ဆစ်ဒနီ၊ ဒီဇင်ဘာ-၃-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဥရောပဟာ ကိုယ်ပိုင်ရပ်တည်ဖို့ လုံလောက်တဲ့ အင်အားမရှိဘဲ ချိနဲ့နေပြီး အမေရိကန်ရဲ့ အထောက်အပံ့ကို မှီခိုနေရကြောင်း ဖင်လန်၀န်ကြီးချုပ် ဆန်နာမာရင်က ဒီဇင်ဘာ ၂ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။ ဖင်လန်၀န်ကြီးချုပ် ဆန်နာမာရင်က သူ့ရဲ့သြစတြေးလျခရီးစဉ်အတွင်း အခုလိုမှတ်ချက်ပြုပြောဆိုလိုက်တာဖြစ်ပြီး လုံး၀အရိုးသားဆုံးပြောရမယ်ဆိုရင် ဥရောပဟာ ခိုင်မာတောင့်တင်းမှုမရှိသေးကြောင်းနနဲ့ အမေရိကန်မရှိရင် ဒုက္ခရောက် အကြပ်ရိုက်လ်ိမ့်မယ်လို့ သူကပြောပါတယ်။ အမေရိကန်ဟာ လက်ရှိချိန်ထိ ယူကရိန်းအတွက် စစ်ရေးအကူအညီအပေးဆုံးနိုင်ငံဖြစ်ပြီး ဖေဖော်ဝါရီလမှာ စစ်ပွဲစတင်ချိန်ကစပြီး ဒေါ်လာ ၁၈ ဒသမ ၆ ဘီလီယံထိ ကူညီမယ်လို့ ကတိပြုထားပါတယ်။ ဥရောပသမဂ္ဂဟာ ယူကရိန်းအတွက် အမေရိကန်ပြီးရင် ဒုတိယမြောက် ထောက်ပံ့မှုအများဆုံးအဖြစ် ရပ်တည်နေပြီး ဗြိတိန်ကမူ တတိယနေရာမှာ ရပ်တည်နေပါတယ်။ ဥရောပအနေနဲ့ ကာကွယ်ရေးစွမ်းရည်ကို ယခုထက်ပိုပြီး ခိုင်မာအားကောင်းဖို့ လုပ်ဆောင်ရမှာဖြစ်ကြောင်း ဖင်လန်၀န်ကြီးချုပ်က အကြံပြုပြောဆိုပါတယ်။…
Read MoreYear: 2022
ရွှေအသင်းရဲ့ ရည်ညွှန်းဈေး ရွှေလုပ်ငန်းရှင်အချို့ စိတ်ဝင်စားမှု မရှိ
ဒီဇင်ဘာ ၃ – ၂၀၂၂ SN (VOM) ရန်ကုန်တိုင်း ရွှေအသင်းက နေ့စဉ် ကြေညာပေးနေတဲ့ အခြေခံရည်ညွှန်းဈေးနှုန်းကို ရွှေလုပ်ငန်းရှင်အချို့အနေနဲ့ စိတ်ဝင်စားမှုမရှိဘူးလို့ သိရပါတယ်။ လက်ရှိမှာ ရွှေအသင်းအနေနဲ့ ကမ္ဘာ့ရွှေဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနဲ့အညီ ရည်ညွှန်းဈေးတွေကို နေ့စဉ် သတ်မှတ်ကြေညာပေးနေတာ ဖြစ်ပါတယ်။ “အဲ့ဒီ့ ရည်ညွှန်းဈေးတွေဖွင့်နေတာကတော့ တော်တော်လေးကို ကြာသွားပါပြီ။ သူတို့ဘာသာသူတို့ ဖွင့်နေတာပါ။ ဘယ်သူမှလည်း စိတ်မဝင်စားဘူး။ ဘယ်သူမှလည်း ဒီရည်ညွှန်းဈေးကို ကြည့်တာလည်းမဟုတ်ဘူး။ ဒီရည်ညွှန်းဈေးကြီးက ဘယ်နေရာမှလည်း သုံးလို့မရဘူးလေ။ သူတို့ ဖွင့်ချင်သလိုဖွင့်နေတာက အလုပ်မှ လုပ်လို့မရတာ”လို့ ရွှေလုပ်ငန်းရှင်တဦးက ပြောပါတယ်။ ရွှေအသင်းအနေနဲ့ ဒီဇင်ဘာ ၁ ရက်နေ့ မနက်ပိုင်း ဈေးကွက်ဖွင့်ချိန်မှာ အခေါက်ရွှေ ၁ ကျပ်သား ရည်ညွှန်းဈေး ၂,၀၉၁,၀၀၀ ကျပ်လို့ သတ်မှတ်ခဲ့ပြီး အဲ့ဒီ့ သတ်မှတ်ဈေးဟာ အရင်လ တလလုံးနဲ့ နှိုင်းယှဉ်ရင်…
Read Moreနွေ မိုး ဆောင်း တောင်သမန်
ဆူးငှက် အမရပူရ၏ အထင်ကရဖြစ်သော တောင်သမန်အင်းနှင့် ဦးပိန်တံတား ဝန်းကျင်က လွန်ခဲ့သော ဆယ်စုလေးစုနှစ်များ မတိုင်ခင်အထိ လွမ်းဆွတ်ဖွယ် ရှေးဟောင်းမြို့ပြပုံရိပ်များကို ထင်ဟပ်ဆဲဖြစ်ခဲ့၏။ သက္ကရာဇ် ၁၂၁၃ (ခရစ် ၁၈၆၁)က ပုဂံမင်း၏ မြို့စာရေးဦးပိန်က အင်းဝနန်းတော်ဟောင်းက သစ်သားဟောင်းများဖြင့် မူလက ၉၈၄တိုင် (ယခုနောက်တိုးဖြင့် ၁၀၈၆တိုင်)၊ အရှည် ၃၉၆၇ပေရှိသည့် သစ်သားတံတားကြီးကို တည်ဆောက်ခဲ့ရာ ယခုအချိန်အထိ ထိုမူတံတားပုံစံနှင့် မယွင်းမတိမ်းစေရအောင် မဟာဂန္ဓာရုံ ဆရာတော်များနှင့် တောင်လေးလုံးဆရာတော်တို့က ၁၉၉၀ ဝန်းကျင်ကာလအထိ အဆက်ဆက် ကြပ်မတ်ခဲ့ကြသည်။ တောင်သမန်အင်းကလည်း သဘာဝအတိုင်း ရှိသောကြောင့် တစ်နှစ်တွင် မိုးတွင်းလေးလခန့်သာ အင်းအတွင်း ရေရှိသည်။ ရေရှိချိန်သာ တံတားတိုင်တွေ ရေနှင့်ထိစပ်သည်။ ကျန်ရှစ်လမှာက ကိုင်းမြေတွေပေါ် မားမားရပ်နေသော တံတားတိုင်ခြေတွေ ကို ရေနံချေး ဝနေအောင် သုတ်လိမ်းထိန်းသိမ်းပြီး အခြားလိုအပ်မှုတွေကို ပြုပြင်ကြသည်။ ထို့ကြောင့်လည်း ကျွန်းသားအဟောင်းနှင့်…
Read Moreဝိုင်းမော်မှာ မီးလောင်လို့ အိမ်ထဲ အိပ်ပျော်နေတဲ့ ကလေး ၆ ဦးနဲ့ အမျိုးသမီးကြီး ၁ ဦးသေဆုံး
ဒီဇင်ဘာ ၂-၂၀၂၂ MM(VOM) ကချင်ပြည်နယ် ၊ ဝိုင်းမော်မြို့နယ်၊ နောင်ချိန်း ကျေးရွာ အုပ်စု ၊ အင်ဂန်းကျေးရွာက နေအိမ်တစ်လုံးမှာ အသက် ၃ နှစ်ကနေ ၁၂ နှစ်အထိ ကလေး ၆ ယောက်နဲ့ ၆၅ အရွယ် အမျိုးသမီး ၁ ယောက် မနေ့က မီးလောင်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီကနေ သိရပါတယ်။ မီးလောင်မှုမှာ မနေ့ ဒီဇင်ဘာ ၁ ရက် ည ၁၀ နာရီ ကျော်ကျော်က နေအိမ်အတွင်းရှိ ဝါယာကြိုး အပူလွန်ကဲပြီး အိမ်ရဲ့အကာ ထရံကို မီးကူးလောင်းတာဖြစ်တယ်လို့ သိရပါတယ်။ မီးလောင်မှုကြောင့် အိမ်ထဲမှာ အိပ်ပျော်နေတဲ့ အသက် ၆၅ နှစ်အရွယ် အမျိုးသမီး ၁ ယောက် ၊အသက် ၁၂ နှစ်အရွယ် ၁…
Read Moreဂျပန်ကမြန်မာသံရုံးမှာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးကြေး တိုးမြှင့်
