ကမာရွတ်မီဒီယာ အယ်ဒီတာချုပ် ဦးဟံသာညိန်း ထောင်(၅)နှစ် ထပ်ချခံရ

ဒီဇင်ဘာ ၂၆-၂၀၂၂ KK(VOM) ကမာရွတ်မီဒီယာကို ပူးတွဲတည်ထောင်ခဲ့တဲ့ ဦးဟံသာညိန်းကို အင်းစိန်အကျဥ်းထောင်ရှိ အထူးတရားရုံးကနေ ဒီကနေ့ မနက်ပိုင်းက အီလက်ထရောနစ် ဥပဒေ ပုဒ်မ ၃၃ (က)နဲ့ ထောင်ဒဏ်(၅)နှစ်ချလိုက်တယ်လို့ ရှေနေအသိုင်းအဝိုင်းက သိရပါတယ်။ ” အင်းစိန်အကျဥ်းထောင် အထူးတရားရုံးကနေ ဦးဟံသာညိန်းကို ဒီကနေ့ မနက်ပိုင်းမှာ အီလက်ထရောနစ် ဥပဒေ ပုဒ်မ ၃၃(က)နဲ့ထောင်ဒဏ်(၅)နှစ်ချမှတ်ခဲ့တာဖြစ်တယ်၊ အရင်ကချခဲ့တဲ့ ထောင်ဒဏ် ၂ နှစ်နဲ့ဆို စုစုပေါင်း ထောင်ဒဏ် ၇ နှစ်ဖြစ်သွားတာပေါ့”လို့ တရားလွှတ်တော်ရှေနေတဦးက VOM ကိုပြောပါတယ်။ ကမာရွတ်မီဒီယာ ပူးတွဲတည်ထောင်သူ အယ်ဒီတာချုပ် ဦးဟံသာညိန်းကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မတ်လ ၂၁ က ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ထားတာလည်းရှိပါတယ်။ ကမာရွတ်မီဒီယာရုံးခန်းကို ၂၀၂၁ ခုနှစ် မတ်လ…

Read More

ချောင်းဦးနယ် ကံကြီးကုန်းကျေးရွာမှာ နေအိမ် တစ်ရာကျော် မီးလောင်၊ တဦးသေ သုံးဦးပျောက်ဆုံး

ဒီဇင်ဘာ ၊ ၂၆ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ ကံကြီးကုန်းကျေးရွာမှာ မနေ့ ဒီဇင်ဘာ ၂၅ရက် ၊ ညနေပိုင်းကစလို့ ညပိုင်းအထိ ၊ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လူနေအိမ်တွေ မီးလောင်ခဲ့တယ်လို့ ချောင်းဦးမြို့ခံတွေဆီက သိရပါတယ်။ ” မနေ့က ညနေပိုင်း ၃ နာရီဝန်းကျင်ကစပြီး ရွာထဲကို လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တယ် ၊ ည ၇ နာရီလောက်ရောက်တော့ ရွာစွန်ကအိမ်တွေ မီးရှို့ဖျက်ဆီးခံရတယ် ၊ အိမ်ခြေ ၁၀၂ အိမ် မီးလောင်ပျက်စီးတယ် ၊ ရွာသား ၁ ဦး မီးရှို့ခံရတယ် ၊ နောက်ပြီး အရှင် ၃ ဦး ဖမ်းဆီးခေါ်ဆောင်သွားတယ် ၊ အဖမ်းခံရတဲ့…

Read More

အမေရိကန်နဲ့ ကနေဒါမှာ ဆိုးရွားတဲ့နှင်းမုန်တိုင်းကြောင့် လူ ၃၈ ဦးသေဆုံး

ဝါရှင်တန်၊ ဒီဇင်ဘာ-၂၆-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်နဲ့ ကနေဒါတို့မှာ နှင်းမုန်တိုင်းနဲ့ ဆိုးရွားတဲ့ ရာသီဥတုကို ဆက်လက်ရင်ဆိုင်နေရပြီး ဒီဇင်ဘာ ၂၅ ရက်ထိ လူ ၃၈ ဦးသေဆုံးသွားပါတယ်။ အမေရိကန်မှာ ဆိုးရွားသည့်ရာသီဥတုကြောင့် လူ ၃၄ ဦးသေဆုံးခဲ့ပြီး အဆိုးရွားဆုံးကတော့ နယူးယောက်ပြည်နယ် ဘတ်ဖ်လိုမြို့ဖြစ်ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ ကနေဒါနိုင်ငံအနောက်ပိုင်း ဗြိတိသျှကိုလံဘီယာပြည်နယ် မာရစ်မြို့အနီး ဆီးနှင်းများပိတ်နေတဲ့လမ်းပေါ်မှာ ဘတ်စ်ကားတစ်စီးတိမ်းမှောက်မှုကြောင့် လူ ၄ ဦးသေဆုံးခဲ့ပါတယ်။ ကနေဒါနိုင်ငံမှ တောင်ဘက်စွန်း ရီယိုဂရန်ဒီအထိ ကျယ်ပြန့်တဲ့ လက်ရှိဆောင်းရာသီမုန်တိုင်းရဲ့ သက်ရောက်မှုဟာ မကြုံစဖူးဖြစ်ပြီး လာမယ့်ရက်အနည်းငယ်အတွင်း လျော့ပါးသွားနိုင်ကြောင်း မိုးလေ၀သ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။ အမေရိကန်နိုင်ငံသား ၅၅ သန်းဟာ ဒီဇင်ဘာ ၂၅ ရက်ထိ နှင်းမုန်တိုင်းသတိပေးချက်အောက်မှာ ရှိနေခဲ့ပြီး ဆီးနှင်းထူထပ်စွာကျဆင်းခြင်း၊ လေပြင်းများတိုက်ခတ်ခြင်းတို့ကြောင့် အမေရိကန်တ၀န်းမှာ အားလပ်ရက်ခရီးသွားလာမှုတွေအပေါ် အနှောက်အယှက်တွေ ဖြစ်ပေါ်ခဲ့ပါတယ်။ Ref: BBC…

Read More

မန္တလေးမှာ စီးပွားရေးလုပ်ငန်းများ ဒေသတွင်း ထုတ်ကုန်ပြပွဲကျင်းပ

မန္တလေး၊ ဒီဇင်ဘာ – ၂၆ – ၂၀၂၂ (Voice Of Myanmar) မန္တလေးတိုင်းအတွင်းမှာရှိတဲ့ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေရဲ့ဒေသတွင်းထုတ်ကုန်ပြပွဲကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလာသီရီ အားကစားကွင်းအတွင်းမှာ ဒီကနေ့ ဒီဇင်ဘာ ၂၆ရက်ကနေ ဒီဇင်ဘာ ၂၈ ရက်နေ့အထိ ကျင်းပသွားမယ်လို့ သိရပါတယ်။ အဲ့ဒီထုတ်ကုန်ပြပွဲမှာ SME Member ဝင်လုပ်ငန်း ၂၁ ခု၊ စက်မှုမှတ်ပုံတင်လုပ်ငန်း ၆၁ခု၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ၃၃ ခု၊ စားသောက်ခန်း ၅ ခန်းနဲ့ ဌာနဆိုင်ရာ ၆ ခုတို့ ပူးပေါင်းပြီး ဆိုင်ခန်းတွေနဲ့ ခင်းကျင်းပြသထားတာကို တွေ့ရပါတယ်။ ပြပွဲအတွင်းမှာဆိုရင် နိဗ္ဗာန်ကုန်၊ အစားအသောက်၊ စက်မှုလက်မှု ပစ္စည်းအမျိုးမျိုးတို့ကို ခင်းကျင်းပြထားပြီး ဒီဇင်ဘာ ၂၈ ရက်နေ့အထိ မည်သူမဆို ဝင်ရောက်လေ့ လာဝယ်ယူလို့ရတယ်လို့ သိရပါတယ်။…

Read More

မြို့စွန် ကန်သင်းရိုး၊ ဘိုးဘိုးကြီးနန်း နှင့် အောင်ပင်လယ်

ဆူးငှက် “ရှေ့ယံငယ် ပတ်ဝန်း၊ မြရောင်ရွှန်း၊ သီလာမြိုင်ဖူး၊ တောင်မှူး ရေတံခွန် သာဘွယ်လွန်သည့်လေ စိမ်းလဲ့မောင်း နန္ဒာကြည်ရှင်း ကန်မင်း အောင်ပင်လယ်မှာ ကြာမျိုး ငါးသွယ် လှိုင်ကြွယ်မွှေးပျံ့ လှောင်းပါလို့လေး”” မန္တလေးမြို့ဘွဲ့ တျာချင်းတစ်ပုဒ်က ရင်ထဲ စူးဝင်လာသည်။ အုပ်ဆိုင်းနေသည့် ကုက္ကိုပင်အရိပ်ကြီးများက လမ်းမပေါ် လှဲအိပ်နေကြ၏။ စံပယ်ပန်းအနံ့လးတွေ သင်းခနဲ မွှေးမြနေသည်။ လယ်ကွင်းတွေဆီက တိုက်ခတ်လာသောလထဲမှာပင် စံပယ်ရနံ့တို့ စွန်းထင်းသွားသေးသည်။ ဟိုတောင်ဘက်အနား “တဘက်ကျ”စေတီသည် သူ၏ ဆည်းလည်းလေးတွေကို လေးတွဲ့တွဲ့ အသံပေးနေ၏။ပြဒါးသုတ်၊ မှန်အလုံပိတ် ကားရောင်စုံလေးတွေ ဘယ်လိုပဲ အရှိန်ပြင်းပြင်း မောင်းလာပါစေ၊ ဟောသည်နေရာရောက်ရင်ဖြင့် ကားကလေးတွေကို ငြိမ့် ခနဲ ထိုးဆိုက်ကာ တံခါးဖွင့် ဆင်းကြသည်။ ဘီယာမူးနေသော လူငယ်လေးတွေ ဘယ်လိုပင် ရီဝေရီဝေဖြစ်နေပါစေ၊ သည်နေရာရောက်လျှင် တစ်ယောက်ယောက်က သတိဝင်ကာ ကားပေါ်ဆင်းသည်။ ကားမှန် တံခါးအဖွင့်၊ သို့တည်း…

Read More

လောင်းလုံးမြို့နယ်မှာ ရဲစခန်းကထွက်လာသူ တဦးနဲ့ နွားကျောင်းသား တဦး ပစ်သတ်ခံရ

ဒီဇင်ဘာ၊၂၄-၂၀၂၂ MM(VOM) တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ ရဲစခန်းကထွက်လာသူ ၁ ယောက် နဲ့ နွားကျောင်းနေသူ ၁ ယောက် သေနတ်နဲ့ပစ်သတ်ခံရမှု မနေ့ ဒီဇင်ဘာ ၂၃ ရက်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ သေနတ်နဲ့ ပစ်သတ်ခံရသူဟာ ကိုနေလင်းထွန်း (ခ)နော်မှေးဖြစ်ပြီး လောင်းလုံး ရဲစခန်းကနေ ထွက်လာတဲ့အချိန် အမည်မသိသူတွေက သေနတ်နဲ့ ပစ်သတ်သွားတာဖြစ်ပြီး သေနတ်ဒဏ်ရာ အနည်းဆုံး ၆ ချက်လောက်နဲ့ နေရာမှာတင် သေဆုံးသွားတာလို့ သိရပါတယ်။ ဒါ့အပြင် ဒေသခံ အမည်မသိ အမျိုးသား ၁ ယောက်လည်း လောင်းလုံးမြို့အထွက် ညင်းမော် ကျေးရွာအနီး ဆီအုန်းတောအစပ်မှာ နွားကျောင်းနေတဲ့အချိန် သေနတ်နဲ့ ပစ်သတ်ခံရသေးတယ်လို့ ဒေသခံ လူမှုကူညီအဖွဲ့ ပရဟိတဆောင်ရွက်သူ တယောက်ကပြောပါတယ်။ ”ကိုနေလင်းထွန်းက ပြည်သူ့စစ်အဖွဲ့ဝင်လို့သိရတယ် ၊ အသက်က ၄၀ ကျော်ကျော်လောက်ရှိမယ် ၊…

Read More

အမေရိကန်ပြည်သူ သန်း ၂၀၀ ကျော် ဆိုးရွားတဲ့နှင်းမုန်တိုင်းနဲ့ ရင်ဆိုင်နေရ

ဝါရှင်တန် ၊ဒီဇင်ဘာ-၂၄-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်မှာ အားလပ်ရက် ပိတ်ရက်မတိုင်မီ ပြင်းထန်တဲ့ဆောင်းမုန်တိုင်းဒဏ်ကို အမေရိကန် ​ပြည်သူသန်း ၂၀၀ ပျော်ခံစားနေကြရပါတယ်။ နှင်းမုန်တိုင်း လူ၁၂ ဦးထက်မနည်း သေးဆုံးပြီးလူပေါင်း ၁.၅ သန်းကျော် လျှပ်စစ်ဓာတ်အား ပြတ်တောက်နေကာ လေကြောင်းခရီးစဉ် ထောင်ပေါင်းများစွာကို သောကြာနေ့ကဖျက်သိမ်းခဲ့ရပါတယ်။ ကြီးမားတဲ့မုန်တိုင်းသည် Texas မှ Quebec အထိ မိုင် 2,000 (3,200 ကီလိုမီတာ) ကျော် ရှည်လျားတယ်လို့ သိရပါတယ်။ လေထုဖိအား ကျဆင်း​​ခြင်းအပါအဝင် နှင်းမုန်တိုင်းကြောင့် အမေရိကန်-ကနေဒါနယ်စပ်မှာလည်း ဆိုးရွားတဲ့ ရာသီဥတုအခြေအနေတွေ ဖြစ်ပေါ်နေပါတယ်။ အမေရိကန် မွန်တားနားနဲ့ အယ်ခ်ပါ့ခ်တို့မှာ အပူချိန် အနှုတ် ၄၅ ဒီဂရီစင်တီဂရိတ်ထိကျဆင်းနေပြီး တောင်ဒါကိုတာမှာလည်း ဆီးနှင်းထူထပ်စွာကျနေပြီး အနွေးဓာတ်အတွက် လောင်စာကုန်သွားတဲ့ လူမျိုးစုတွေဟာ အဝတ်အစားတွေကိုပါ မီးရှို့ပြီး မီးလှုံနေကြရတယ်လို့ ဒေသခံတာဝန်ရှိသူတွေက ပြောပါတယ်။ ပန်ဆယ်ဗေးနီးယားနဲ့ မီချီဂန်တို့မှလည်း…

Read More

မုံရွာ – မန္တလေးကားလမ်းမှာ ခရီးသည်တင်ကား မိုင်းထိမှန်ပြီး ပစ်ခတ်ခံရ ၁ ဦးသေ ၊ ၂ ဦး ဒဏ်ရာရ

ဒီဇင်ဘာ ၊ ၂၄ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊နုံးတွင်းကျေးရွာ ၊ ညောင်ပင်ကျေးရွာ ဇရပ်အနီး မုံရွာ – မန္တလေးကားလမ်းမှာ မနေ့ ဒီဇင်ဘာ ၂၃ ရက် ညနေပိုင်းက ခရီးသည်တင်ကား ၁ စီး မိုင်းထိမှန်ပြီး ပစ်ခတ်ခံရတာကြောင့် ယာဥ်ပေါ်ပါ ခရီးသည် ၁ ဦးသေဆုံးပြီး ၊ ကားမောင်းသူအပါအဝင် ခရီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ . ” ပစ်ခတ်ခံရတဲ့ကားက မုံရွာ – နေပြည်တော် – ပြင်ဦးလွင် ပြေးဆွဲနေတဲ့ ဟိန်းစတား အံစာတုံး ခရီးသည်တင်ကားဖြစ်တယ် ၊ ကားပေါ်ပါ ခရီးသည်တွေထဲက အမျိုးသမီး ၁ ဦးသေဆုံးပြီး ၊ ၂…

