ပေါက်မြို့နယ်မှာ ကြက်သွန်ခင်းထဲ မိုင်းပေါက်ကွဲလို့ ၁ ဦးသေဆုံး ၊ ၉ ဦးပြင်းထန်ဒဏ်ရာရ

ဒီဇင်ဘာ ၊ ၂၈ ၊ ၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ် ၊ ဘုရားတောင် ကျေးရွာအုပ်စု ၊ ကြူတောကျေးရွာရဲ့ အရှေ့ဘက် ၊ ယောချောင်းထဲက ကြက်သွန်ခင်းထဲမှာ မနေ့ ဒီဇင်ဘာ ၂၇ ရက် မနက် ၆ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပြီး ကြက်သွန်စိုက် နေတဲ့ တောင်သူတချို့ထိခိုက်သေဆုံး ဒဏ်ရာရတာတွေ ဖြစ်ပွားခဲ့တယ်လို့ ပေါက်မြို့နယ် ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ကြူတောရွာ ၊ ယောချောင်းထဲက ဦးတင်အေးရဲ့ ကြက်သွန်ခင်းထဲမှာ ဗုံး ပေါက်ကွဲတာဖြစ်တယ် ၊ မနေ့က မနက်ပိုင်းမှာ ဖြစ်တာပါ ၊ ကြက်သွန်ခင်းထဲကို ကြက်သွန်စိုက် လုပ်သား လူ ၃၀ ကျော် လုပ်ငန်းစတဲ့အချိန် ပေါက်ကွဲတာဖြစ်လို့…

Read More

သားရေဖုံးနှင့် ရွှေစာလုံးနှင့်

ဆူးငှက် အရင်က မန္တလေးဈေးချိုတော်ကြီးမှာ ရုံတွေအလိုက် ရောင်းကုန်တွေ၊ ကုန်ပစ္စည်းအမျိုးအစားတွေ တူရာစုပြီး ဖောက်ကားသည်။ စီ ရုံက နာရီစင်ထောင့်က ရုံဖြစ်သည်။ ၂၆ ဘီလမ်းနှင့် ၈၄ လမ်းထောင့်ဆုံရာ နေရာဖြစ်သည်။ တကယ် အချက်အချာ အကျဆုံးနေရာပါပဲ။ ထိုရုံကြီးထဲမှာ စာရေးကိရိယာတွေ ဗလာစာအုပ်တွေ၊ စက္ကူတွေ၊ ဂျပ်တွေအပြင် ဘာသာရေးဆိုင်ရာ ကျမ်းစာအုပ်အမျိုးမျိုးကိုလည်းရောင်းချသည်။ ထို့ပြင် စာအုပ်ချုပ်လုပ်ငန်းတွ လည်းရှိ၏။ ထိုစဉ်က ဘာသာရေးစာအုပ်များ၊ ပိဋကတ်တော်ဆိုင်ရာ စာအုပ်များကိုလည်း အလှူအတန်းများတွင် လှူဒါန်းကြသည်။ ထိုအခါ ထိုကျမ်းစာအုပ်များကို သားရေဖုံးများ ကျကျနန ဖုံးကြသည်။ ထို့နောက် စာအုပ်အနှောင့်တွင် ကျမ်းစာအုပ် အမည်၊ လှူဒါန်းသူ ဒကာ၊ ဒကာမများ အမည်များကို ရွှေစာလုံးဖြင့် ရေးထိုးကြသည်။ ထို့ကြောင့် မန္တလေးမြို့ပေါ်မှာဖြစ်စေ အလှူ့ဒကာ၊ အလှူဒကာမများက ဈေးချိုထဲတွင် လှူစရာ၊တန်းစရာ၊ ကျွေးစရာ၊ မွေးစရာများ ဝယ်ယူ…

Read More

လာမယ့်နှစ်မှာ စစ်ပွဲအနိုင်တိုက်မယ်လို့ ယူကရိန်းနိုင်ငံခြားရေး၀န်ကြီး ပြော

ကိဗ်ယက်၊ ဒီဇင်ဘာ-၂၇-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းတပ်ဖွဲ့၀င်တွေဟာ အမေရိကန်ကထောက်ပံ့ပေးမယ့် ပက်ထရီးယော့ဒုံးကျည်စနစ်ကို ဘယ်လိုအသုံးပြုရမယ်ဆိုတာနဲ့ပတ်သက်ပြီး နိုင်ငံပြင်ပမှာ လေ့ကျင့်သင်ကြားသွားမယ်လို့ ယူကရိန်း နိုင်ငံခြားရေး၀န်ကြီးက ပြောပါတယ်။ ပက်ထရီးယော့ ဒုံးကျည်စနစ်ကို လာမယ့်ခြောက်လအတွင်း ဖြန့်ကြက်အသုံးပြုနိုင်မှာဖြစ်ပြီး ယူကရိန်းအနေနဲ့ လာမယ့်နှစ်မှာ စစ်ပွဲအနိုင်ရဖို့ တတ်နိုင်သမျှလုပ်ဆောင်သွားမယ်လို့ နိုင်ငံခြားရေး၀န်ကြီးဖြစ်သူ ဒီမီထရိုကူလီဘာက ပြောပါတယ်။ ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် နိုင်ငံတကာညီလာခံကို ဖေဖော်ဝါရီလကုန်မှာ ကျင်းပဖို့ ဆန္ဒရှိတယ်လို့သူကဆိုပါတယ်။ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုတနှစ်ပြည့်တဲ့ ဖေဖော်ဝါရီလမှာ ငြိမ်းချမ်းရေးညီလာခံကျင်းပဖို့ ကုလသမဂ္ဂရဲ့ ပူးပေါင်းဆောင်ရွက်မှုရရှိရန် ယူကရိန်းအစိုးရအနေဖြင့် ကြိုးပမ်းသွားမှာဖြစ်ကြောင်း ကူလီဘာက ပြောပါတယ်။ ယူကရိန်းပိုင်နက်ကနေ ရုရှာတပ်တွေအားလုံးရုပ်သိမ်းရေးအပါအ၀င် အချက် ၁၀ ချက်ပါ၀င်တဲ့ ငြိမ်းချမ်းရေး အစီအစဉ်ကို ယူကရိန်းသမ္မတ ဇီလန်စကီးက အဆိုပြုထားပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တင်ပြဖွယ်ရှိနေပါတယ်။ ရုရှားကတော့ ယူကရိန်းအခြေခံအဆောက်အအုံတွေကို ဆက်လက်တိုက်ခိုက်နေပြီး စစ်ပွဲပြီးဆုံးမယ့် အရိပ်အယောင်မရှိသေးပါဘူး။ ဒီဇင်ဘာ ၂၅ ရက်က ရုရှားစစ်အခြေစိုက်စခန်းတခုကို…

Read More

ငါန်းဇွန်မြို့နယ်မှာ စွန့်ပစ်ထားတဲ့ ရုပ်အလောင်း (၃)လောင်းတွေ့

ဒီဇင်ဘာ ၂၇-၂၀၂၂ SP (VOM) မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ ငါန်းဇွန်မြို့နယ် ၊ ကုလားကျေးရွာနားမှာ ဒီကနေ့မနက် ၈ နာရီဝန်းကျင်က စွန့်ပစ်ထားတဲ့ ရုပ်အလောင်းတွေ တွေ့ရတာကြောင့် ကူညီဆောင်ရွက်ပေးခဲ့ရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” တွေ့ရတဲ့ ရုပ်အလောင်း ၃ လောင်းက အမျိုးသားတွေဖြစ်တယ် ၊ အနေအထားက အသက် (၃၃) နှစ်ခန့် အမျိုးသားတဦးမှာ ဘယ်ရင်အုံထိုးသွင်းဒဏ်ရာ (၁) ချက်၊ ဘယ်ရင်အုံကျည်ဖောက်ဝင်ဒဏ်ရာ (၁) ချက်၊ အသက် (၃၅) နှစ်ခန့်အမျိုးသားတဦးက ဘယ်ရင်အုံထိုးသွင်းဒဏ်ရာ (၁) ချက်၊ ဘယ်ရင်အုံကျည်ဖောက်ဝင်ဒဏ်ရာ (၁) ချက် နဲ့ အသက် (၄၀) နှစ်ခန့်အမျိုးသားတဦးဟာ ဘယ်ရင်အုံ ထိုးသွင်းဒဏ်ရာ (၁) ချက်၊ ဝဲနောက်ကျော ကျည်ဖောက်ဝင်ဒဏ်ရာ (၁) ချက်…

