ကို ဖတ်လို့မရသော မျက်နှာဖြစ်၏။ အထက်နှုတ်ခမ်းကွဲပြီး ရှေ့သွားနှစ်ချောင်း သွားဖုံးကစပြီး ပေါ်နေသော ကျောင်းသားအရွယ် တစ်ဦးသည် ဘတ်စ်ကား အတွင်းဘက်သို့ တစ်ခါမှ မကြည့်။ ဘေးပတ်ဝန်းကျင်ရှိ ယာခင်းပြင်ကြီးများ ဆီသို့သာ ငေးမောနေသည်။”” ကျွန်တော်သည် ဆရာသိန်းဖေမြင့်၏ “အညာပြန်” စာအုပ်ကို ဖတ်မိတိုင်း မုံရွာ-ဘုတလင် ကားလမ်းပေါ်က “တောကား” တစ်စီးနှင့် ခရီးသည်မြင်ကွင်းတွေကို သဘောကျမိသည်။ ဆရာသိန်းဖေမြင့်ကလည်း ကားပေါ်ပါလာသူ တစ်ဦးချင်းစီ၏ စရိုက်ကိုဖော် လာနိုင်သည်။ ခရီးသည်တွေ၏…
Read Moreဘဝရှေ့ရေးခက်ခဲနေရတဲ့ တောကျောင်းရွာက မီးဘေးသင့်ပြည်သူတွေ
ဒီဇင်ဘာ ၈-၂၀၂၂ Voice Of Myanmar(VOM) ပြီးခဲ့တဲ့ ဒီဇင်ဘာ (၁) ရက်နေ့က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက တောကျောင်းကျေးရွာဟာ မီးရှို့ခံခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီကျေးရွာမှာအိမ်ခြေ (၂၈၀) ဝန်းကျင်ရှိပြီး နေအိမ် (၃၀) ကျော်မီးလောင်ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။ အခုလို မီးရှို့ခံရတဲ့အိမ်တွေဟာ တောင်သူတွေနဲ့ လက်လုပ်လက်စားပြည်သူတွေရဲ့ နေအိမ် ဖြစ်ပြီးကျေးရွာရဲ့တဝက်လောက်က တောင်သူလုပ်ကိုင်ကာ ကျန်တဝက်လောက်က တခြားဒေသတွေမှာသွားရောက် အလုပ်လုပ်တဲ့ လက်လုပ်လက်စားတွေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ နိုင်ငံရေးတည်ငြိမ်မှုမရှိတော့တဲ့နောက်ပိုင်း လက်လုပ်လက်စားတွေလည်း တခြားဒေသတွေမှာ သွားရောက်အလုပ်လုပ်လို့အဆင်မပြေတော့တာကြောင့် ရွာမှာရှိတဲ့တောင်သူအလုပ်ကိုပဲ မှီခိုလုပ်ကိုင်နေကြရတယ်လို့လည်း သိရပါတယ်။ လက်ရှိအချိန်မှာ တောင်သူလုပ်ငန်းအသုံးပြုတဲ့ ကျွဲ၊ နွား၊ စက်ပစ္စည်းတွေ၊ မျိုးစေ့မျိုးစံတွေကအစ မီးလောင်ဆုံးရှုံးခဲ့ရတာကြောင့် အခက်အခဲများစွာကြုံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ #voiceofmyanmar #VOM #ဆားလင်းကြီး YouTube Link – https://youtu.be/hSWiXmBG9cE
Read Moreတာချီလိတ်မှာ ရွှေရောင်စက္ကူပတ် ချောကလက်စားမိရာကနေ ကလေးငယ် ၂ ဦး အပါအဝင် လူ ၅ ဦး အစာ အဆိပ်သင့်
ဒီဇင်ဘာ ၊ ၇ ၊ ၂၀၂၂ SP (VOM) ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ တာချီလိတ်မြို့ ၊ အောင်မြေပါလျှံ ၁ ရပ်ကွက် ၊ အလိုတော်ပြည့် ဘုန်းကြီးကျောင်းနားမှာ ဒီကနေ့ ဒီဇင်ဘာ ၇ ရက် နေ့လယ်ပိုင်းက ချောကလက်စားသုံးမိရာက ကလေးငယ် ၂ ဦး အပါအဝင် လူ ၅ ဦး အစာအဆိပ်တဲ့အတွက် အရေးပေါ်ဆေးကုသမှုခံယူနေရတယ်လို့ တာချီလိတ်မြို့ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” အလိုတော်ပြည့် ဘုန်းကြီးကျောင်းနားမှာ အိမ်ငှားနဲ့ နေထိုင်တဲ့ မိသားစုထဲက ဖြစ်တာပါ ၊ ရွှေရောင်စက္ကူပတ် ချောကလက် စားပြီးနောက် မူးဝေးအော့အန်တဲ့အတွက် အရေးပေါ် ဆေးကုသမှုခံယူနေရတာဖြစ်တယ် ၊ လူနာတွေကတော့ မသီတာသိမ့်(၂၉)နှစ် ၊ မယမင်း (၂၁)နှစ် မောင်အောင်ကျော်လင်း (၁၇) နှစ် ၊…
Read Moreနှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ထောင် ၆ နှစ်နဲ့ ငွေဒဏ်ချမှတ်
ဒီဇင်ဘာ ၇-၂၀၂၂ GG +KT (VOM) ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP) ခေါ် နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ကိုအင်းစိန်အကျဉ်းထောင်တွင်းတရားရုံးက ထောင် ၆ နှစ် နဲ့ ငွေ ၂ သိန်း အမိန့်ချမှတ်လိုက်တယ်လို့ သိရပါတယ်။ ဦးကျော်မြင့်ကို ၁၉၉၀ခုနှစ်ငွေကြေးဥပဒေပုဒ်မ ၈၂ အရ ၃ နှစ်၊၂၀၁၆ ခုနှစ်ငွေရေးကြေးရေးဥပဒေပုဒ်မ ၁၇၁ အရ ၃ နှစ် သီးခြားစီကျခံရမယ်လို့အမိန့်ချလိုက်တာဖြစ်ပြီး ငွေဒဏ် ၂ သိန်းလည်းချမှတ်ခဲ့ပါတယ်။ ” ဟုတ်ပါတယ် မနေ့က အမိန့်ချလိုက်တာပါ။အရင် NLD အစိုးရလက်ထက်က စွဲဆိုထားတဲ့ အမှုတွေကိုအမိနိ့ချတာပါ “လို့ UDP ပါတီဝင် ဖြစ်ခဲ့ဘူးသူ တဦးကပြောပါတယ်။ ဦးကျော်မြင့်ကို NLD အစိုးရလက်ထက် ပြီးခဲ့တဲ့၂ဝ၂ဝ ခုနှစ် စက်တင်ဘာလမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး အဲ့ဒီနောက် ၂၀၂၀ ခုနှစ် အောက်တိုဘာ ၁၇ ရက်နေ့မှာ…
Read Moreဖားကန့်မှာ လိုင်စင်မဲ့ မော်တော်ယဉ်တွေ ဖမ်းပြီ
ဒီဇင်ဘာ-၇ ၂၀၂၂ VOM ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့မှာ ဒီကနေ့ညနေ ၄နာရီလောက်ကစတင်ပြီး လိုင်စင်မဲ့ကားဝစ်သောက်တွေကို စတင်ဖမ်းဆီးနေတယ်လို့ ဖားကန်မြို့ခံတွေက ပြောပါတယ် ။ ဖားကန့်-လုံးခင်းလမ်းပေါ်ရှိ ၊ ဖားကန့်မြို့အထွက်က ပန်းတင်တံတားထိပ်မှာ စစ်ဆေးဖမ်းဆီးနေတာဖြစ်တယ်လို့ ဖမ်းဆီးခံရသူတွေကပြောပါတယ် ။ ပန်းတင်တံတားထိပ်က ဘုရားဝင်းထဲမှာ ကားမျိုးစုံ အစီးသုံးဆယ်ထက်မနည်း ကားဝစ်သောက်တွေ ဖမ်းဆီးထားတာလို့လည်း ဖမ်းဆီးခံရသူတဦးကပြောပါတယ် ။ “ ကျနော့်ကားလည်း ပါသွားပြီဗျ ၊ လူတွေကိုတော့ ပြန်လွှတ်တယ်ဗျ ။ကားကတော့ထားခဲ့ရတယ် “ လို့ ကားဖမ်းဆီးခံရသည့် အမည်မဖော်လိုသူ တဦးကပြောသည် ။ ဖားကန့်မြို့နယ်မှာ လိုင်စင်မဲ့ကားဝစ်သောက်တွေ ဖမ်းဆီးတော့မယ်လို့ နိုဝင်ဘာလနောက်ဆုံးပတ်ကတည်းကသတင်းတွေထွက်နေခဲ့တာဖြစ်ပြီးအဲဒီအချိန်ကဖမ်းဆီးခဲ့ခြင်းမရှိဘဲ ဒီနေ့မှစတင်ဖမ်းဆီးတာလို့လည်း မြို့ခံတွေကပြောပါတယ် ။ ကချင်ပြည်နယ်တခုလုံးမှာ ဖားကန့်မြို့ဟာ စီးပွားရေးနယ်မြေဖြစ်တာရော ၊ စစ်ရေးမတည်ငြိမ်တဲ့ဒေသဖြစ်တာရောကြောင့် လိုင်စင်မဲ့မော်တော်ယဉ်တွေကို အများဆုံးအသုံးပြုနေကြတာများတယ်လို့လည်း မြို့ခံတဦးကပြောပါတယ် ။ “ဒီမှာက အမဲရောင်နယ်မြေလိုဖြစ်နေတော့ ဝစ်သောက်ကားပဲစီးကြတာလေ၊…
Read Moreဗကသကျောင်းသားခေါင်းဆောင်ဟောင်း ကိုဂျိမ်း ထောင် ၃နှစ် ချမှတ်ခံရ
ဒီဇင်ဘာ ၇-၂၀၂၂ MM(VOM) ထောင်ဝင်စာလာပို့ရင်း ဗုံးခွဲတိုက်ခိုက်ခံရလို့သေဆုံးခဲ့ရတဲ့ ဒေါ်ကြီးမြင့်ရဲ့သားဖြစ်သူ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)ဗဟိုကော်မတီဝင်၊ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုလင်းထက်နိုင်(ခ)ကိုဂျိမ်းကို ဒီကနေ့မှာ ထောင်ဒဏ် ၃ နှစ်ချလိုက်တယ်လို့ သိရပါတယ်။ ကိုလင်းထက်နိုင်ကို ဒီကနေ့ ဒီဇင်ဘာ ၇ ရက်က ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) နဲ့ အင်းစိန်အကျဉ်းထောင်တွင်းအထူးတရားရုံးက အမိန့်ချလိုက်တာလို့ တရားလွှတ်တော်ရှေ့နေတဦးဆီကနေသိရပါတယ်။ ကိုလင်းထက်နိုင်(ခ)ကိုဂျိမ်း ဖမ်းဆီးခံထားရချိန် အောက်တိုဘာ ၁၉ ရက်က အင်းစိန်အကျဉ်းထောင်ရဲ့ ထောင်ဝင်စာဌာနမှာ ဗုံးပေါက်ကွဲမှုကြောင့် ထောင်ဝင်စာ လာပို့တဲ့ အသက် ၅၄ နှစ်အရွယ် သူ့ရဲ့မိခင် ဒေါ်ကြီးမြင့် အပါအဝင် ၈ ယောက် ေသ ဆုံးခဲ့ပါတယ်။ ”ဒီနေ့ အမိန့်ချတာ ဟုတ်တယ် ၊ ၅၀၅-(က)နဲ့ ၃ နှစ်၊ သူ့ကို ၂၀၂၂ ခုနှစ် ဇွန်လအတွင်းက ဖမ်းဆီးခဲ့တာ ၊ ဗိုလ်တထောင်မြို့နယ်အတွင်းမှာ…
Read Moreဒေါ်လာသန်း ၄၀၀ ကျော်တန်ဖိုးရှိ လက်နက်တွေ ထိုင်၀မ်ကိုရောင်းဖို့ အမေရိကန်အစိုးရ ခွင့်ပြု
၀ါရှင်တန်၊ ဒီဇင်ဘာ-၇-၂၀၂၂ မျိုးဆက်(VOM) ထိုင်၀မ်သို့ ဒေါ်လာ ၄၂၈ သန်းတန်ဖိုးရှိ လက်နက်တွေရောင်းချဖို့နဲ့ပတ်သက်ပြီး ဂျိုးဘိုင်ဒင်ရဲ့ အမေရိကန်အစိုးရက ဒီဇင်ဘာ ၆ ရက်မှာ ခွင့်ပြုလိုက်ပါတယ်။ ရောင်းချမှုမှာ ထိုင်၀မ်ရဲ့ အက်ဖ်-၁၆ တိုက်လေယာဉ်တွေ၊ စီ-၁၃၀ သယ်ယူပို့ဆောင်ရေးလေယာဉ်တွေနဲ့ အခြားသောအမေရိကန်က ထောက်ပံ့ပေးထားတဲ့ စစ်လက်နက်ပစ္စည်းတွေ ပြုပြင်ဖို့နဲ့ အစားထိုးအစိတ်အပိုင်းတွေ ပါ၀င်ပါတယ်။ အမေရိကန်ရဲ့ ရောင်းချမှုကြောင့် ထိုင်၀မ်ရဲ့ လေတပ်အင်အားကောင်းမှုကို အထောက်အကူဖြစ်စေပြီး လက်ရှိနဲ့ အနာဂတ်အန္တရာယ်တွေကို ရင်ဆိုင်ဖို့ လေတပ်စွမ်းရည်ကို မြှင့်တင်ပေးနိုင်ကြောင်း အမေရိကန်ကာကွယ်ရေး၀န်ကြီးဌာနက ပြောပါတယ်။ အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီ ထိုင်၀မ်သို့ သြဂုတ်လအတွင်းက လာရောက်ပြီးနောက် တရုတ်စစ်လေယာဉ်တွေဟာ ထိုင်၀မ်ရေလက်ကြား အလယ်မျဉ်းကို ပုံမှန်ဖြတ်ကျော်ပျံသန်းမှုများ ပြုလုပ်လေ့ရှိပါတယ်။ ထိုင်၀မ်လေတပ်ကလည်း ဒီလိုပျံသန်းမှုတွေကို တုံ့ပြန်ဖို့အတွက် လေတပ်တိုက်လေယာဉ်တွေ စေလွှတ်စောင့်ကြည့်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ တရုတ်ဟာ ထိုင်၀မ်ကို သူ့ရဲ့ပိုင်နက်နယ်မြေတခုအဖြစ် ရှုမြင်ထားပြီး ပြည်မကြီးနဲ့ပြန်လည်ပေါင်းစည်းဖို့ လိုအပ်ရင်…
Read More