ဒီဇင်ဘာ ၂ – ၂၀၂၂ SN (VOM) ယန်းငွေ တန်ဖိုး အပြောင်းအလဲကြောင့် ဂျပန်နိုင်ငံက မြန်မာသံရုံးမှာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးကြေးနဲ့ ပျောက်ဆုံးဒဏ်ကြေးတွေ တိုးမြှင့်လိုက်တယ်လို့ သိရပါတယ်။ အရင်က နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရင် ယန်း ၃၀၀၀ ပဲ ကျသင့်ပေမယ့် အခု ၄၀၀၀ ကျပ် ပြောင်းလဲသတ်မှတ်လိုက်တာဖြစ်ပြီး နိုင်ငံကူးလက်မှတ် ပျောက်ဆုံးဒဏ်ကြေးကိုလည်း ယန်း ၁၀၀၀၀ ကနေ ယန်း ၁၂၀၀၀ အထိ တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။ “ဒီဘက်မှာ ကုန်စျေးနှုန်းတွေလည်း တက်နေတာဖြစ်တော့ အဆင်မပြေဘူး။ မရှိလို့ ပိုက်ဆံလာရှာတာကို ၁၀၀၀ ဆိုလည်း ၁၀၀၀ တန်ဖိုးရှိတယ်လေ။ မြန်မာနိုင်ငံမှာ စီးပွားရေးအဆင်မပြေလို့ သူများနိုင်ငံမှာ လာလုပ်စားတာကို သူတို့က ပြည်သူဆီက ရရင်ရသလို အမြတ်ထုတ်ပြီး ခေါင်းပုံဖြတ်နေတယ်”လို့ ဂျပန်ရောက် မြန်မာနိုင်ငံသားတဦးက ပြောပါတယ်။ ဂျပန်က…
Read Moreဘဏ်နဲ့ ဘဏ်မဟုတ်တဲ့ ငွေကြေးအဖွဲ့အစည်းတွေ ရုံးနေရာပြောင်းရွှေ့ရင် ဗဟိုဘဏ်ကို ငွေသွင်းရမယ်
ဒီဇင်ဘာ ၁ – ၂၀၂၂ SN (VOM) ဘဏ်နဲ့ ဘဏ်မဟုတ်တဲ့ ငွေရေးကြေးရေး အဖွဲ့အစည်းတွေအနေနဲ့ ရုံးချုပ်အပါအဝင် ရုံးခွဲတွေကို နေရာပြောင်းရွှေ့ဖွင့်လှစ်ခြင်းအတွက် ပြောင်းရွေ့ခအဖြစ် ဗဟိုဘဏ်ကို ငွေပေးသွင်းရမယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။ ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေ ပုဒ်မ (၁၈၄)မှာ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို ကျင့်သုံးကာ အခုလို ညွှန်ကြားချက်ကို ထုတ်ပြန်တာဖြစ်တယ်လို့ သိရပါတယ်။ “ဒါကတော့ ရှင်းပါတယ်။ သူတို့လိုချင်တဲ့ပိုက်ဆံကို နည်းလမ်းအမျိုးမျိုးနဲ့ ညှစ်ယူနေတဲ့သဘောပေါ့။ မြန်မာနိုင်ငံက သားရေကွင်း ဥပဒေတွေကတော့ ယုံစားချင်စရာ တခုမှမရှိပါဘူး”လို့ စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောပါတယ်။ ပြည်တွင်းက ဘဏ်တွေအနေနဲ့ ရုံးချုပ်အပါအဝင် ဖွင့်လှစ်ပြီးဘဏ်ခွဲများ လုပ်ငန်းနေရာပြောင်းရွှေ့ ဖွင့်လှစ်မယ်ဆိုရင် ပြောင်းရွှေ့ဖွင့်လှစ်မယ့်နေရာဟာ အရင်လုပ်ငန်းနေရာနဲ့ မြို့နယ်တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ လုပ်ငန်းနေရာ ပြောင်းရွှေ့ခြင်းအတွက် အခကြေးငွေကျပ် ၅ သိန်းကို မြန်မာနိုင်ငံတော်…
Read Moreအိမ်ထောင်စုနည်းလို့ အမေ့လျော့ခံဖြစ်နေကြရတဲ့ ပလက်ဝက စစ်ဘေးရှောင်တွေ
