ဒီဇင်ဘာ ၂၅ – ၂၀၂၂ SN (VOM) ရှမ်းပြည်နယ်အခြေစိုက် သတင်းဌာနတခုဖြစ်တဲ့ ကမ္ဘောဇတိုင်းမ် (Kanbawza Tai News)သတင်းဌာနရဲ့ အယ်ဒီတာချုပ်ဖြစ်သူ ဦးကျော်ဇေယျကို ဒီကနေ့ ဒီဇင်ဘာ ၂၅ ရက်၊ မနက် ၃ နာရီမှာ ကြို့ပင်ကောက်မြို့က နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ “မနက်အစောကြီး လာဖမ်းသွားကြတာ။ လာဖမ်းတုန်းက ပစ္စည်းတွေလည်း သိမ်းသွားတယ်။ အခုသူ့ကို ကြို့ပင်ကောက် စစ်ကြောရေးမှာ ချုပ်ထားတယ်ဆိုတာကလွဲလို့ ကျန်တာတော့ ဘာမှမကြားရသေးဘူး” လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ ကမ္ဘောဇတိုင်းမ်သတင်းဌာန ထုတ်ဝေသူ အပါအဝင် အယ်ဒီတာအဖွဲ့ဝင်တွေကို ပုဒ်မ-၅၀၅ နဲ့ ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်၊ မတ် ၂၄ ရက်ကတည်းက ၄ ဦးအဖမ်းခံခဲ့ရပြီး အယ်ဒီတာချုပ် ဦးကျော်ဇေယျကတော့ ထွက်ပြေးတိမ်းရှောင်ရင်း ဒီကနေ့မှာ အဖမ်းခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။…
Read MoreYear: 2022
တရုတ်နိုင်ငံ ကျဲကျန်းပြည်နယ်မှာ ကိုဗစ်နေ့စဥ်ကူးစက်မှု တသန်းကျော်ထိစံချိန်တင်၊ နေ့စဥ်ကူးစက်မှုနှုန်း မထုတ်ပြန်တော့ဘူးလို့ တရုတ်အစိုးရ ကြေညာ
ပေကျင်း၊ ဒီဇင်ဘာ -၂၅-၂၀၂၂ မျိုးဆက်(VOM) တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲကျန်းပြည်နယ်မှာ ကိုဗစ်-၁၉ရောဂါ နေ့စဥ် ကူးစက်မှုအသစ် တသန်းကျော်ထိရှိနေပြီး လာမယ့်ရက်အနည်းငယ်အတွင်း နှစ်ဆတိုးလာဖွယ်ရှိကြောင်း ပြည်နယ်အစိုးရက တနင်္ဂနွေနေ့မှာ ပြောပါတယ်။ နိုင်ငံတဝန်း ကူးစက်မှု စံချိန်တင်မြင့်တက်နေသော်လည်း စနေနေ့အထိ ငါးရက်တာကာလအတွင်း တရုတ်ပြည်မကြီးမှာ ကိုဗစ်-၁၉ရောဂါကြောက့် သေဆုံးမှုမရှိကြောင်း တရုတ်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာမှ တနင်္ဂနွေနေ့မှာ ထုတ်ပြန်ပါတယ်။ တရုတ်အစိုးရဟာ ကိုဗစ်-၁၉ရောဂါလုံးဝမကူးစက်ရေး မူဝါဒကို ကျင့်သုံးပြီး တင်းကြပ်တဲ့ကန့်သတ်ချက်တွေို အရှိန်အဟုန်မြှင့် ပြောင်းလဲမှုတွေ ပြုလုပ်ပြီးနောက် ကူးစက်မှုများ တိုးလာတာကြောင့် ကူးစက်မှုနဲ့သေဆုံးမှုဆိုင်ရာ ပိုမိုတိကျတဲ့အချက်အလက်တွေထုတ်ပြန်ဖို့ ပြည်သူတွေနဲ့ ကျွမ်းကျင်သူတွေက တောင်းဆိုနေကြပါတယ်။ အမျိုးသားကျန်းမာရေးကော်မရှင်က ရောဂါလက္ခဏာမပြသတဲ့ ကူးစက်မှုတွေကို အစီရင်ခံခြင်းကို ရပ်တန့်ထားပြီး ကူးစက်မှုအရေအတွက်ကို ထုတ်ပြန်မှုရပ်ဆိုင်းဘိုက်တာကြောင့် ရောဂါဖြစ်ပွားမှုကို ခြေရာခံဖို့နဲ့ ကူးစက်မှုကို အတိအကျသိဖို့ ခက်ခဲတဲ့အခြေအနေရှိနေပါတယ်။ ကူးစက်မှုအထွတ်အထိပ်ကို ကျဲကျန်းပြည်နယ်မှာ စောစီးစွာရင်ဆိုင်ရဖို့ခန့်မှန်းထားပြီး၊ နှစ်သစ်ကူးနေ့ဝန်းကျင်မှာနေ့စဉ်ကူးစက်မှုအသစ်အရေအတွက် နှစ် သန်းအထိမြင့်တက်လိမ့်မယ်လို့…
Read Moreတနင်္သာရီတိုင်းဝန်ကြီးချုပ် အဖြစ်တာဝန်ယူခဲ့တဲ့ ဦးမြင့်မောင် ထောင် ၁နှစ်ထပ်ချခံရ
ဒီဇင်ဘာ၊၂၅-၂၀၂၂ MM(VOM) ထားဝယ် အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ NLD အစိုးရလက်ထက်က တနင်္သာရီတိုင်း ဝန်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့တဲ့ ဦးမြင့်မောင်ကို ထားဝယ်ထောင် အထူးတရားရုံးကနေ ထောင်ဒဏ် ၁ နှစ်ထပ်မံချမှတ်လိုက်တယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို ဖောက်ဖျက်တယ်လို့ ဆိုကာ ရာဇာသတ်ကြီး ဥပဒေပုဒ်မ ၁၃၀ (က)နဲ့ထားဝယ်အကျဉ်းထောင် အထူးတရားရုံးကနေ ဒီဇင်ဘာ ၂၃ ရက်က ထောင်ဒဏ် ၁နှစ်ထပ်မံချမှတ်လိုက်တာဖြစ်ပြီး ယခင်ဝန်ကြီးချုပ် ဦးမြင့်မောင်ဟာ အရင်က ထောင်ဒဏ် ၁၁ ချမှတ်ခံထားရကြောင့် စုစုပေါင်း ထောင်ဒဏ် ၁၂အထိ ချမှတ်ခံထားရတယ်လို့ တနင်္သာရီတိုင်းတက်ကြွလှုပ်ရှားသူ တယောက်က VOM ကိုပြောပါတယ်။ “ဆရာ ဦးမြင့်မောင်ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၄၀၉၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ တို့နဲ့ ထားဝယ်ထောင်တွင်း တရားရုံးကနေ ၂၀၂၁…
Read Moreငါးဇွန်မြို့နယ်မှာ စွန့်ပစ်ထားတဲ့ အမျိုးသား ရုပ်အလောင်း ၄ လောင်းတွေ့
ဒီဇင်ဘာ ၂၅၊ ၂၀၂၂ SP (VOM) မန္တလေးတိုင်း ၊ ငါန်းဇွန်မြို့နယ်၊ သားကျင်းကျေးရွာနဲ့ ရေဆင်းကျေးရွာသွား ကားလမ်းဘေးမှာ ဒီကနေ့မနက် ၈ နာရီဝန်းကျင်က အမျိုးသားရုပ်အလောင်း ၄ လောင်း စွန့်ပစ်ထားတာကို တွေ့ရတယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” သေဆုံးသူတွေဟာ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသား ၄ ဦးဖြစ်ပြီး နောက်ကျောနဲ့ ရင်ဘတ်နေရာတွေမှာ ကျည်ဆံဖောက်ဝင် ဒဏ်ရာတွေနဲ့ သေဆုံးနေတာဖြစ်တယ်”လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။ အဲ့ဒီ ကိစ္စနဲ့ ပတ်သက်လို့ ငါန်းဇွန်မြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ” အမျိုးသား ရုပ်အလောင်း ၄ လောင်းတွေ့ရတယ် ၊ ဘယ်သူ ဘယ်ဝါတွေ ဖြစ်တယ်ဆိုတာ မသိရသေးဘူး ၊ အသက်ကတော့ ခန့်မှန်း ၄၀ ဝန်းကျင်ဖြစ်တယ်…
Read Morefoodpanda ၃ နှစ်ခရီးမှာ အတူလိုက်ပါတဲ့ မိတ်ဖက်တွေနဲ့ ပို့ဆောင်ပေးသူတွေကို ဂုဏ်ပြုဆုချီးမြှင့်
ဒီဇင်ဘာ ၂၅-၂၀၂၂ Voice Of Myanmar (VOM) မြန်မာနိုင်ငံမှာ အွန်လိုင်းစနစ်နဲ့ အစားအစာ၊ လူသုံးကုန်နဲ့ ဆေးဝါးပစ္စည်းတွေကို မှာယူပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးတဲ့ foodpanda Myanmarရဲ့ ၃နှစ်ပြည့်မွေးနေ့အခမ်းအနားကို မန္တလေးမြို့က Ease Hotelမှာ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ မိတ်ဖက် စီးပွားရေးလုပ်ငန်းရှင်တွေ၊ ပို့ဆောင်ပေးနေသူ(Rider)တွေနဲ့ တရင်းတနှီးတွေ့ဆုံကာ ဂုဏ်ပြုခြင်း အစီအစဥ်တွေကို ပြုလုပ်ခဲ့ကြပါတယ်။ #voiceofmyanmar #VOM #foodpanda #၃နှစ်ပြည့်မွေးနေ့အခမ်းအနား #မန္တလေး YouTube Link – https://youtu.be/b0ncLeKgYHU
Read More၈၈ မျိုးဆက် မနုနုအောင်၊ မခက်ခက်အောင်နဲ့ ကိုမြတ်သူတို့ ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ခံရ
ဒီဇင်ဘာ ၂၃ – ၂၀၂၂ SN (VOM) ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်း) က မနုနုအောင်၊ မခက်ခက်အောင်နဲ့ ကိုမြတ်သူတို့ကို နစက က ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်လိုက်တယ်လို့ သိရပါတယ်။ ကျိုက်မရောထောင် တရားရုံးကနေ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ပုဒ်မ – ၅၀ ည အတွက် ထောင်ဒဏ် ၁၀ နှစ်၊ ပုဒ်မ – ၅၁ (ဂ) အတွက် ထောင်ဒဏ် ၅ နှစ် အသီးသီးချမှတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ “မော်လမြိုင်ခရိုင်တရားရုံးမှာ ရမန်ယူပြီး ဒီနေ့ ကျိုက်မရောထောင်ကို ပို့လိုက်တာပါ။ ဒီဇင်ဘာ ၂၃ ရက်နေ့မှာတော့ တရားရုံးက တဦးကို ထောင်ဒဏ် ၁၅ နှစ်စီ…
Read Moreတန့်ဆည်မြို့နယ်မှာ ရွာ ၅ ရွာမီးရှို့ခံရပြီး အိမ်ခြေ ငါးရာကျော် ပျက်စီးဆုံးရှုံးခဲ့
ဒီဇင်ဘာ ၊ ၂၄၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ ရေဦးမြို့နယ်နဲ့ တန့်ဆည်မြို့နယ်ကြားက ကျေးရွာ ၅ ရွာဟာ အခုရက်ပိုင်းအတွင်း မီးရှို့ဖျက်ဆီးခံရပြီး လူနေအိမ် ၅၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ တန့်ဆည်မြို့ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” မီးရှို့ဖျက်ဆီးခံရတဲ့ ကျေးရွာတွေက ၊ ၁၉ ရက်နေ့က ဖလံချိုင် နေအိမ် ၃ လုံး နဲ့ စပါး တင်းရေ ငါးရာကျော် ၊ ၂၀ ရက်နေ့က ငတန်ကျေးရွာမှာ အိမ်ခြေ ၄၀၀ ရာကျော် နဲ့ ရိတ်သိမ်းထားပြီးသား မြေပဲနဲ့ စပါး တင်းရေ ရာချီပါသွားတယ် ၊၂၁ ရက်နေ့က ရွှေလှန်ကျေးရွာမှာ လူနေအိမ် ၉၁ လုံး ၊ အဲ့ဒီနေ့က…
Read Moreသရုပ်ဆောင် သင်ဇာဝင့်ကျော် ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရ
ဒီဇင်ဘာ ၂၃ – ၂၀၂၂ SN (VOM) သရုပ်ဆောင်သင်ဇာဝင့်ကျော်ကို ဒီဇင်ဘာ ၂၃ ရက် ဒီကနေ့မှာ ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရတယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။ ရန်ကုန်အင်းစိန်ထောင်တွင်းတရားရုံး၊ မရမ်းကုန်းမြို့နယ် တရားခွင်ကနေ ထောင်ဒဏ် ချမှတ်ခဲ့တာဖြစ်ပြီး ကာယအိန္ဒြေပျက်ပြားစေတဲ့ အဖော်အချွတ်ဓာတ်ပုံတွေနဲ့ ဗွီဒီယိုတွေကို လူမှုကွန်ရက်မှာ အခကြေးငွေရယူကာ ဖြန့်ဝေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ သြဂုတ်လက အီလက်ထရောနစ်ပုဒ်မ ၃၃(က) နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ “ဒါဟာ မျှတတဲ့ အရေးယူမှု မဟုတ်ဘူး။ လူ့အခွင့်အရေး ချိုးဖောက်တာပဲ ဖြစ်တယ်။ အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ – ၃၃ (က) အရ မြန်မာ့ ယဉ်ကျေးမှုကို ထိခိုက်စေတယ် ဆိုတဲ့နေရာမှာ ဘယ်လိုအကြောင်းအရာ၊ လုပ်ငန်းမျိုး တွေက ထိခိုက်စေသလဲဆိုတဲ့…
Read Moreထိုင်းရွေးကောက်ပွဲမှာ ၀င်ပြိုင်ဦးမယ်လို့ အာဏာသိမ်းခေါင်းဆောင် ၀န်ကြီးချုပ်ပရာယွတ် ကြေညာ
ဒီဇင်ဘာ-၂၃-၂၀၂၂ မျိုးဆက်(VOM) ထိုင်းနိုင်ငံမှာ လာမယ့်နှစ်မေလမတိုင်မီကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ နောက်ထပ်၀န်ကြီးချုပ်သက်တမ်းအတွက် ထပ်မံယှဉ်ပြိုင်သွားမယ်လို့ ထိုင်း၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဒီဇင်ဘာ ၂၃ ရက်မှာ ကြေညာလိုက်ပါတယ်။ ပရာယွတ်ဟာ ၂၀၁၉ ခုနှစ် အငြင်းပွားဖွယ်ရွေးကောက်ပွဲမှာ ၀န်ကြီးချုပ်မဖြစ်မီ ၂၀၁၄ ခုနှစ် အာဏာသိမ်းမြှု့ဖစ်ပွားပြီးနောက် အာဏာကို ရယူခဲ့ပါတယ်။ အသစ်တည်ထောင်လိုက်တဲ့ ယူနိုက်တက်ထိုင်းနေရှင်းပါတီက မိမိကိုထောက်ခံဖို့ ကမ်းလှမ်းထားကြောင်း ထိုင်း၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောပါတယ်။ ပရာယွတ်ဟာ အာဏာရညွှန့်ပေါင်းအဖွဲ့ကို ဦးဆောင်နေတဲ့ သူ့ရဲ့ ပီပီအာပီပါတီကနေ နှုတ်ထွက်ဖွယ်ရှိနေပါတယ်။ ပီပီအာပီပါတီဟာ ပါတီအကြီးအကဲနဲ့ ဒုတိယ၀န်ကြီးချုပ် ပရာ၀တ်၀န်ဆူ၀မ်ကို ရွေးကောက်ပွဲမှာ ပါတီရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ကြေညာထားပါတယ်။ ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာနဲ့ ဒုတိယ၀န်ကြီးချုပ် ပရာ၀တ်ဆူ၀မ်တို့နှစ်ဦးစလုံးဟာ ထိုင်းစစ်တပ်မှ အမှုထမ်းခဲ့ကြသူတွေဖြစ်ပြီး သူတို့ရဲ့ နိုင်ငံရေးကံကြမ္မာက ဆယ်စုနှစ်များစွာ ပတ်သက်ရောယှက်နေခဲ့ပါတယ်။ အတိုက်အခံဖြူထိုင်းပါတီဟာ ရွေးကောက်ပွဲ၀င်ရောက်ယှဉ်ပြိုင်ဖို့ အတားအဆီးမရှိပေမယ့် လက်ရှိထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ပါတီတွေသာ…
Read Moreချောင်းအစပ်မှာရှိတဲ့ သစ်ပင်တွေ ရေသွားလောင်းတဲ့ မိခင်နဲ့ ကလေး ၂ ဦး ရေနစ်သေဆုံး
ဒီဇင်ဘာ၊၂၃-၂၀၂၂ MM(VOM) ချောင်းအစပ်မှာရှိတဲ့ အိမ်ဥယျာဉ်ခြံထဲက သစ်ပင်တွေကို ရေသွားလောင်းတဲ့ မိခင်နဲ့ အသက် ၃ နှစ်အရွယ်ကလေး ၁ ယောက် အပါအဝင် ၃ ယောက်ရေနစ်သေဆုံးမှု မနေ့ ဒီဇင်ဘာ ၂၂ရက် ညပိုင်းက ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်၊ ကုလားဘာကျေးရွာမှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ ရေနစ်သေဆုံးသူ မိသားစုဝင် ၃ ယောက်ဟာ ကုလားဘာကျေးရွာအပြင် ချောင်းနံဘေးမှာရှိတဲ့ ဥယျာဉ်ခြံမြေအတွင်း သစ်ပင်တွေကို ရေသွားလောင်းရင်း ရုတ်တရက် ချောင်းထဲကို ပြုတ်ကျပြီး ရေနစ်သေဆုံးတာလို့ ဒေသခံ ပရဟိတအဖွဲ့ဝင်တယောက်ကပြောပါတယ်။ ”သက်ဆိုင်ရာကလည်း ရေနစ် သေဆုံးတာလို့ ဒီလိုပဲ မှတ်ချက်ပေးပါတယ် ၊ ရေနစ်သေဆုံးသွားသူတွေက မိခင်ဖြစ်သူ ဒေါ်မဖြူတင် အသက် ၃၈ နှစ်ရယ် ၊သမီးကြီးဖြစ်သူ အသက် ၁၅ နှစ် အရွယ် ၉ တန်းကျောင်း သူရယ် ၊ သမီးငယ်ဖြစ်သူ…
Read More