Read More

ချောင်းဦးမြို့နယ် အမြင့်ရဲကင်းစခန်းမှာ တိုက်ပွဲ ဖြစ်လို့ ရဲ တဦးသေဆုံး

ဒီဇင်ဘာ ၊ ၂၅ ၊ ၂၀၂၂ SP ( VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ အမြင့် စံပြမြို့ဟောင်းမှာရှိတဲ့ အမြင့် ရဲကင်းစခန်းဟာ ဒီကနေ့ မနက်ပိုင်းက တိုက်ခိုက်ခံရပြီး အဲ့ဒီ တိုက်ခိုက်ခံရမှုကြောင့် ရဲ တဦးသေဆုံးသွားတယ်လို့ အမြင့်ကျေးရွာမှာနေတဲ့ ဒေသခံတွေဆီက သိရပါတယ်။ ” အမြင့်ရဲစခန်းမှာ မနေ့က မွန်းလွဲ၁ နာရီဝန်းကျင်က ထိတွေ့တိုက်ပွဲဖြစ်ပွားတယ် ၊ ရဲစခန်းနဲ့ တဖက်ကရာဂဏန်းပစ်ကြတာဖြစ်တယ် ၊ လေကြောင်း ပစ်ကူတွေရောက်လာမှ ပွဲပြီးသွားတာ ၊ ရဲတယောက်ကျဆုံးပြီး ၊ ကျန်ရဲတချို့ ထိခိုက်ဒဏ်ရာရတယ် ၊ ဒဏ်ရာရတဲ့သူ အရေအတွက် မသိရသေးဘူး ၊ အမြင့်ရွာခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာက တပတ်လောက်ရှိနေပြီ ” လို့ အမြင့်ရွာခံ တယောက်က ပြောပါတယ်။ အမြင့်…

Read More

ထိုင်းမှာ ရွှေဆိုင်ကရွှေခိုးပြီး ရဲအရာရှိအိမ်ဝင်ပုန်းတဲ့ မြန်မာလုပ်သားတဦး ဖမ်းဆီးခံရ

ဘန်ကောက်၊ ဒီဇင်ဘာ-၂၅-၂၀၂၂ မျိုးဆက်(VOM) ထိုင်းနီုင်ငံ ဘန်ကောက်အနီး ဘန်ဘွန်မှာရှိတဲ့ ရွှေဆိုင်က ဘတ် တသိန်းခွဲဖိုးရွှေတွေ ခိုးယူသွားပြီး ရဲအရာရှိတဦးနေအိမ်မှာ ပုန်းနေတဲ့ မြန်မာလုပ်သားတဦးကို ထိုင်းရဲတွေက ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ အဲဒီမြန်မာလုပ်သားဟာ ရွှေဆိုင်ကရွှေတွေကို ဝယ်ယူမလို့ ကြည့်ရှုပြီးနောက် ယူဆောင်ထွက်ပြေးသွားခဲ့ပြီး အဝတ်အစားတွေလဲကာ စျေးထဲကနေထွက်ပြေးသွားခဲ့တယ်လို့ မျက်မြင်သက်သေတွေကပြောပါတယ်။ အဲဒီနောက် စျေးအပြင်က နေအိမ်ထဲကို ဝင်ရောက်ပုန်းအောင်းနေခဲ့ပြီး အဲဒီအိမ်ဟာ အမှတ် ၇ ခရိုင်ရဲတပ်ဖွဲ့ ဒုတိယရဲမင်းကြီးရဲ့နေအိမ်ဖြစ်နေပါတယ်။ ရဲမင်းကြီးအိမ်ပြန်ရောက်ချိန်မှာတော့ ခြံထဲက သုံးမီတာအမြင့်ရှိ သစ်ပင်ပေါ်မှာ ပုန်းနေတဲ့ အသက် ၃၀ အရွယ် သက်ဦးဆိုသူ မြန်မာလုပ်သားကို တွေ့ရှိပြီး ဖမ်းမိခဲ့တာဖြစ်ပါတယ်။ သူဟာ အထည်ချုပ်စက်ရုံမှာ တလကို ဘတ်ငါးထောင်နဲ့ အလုပ်လုပ်နေသူဖြစ်ပြီး မြန်မာနိုင်ငံမှာကျန်ခဲ့တဲ့မိသားစုကို ထောက်ပံ့ဖို့ ဘတ်ခုနှစ်သောင်းချေးငှားခဲ့ပြီး လစဥ်ဘတ်သုံးထောင်ပြန်ဆပ်ဖို့မလုံလောက်တာကြောင့် အခုလိုရွှေတွေခိုးယူခဲ့တာလို့ သိရပါတယ်။ သူယူခဲ့တဲ့ ရွှေထည်ငါးမျိုးထဲက သုံးမျိုးကို ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ပြီး…

Read More
VOM News

FREE
VIEW