တရုတ်မှာ ကိုဗစ်-၁၉ နေ့စဉ်ကူးစက်မှု (၄)သန်းကျော်ထိ ရှိလာနိုင်ကြောင်း ကျွမ်းကျင်သူတွေ ခန့်မှန်း

ပေကျင်း၊ ဇန်နဝါရီ-၄-၂၀၂၂
မျိုးဆက်(VOM)

တရုတ်နိုင်ငံမှခရီးသွားတွေအပေါ် နိုင်ငံအချို့ကချမှတ်ထားတဲ့ ကိုဗစ်ဆိုင်ရာ ခရီးသွားလာမှု ကန့်သတ်ချက်တွေဟာ နိုင်ငံရေးအရလှုံ့ဆော်မှုဖြစ်ပြီး ဒီကိစ္စအပေါ် လက်တုံ့ပြန်သွားမယ်လို့ တရုတ်အစိုးရက ဇန်နဝါရီ ၃ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံဟာ ကာလရှည်ကြာကျင့်သုံးခဲ့တဲ့ ကိုဗစ်လုံး၀မကူးစက်ရေးမူဝါဒကို စွန့်လွှတ်ပြီး ကန့်သတ်ချက်တွေ ဖြေလျှော့လိုက်ပြီးနောက်မှာ ရောဂါကူးစက်မှုတွေ မြင့်တက်လျှက်ရှိပြီး ရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှုတွေအပေါ် ထုတ်ပြန်မှုနည်းပါးတဲ့အတွက် နိုင်ငံတကာက စိုးရိမ်မှုတွေလည်းရှိနေပါတယ်။

ဒီဇင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်တဲ့အချက်အလက်တွေမှာတော့ နေ့စဉ်ကူးစက်မှု ၅၀၀၀ အောက်သာရှိတယ်လို့ တရုတ်အစိုးရက ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် ကျွမ်းကျင်သူများကတော့ တရုတ်နိုင်ငံတွင်းမှာ နေ့စဉ်ကူးစက်မှုနှုန်း နှစ်သန်းကျော်ထိရှိနေပြီး ယခုလမှာလေးသန်းထိ အထွတ်အထိပ်သို့ ရောက်နိုင်ကြောင်း ပြောပါတယ်။

ရောဂါကူးစက်မှုနဲ့ သေဆုံးမှုဆိုင်ရာအချက်အလက်တွေထုတ်ပြန်မှုနည်းပါးတဲ့ အခြေအနေမှာ ဇန်နဝါရီ ၈ ရက်ကစပြီး ခရီးသွားလာမှုဆိုင်ရာကန့်သတ်ချက်တွေကို ဖြေလျော့လိုက်ကြောင်း တရုတ်အစိုးရက ကြေညာပြီးနောက် နိုင်ငံပေါင်းတဒါဇင်ကျော်ဟာ တရုတ်ခရီးသွားတွေအပေါ် ကိုဗစ်ဆိုင်ရာ ကန့်သတ်ချက်တွေ ကြေညာခဲ့ပါတယ်။

တရုတ်နိုင်ငံမှခရီးသွားတွေကို ကိုဗစ်-၁၉ဆိုင်ရာ မဖြစ်မနေစောင့်ကြည့်စစ်ဆေးဖို့ သတ်မှတ်ထားတဲ့ နိုင်ငံတွေထဲမှာ အမေရိကန်၊ ဗြိတ်ိန်နဲ့ အိန္ဒိယနိုင်ငံတို့လည်း ပါ၀င်နေပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW