ရန်ကုန်တက္ကသိုလ်က ဒေါက်တာအာကာမိုးသူ၊ ကိုအောင်ဖုန်းမော်နဲ့ ကိုလေပြေစိုးမိုးတို့ ပြန်လွတ်လာ

ဇန်နဝါရီ ၄ – ၂၀၂၃ SN (VOM) တက္ကသိုလ်ဆရာများသမဂ္ဂ (UTA) တည်ထောင်သူ ဒေါက်တာအာကာမိုးသူ၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ကိုအောင်ဖုန်းမော်နဲ့ ကိုလေပြေစိုးမိုးတို့ ဒီနေ့ ဇန်နဝါရီလ ၄ ရက်နေ့မှာ အင်းစိန်ထောင်ကနေ လွတ်ငြိမ်းနဲ့ ပြန်လည် လွတ်‌မြောက်လာတယ်လို့ သိရပါတယ်။ အထိမ်းအမှတ်နေ့တွေမှာ အကျဉ်းသားတွေ ပြန်လွှတ်ပေးလေ့ရှိတဲ့ အစဉ်အလာအတိုင်း ဒီနေ့ ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့မှာလည်း နိုင်ငံတဝန်းအကျဉ်းထောင်တွေကနေ အကျဉ်းသား ၇၀၁၂ ဦး လွှတ်ပေးခဲ့တယ်လို့ နစက က ကြေညာထားပါတယ်။ ဒေါက်တာအာကာမိုးသူကို ၂၀၂၁ ခုနှစ်၊ မတ်လ ၂ ရက်နေ့က ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) အနီးမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ၂ နှစ်နီးပါး အကျဥ်းချခံရပြီးနောက် ပြန်လည် လွတ်မြောက်လာတာ ဖြစ်တယ်လို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ထုတ်ပြန်တဲ့ သတင်းတွေအရ…

Read More

ရခိုင်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသား/သူ (၃၁၇)ဦး လွတ်လာပေမယ့် နိုင်ငံရေးအမှုတွေမပါဝင်

ဇန်နဝါရီ ၄- ၂၀၂၃ SW(VOM) ဒီကနေ့ ကျရောက်တဲ့ ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့မှာ နိုင်ငံတဝန်းအကျဉ်းသား/သူ ထောင်နဲ့ချီလွတ်ငြိမ်းချမ်းသာခွင့်ရကြပြီး အဲဒီထဲမှာ ရခိုင်ပြည်နယ်က ၃၁၇ ဦးပါဝင်ပေမယ့် နိုင်ငံရေးအမှုတွေမပါဝင်ဘူးလို့ သိရပါတယ်။ ရခိုင်ပြည်နယ်က လွတ်ငြိမ်းခွင့်ရတဲ့ထဲမှာ စစ်တွေအကျဉ်းထောင်က ၅၇ ဦးပါဝင်ပြီး အဲဒီထဲမှာ အမျိုးသမီး ၄ ဦးသာ ပါဝင်တာဖြစ်ပါတယ်။ တခြား ဘူးသီးတောင်အကျဉ်းထောင်က အမျိုးသား ၃၀ ဦး၊ ကျောက်ဖြူအကျဉ်းထောင်က အမျိုးသား ၂၀ ဦးနဲ့ အမျိုးသမီး ၄ ဦးတို့ပါဝင်ပြီး သံတွဲအကျဉ်းထောင်ကတော့ ၂၀၆ ဦးနဲ့ တပြည်နယ်လုံးမှာ လွတ်ငြိမ်းချမ်းသာခွင့်ရသူ အရေအတွက် အများဆုံးဖြစ်ပြီး အဲဒီထဲမှာ အမျိုးသား (၁၄၅) ဦးနဲ့ အမျိုးသမီး (၆၁) ဦး ပါဝင်တယ်လို့ သိရပါတယ်။ အကျဉ်းသားတွေ လွတ်ငြိမ်းချမ်းသာခွင့်ရတာနဲ့ပတ်သက်ပြီး စစ်တွေအကျဉ်းထောင်မှ လွတ်မြောက်လာသူတဦးရဲ့ ဆွေမျိုးဖြစ်သူအမျိုးသမီးက…

Read More

အိုးဘိုအကျဥ်းထောင်ကနေ အကျဥ်းသား/သူ (၆၇၆)ယောက် လွတ်ငြိမ်းသက်သာခွင့်ရ

ဇန်နဝါရီ ၄-၂၀၂၃ Voice Of Myanmar(VOM) မန္တလေးမြို့ အိုးဘိုအကျဥ်းထောင်ကနေ အကျဥ်းသား/သူ (၆၇၆)ယောက် ဒီကနေ့မှာ လွတ်ငြိမ်းသက်သာခွင့်နဲ့ လွတ်မြောက်ခဲ့ပြီး အဲ့ဒီအထဲမှာ နိုင်ငံရေးအကျဥ်းသား ကိုအောင်မှိုင်ဆန်း၊ ကိုညီကျော် နဲ့ ဒေါက်တာအောင်နိုင်စိုးတို့အပါအဝင် အခြားသူတွေလည်း လွတ်မြောက်လာတယ်လို့ သိရပါတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ အကျဥ်းသား/သူ (၇၀၁၂)ယောက် လွတ်ငြိမ်းသက်သာရခဲ့ပြီး မန္တလေးတိုင်းအနေနဲ့ အကျဥ်းကျနေသူ (၁၂၃၈)ယောက် လွတ်ငြိမ်းသက်သာရခဲ့ကာ အိုးဘိုအကျဥ်းထောင်က အမျိုးသား ၅၉၂ယောက်၊ အမျိုးသမီး၈၄ ယောက် စုစုပေါင်း ၆၇၆ ယောက်၊ တခြားအကျဥ်းထောင်တွေက အမျိုးသား ၁၀၆၉ ယောက်၊ အမျိုးသမီး ၁၆၉ ယောက်၊ အလုပ်ကြမ်းစခန်းတွေက အမျိုးသား ၁၂၃ ယောက်၊ အမျိုးသမီး၂၄ယောက်တို့ လွတ်ငြိမ်းသက်သာခွင့်ရတယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #မန္တလေး #အိုးဘိုအကျဥ်းထောင် #လွတ်ငြိမ်းသက်သာ

Read More

နွားထိုးကြီးမှာ လက်ကို ကြိုးတုတ်ခံရပြီး အသတ်ခံထားရတဲ့ အလောင်း ၃လောင်းတွေ့

ဇန်နဝါရီ ၄ – ၂၀၂၃ VOM (GG) မန္တလေးတိုင်း ၊ နွားထိုးကြီးမြို့နယ် ၊ ဂွေးပင်တောလမ်းခွဲမှာ ဒီနေ့ဇန်နဝါရီလ ၄ ရက် မနက်ပိုင်းက ဒဏ်ရာတွေနဲ့ စွန့်ပစ်ထားတဲ့ ရုပ်အလောင်း ၃ လောင်းတွေ့ရှိခဲ့ရာ အဲ့ဒီအထဲမှာ တယောက်က အသက်ရှင်နေသေးတာကြောင့် နွားထိုးကြီးပြည်သူ့ဆေးရုံကိုပို့ဆောင်ကာ ဆေးကုသမှုပေးနေတယ်လို့သိရပါတယ်။ ” မနက် အစောပိုင်းမှာ တွေ့တာပေါ့။ တယောက်ကအသက်ရှင်နေသေးတော့ ဆေးရုံပို့တယ်၊ သူကနဖူးမှာသေနတ်ဒဏ်ရာတွေ့တယ်။ နောက်၂ယောက်ကတော့ သေနတ်ဒဏ်ရာရော ဓားဒဏ်ရာတွေရောတွေ့ရတယ်။လက်ကိုကြိုးတုပ်ထားတယ်။ မင်းရွာဒေသခံတွေ ဟုတ်ပါတယ် ၊ နွားထိုးကြီးမြို့နဲ့ ဂွေးပင်တောရွာက နီးတယ်။နွားထိုးကြီးဆိုင်းဘုတ် အကျော်လေးပေါ့”လို့ မျက်မြင် ဒေသခံတဦးကပြောပါတယ်။ အဲ့ဒီ ၃ ယောက်လုံးဟာ နွားထိုးကြီးမြို့နယ် မင်းရွာက ဦးငြိမ်း အသက် ၄၅နှစ်၊ ကိုသောင်းတန် အသက် ၂၇နှစ် နဲ့ ကိုဇော်ထွေး အသက်၂၅နှစ် တို့ဖြစ်ပြီး သူတို့ဟာ…

Read More

VOM အယ်ဒီတာဘုတ်အဖွဲ့ဝင် ကိုပြည့်ဖြိုးအောင် လွတ်မြောက်

စစ်ကိုင်း၊ ဇန်နဝါရီ- ၄ – ၂၀၂၃ (Voice Of Myanmar) စစ်ကိုင်းတိုင်း ရွှေဘိုအကျဥ်းထောင်မှာ ၅၀၅(က) နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရတဲ့ VOM သတင်းဌာနရဲ့ အယ်ဒီတာဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုပြည့်ဖြိုးအောင်ဟာ ဒီကနေ့ လွတ်လပ်ရေးနေ့မှာ ပြန်လည်လွတ်မြောက်လာပြီဖြစ်ပါတယ်။ ကိုပြည့်ဖြိုးအောင်ကို စစ်ကိုင်းမြို့မရဲစခန်းက ၅၀၅ (က)နဲ့ ၂၀၂၁ ဇူလိုင်လက ဖမ်းဆီး အရေးယူခဲ့ပြီး စစ်ကိုင်းမြို့နယ်တရားရုံးကနေ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံခဲ့ရသူဖြစ်ပါတယ်။ #VOM #voiceofmyanmar #အယ်ဒီတာ #ပြည့်ဖြိုးအောင် #PyaePhyoAung #လွတ်မြောက်

Read More

မန္တလေးတိုင်းက အကျဥ်းသား/သူ (၁၂၃၈)ယောက် လွတ်ငြိမ်းသက်သာခွင့်ရ

ဇန်နဝါရီ ၄-၂၀၂၃ Voice Of Myanmar(VOM) မန္တလေးတိုင်းက အကျဥ်းကျနေသူ (၁၂၃၈)ယောက်ဟာ ဒီကနေ့ ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့မှာ လွတ်ငြိမ်းသက်သာခွင့် ရခဲ့ပြီး အိုးဘိုအကျဥ်းထောင်က အမျိုးသား ၅၉၂ယောက်၊ အမျိုးသမီး၈၄ ယောက် စုစုပေါင်း ၆၅၆ ယောက်၊ တခြားအကျဥ်းထောင်တွေက အမျိုးသား ၁၀၆၉ ယောက်၊ အမျိုးသမီး ၁၆၉ ယောက်၊ အလုပ်ကြမ်းစခန်းတွေက အမျိုးသား ၁၂၃ ယောက်၊ အမျိုးသမီး၂၄ယောက်တို့ လွတ်ငြိမ်းသက်သာခွင့်ရတယ်လို့ သိရပါတယ်။ ဒီကနေ့ အိုးဘိုထောင်ကလွတ်မြောက်လာတဲ့အထဲမှာ နိုင်ငံရေးအကျဥ်းသား ကိုအောင်မှိုင်ဆန်း၊ ကိုညီကျော် နဲ့ ဒေါက်တာအောင်နိုင်စိုးတို့အပါအဝင် အခြားသူတွေလည်း လွတ်မြောက်လာတယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #မန္တလေး #အိုးဘိုအကျဥ်းထောင် #လွတ်ငြိမ်းသက်သာ

Read More

ဆိုက်ခေါင်မြို့မဈေးထဲက ရွှေဆိုင် ဓားပြတိုက်ခံရ ၊ သိန်း ၁ ထောင်ကျော်ဖိုးပါသွား

ဇန္နဝါရီ ၊ ၄ ၊ ၂၀၂၃ SP (VOM) ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ၊ ဆိုက်ခေါင်မြို့ ၊ မြို့မစျေးထဲက ရွှေဆိုင်မှာ ဒီကနေ့မနက် ၉ နာရီဝန်းကျင်က ဓားပြတိုက်ခံရတယ်လို့ စျေးသည်တွေဆီက သိရပါတယ်။ ” စျေးထောင့်နားက ရွှေဆိုင် ဓားပြတိုက်ခံရတာဖြစ်တယ် ၊ တိုက်တဲ့သူက သေနတ်အတိုနဲ့ တယောက်ထဲတိုက်တာပါ ၊ ရွှေထည်ပစ္စည်းမျိုးစုံ ၅၀ သားလောက်ပါသွားတာ”လို့ မြို့မစျေးသည် တယောက်က ပြောပါတယ်။ အဲ့ဒီ ဓားပြတိုက်ခံရတဲ့ရွှေဆိုင်နဲ့ နီးစပ်သူ ရွှေလုပ်ငန်းရှင် တယောက်က ” ဆိုင်ကယ်စီး ဦးထုပ်စောင်းထားပြီး ၊ Mask တပ်ထားတဲ့ လူတယောက်က သေနတ်နဲ့ချိန်ပြီး ဓားပြတိုက်သွားတာပါ ၊ ရွှေထည်ပစ္စည်းမျိုးစုံ ၄၀ ကျပ်သားကျော် ခန့်မှန်းကာလတန်ဖိုး သိန်း ၁ ထောင်ကျော်ဖိုးပါသွားတယ် ၊ အခုထိတော့…

Read More

မြောက်ကိုရီးယားနဲ့ စစ်ရေးသဘောတူညီချက်ကို ဆိုင်းငံ့သွားမယ်လို့ တောင်ကိုရီးယားသမ္မတ သတိပေး

ဆိုးလ်၊ ဇန်နဝါရီ-၄-၂၀၂၂ မျိုးဆက်(VOM) မြောက်ကိုရီးယားအနေဖြင့် တောင်ကိုရီးယားပိုင်နက်ကို ကျူးကျော်မှုများ ထပ်မံလုပ်ဆောင်ပါက ကြားခံဇုန်တွေဖန်တီးဖို့သဘောတူထားတဲ့ ၂၀၁၈ ခုနှစ်စစ်ရေးသဘောတူညီချက်ကို ဆိုင်းငံ့ဖို့ စဉ်းစားသွားမှာဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုးလ်က သတိပေးပြောဆိုလိုက်ပါတယ်။ အဲဒီသဘောတူညီချက်ဟာ သမ္မတမွန်ဂျေးအင်လက်ထက်က မြောက်ကိုရီးယားတွင်ပြုလုပ်ခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲအတွင်း ရရှိခဲ့တာဖြစ်ပြီး နှစ်နိုင်ငံအကြား နယ်စပ်တလျှောက်မှာ စစ်ရေးတင်းမာမှုတွေလျှော့ချဖို့ သဘောတူခဲ့ကြပါတယ်။ စစ်ရေးနယ်နိမိတ်မျဉ်းတလျှောက် အချင်းချင်းအင်အားပြထိပါးဖို့ရည်ရွယ်တဲ့ စစ်ရေးလေ့ကျင့်မှုအမျိုးမျိုးကို ရပ်ဆိုင်းဖို့ သဘောတူခဲ့ကြပေမယ့်လည်း မြောက်ကိုရီးယားကတော့ အဲဒီသဘောတူညီချက်ကို ပြီးခဲ့တဲ့နှစ်က အကြိမ်ကြိမ်ချိုးဖောက်ခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ သဘောတူုညီချက်အရ သတ်မှတ်ထားတဲ့ ကြားခံဇုန်တွေကို ၂၀၂၂ ခုနှစ်မှာ အကြိမ်ကြိမ်ချိုးဖောက်ခဲ့ပြီး ပြီးခဲ့တဲ့သီတင်းပတ်အတွင်းကလည်း တောင်ကိုရီးယားနယ်နိမိတ်ကို ဖြတ်ကျော်ပြီး မောင်းသူမဲ့လေယာဉ်ငါးစင်း ၀င်ရောက်ပျံသန်းခဲ့ပါတယ်။ မြောက်ကိုရီးယားအနေနဲ့ တောင်ကိုရီးယားပိုင်နက်ကို ထပ်ပြီးချိုးဖောက်တာတွေပြုလုပ်မယ်ဆိုရင် စစ်ရေးသဘောတူညီချက်ကို ဆိုင်းငံ့ဖို့စဉ်းစားမှာဖြစ်ကြောင်း တောင်ကိုရီးယားစစ်တပ်တာ၀န်ရှိသူတွေကို သမ္မတယွန်ဆက်ယိုးလ်က ပြောကြားခဲ့တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ Ref: Reuters Photo:Reuters #voiceofmyanmar #VOM…

Read More

NLDမြို့နယ်အတွင်းရေးမှူးနဲ့ ၁၀ တန်းကျောင်းသူ ၁ ဦးအပါအဝင် လူ ၆ ဦး အလုပ်နဲ့ ထောင် ၁၀ နှစ်စီချခံရ

ဇန်နဝါရီ၊ ၄-၂၀၂၃ MM(VOM) ဧရာဝတီတိုင်း ၊ မြောင်းမြမြို့၊ မြောင်းမြ အကျဉ်းထောင်တွင်း အထူးတရားရုံးက ဖမ်းဆီးခံထားရတဲ့ NLDပါတီ မြို့နယ်အတွင်းရေးမှူးနဲ့ ဆယ်တန်းကျောင်းသူ ၁ ယောက်အပါအဝင် လူငယ် ၅ ယောက်ကို အလုပ်နဲ့ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်တယ်လို့ သိရပါတယ်။ NLD ပါတီရဲ့ မြို့နယ်အတွင်းရေးမှူးဖြစ်သူ ဦးအောင်ကြွယ်နဲ့ လူငယ် ၅ ယောက်ကို မနေ့ ဇန်နဝါရီ ၃ ရက် နေ့လယ်ပိုင်းက မြောင်းမြမြို့၊ မြောင်းမြ အကျဉ်းထောင်အထူးတရားရုံးက အကြမ်းဖက်မှုတိုက် ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)နဲ့အလုပ်နဲ့ထောင်ဒဏ် ၁၀ နှစ်စီချမှတ်လိုက်တာလို့ သိရပါတယ်။ အဲ့ဒီ ထောင်ဒဏ်ချမှတ်ခံရသူတွေမှာ ဝါးခယ်မမြို့နယ် NLD မြို့နယ်အတွင်းရေးမှူး ဦးအောင်ကြွယ်နဲ့ ဆယ်တန်းကျောင်းသူ မသဉ္ဇာမွှေး ၊မောင်စိုးသူ(ခ) ခင်မောင်သန်း၊ မောင်မျိုးကို၊ ကိုကျော်သူအောင် ၊ ကိုလှမျိုးမြင့်တို့ဖြစ်တယ်လို့ သိရပါတယ်။…

Read More

တရုတ်မှာ ကိုဗစ်-၁၉ နေ့စဉ်ကူးစက်မှု (၄)သန်းကျော်ထိ ရှိလာနိုင်ကြောင်း ကျွမ်းကျင်သူတွေ ခန့်မှန်း

ပေကျင်း၊ ဇန်နဝါရီ-၄-၂၀၂၂ မျိုးဆက်(VOM) တရုတ်နိုင်ငံမှခရီးသွားတွေအပေါ် နိုင်ငံအချို့ကချမှတ်ထားတဲ့ ကိုဗစ်ဆိုင်ရာ ခရီးသွားလာမှု ကန့်သတ်ချက်တွေဟာ နိုင်ငံရေးအရလှုံ့ဆော်မှုဖြစ်ပြီး ဒီကိစ္စအပေါ် လက်တုံ့ပြန်သွားမယ်လို့ တရုတ်အစိုးရက ဇန်နဝါရီ ၃ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။ တရုတ်နိုင်ငံဟာ ကာလရှည်ကြာကျင့်သုံးခဲ့တဲ့ ကိုဗစ်လုံး၀မကူးစက်ရေးမူဝါဒကို စွန့်လွှတ်ပြီး ကန့်သတ်ချက်တွေ ဖြေလျှော့လိုက်ပြီးနောက်မှာ ရောဂါကူးစက်မှုတွေ မြင့်တက်လျှက်ရှိပြီး ရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှုတွေအပေါ် ထုတ်ပြန်မှုနည်းပါးတဲ့အတွက် နိုင်ငံတကာက စိုးရိမ်မှုတွေလည်းရှိနေပါတယ်။ ဒီဇင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်တဲ့အချက်အလက်တွေမှာတော့ နေ့စဉ်ကူးစက်မှု ၅၀၀၀ အောက်သာရှိတယ်လို့ တရုတ်အစိုးရက ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် ကျွမ်းကျင်သူများကတော့ တရုတ်နိုင်ငံတွင်းမှာ နေ့စဉ်ကူးစက်မှုနှုန်း နှစ်သန်းကျော်ထိရှိနေပြီး ယခုလမှာလေးသန်းထိ အထွတ်အထိပ်သို့ ရောက်နိုင်ကြောင်း ပြောပါတယ်။ ရောဂါကူးစက်မှုနဲ့ သေဆုံးမှုဆိုင်ရာအချက်အလက်တွေထုတ်ပြန်မှုနည်းပါးတဲ့ အခြေအနေမှာ ဇန်နဝါရီ ၈ ရက်ကစပြီး ခရီးသွားလာမှုဆိုင်ရာကန့်သတ်ချက်တွေကို ဖြေလျော့လိုက်ကြောင်း တရုတ်အစိုးရက ကြေညာပြီးနောက် နိုင်ငံပေါင်းတဒါဇင်ကျော်ဟာ တရုတ်ခရီးသွားတွေအပေါ် ကိုဗစ်ဆိုင်ရာ…

Read More
VOM News

FREE
VIEW