ဝိုင်းမော်မှာ မီးလောင်လို့ အိမ်ထဲ အိပ်ပျော်နေတဲ့ ကလေး ၆ ဦးနဲ့ အမျိုးသမီးကြီး ၁ ဦးသေဆုံး

ဒီဇင်ဘာ ၂-၂၀၂၂
MM(VOM)

ကချင်ပြည်နယ် ၊ ဝိုင်းမော်မြို့နယ်၊ နောင်ချိန်း ကျေးရွာ အုပ်စု ၊ အင်ဂန်းကျေးရွာက နေအိမ်တစ်လုံးမှာ အသက် ၃ နှစ်ကနေ ၁၂ နှစ်အထိ ကလေး ၆ ယောက်နဲ့ ၆၅ အရွယ် အမျိုးသမီး ၁ ယောက် မနေ့က မီးလောင်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီကနေ သိရပါတယ်။

မီးလောင်မှုမှာ မနေ့ ဒီဇင်ဘာ ၁ ရက် ည ၁၀ နာရီ
ကျော်ကျော်က နေအိမ်အတွင်းရှိ ဝါယာကြိုး အပူလွန်ကဲပြီး အိမ်ရဲ့အကာ ထရံကို မီးကူးလောင်းတာဖြစ်တယ်လို့ သိရပါတယ်။

မီးလောင်မှုကြောင့် အိမ်ထဲမှာ အိပ်ပျော်နေတဲ့ အသက် ၆၅ နှစ်အရွယ် အမျိုးသမီး ၁ ယောက် ၊အသက် ၁၂ နှစ်အရွယ် ၁ ယောက် ၊ အသက် ၁၁ နှစ်အရွယ် ၁ ယောက် ၊ အသက် ၉နှစ်အရွယ် ၂ ယောက် ၊ အသက် ၇ နှစ်အရွယ် ၁ ယောက်နဲ့ အသက် ၃ နှစ်အရွယ် ၁ ယောက်တို့ သေဆုံးခဲ့ရတာလို့သိရပါတယ်။

”မီးက ဓါတ်ကြိုး ဝါယာရှော့ခ်ဖြစ်လောင်တာ ၊ အိမ်ထဲက စက်သုံးဆီ ပုံးတွေကို မီးကူစက်လောင်တော့ မီးလောင်အား ပိုကောင်းသွားတာ ၊ မီးလောင်မှုများတော့ ချက်ချင်ပဲ အိမ်တစ်လုံးလုံးနီးပါး ကုန်သွားတယ် ၊ အိမ်က ၂ ထပ်အိမ် ၊ အိမ်ထဲမှာအိပ်နေတဲ့ ကလေးတွေနဲ့ အဒေါ်ကြီး တဦး သေဆုံးသွားတာ ၊ အခြားအိမ်တွေ မီးကူးစက်ခံရတာမရှိဘူး ။”လို့ ဒေသခံ ပရဟိတအဖွဲ့ဝင်တယောက်ကပြောပါတယ်။

မီးလောင်မှုနဲ့ပတ်သက်လို့ အိမ်ရှင်ဖြစ်တဲ့ အသက် ၃၆ နှစ်အရွယ်၊ ဒေါ်အင်ဂန်းခါးကို ဝိုင်းမော်မြို့မရဲစခန်းက (ပ)၁၂၈ /၂၀၂၂ ပုဒ်မ – ၂၈၅ နဲ့ အမှုဖွင့်အရေးယူ ထားတယ်လို့ သိရပါတယ်။

ဝိုင်းမော်မြို့နယ်မှာ အခုလို ပွင့်လင်း ရာသီရောက်လာတဲ့ကာလ ဓါတ်ကြိုး တချောင်းကနေ ဝါယာရှောခ့်ဖြစ်လို့ မီးလောင်မှုဖြစ်ပြီး လူအများအပြား သေဆုံးတဲ့ဖြစ်စဉ်ဟာ ပထမဆုံးဖြစ်ပွားတာလို့သိရပါတယ်။

#voiceofmyanmar #VOM #ဝိုင်းမော် #မီးလောင်မှု #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW