တန့်ဆည်မြို့နယ်မှာ ရွာ ၅ ရွာမီးရှို့ခံရပြီး အိမ်ခြေ ငါးရာကျော် ပျက်စီးဆုံးရှုံးခဲ့

ဒီဇင်ဘာ ၊ ၂၄၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ ရေဦးမြို့နယ်နဲ့ တန့်ဆည်မြို့နယ်ကြားက ကျေးရွာ ၅ ရွာဟာ အခုရက်ပိုင်းအတွင်း မီးရှို့ဖျက်ဆီးခံရပြီး လူနေအိမ် ၅၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ တန့်ဆည်မြို့ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” မီးရှို့ဖျက်ဆီးခံရတဲ့ ကျေးရွာတွေက ၊ ၁၉ ရက်နေ့က ဖလံချိုင် နေအိမ် ၃ လုံး နဲ့ စပါး တင်းရေ ငါးရာကျော် ၊ ၂၀ ရက်နေ့က ငတန်ကျေးရွာမှာ အိမ်ခြေ ၄၀၀ ရာကျော် နဲ့ ရိတ်သိမ်းထားပြီးသား မြေပဲနဲ့ စပါး တင်းရေ ရာချီပါသွားတယ် ၊၂၁ ရက်နေ့က ရွှေလှန်ကျေးရွာမှာ လူနေအိမ် ၉၁ လုံး ၊ အဲ့ဒီနေ့က တပ်သစ်ကျေးရွာမှာ ဆိုင်ကယ် ၇ စီး မီးရှို့ဖျက်ဆီးခံရတယ် ၊ ၂၁ ရက်နဲ့ ၂၂ ရက်နေ့တွေမှာ ရွာဗုကြီးရွာနဲ့ ကလဇင်ကျေးရွာတွေကို ၂ ရက်ဆက်တိုက် မီးရှို့ခံရတယ် ၊ မီးလောင် အိမ်ခြေ အရေအတွက် အတိအကျ မသိရသေးမယ့် ကလဇင်ရွာမှာကတော့ အိမ်ခြေ ၁၅၀ ကျော် ပျက်စီးဆုံးရှုံးတယ်လို့ ကနဦး သိရတယ် ၊ အခုဆက်သွယ်မေးမြန်းနေဆဲဖြစ်တယ် ၊ ရွာနားမှာတော့ ပစ်ခတ်တာတွေရှိလို့ ရွာခံတွေက ထွက်ပြေးနေတဲ့အချိန်မှာ အခုလို အိမ်တွေ မီးရှို့ခံရတာ ၊ မီးဘယ်သူရှို့တယ်ဆိုတာ မသိရဘူး ” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီ မီးရှို့ဖျက်ဆီးခံရတဲ့ ကျေးရွာတွေက မီးဘေးသင့် ပြည်သူ ငါးထောင်နီးပါးဟာ နီးစပ်နေရာတွေမှာ ယာယီခိုလှုံနေထိုင်ကြပြီး အစားအသောက် ၊ ဆေးဝါး နဲ့ အဝတ်အထည်တွေ အရေးတကြီးလိုအပ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲ့ဒီ ကျေးရွာ ၅ ရွာ မီးရှို့ဖျက်ဆီးခံရတာနဲ့ ပတ်သက်ပြီး ရေဦးခရိုင် လုံခြုံရေး အဖွဲ့ကို ဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ ဆက်သွယ်မရပါဘူး ။

တန့်ဆည်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ လပေါင်း ၂၀ ကျော်ကာလအတွင်း ကျေးရွာပေါင်း ၄၀ ကျော်နဲ့ လူနေအိမ်ခြေ သုံးထောင်ကျော် မီးရှို့ဖျက်ဆီးရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဓာတ်ပုံ ၊ ငတန်ကျေးရွာ မီးလောင်ပျက်စီးနေပုံ

#voiceofmyanmar #VOM #တန့်ဆည်မီး

Related posts

Leave a Comment

VOM News

FREE
VIEW