Read More

ပြည်ပခရီးသွားတွေအတွက် ကွာရန်တင်းကန့်သတ်ချက် တရုတ်နိုင်ငံ ရုပ်သိမ်း

ပေကျင်း၊ ဒီဇင်ဘာ-၂၇-၂၀၂၂ မျိုးဆက်(VOM) တရုတ်နိုင်ငံကို လာရောက်မယ့် ပြည်ပခရီးသွားတွေအတွက် ကွာရန်တင်း၀င်ဖို့ ကန့်သတ်ချက်ကို ဇန်နဝါရီ ၈ ရက်ကစပြီး ရုပ်သိမ်းတော့မယ်လို့ တရုတ်အစိုးရတာ၀န်ရှိသူတွေက ဒီဇင်ဘာ ၂၇ ရက်မှာ ပြောပါတယ်။ ဒါဟာ ကိုဗစ်ကူးစက်မှုလုံး၀မရှိရေး မူဝါဒကို ကျင့်သုံးနေတဲ့ တရုတ်နိုင်ငံအတွက် အကြီးမားဆုံး အပြောင်းအလဲတခုဖြစ်ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ လက်ရှိမှာ ကန့်သတ်ချက်တွေ ဖြေလျှော့လိုက်တဲ့အတွက် အလုပ်လုပ်ကိုင်မယ့်သူတွေ ကျောင်းတက်မယ့်သူတွေနဲ့ လည်အပတ်လာရောက်မယ့်သူတွေအတွက် ယခင်ကလောက် တင်းကြပ်မှုမရှိတော့ပါဘူး။ ဒါပေမယ့် မကြာသေးမီကာလအတွင်း ကိုဗစ်ဆိုင်ရာ ကန့်သတ်ချက်တွေကို ရုပ်သိမ်းပြီးနောက် တရုတ်နိုင်ငံမှာ ရောဂါကူးစက်မှုတွေ မြင့်တက်နေပြီး ဆေးရုံတွေမှာ လူနာတွေပြည့်နှက်နေကာ သက်ကြီးရွယ်အိုတွေ သေဆုံးနေကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။ တာ၀န်ရှိသူတွေဟာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနဲ့ သေဆုံးမှုဆိုင်ရာ အချက်အလက်တွေကို ရပ်ဆိုင်းထားတာကြောင့် နေ့စဉ်ကူးစက်မှုနဲ့ သေဆုံးမှုအရေအတွက်ကို အတိအကျမသိရပါဘူး။ Ref: BBC Photo:AFP #voiceofmyanmar…

Read More

မြောက်ကိုရီးယား မောင်းသူမဲ့လေယာဉ်(၅)စင်း တောင်ကိုရီးယားလေပိုင်နက်ကို ချိုးဖောက်၀င်ရောက

ဆိုးလ်၊ ဒီဇင်ဘာ-၂၇-၂၀၂၂ မျိုးဆက်(VOM) မြောက်ကိုရီးယားရဲ့ မောင်းသူမဲ့လေယာဉ်ငါးစင်းဟာ နှစ်နိုင်ငံနယ်စပ်ကိုဖြတ်ကျော်ပြီး တောင်ကိုရီးယား ဘက်ကို ၀င်ရောက်ပျံသန်းခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ဒီဇင်ဘာ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။ အဲဒီ မောင်းသူမဲ့လေယာဉ်တွေဟာ ဂျောင်ဂျီပြည်နယ်၀န်းကျင် နယ်စပ်ဒေသတလျှောပ်ရှိ တောင်ကိုရီးယားလေပိုင်နက်ကို ချိုးဖောက်ခဲ့ကြောင်း တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ပြောပါတယ်။ မြောက်ကိုရီးယားရဲ့ မောင်းသူမဲ့လေယာဉ်တစင်းကတော့ မြို့တော်ဆိုးလ်ရဲ့ မြောက်ဘက်စွန်းအနီးထိ ပျံသန်းခဲ့တာကြောင့် တောင်ကိုရီးယားတိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေကို ဖြန့်ကြက်ခဲ့ပြီး ရဟတ်ယာဉ်တွေကနေ သတိပေးပစ်ခတ်မှု အကြိမ် ၁၀၀ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် မြောက်ကိုရီးယား မောင်းသူမဲ့လေယာဉ်တွေကို ခြေရာခံမှုပျောက်ဆုံးသွားပြီး ပျံသန်းမှုကို မတွေ့ရှိရတော့ကြောင်း၊ ဒါဟာ မြောက်ကိုရီးယားရဲ့ ရန်စသည့်လုပ်ရပ်ဖြစ်ကြောင်း တောင်ကိုရီးယားစစ်တပ် တာ၀န်ရှိသူတဦးကပြောပါတယ်။ မောင်းသူမဲ့လေယာဉ်တွေကို ဒေသစံတော်ချိန်နံနက် ၁၀ နာရီ ၃၀ မိနစ်မှာ စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး မြောက်ကိုရီးယားဟာ ယခုနှစ်အတွင်းမှာ ဒုံးကျည်စမ်းသပ်မှုများ စံချိန်တင်ပြုလုပ်နေပြီး ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေမြင့်တက်နေချိန်မှာ တောင်ကိုရီးယားဘက်ကို…

Read More

မုံရွာမှာ နယ်ထိန်းရဲကား ပစ်ခတ်ခံရလို့ ရဲ ၃ ဦး ပြင်းထန် ဒဏ်ရာရ ၊ လူ ၃ ဦးလည်း ပစ်သတ်ခံရ

ဒီဇင်ဘာ ၊ ၂၇ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ မုံရွာမြို့ ၊ စက်မှုဇုန်ရပ်ကွက်မှာရှိတဲ့ မုံရွာနယ်မြေရဲစခန်းက နယ်ထိန်း ရဲ ၃ ဦးဟာ မနေ့ ဒီဇင်ဘာ ၂၆ ရက် မနက်ပိုင်းက လှည့်ကင်းလှည့်ရင်း ကွမ်းယာဝယ်နေတုန်း ပစ်ခတ်ခံရပြီး ပြင်းထန်ဒဏ်ရာရသွားတယ်လို့ မုံရွာမြို့ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” နယ်မြေရဲစခန်းကနေ ကင်းလှည့်ဖို့ ထွက်လာတဲ့ကားက နန္ဒဝန်ရပ်ကွက် ၊ သမစိတ္တ( ဂန့်ဂေါကျောင်း ) လမ်းနဲ့ သီရိမင်္ဂလာလမ်းဆုံ အင်ကြင်းခိုင် တည်းခိုခန်းနားက ပစ်တိုင်းထောင် ကွမ်းယာဆိုင်မှာ ကွမ်းယာဆင်းပြီး ဝယ်နေတုန်း ကလူဂျာအနက်ရောင် ကားတစီးပေါ်ကနေ ပစ်သွားတာဖြစ်တယ် ၊ နေရာမှာတင် ရဲ ၃ ဦး လဲကျသွားတယ် “လို့ မျက်မြင်တွေ့လိုက်ရသူ တယောက်က…

Read More

ဆောမြို့နယ်မှာ လေကြောင်းကပစ်လို့ လူ ၄ ဦးသေဆုံး ၊ ၇ ဦး ဒဏ်ရာရ

ဒီဇင်ဘာ ၊ ၂၆ ၊ ၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ဆောမြို့နယ် ၊ ညောင်ကန်ကျေးရွာနားမှာ ဒီကနေ့ ၊ နေ့လယ်ပိုင်းက လေကြောင်းအသုံးပြုပြီး နယ်မြေရှင်းလင်းတာကြောင့် လူ ၄ ဦး သေဆုံးကာ ၊ ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆောမြို့နယ်ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ဒီကနေ့ ၊ မွန်းလွဲ၂ နာရီဝန့်းကျင်က ဖြစ်တာပါ ၊ ညောင်ကန်ကျေးရွာဘက်ကို လေကြောင်းပစ်ကူနဲ့ နယ်မြေရှင်းလင်းတာကြောင့် လူ ၄ ဦး သေဆုံးတယ် ၊ သေဆုံးသူတွေကတော့ ကိုဇော်မင်း ၄၇ နှစ်၊ ဒေါ်စောဝိုင်း ၆၆ နှစ် ၊‌ကိုကျော်ဌေးလင်း ၄၀ ဝန်းကျင်နဲ့ ကိုဇော်ဌေးဝင်း ၄၅ နှစ်တို့ဖြစ်ပြီး ၊ဒေါ်စောဝိုင်း…