ဒီဇင်ဘာ ၂ – ၂၀၂၂ SW (VOM) ပလက်ဝမြို့နယ်ကနေ စစ်ဘေးကြောင့် လွန်ခဲ့တဲ့ ၄ နှစ်လောက်ကတည်းက ထွက်ပြေးတိမ်းရှောင်လာရတဲ့ စစ်ဘေးရှောင်တွေဟာ စစ်တွေမြို့နယ်၊ အုန်းရည်ဖော်ကျေးရွာရဲ့ ဘုန်းကြီးကျောင်းအနီးမှာ တဲအိမ်တန်းလျားနဲ့ နေထိုင်နေရတယ်လို့ သိရပါတယ်။ အုန်းရည်ဖော်စစ်ဘေးရှောင်စခန်း (ခ)ရေချမ်းပြင်စစ်ဘေးရှောင်စခန်းလို့ လူသိနည်းတဲ့ အဲ့ဒီ စစ်ရှောင်စခန်းမှာ အိမ်ထောင်စု (၂၀) စုနဲ့ ကလေး၊ လူကြီး အပါအဝင် လူဦးရေ (၈၈)ဦး ရှိပြီး ပလက်ဝမြို့နယ် သူဌေးကုန်း၊ နမဒါ၊ တမန်းသားနဲ့ ကြက်ဥဝ စတဲ့ ကျေးရွာတွေက ထွက်ပြေးလာသူတွေဖြစ်ပါတယ်။ သူတို့နေတဲ့ တဲအိမ်တန်းလျားတည်ဆောက်ထားတဲ့နေရာဟာ မယူမြစ်(မေယုမြစ်)နဲ့ နီးတာကြောင့် တခါတလေ ဒီရေအတက်အကျရှိပြီး လက်ရှိမှာလည်း နေ့စဉ်နဲ့အမျှ ရွံ့ပုတ်နံ့တွေကို ရှူရှိုက်ကာ ရှင်သန်ရပ်တည် နေရတယ်လို့ သိရပါတယ်။ အဲ့ဒီမှာ ဘယ်လောက်ခက်ခဲတယ်ဆိုတာကို ပလက်ဝမြို့နယ်၊ သူဌေးကုန်းကျေးရွာက စစ်ဘေးရှောင်အမျိုးသမီးတဦးက “ဒီမှာနေရတာက…
Read Moreရွာလုံးကျွတ်နီးပါးမီးရှို့ခံရတဲ့ မြစ်ဆုံရွာ မီးဘေးသင့်ပြည်သူတွေရဲ့အခက်အခဲများ
ဒီဇင်ဘာ ၂-၂၀၂၂ Voice Of Myanmar(VOM) ပြီးခဲ့တဲ့ နိုဝင်ဘာအတွင်း စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲက အိမ်ခြေ (၅၀၀) ကျော်ရှိတဲ့ မြစ်ဆုံကျေးရွာ မီးရှို့ခံခဲ့ရပြီး နေအိမ် (၄၂၀) မီးလောင်ဆုံးရှုံးခဲ့မှုကြောင့် မီးဘေးသင့်ပြည်သူတွေမှာ စားဝတ်နေထိုင်ရေးအတွက် အခက်အခဲများစွာကြုံနေကြရပါတယ်။ ဒါအပြင် ဒေသခံရွာသားတွေအနေနဲ့ စောင်၊ခြင်ထောင်၊ခေါင်းအုံး စတဲ့အသုံးအဆောင်ပစ္စည်းတွေကို အိမ်သာတွေထဲထည့်သိမ်းကာ ထွက်ပြေးကြပြီး အခုအခါ အိမ်သာတွေပါမီးရှို့ခံရတာကြောင့် ဆောင်းတွင်းကာလ ခြုံစရာစောင်မရှိတဲ့အခက်အခဲကိုပါ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ လက်ရှိမှာ မြောင်နယ်အတွင်း မြစ်ဆုံကျေးရွာအပါအဝင် ရွာပေါင်း (၉) ရွာက အိမ်ခြေ (၁၀၀၀) ကျော် တပြိုင်ထဲ မီးရှို့ခံထားရတာကြောင့် တရွာနဲ့တရွာကူညီနိုင်ဖို့အခြေအနေလည်း မရှိကြဘူးလို့ သိရပါတယ်။ #voiceofmyanmar #VOM #မြောင် #မြစ်ဆုံရွာ Youtube Link – https://youtu.be/qkzbIS_45MY
Read MoreYBS ကားအားလုံး CCTV တပ်ပြီး စောင့်ကြည့်မယ်၊ ကားတွေမှာ ကပ်ထားတဲ့ မှန်အမည်းရောင်စတစ်ကာတွေလည်း ဖယ်ရမယ်
ဒီဇင်ဘာ ၁-၂၀၂၂ GG (VOM) YBS ကားတွေပေါ်မှာ ခါးပိုက်နိုက်တာနဲ့ အနုကြမ်းစီးတာတွေ စတဲ့ဒုစရိုက်မှုတွေမဖြစ်အောင် ကား အားလုံးကို CCTV စောင့်ကြည့်ကင်မရာတွေတပ်ပြီး ထိန်းသိမ်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ နောက်ပြီး Taxi အငှားယာဥ်တွေမှာလည်း နေပူကာမှန်ကပ်အမည်းရောင် တပ်ဆင်တာတွေ၊စတေကာကပ်တာတွေကို ဖယ်ရှားရမယ်လို့လည်း သိရပါတယ်။ “အဲ့ဒါကို ခရိးသွားပြည်သူတွေ ဘေးကင်းလုံခြုံဖို့အဓိကတပ်မှာပါ။ခါးပိုက်နိုက်တို့ ၊အနုကြမ်းစီးမှုတို့အဲ့ဒါကို ထိန်းသိမ်းချင်တာ။အရင်က cctv မတပ်တာနဲ့မကောင်းတဲ့ကားပေါ်မှာပဲ လုပ်တာများတော့လေ၊ဒါကြောင့်အားလုံးတပ်ဖို့ဆောင်ရွက်တာပါ။ညွှန်ကြားချက်လည်းထုတ်ပြီးပြီ၊မတပ်ရသေးတဲ့ကားတွေတပ်ဖို့၊တပ်ပြီးသားတွေလည်းcctvကောင်းအောင်လုပ်ဖို့ ညွှန်ကြားထားတယ်။ကားတွေမှာ ကပ်ခွင့်ကိုမပေးတော့ပါဘူး “လို့ YRTC အတွင်းရေးမှူးဦးလျန်ကျင့်မန်ကပြောပါတယ်။ YBS ကားအားလုံး CCTV တပ်ဆင်ခြင်းကို အချိန်ကာလ ၃ လ ဒါမှမဟုတ် ၆ လအတွင်း အပြီးလုပ်ဆောင်ဖို့ စီစဥ်ထားတာကြောင့် မတပ်ဆင်ရသေးတဲ့ကားတွေကို YRTC ကနေ အရင်းအနှီးစိုက်ထုတ်ပြီး တပ်ဆင်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိYBS အစီးရေ ၅၇၀၀ ကျော်မှာ CCTV တပ်ဆင်ထားပြီးတဲ့ YBS ကားအစီးရေ…
Read Moreမွေးမြူရေးကဏ္ဍကို ထုတ်ချေးထားတဲ့ ချေးငွေတွေ ပြန်ပေးဆပ်ရမယ့်ကာလ သက်တမ်း ၁ နှစ်တိုးပေး
ဒီဇင်ဘာ ၁ -၂၀၂၂ GG(VOM) မြန်မာနိုင်ငံသားပိုင်တဲ့ ငါး၊ ပုဇွန် မွေးမြူရေး အပါအဝင် မွေးမြူရေးကဏ္ဍကို ထုတ်ချေးထားတဲ့ ချေးငွေကို ပြန်လည်ပေးဆပ်ရမယ့်ကာလ နောက်ထပ် သက်တမ်း ၁ နှစ် တိုးပေးလိုက်တယ်လို့သိရပါတယ်။ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေမှာ ထိခိုက်မှုတွေ ထပ်ပြီးရှိနေတာကြောင့် စီးပွားရေးလုပ်ငန်းတွေ ငွေကြေးလည်ပတ်မှု အဆင်ပြေအောင် ချေးငွေ ပြန်လည်ပေးဆပ်ရမယ့် ကာလကို တိုးမြှင့်ပေးလိုက်တာဖြစ်တယ်လို့ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက နိုဝင်ဘာ ၃၀ ရက်နေ့မှာ အသိပေး ပြောဆိုထားပါတယ်။ ” အတိုးကို ပေးထားတဲ့သူဖြစ်ရမယ်။နောက်ပြီး သူတို့ထုတ်ချေးတဲ့ ငွေတွေကို လုပ်ငန်းခွင်မှာတကယ်ထိထိရောက်ရောက် ဆောင်ရွက်နိုင်တာမျိုးဖြစ်ရမယ်။အဲ့ဒီအချက်နဲ့ကိုက်ရင် ချေးငွေကို နောက်နှစ်မှပြန်ဆပ်လို့ရတယ်ပေါ့။ ဘာဖြစ်ဖြစ်တနှစ်ထပ်တိုးပေးတော့ ကျနော်တို့လုပ်ငန်းတွေအဆင်ပြေတာပေါ့။အရင်က ကိုဗစ်ကြောင့်၊ အခုကနိုင်ငံရေးအခြေအနေကြောင့် အကုန်အဆင်မပြေကြဘူး ” လို့ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတဦးကပြောပါတယ်။ ငါး၊ ပုဇွန် မွေးမြူရေး အပါအဝင် မွေးမြူရေးကဏ္ဍမှာ…
Read More