YBS ကားအားလုံး CCTV တပ်ပြီး စောင့်ကြည့်မယ်၊ ကားတွေမှာ ကပ်ထားတဲ့ မှန်အမည်းရောင်စတစ်ကာတွေလည်း ဖယ်ရမယ်

ဒီဇင်ဘာ ၁-၂၀၂၂
GG (VOM)

YBS ကားတွေပေါ်မှာ ခါးပိုက်နိုက်တာနဲ့ အနုကြမ်းစီးတာတွေ စတဲ့ဒုစရိုက်မှုတွေမဖြစ်အောင် ကား အားလုံးကို CCTV စောင့်ကြည့်ကင်မရာတွေတပ်ပြီး ထိန်းသိမ်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

နောက်ပြီး Taxi အငှားယာဥ်တွေမှာလည်း နေပူကာမှန်ကပ်အမည်းရောင် တပ်ဆင်တာတွေ၊စတေကာကပ်တာတွေကို ဖယ်ရှားရမယ်လို့လည်း သိရပါတယ်။

“အဲ့ဒါကို ခရိးသွားပြည်သူတွေ ဘေးကင်းလုံခြုံဖို့အဓိကတပ်မှာပါ။ခါးပိုက်နိုက်တို့ ၊အနုကြမ်းစီးမှုတို့အဲ့ဒါကို ထိန်းသိမ်းချင်တာ။အရင်က cctv မတပ်တာနဲ့မကောင်းတဲ့ကားပေါ်မှာပဲ လုပ်တာများတော့လေ၊ဒါကြောင့်အားလုံးတပ်ဖို့ဆောင်ရွက်တာပါ။ညွှန်ကြားချက်လည်းထုတ်ပြီးပြီ၊မတပ်ရသေးတဲ့ကားတွေတပ်ဖို့၊တပ်ပြီးသားတွေလည်းcctvကောင်းအောင်လုပ်ဖို့ ညွှန်ကြားထားတယ်။ကားတွေမှာ ကပ်ခွင့်ကိုမပေးတော့ပါဘူး “လို့ YRTC အတွင်းရေးမှူးဦးလျန်ကျင့်မန်ကပြောပါတယ်။

YBS ကားအားလုံး CCTV တပ်ဆင်ခြင်းကို အချိန်ကာလ ၃ လ ဒါမှမဟုတ် ၆ လအတွင်း အပြီးလုပ်ဆောင်ဖို့ စီစဥ်ထားတာကြောင့် မတပ်ဆင်ရသေးတဲ့ကားတွေကို YRTC ကနေ အရင်းအနှီးစိုက်ထုတ်ပြီး တပ်ဆင်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိYBS အစီးရေ ၅၇၀၀ ကျော်မှာ
CCTV တပ်ဆင်ထားပြီးတဲ့ YBS ကားအစီးရေ ၃၅၀၀ ကျော်ရှိပေမယ့် CCTV ကောင်းတာက ကား အစီးရေ ၁၈၀၀ ကျော်သာရှိပြီး ၁၇၀၀ ကျော်ကမကောင်းဘူးလို့ ပြောပါတယ်။

” အပ်ပြီးသားက YBS ကုမ္ပဏီ၂၀ရှိတဲ့အထဲမှာ ၁၅ခုက တပ်ပြီးသား၊ မတပ်ရသေးတဲ့ကုမ္ပဏီတွေကိုလည်း YRTC ကနေ အရင်းအနှီးစိုက်ထုတ်ပြီး အသက်သာဆုံးစျေးနူန်းနဲ့ဆောင်ရွက်ဖို့ ကုမ္ပဏီတွေနဲ့ဆွေးနွေးနေတာရှိတယ်။ “လို့သူက ပြောပါတယ်။

ကုမ္ပဏီက တပ်ဆင်တဲ့ ကားတွေက CCTV ကို ယာဥ်လိုင်းကုမ္ပဏီဘက်က စောင့်ကြည့်မှာဖြစ်လို့ YBS ကားပေါ်မှာ လုယက်မှုခိုးမှု စတဲ့ဒုစရိုက်မှုတခုခုဖြစ်တဲ့အခါ CCTV မှတ်တမ်းတောင်းယူချိန်ကုမ္ပဏီဘက်က မှတ်တမ်းမပေးနိုင်ပါက ကုမ္ပဏီမှတာဝန်ယူရမှာဖြစ်​တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #YBS #စောင့်ကြည့်ကင်မရာတပ်ဆင်မယ်

Related posts

Leave a Comment

VOM News

FREE
VIEW