Read More

ထိုင်၀မ်ကျွန်းအနီး ရေပြင်၊ဝေဟင်မှာ တရုတ်စစ်တပ် စစ်ရေးလေ့ကျင့်

ပေကျင်း၊ ဒီဇင်ဘာ-၂၆-၂၀၂၂ မျိုးဆက်(VOM) ထိုင်၀မ်ကျွန်းအနီးတဝိုက် ရေပြင်နဲ့ဝေဟင်တို့မှာ စစ်ရေးလေ့ကျင့်မှုတွေကို ပြုလုပ်ခဲ့ကြောင်း တရုတ်စစ်တပ်က ဒီဇင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။ ထိုင်၀မ်နဲ့ အမေရိကန်တို့ရဲ့ လက်ရှိပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာခြင်းကို ပြတ်ပြတ်သားသား တုံ့ပြန်တဲ့အနေနဲ့ စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် စစ်ရေးလေ့ကျင့်မှု အသေးစိတ်အချက်အလက်တွေ သို့မဟုတ် တည်နေရာအတိအကျကိုတော့ တရုတ်စစ်တပ်က ထုတ်ပြန်ခြင်းမရှိပါဘူး။ အဲဒီစစ်ရေးလေ့ကျင့်မှုဟာ ထိုင်၀မ်အတွက် စစ်ရေးအကူအညီ ဒေါ်လာ ၁၀ ဘီလီယံထိ ပါ၀င်တဲ့ အမေရိကန်ကာကွယ်ရေးဆိုင်ရာ ဥပဒေကို အတည်ပြုပြီးနောက် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ထိုင်၀မ်ရေလက်ကြား၊ ရေပိုင်နက်နဲ့အချုပ်အခြာအာဏာကို ကာကွယ်တဲ့လမ်းညွှန်ချက်များအတိုင်း ထိုင်၀မ်တပ်တွေကို ဖြန့်ကြက်ချထားခြင်းနဲ့ စောင့်ကြည့်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း ထိုင်၀မ်ကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ထိုင်၀မ်-အမေရိကန် ပူးပေါင်းဆောင်ရွက်မှုဟာ အင်ဒို-ပစိဖိတ်ဒေသရဲ့ လွတ်လပ်မှု၊ ပွင့်လင်းမှု၊ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်းရေးတို့ကို အထောက်အကူဖြစ်စေကြောင်း ထိုင်၀မ်ကာကွယ်ရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ…

Read More

ပင်လယ်ပြင်မှာ စက်လှေနဲ့ တလကျော် မျောနေတဲ့ ရိုဟင်ဂျာ ၆၀ နီးပါးကို အင်ဒိုနီးရှား ကယ်တင်

ဂျကာတာ၊ ဒီဇင်ဘာ-၂၆-၂၀၂၂ မျိုးဆက်(VOM) အင်ဂျင်ပျက်စီးနေတဲ့ စက်လှေတစင်းနဲ့အတူ ရိုဟင်ဂျာအမျိုးသား ၆၀ နီးပါးဟာ အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းကမ်းခြေကို ဆိုက်ရောက်လာတာကြောင့် အာဏာပိုင်တွေက ကယ်တင်ခဲ့ရပါတာယ်။ သူတို့ဟာ ပင်လယ်ပြင်မှာ တလလောက် မျောပါပြီးနောက် အင်ဒိုနီးရှားကို ရောက်ရှိချိန်မှာ ဆာလောင်မွတ်သိပ်မှုနဲ့အတူ လိုက်ပါလာသူတွေဟာ အားအင်ချိနှဲ့နေကြပြီး သုံးဦးကိုဆေးရုံတင်ထားရပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းက ပင်လယ်ပြင်မှာ မျောပါနေကြတဲ့ ရိုဟင်ဂျာ ၁၅၀ အုပ်စုထဲက ဟုတ်မဟုတ် ရှင်းလင်းစွာမသိရသေးပါဘူး။ လိုက်ပါလာတဲ့ ရိုဟင်ဂျာ ၅၇ ဦးဟာ အာချေးပြည်နယ်ကို ဒီဇင်ဘာ ၂၅ ရက် ရောက်ရှိလာတာဖြစ်တယ်လို့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ကပြောပါတယ်။ ရောက်ရှိလာတဲ့ ရိုဟင်ဂျာတွေဟာ ပင်လယ်ထဲမှာ တလလောက်မျောနေကြသူတွေဖြစ်ပြီး သူတို့ကို အစိုးရဌာနတခုမှာ ယာယီထားမှာဖြစ်ကြောင်း အင်ဒိုနီးရှားလူ၀င်မှုကြီးကြပ်ရေးတာ၀န်ရှိသူတဦးက ပြောပါတယ်။ သူတို့ဟာ မိုင်ပေါင်း ၁၂၀၀ အကွာမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြသူတွေဖြစ်ပြီး ဘယ်နေရာကနေ…

Read More
VOM News

FREE
VIEW