ဖားကန့်မှာ လိုင်စင်မဲ့ မော်တော်ယဉ်တွေ ဖမ်းပြီ

ဒီဇင်ဘာ-၇ ၂၀၂၂
VOM

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့မှာ ဒီကနေ့ညနေ ၄နာရီလောက်ကစတင်ပြီး လိုင်စင်မဲ့ကားဝစ်သောက်တွေကို စတင်ဖမ်းဆီးနေတယ်လို့ ဖားကန်မြို့ခံတွေက ပြောပါတယ် ။

ဖားကန့်-လုံးခင်းလမ်းပေါ်ရှိ ၊ ဖားကန့်မြို့အထွက်က ပန်းတင်တံတားထိပ်မှာ စစ်ဆေးဖမ်းဆီးနေတာဖြစ်တယ်လို့ ဖမ်းဆီးခံရသူတွေကပြောပါတယ် ။

ပန်းတင်တံတားထိပ်က ဘုရားဝင်းထဲမှာ ကားမျိုးစုံ အစီးသုံးဆယ်ထက်မနည်း ကားဝစ်သောက်တွေ ဖမ်းဆီးထားတာလို့လည်း ဖမ်းဆီးခံရသူတဦးကပြောပါတယ် ။

“ ကျနော့်ကားလည်း ပါသွားပြီဗျ ၊ လူတွေကိုတော့ ပြန်လွှတ်တယ်ဗျ ။ကားကတော့ထားခဲ့ရတယ် “ လို့ ကားဖမ်းဆီးခံရသည့် အမည်မဖော်လိုသူ တဦးကပြောသည် ။

ဖားကန့်မြို့နယ်မှာ လိုင်စင်မဲ့ကားဝစ်သောက်တွေ ဖမ်းဆီးတော့မယ်လို့ နိုဝင်ဘာလနောက်ဆုံးပတ်ကတည်းကသတင်းတွေထွက်နေခဲ့တာဖြစ်ပြီးအဲဒီအချိန်ကဖမ်းဆီးခဲ့ခြင်းမရှိဘဲ ဒီနေ့မှစတင်ဖမ်းဆီးတာလို့လည်း မြို့ခံတွေကပြောပါတယ် ။

ကချင်ပြည်နယ်တခုလုံးမှာ ဖားကန့်မြို့ဟာ စီးပွားရေးနယ်မြေဖြစ်တာရော ၊ စစ်ရေးမတည်ငြိမ်တဲ့ဒေသဖြစ်တာရောကြောင့် လိုင်စင်မဲ့မော်တော်ယဉ်တွေကို အများဆုံးအသုံးပြုနေကြတာများတယ်လို့လည်း မြို့ခံတဦးကပြောပါတယ် ။

“ဒီမှာက အမဲရောင်နယ်မြေလိုဖြစ်နေတော့ ဝစ်သောက်ကားပဲစီးကြတာလေ၊ ဌာနဆိုင်ရာတွေလည်းစီးတာပဲ၊ လောပန်းတွေလည်းစီးတာပဲ၊ ပြည်သူတွေလည်း စီးတာပဲလေ။ ကျောက်တူးတာတောင်ဝစ်သောက်စက်ယန္တယားတွေနဲ့ခိုးတူးနေတာပဲ ပြည်သူကဝစ်သောက်စီးတာတော့မပြောပလောက်ပါဘူး” ဟု ဖားကန့်မြို့ခံတဦးကဆိုပါတယ်။

နိုဝင်ဘာလအတွင်းက ဗန်းမော်မြို့နဲ့မြစ်ကြီးနားမြို့တွေမှာ လိုင်စင်မဲ့ကားအမြောကိအများကို ဖမ်းဆီးခဲ့ပြီးလည်း ဖြစ်ပါတယ် ။

ဖားကန့်မှာ ဒီရက်ဝစ်သောက်ကားတွေဖမ်းတာဟာ အထူးတဆန်းဖြစ်နေပြီး အာဏာပိုင်တွေ၊ လက်နက်ကိုင်တွေစီးနေတဲ့ လိုင်စင်မဲ့ယာဉ်တွေပါ ဖမ်းမလားဆိုတာတော့ စောင့်ကြည့်ရမှာလို့ ဒေသခံတွေကဆိုပါတယ်။

#voiceofmyanmar #VOM #ဖားကန့် #လိုင်စင်မဲ့ကားတွေဖမ်း
ပုံစာ – ပုံဟောင်း -သင်္ဘောဆိပ်မှာမြင်ရတဲ့ ကားများ

Related posts

Leave a Comment

VOM News

FREE
VIEW