ဗကသကျောင်းသားခေါင်းဆောင်ဟောင်း ကိုဂျိမ်း ထောင် ၃နှစ် ချမှတ်ခံရ

ဒီဇင်ဘာ ၇-၂၀၂၂
MM(VOM)

ထောင်ဝင်စာလာပို့ရင်း ဗုံးခွဲတိုက်ခိုက်ခံရလို့သေဆုံးခဲ့ရတဲ့ ဒေါ်ကြီးမြင့်ရဲ့သားဖြစ်သူ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)ဗဟိုကော်မတီဝင်၊ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုလင်းထက်နိုင်(ခ)ကိုဂျိမ်းကို ဒီကနေ့မှာ ထောင်ဒဏ် ၃ နှစ်ချလိုက်တယ်လို့ သိရပါတယ်။

ကိုလင်းထက်နိုင်ကို ဒီကနေ့ ဒီဇင်ဘာ ၇ ရက်က ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) နဲ့ အင်းစိန်အကျဉ်းထောင်တွင်းအထူးတရားရုံးက အမိန့်ချလိုက်တာလို့ တရားလွှတ်တော်ရှေ့နေတဦးဆီကနေသိရပါတယ်။

ကိုလင်းထက်နိုင်(ခ)ကိုဂျိမ်း ဖမ်းဆီးခံထားရချိန် အောက်တိုဘာ ၁၉ ရက်က အင်းစိန်အကျဉ်းထောင်ရဲ့ ထောင်ဝင်စာဌာနမှာ ဗုံးပေါက်ကွဲမှုကြောင့် ထောင်ဝင်စာ လာပို့တဲ့ အသက် ၅၄ နှစ်အရွယ် သူ့ရဲ့မိခင် ဒေါ်ကြီးမြင့် အပါအဝင် ၈ ယောက် ေသ ဆုံးခဲ့ပါတယ်။

”ဒီနေ့ အမိန့်ချတာ ဟုတ်တယ် ၊ ၅၀၅-(က)နဲ့ ၃ နှစ်၊ သူ့ကို ၂၀၂၂ ခုနှစ် ဇွန်လအတွင်းက ဖမ်းဆီးခဲ့တာ ၊ ဗိုလ်တထောင်မြို့နယ်အတွင်းမှာ ဖမ်းဆီးခံခဲ့ရတာ၊ သူ့အမေကလည်း ထောင်ဝင်စာလာပို့ရင်း အင်းစိန်ထောင် ဗုံးပေါက်ကွဲမှုမှာ သေဆုံးခဲ့ရတယ် ၊ သူတို့က အတော့်ကို ပေးဆပ်ထားရပြီးပြီ၊ နောက်ထပ်လည်း ပုဒ်မ ၅၀-(ည) အမှုအတွက် ဆက်ရင်ဆိုင်ရဦးမှာ။”လို့ တရားလွှတ်တော် ရှေ့နေတဦးကပြောပါတယ်။

ကိုလင်းထက်နိုင်ဟာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလကစတင်လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားမှုတွေကို လုပ်ဆောင်လာခဲ့သူတဦးဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ဗကသကျောင်းသားဟောင်းကိုဂျိမ်း #ထောင်သုံးနှစ်ချခံရ

Related posts

Leave a Comment

VOM News

FREE
VIEW